လွဲချက်ကယ်နာ

moonpoemMarch 24, 20161min05

လွဲချက်ကယ် နာပုံများ မပြောချင်ဘူးမပြောချင်ဘူး ပြောကို မပြောချင်ဘူးလို့ ဆိုပြီးပဲ အော်လိုက်ချင်တော့တယ်…။

ဖြစ်ပုံက အဲဒီနေ့က အဖွဲ့ထဲက ဧည့်သည်
တစ်ယောက်ရဲ့ မွေးနေ့ဖြစ်နေပါရောလား။ပုဂံက
ဟိုတယ်က မေးလာတယ်။သူတို့က သူတို့
ဟိုတယ်မှာ တည်းတုန်း မွေးနေ့နဲ့ ကြုံတဲ့
ဧည့်သည်အတွက် မွေးနေ့ကိတ်လုပ်ပေးပါတယ်
တဲ့။

ညကျ ဒင်နာစားပြီး ပြန်လာချိန်အခန်းထဲပဲ
ပို့ထားရမလား။ဒါမှမဟုတ် ဘာလုပ်ချင်ပါသလဲ
ဆိုပြီး ကိုယ့်ကိုမေးလာပါလေရောလား။

အဲဒါနဲ့ပဲ Suprise သဘောမျိုးလုပ်ကြမယ်ဆိုပြီး တခြားဧည့်သည်တွေနဲ့ တိုင်ပင်ပြီး ဟိုတယ်ကို ပြန်ပြောလိုက်ပါတယ်။

ကျွန်မတို့ ညစာစားပြီး ပြန်လာခါနီးရင် ဟိုတယ်ကို ဖုန်းဆက်လိုက်ပါမယ်။ပြီးတော့ ကားပေါ်ကနေ အားလုံးဆင်းပြီးချိန် Lobbyမှာ မီးပိတ်ပေးပါ။

မှောင်နေတဲ့ အချိန် ဖယောင်းတိုင်ထွန်းထား
တဲ့ ကိတ်မုန့်ကို ယူလာပေးတဲ့အခါ မွေးနေ့ရှင် ဧည့်သည်လည်း အိုမို အိုမို တင်မဟုတ်ဘဲ အိုမို အိုစို အီလန် တွေ အော်ပြီး တအံ့တဩဖြစ် တခြားဧည့်သည်တွေလည်း ပျော်ပျော်ပါးပါးနဲ့
မွေးနေ့ပွဲ ကျင်းပပေါ့။ဪ…အတွေးထဲမှာ
တော့ မွန်းပိုအမ်တို့ သာယာနေတယ်လေ။

တကယ်တမ်းကျတော့ ဒင်နာစားပြီးတဲ့အခါ ဟိုတယ်ကို နောက်၁၅မိနစ်လောက် ရောက်မယ်ဆိုတော့ရတယ်ရယ်ဒီပဲတဲ့။အိုကေပြီလေ။တခြားဧည့်သည်တွေနဲ့ လက်ဝါးချင်းရိုက် အဆင်သင့်ဖြစ်ပြီလားပရိတ်သတ်ကြီးရေပေါ့။အားလုံးကလည်း အိုကေ။

ဒီလိုနဲ့ ကားက ဟိုတယ်ရှေ့ရောက်ပြီး အားလုံး
သာ ဆင်းသွားတယ် မီးကမပိတ်သေးဘူး။
Receptionကို သွားမေးတယ် ကိတ်မုန့်ရော ဆိုတော့ ပြန်ဖြေရှာတယ်….ဖုတ်တုန်းလေတဲ့။

တိန်…သေပြီဆရာပဲ။ဧည့်သည်တွေက အစီအစဉ်ရှိတာ သိထားတော့ အခန်းမပြန်ကြသေးဘဲ ဝေ့ပေးနေတဲ့အချိန် Kitchenကိုသွားပြီး မေးရတယ်။မေးတော့ ကိတ်မုန့်ကဖုတ်လို့ကတော့ ပြီးပြီ။ပန်းပွင့်တွေ ခရင်မ်တွေနဲ့အလှ မဆင်ရသေးဘူးဆိုတော့ အာ..အဲ့ဒါဆို ပုံမဖော်နဲ့တော့ နာမည်ရေးပြီး အမြန်ယူခဲ့ပေးလို့ ပြောလိုက်တယ်။

တအောင့်လောက်နေ ကိတ်မုန့်ရောက်လာတော့ ဖယောင်းတိုင်တွေထွန်းပြီး ဟိုတယ်lobby
ကို မီးပိတ်ပေးဖို့ အချက်ပြလိုက်တယ်။

ဖယောင်းတိုင်တွေ ထွန်းထားတဲ့ ကိတ်ကို ယူလာပြီး supriseလုပ်မယ်ပြင်ချိန် လေတွေက ဝေါခနဲ တိုက်ချလာပြီး ကိတ်မုန့်က မီးတွေအကုန် ငြိမ်းသွားပါလေရောလား။

lobbyကလည်း မှောင်နေတော့ ကိတ်မုန့်ဗန်း
ကိုင်ထားပြီး ဗန်းကိုင်မွန်းပိုအမ်မှာ ရှေ့ကိုလည်းခြေမလှမ်းနိုင် နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိတဲ့ ထက်နေကြည်လို စိတ်တွေကို ညစ်လို့။

ဘာလုပ်ရမှန်း မသိခင် အဲမှာတင် ကယ်တင်ရှင် မဏိမေခလာမဟုတ်ဘဲ ရန်ကျော်ရောက်လာပြီး ဓာတ်မီးထိုးပြတယ်။တော်သေးရဲ့ သူဓာတ်မီး
အလင်းအတိုင်း lobbyရောက်သွားတယ်။

ဧည့်သည်တွေက ဟက်ပီးဘက်ဒေးအော်အဆို မွေးနေ့ရှင်က ဘယ်ရောက်နေပါလိမ့်လို့ အရှာ.. ခုနက ဓာတ်မီးထိုးပြတဲ့ မဏိမေခလာရန်ကျော်က မွေးနေ့ရှင် ဖြစ်နေပါလေရောလား။

မွေးနေ့ရှင်လည်း ဓာတ်မီးကြီးကိုင်ပြီး
တဟားဟား အော်ပြီးရယ်ရ၊ မွေးနေ့ရှင်တင်မကဘဲ ကိုယ်ပါsupriseအကြီးကြီးရလို့
ရယ်လိုက်ရတာ ဆိုတာ။

လွဲချက်များ ပြောကို မပြောချင်တော့ပါဘူးလေ :p

5 comments

  • ခင်ဇော်

    March 24, 2016 at 4:55 pm

    ထက်နေကြည် အဖြစ် ကို တွေးး ရီလိုက်ရတာာာ…
    :mrgreenn:
    အဟွာာာာ
    ရန်ကျော်လေးးက ချောလားးငင်??
    :k:

    Reply

  • Thint Aye Yeik

    March 24, 2016 at 5:28 pm

    .ဖြစ်ရမယ် ဖြစ်ရမယ် ဖြစ်ရမယ် ဖြစ်ကိုိုိုိုိုို ိို ိို ို ို ိို ို ို ို ို ို ို ဖြစ်ရမယ်. . .

    :k:

    Reply

  • naywoon ni

    March 24, 2016 at 9:08 pm

    အိုဘယ်​့ မြန်​မာပြည်​ 🙂

    Reply

  • ဦးကြောင်ကြီး

    March 26, 2016 at 2:10 am

    မာဃကို ယအင်ထု..

    Reply

Leave a Reply to Thint Aye Yeik Cancel Reply

Your email address will not be published.