မြေပဲယိုလေး တကိုက်နှစ်ကိုက် (၂) – Public usage of public space

padonmarMay 15, 20163min012

 

ထိုင်ဝမ်ဆိုတဲ့ မြေပဲကျွန်းမှာ ခဏရောက်တုံး သဘောကျမိတာလေးတခုကတော့ အများနဲ့ ဆိုင်သောနေရာများကို အများသုံးခွင့်ရတာပါပဲ။

Public usage of public space လို့ ဘိုလိုတော့ကြည့်ပါမယ်။

တရုတ်လိုတော့ (ပုဟွေ့ကျန်ဟွ) မပြောတတ်လို့ပါ။

ဆရာမကြီး ဒေါ်ခင်လှတင်ရဲ့ ဓမ္မသင်တန်းဖွင့်လှစ်ရာ ကျုံးဟို အလယ်တန်းကျောင်းမှာ ညဖက်ဆို ကျောင်းသားလေးတွေ အကကျင့်တာ၊ စန္ဒယားတီးတာ၊စာဖတ်တာတွေ တွေ့ခဲ့ရသလို လူကြီးတွေလည်း ထိုက်ကျိကျင့်တာ၊ဝူရှူး ကျင့်တာ ညတိုင်းတွေ့ခဲ့ရပါတယ်။

ဘူတာရှေ့က ပန်းခြံထဲ ကျန်းမာရေး လေ့ကျင့်နေကြတယ်
ဘူတာရှေ့က ပန်းခြံထဲ ကျန်းမာရေး လေ့ကျင့်နေကြတယ်

 

ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာ ဝူရှူး ကျင့်သူတွေပါ
ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာ ဝူရှူး ကျင့်သူတွေပါ

 

ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာထိုက်ကျိ ကျင့်သူတွေပါ
ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာထိုက်ကျိ ကျင့်သူတွေပါ

 

ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာ ဝူရှူး ကျင့်သူတွေပါ
ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာ ဝူရှူး ကျင့်သူတွေပါ

 

 

 

ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာစန္ဒယားနဲ့ တယောကျင့်သူတွေပါ
ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာစန္ဒယားနဲ့ တယောကျင့်သူတွေပါ

 

ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာ အက ကျင့်သူတွေပါ
ကျုံးဟို အလယ်တန်းကျောင်းရဲ့ မြေညီထပ်မှာ အက ကျင့်သူတွေပါ

 

 

တနင်္ဂနွေတရက်မှာ အမျိုးတွေရှိရာ ပန်ချောင်းရပ်ကို ဒေါက်တာနှင်းဝတ်ကြည် Hnin Wut က MRT နဲ့ လိုက်အပို့ ပန်ချောင်းဘူတာရဲ့ မြေအောက်ထပ် အကျယ်ကြီးမှာ လူငယ်လေးတွေ ကိုယ့်အဖွဲ့နဲ့ကိုယ် အကကျင့်နေကြတာ တွေ့လိုက်ရပါတယ်။

ပန်ချောင်းဘူတာ Ban Qiao Station
ပန်ချောင်းဘူတာ Ban Qiao Station

အဖွဲ့ရဲ့ ဝတ်စုံ တီရှပ်ဆင်တူ ဘောင်းဘီ ဆင်တူလေးတွေနဲ့ အစုလိုက် အစုလိုက် မြင်ရတာ ပျော်စရာကြီးပါ။

ပန်ချောင်းဘူတာထဲ လူငယ်တွေ အကကျင့်နေတယ်
ပန်ချောင်းဘူတာထဲ လူငယ်တွေ အကကျင့်နေတယ်

 

ပန်ချောင်းဘူတာထဲ လူငယ်တွေ အကကျင့်နေတယ်
ပန်ချောင်းဘူတာထဲ လူငယ်တွေ အကကျင့်နေတယ်

 

ပန်ချောင်းဘူတာထဲ လူငယ်တွေ အကကျင့်နေတယ် (စက်လှေခါးဖက်က ပြန်အကြည့်)
ပန်ချောင်းဘူတာထဲ လူငယ်တွေ အကကျင့်နေတယ်
(စက်လှေခါးဖက်က ပြန်အကြည့်)

သူတို့လေးတွေ ကနေတာ Rap Dance ခေါ်မယ်ထင်တာပဲ။ ရိုးရာအကတော့ မဟုတ်ပါဘူး။
လူငယ်ဆိုတာ သူ့အရွယ်နဲ့သူ စိတ်ဝင်စားကြတာ ရှိပါတယ်။
လူကြီးတွေနဲ့တော့ အကြိုက်မတူနိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် အများနဲ့အတူ ခေတ်ပေါ်အက လေ့ကျင့်ခွင့်ရတယ်ဆိုရင် မူးယစ်ဆေးသုံးဖို့ ဘီယာဆိုင်ထိုင်ဖို့ တည်းခို်ခန်းသွားဖို့ စဉ်းစားမယ့် စိတ်ရိုင်းတွေ နည်းသွားမှာပါ။

သူတို့လေးတွေကို မြင်ရတော့ ကျမတို့ ရန်ကုန် လှည်းတန်းခုံးကျော်တံတားဖွင့်ကာစက တံတားအောက် နေရာကျယ်ကြီးမှာ လူငယ်လေးတွေ စကိတ်ကျင့်တဲ့ ခုံတွေ ချပြီး လေ့ကျင့်ကြတာ သွားသတိရမိပါတယ်။နောက်တော့ ဒီနေရာကို ပေးမသုံးတော့ဘူးထင်ပါရဲ့၊ အဲဒီ ခုံတွေ လေ့ကျင့်တဲ့လူငယ်တွေ မတွေ့ရတော့ပါဘူး။

မြေနီကုန်း ခုံးကျော်ဆိုလည်း တံတားအောက်မှာ ကွက်လပ်ကျယ်တွေ အများကြီးပါ။ တံတားဆောက်လုပ်ရေးပြီးကာမှ အခိုင်အမာ သမံတလင်းတွေကို ပြန်ဖောက်ပြီး သံတိုင်တွေ စည်းရိုးကာလို့ လူမဝင်ရတွေ ကန့်သတ်တာတွေ့ရတော့ နေရာလွတ်တွေကို အင်မတန် နှမျောမိတာပါပဲ။

မြေနီကုန်းခုံးကျော်အောက်က သံတိုင်တွေထဲမှာ အဟောသိကံဖြစ်နေရတဲ့ နေရာလွတ်တွေ
မြေနီကုန်းခုံးကျော်အောက်က သံတိုင်တွေထဲမှာ အဟောသိကံဖြစ်နေရတဲ့ နေရာလွတ်တွေ

 

မြေနီကုန်းခုံးကျော်အောက်က သံတိုင်တွေထဲမှာ အဟောသိကံဖြစ်နေရတဲ့ နေရာလွတ်တွေ
မြေနီကုန်းခုံးကျော်အောက်က သံတိုင်တွေထဲမှာ အဟောသိကံဖြစ်နေရတဲ့ နေရာလွတ်တွေ

လူငယ်တွေ အခမဲ့ ကစားခုန်စားနိုင်မယ့် ကိရိယာတွေ၊အခမဲ့တီးမှုတ်နိုင်မယ့် တူရိယာတွေ၊အခမဲ့ဖတ်နိုင်မယ့် စာဖတ်ခန်းလေးတွေ များ ပြည်သူပိုင်နေရာတွေမှာ ထားပေးရင် ဘယ်လောက်ကောင်းမလဲလို့ စိတ်ကူးယဉ်မိပါတယ်။ ညဖက်ဆို တံတားက မီးရောင်နဲ့ အိမ်မှာထက် ပိုလင်းနေတာကို အသုံးချချင်မိတာပါ။ သက်ကြီးရွယ်အိုတွေအတွက် လမ်းလျှောက်ရာ၊အပန်းဖြေခုံလေးတွေ ထားပေးရင် ဖိုးဖိုးဖွားဖွားတို့ မြေးတွေ ထိန်းရင်း မိတ်ဆွေတွေနဲ့ ဆုံလို့ရတာပေါ့။
ဓမ္မမိတ်ဆွေတွေလည်း တရားဆွေးနွေးလို့ ရတယ်လေ။
(ကားလမ်းဘေးမို့ ကားတိုက်မယ့် အန္တရာယ်ရှိတယ်လို့ ပြောလာရင် အဲဒီနေရာကို စနစ်တကျ လမ်းကူးပြီး လာလို့ရတဲ့ မျဥ်းကျားနဲ့ မျဉ်းကျားမြင်တိုင်းရပ်ပေးတဲ့ ကားမောင်းသူတွေ ရှိလာတဲ့ အခါကျ ထပ်ပြောပါမယ်)

ပန်ချောင်းဘူတာရဲ့ ရှေ့မှာ မြက်ခင်းပြင်နဲ့ လူသွားလမ်းလေးတွေ၊ရေကန်လေးတွေမှာ လမ်းလျှောက်ကျန်းမာရေး လေ့ကျင့်နေတဲ့ အရွယ်စုံကို မြင်ရတော့လည်း
ကျမတို့ ရွှေရန်ကုန်က ပိတ်ထားတဲ့ ပြည်သူ့ရင်ပြင်ကို သတိရမိပါတယ်။

အခု လပိုင်းထဲမှာတော့ ရန်ကုန်မြို့လည်း ထိုက်သင့်သလောက် ပြောင်းလဲလာတာ ဝမ်းသာစရာတွေ့ရပါတယ်။
ကိုယ်လက်လှမ်းမီသမျှ သခင်မြပန်းခြံ၊ပဒုမ္မာပန်းခြံနဲ့ မြေနီကုန်း ဒဂုံစင်တာရှေ့တည့်တည့်က ပန်းခြံလေးတွေမှာ မြက်ခင်းတွေ Landscape တွေ အားကစားလေ့ကျင့်ရေးပစ္စည်းတွေ ထားပေးပြီး လွတ်လွတ်လပ်လပ်ဖွင့်ပေးထားတာ တွေ့ရပါပြီ။

မြေနီကုန်းပန်းခြံလေး စိမ်းလန်းနေတာ မြင်ရတာ ကျေးဇူးတင်ပါတယ်
မြေနီကုန်းပန်းခြံလေး စိမ်းလန်းနေတာ မြင်ရတာ ကျေးဇူးတင်ပါတယ်

ညဖက်ဆို ခြံစည်းရိုး ကာမထားတဲ့ မြေနီကုန်းပန်းခြံလေးထဲ အပူဒဏ်ရှောင်ပြီး အပန်းလာဖြေနေတဲ့ မိသားစုတွေ၊ ဂစ်တာတီးနေတဲ့ လူငယ်တွေ၊လမ်းမီးတိုင် အလင်းရောင်အောက် ဖုန်းပွတ်နေတဲ့သူတွေ၊ ကစားနေတဲ့ ကလေးတွေ ၊ဝိုင်းဖွဲ့စားနေတဲ့ သူငယ်ချင်းတွေနဲ့ စည်ကားနေပါတယ်။
ချိန်းတွေ့တဲ့ သမီးရည်းစားတွေရယ် အရက်ဘီယာထိုင်သောက်တဲ့ အရက်သမားသမဂ္ဂဝင်တွေရယ်လည်း တွေ့တာပေါ့။
ပြုတင်းတံခါးဖွင့်လိုက်ရင် လေပြေအေးသာမက ယင်တွေခြင်တွေလည်း ဝင်မယ်လို့ တိန့်ရှောင်ဖိန်ကပြောခဲ့ပါတယ်။
ခြင်ယင်မဝင်အောင် တံခါးပိတ်ထားလို့ လေကောင်းလေသန့် မရှူခဲ့ရတာ ကြာပါပြီ။
ခြင်နဲ့ ယင်ကို ကိုယ့်ဖာသာ နှိမ်နှင်းပြီး လေကောင်းလေသန့် ရှူခွင့်လေး ရချင်ပါတယ်။

အများနဲ့ ဆိုင်သော နေရာများကို အများသုံးခွင့်ရပါစေသတည်း။

12 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 15, 2016 at 12:10 pm

    ခုံးကျော် တံတား အောက်မှာ အရင်က အတွဲတွေ
    ပခုံးဖက် သိုင်းကျင့်တယ်လေ ဂျီးဒေါ်ရာ
    အဲဒါ ဘောင်တွေ လျှောက်ခတ်ပစ်တော့ သူတို့လဲ
    ဘယ်နေရာပြောင်းကျင့်ကျမှန်း ပြောတတ်တော့ဘူး

    ညဘက်ဆို

    ငုတ်တုတ်လေးတွေ ငုတ်စိငုတ်စိနဲ့ ထိုင်ပြီး
    ကျင့်နေကြတာ တန်းစီလို့
    ပခုံးဖက်သိုင်း ကျင့်တာပါ

    😆

    Reply

  • kai

    May 15, 2016 at 4:52 pm

    တိုင်ပေလို မြို့ကို.. ရှိနေတဲ့လူဦးရေနဲ့ အချိုးဝင်အဆင်ပြေအောင်… နေရာအကျယ်တွေရှိအောင်ဖန်တီးထားနိုင်တဲ့… ပညာကတော့.. မသေးဘူး…။
    နိုင်ငံကိုပေးတဲ့လျှပ်စစ်က.. ကျောက်မီးသွေးက.. အဓိကရသတဲ့..။
    taiwan electricity sources
    Power generation. Total power generation in 2013 was 213.4 TWh, which comes from coal (38.4%), natural gas (31.1%), nuclear (18.8%), solar and wind (4.5%), co-generation (3.4%), oil (2.3%) and pumped-storage hydro (1.5%). In 2012, Taipower purchased 7,652.1 MW of electricity from Taiwan’s current nine IPP.

    Reply

  • ဦးကြောင်ကြီး

    May 16, 2016 at 2:18 am

    ခိုနီခိုနက် အလိုမချိ…
    အယင်းရှင် အယင်ရှင်း..
    လုပ်ခတသောင်း နေ့စဉ်ပေး..
    ယရင်ယ မြယဉ်ခြ ယယမြမြခြ….

    Reply

  • ခင်ဇော်

    May 16, 2016 at 6:26 am

    စံနစ် တွေက လည်းး ကွက်ပြင်လို့ မရတာ ဆိုးးပါ့..!!!
    အရှက်အကြောက် ကြီးပါတယ် ဆိုတဲ့ လူမျိုးတွေ ရှိတဲ့ နိုင်ငံမှာ နေရာ လွတ် လူကွယ်ရင် ဟိုကိစ္စ ရောက်ရောက်သွားတာ များတယ်..
    ပန်းခြံ ကို လူမလာတော့တာရယ်, အတွဲတွေ ရဲတင်းလာတဲ့ ကိစ္စတွေက ကြက်ဥကြက်မ အစ ရှာ မရသလိုပဲ…
    ဆိတ်ကွယ်ရာ မဖြစ်အောင်ရော လုံခြုံရေး အရပါ CCTV တွေ ဖောချင်းသောချင်း တပ်ရင်ရော…
    CCTV ကင်မလာလေးးတေ အခိုးခံရမလားးး
    ဟိုလို ကားတွေ ဖောချင်းသောချင်ထွက်လာမလားး မသိ…
    🙄

    Reply

  • Thint Aye Yeik

    May 16, 2016 at 10:24 am

    ရန်ကုန်က ဂုံကျော်တံတားတွေအောက်က နေရာကွက်လပ်ကို သံဇကားတွေတပ် ခြံတိုင်တွေခတ်ပစ်တာကို စိတ်ထဲ ဘဝင်မကျ။
    ရှစ်မိုင်ဂုံးတံတားအောက်လိုမျိုး အပွင့် ဖွင့်ပေးထားရင် ရပ်နားချင်တဲ့ ကားတွေလည်း ရပ်စရာ ပါကင်အဖြစ် အသုံးဝင်တယ်။
    ဒီလောက် ကားရပ်စရာ နေရာ ရှားနေတဲ့မြို့မှာ နေရာတွေ ဖော်ထုတ်ပေးသင့်။

    အဲ့ တံတားအောက်က နေရာတွေမှာ နောက်ထပ် အသုံးဝင်မှာလေးတွေတောင် စဉ်းစားပြီး ထွင် လို့ ရသေး။
    လှည်းတန်းဂုံးတံတားနဲ့ မြေနီကုန်းတံတားဆိုရင် အောက်ဘက်က ကွက်လပ်ကြီး နှမြောစရာ။

    .နောက်ပြီး ပန်းခြံ။
    ဆူးလေဘုရားဘေးက ဗန္ဓုလ ပန်းခြံဆိုရင် လူတွေ ထိုင်စရာ ခုံတန်းလျားတွေ မရှိသလောက်မို့ မြက်ခင်းပေါ်တက်ထိုင်ကြရရော။
    မြက်ခင်းကို ရေဖြန်းချိန်ဆို လူတွေ ထ ပြေးကြရရော။
    ထိုင်စရာ နေရာလေးတွေ သတ်မှတ် ဖန်တီးပေးထားရင် ပိုကောင်းမှာ။

    ဗမာပြည်မှာ အများပြည်သူပိုင်နေရာတွေကို ပြည်သူတွေရဲ့အကြံဉာဏ် တောင်းခံပြီး ကောင်းသည်ထက်ကောင်းအောင် ဖန်တီးပေးသင့်တာ။

    Reply

  • လှည်းတန်းတံတားအောက်မှာတော့ စကိတ်စီးတဲ့သူတွေကို အနည်းအကျဉ်း တွေ့မိသေးတယ်…
    မြေနီကုန်းတံတားအောက်မှာတော့ ဘောလုံးကန်နေကြတယ်…
    ကုက္ကိုင်းတံတားအောက်မှာတော့ ကားတွေရပ်ထားကြတယ်..

    ကိုယ်တွေလည်း လူငယ်တွေဆိုတော့ ပန်းခြံလိုနေရာမျိူးမှာ အေးအေးဆေးဆေးနဲ့ စာဖတ်ရတာ… သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောရတာ ကြိုက်တယ်.. ဒါပေမယ့် ရုံးတစ်ဖက် ကျောင်းတစ်ဖက်နဲ့ဆိုတော့ ရုံးနဲ့အိမ် ကျောင်းနဲ့အိမ် အချိန်ကုန်နေတာနဲ့ပဲ ဘယ်မှမသွားဖြစ်တော့ဘူး..

    အချိန်ပဲ လိုချင်မိတယ်..

    Reply

  • ကထူးဆန်း

    May 17, 2016 at 9:59 am

    ညစ်ပါတ်တယ် စည်းကမ်းမရှိဘူး … အတွဲထိုင်တယ် … ခြံခတ်လိုက် သော့ခတ်လိုက် ပေးမဝင်နဲ့
    အဘ တို့ ဖြေရှင်းနည်း
    ကွီး တို့ ဖြေရှင်းနည်းကတော့ ဘယ်လို လာ မလဲ စောင့်ကြည့်ရမှာဘဲ .. လောလောဆယ် တော့ မြို့တော်ဝန်ဆိုတာ ဖြူ သလား မဲသလား မသိ … ကွီးဖြို းဘဲ အာဏာ သိမ်းထားပုံ
    ရတယ် .. မိုးက ျတော့မယ် .. ခုထိ စည်ပင်တွေ အရင်နှစ်တွေကလို အမှိုက်ဆည်တာ မြောင်းဖော်တာ .လမ်း
    ပြင်တာတွေ မတွေ့ .. အဘတွေ ဘတ်ဂ ျတ်တွေ အကုန်သုံးသွားတာလား ..ကွီးဖြိုး အမိန့်မပေးတာလား ..
    လား ပေါင်းမာျးစွာ .. စည်ပင်အဖွဲ့လည်း အခုထိ မဖွဲ့ နိုင် …
    တီဒုံ့ ပိုစ် နဲ့ ဘေးရောက်သွားတာ တော့ sorry .

    Reply

    • မြစပဲရိုး

      May 18, 2016 at 1:53 am

      နာရီပိုင်း လေး အဝေဖန် စောသွားသလား၊ ကြိုသိနေသလား ကထူးဆန်း။
      ဖြုတ်ကုန် ပြုတ်ကုန် ပါပေါ့။ 🙄

      Reply

    • kai

      May 18, 2016 at 3:00 am

      ကထူးဆန်းက.. အာစက်ရှိပုံရတယ်..။
      ပြဿနာတွေတက်ကုန်ပြီ..။ စည်ပင်ဖွဲ့ရေး.. သူ့အရေး…သူ့အရေး..။

      Reply

  • သျှားသက်မာန်

    May 24, 2017 at 1:14 pm

    ထိုင်ဝမ်ကိုတစ်ခါလောက်တော့ သွားချင်မိသား..အိမ်သာပုံစံလုပ်ထားတဲ့စားသောက်ဆိုင်မှာ သွားစားချင်တယ်

    Reply

  • Shar Thet Man

    May 10, 2018 at 1:54 pm

    ခုကုန်းကျော်တံတားအောက်မှာ ပြောင်းလဲတိုးတက်နေပါပြီ

    Reply

Leave a Reply to Shar Thet Man Cancel Reply

Your email address will not be published.