ကမ္ဘာအတုထဲကလ

sorrowMarch 5, 20161min08

လူသားတွေရဲ့ကမ္ဘာက တိုးတက်လာတာနဲ့အမျှ .. လူသားရဲ့လောဘ နဲ့မောဟ ဝါကြွားလိုမှုနဲ့ မာနက .ပိုပိုကြီးမားကျယ်ပြန့်လာတယ်…

သို့သော်…ကမ္ဘာဟောင်းရဲ့ လူတွေကြားမှာ အချင်းချင်းသိရှိနိုင်မှုက အကန့်အသတ်နယ်နမိတ် တစ်ခုအနေနဲ့ပဲ ရှိနေတုန်းပဲ ….အဲ့တာနဲ့ လူသားတွေက…မဆုံးနိုင်တဲ့ဝါကြွားမှုနဲ့ လောဘ တွေအတွက် ကမ္ဘာအတုတစ်ခုကို ဖန်တီးလိုက်ကြတယ်..ကမ္ဘာအတုက.လူသားလောဘကနေ ဖန်တီးလိုက်တဲ့ အပြောင်မြောက်ဆုံးလက်ရာတခုပါပဲ ….

အရင်ကမ္ဘာဟောင်းရဲ့ ဆက်သွယ်ရေးကိရိယာတခုက ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေဖြစ်လာတယ်…အပြိုင်အဆိုင်က ကမ္ဘာအတုဝင်ပေါက်ရဲ့ သော့တွေကစတယ်… တံဆိပ်အမျိုးမျိုး …အဆင့်အတန်းအမျိုးမျိုးနဲ့ …သော့တစ်ချောင်းအတွက်…ဘဝအပျက်ခံရဲတဲ့သူတွေတောင်ရှိလာကြတယ်…


လူသားတွေရဲ့ မသိစိတ်ကဖြစ်တည်နေတဲ့ …အချင်းချင်း ရန်လိုမှုတွေ… ကြွားဝါလိုမှု ..အတုအယောင်တွေအကုန်လုံးက ကမ္ဘာအတုထဲမှာလွတ်လပ်စွာချပြလို့ဖြစ်နိုင်ပါတယ်..လူသားတဦးစီတိုင်းအတွက်…မာန..လောဘ..ဒေါသတွေကို ချပြနိုင်တဲ့ ..နံရံတံတိုင်းတခုစီ ..ကမ္ဘာတုထဲမှာပြိုင်ဆိုင်ကြတယ်…. နာမည်အမျိုးမျိုး အသွင်အမျိုးမျိုးနဲ့ ….အရောင်အဝါအပြည့်နဲ့ ..နတ်သား.နတ်သမီးတွေလိုမျိုး …ကမ္ဘာအတုထဲမှာ စစ်မှန်မှုဆိုတာ တခုမှမရှိပါဘူး…ချီးကျူးသံ ..အားကျသံဆိုတာတွေကလဲ …တကယ်တမ်းတော့ စွဲမက်စေတဲ့ ပျားရည်ဆမ်းထားတဲ့အဆိပ်တခုသက်သက်ပါပဲ…

လူသားတွေရဲ့ထူးဆန်းတဲ့စိတ်က …ကိုယ်ခန္စာလှပတဲ့သူတွေက …အလှအပတရားတခုအတွက်… ချမ်းသာကြွယ်ဝသူတွေက ..ပကာသနအတွက်…. ဆင်းရဲသူတွေက မာနတခုအတွက်…အာဏာရှင်တွေက ..အုပ်စိုးမှုအတွက်..ဘာမဆို ကမ္ဘာအတုထဲမှာ …လုပ်နေနိုင်တဲ့အတွက်….ကမ္ဘာအတုက …လူသားရဲ့အချိန်ကို စိုးမိုးစပြုလာတယ်….ကြာလာတော့ လူသားတွေပါ တုလာကျတယ်..လူသားဆန်မှုဆိုတာမရှိသလောက်ပါပဲ…..လူသားရဲ့အစစ်အမှန်ဆိုတာ ကမ္ဘာအတုထဲမှာ မျိုးသုန်းသွားတဲ့ တန်ဖိုးတခုသာသာပါပဲ ….

ကမ္ဘာဟောင်းရဲ့ ….အမြင့်မြတ်ဆုံးတန်ဖိုးတွေဖြစ်တဲ့ ..ချစ်ခြင်းတရား..ကြင်နာမှု.မေတ္တာတရား.အပြန်အလှန်နားလည်မှုတွေက ကမ္ဘာဟောင်းထဲမှာ ပျောက်ကွယ်စပြုလာတယ်…….ချစ်သူအချင်းချင်း…မိတ်ဆွေအချင်းချင်း…ကမ္ဘာအတုထဲက နံရံပေါ်ကစာတစ်ကြောင်းအတွက်…ရန်လိုလာတယ်….မနာလိုလာတယ်….
ကမ္ဘာဟာကြာလာတော့ မနေပျော်တော့ဘူး ….

ဒီစာကို …သူ့ကိုအချိန်မပေးနိုင်တော့တဲ့ ..ကမ္ဘာအတုထဲက လတစင်းအတွက် …အင်္ဂါဂြိုဟ်ပေါ်ကနေ.ဦးဆောရိုးရေးတယ်…

8 comments

  • ဦးဦးပါလေရာ

    March 5, 2016 at 1:06 pm

    အတုမြစ်ထဲမှာ စိတ်ညွှတ်တာရှိရင်–
    ပကတိစမ်းရေနဲ့ ဆယ်ထုတ်ဆေးကြောလိုက်..
    အရောင်တွေလဲပြောင်းသွားမယ်
    အရွယ်တွေလဲပြောင်းသွားမယ်
    အနံ့အရသာ အရာရာပြောင်းသွားမယ်..
    ချိုချင်ချို ခါးချင်ခါး
    ကြိုက်ရင်စား မကြိုက်ရင်ထားရစ်ပေါ့ …
    ဘာပြောပြော အဲဒါတော့ …. အစစ် .

    Reply

  • kotun winlatt

    March 5, 2016 at 2:01 pm

    ကျနော်တော့ ကမ္ဘာအတုထဲမှာ အစစ်အမှန်တရားတွေ ရှာဖွေနေမိပြီထင်ပါရဲ့ . . . ကိုဆောရိုးရေ

    Reply

    • sorrow

      March 10, 2016 at 1:53 pm

      ကမ္ဘာအတုထဲမှာ အစစ်အမှန်ကရှားတယ်ဗျာ … တကယ်.

      Reply

  • Thint Aye Yeik

    March 7, 2016 at 4:47 pm

    အင်္ဂ ါဂြိုလ်ပေါ်ကို မြန်မာနိုင်ငံသားတစ်ယောက် ရောက်ခဲ့ပြီပေါ့
    😆

    Reply

  • ခင်ဇော်

    March 9, 2016 at 12:43 pm

    ဘယ်သူ ဗီဇာလုပ်ပေးတုန်းး

    :mrgreenn:

    Reply

    • sorrow

      March 10, 2016 at 1:51 pm

      တကယ်တော့ ကမ္ဘာဟောင်းဆိုတာ ..လူသားဆန်မှုတွေ အကြင်နာ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့နေရာပါဗျာ …

      Reply

  • naywoon ni

    March 10, 2016 at 6:33 pm

    အ​ဟောင်​းလား အသစ်​လား အတုလား အစစ်​လား ဘာမှမကွဲပြား ​ဟောင်​းသလိုလို သစ်​သလိုလို အတုလိုလို အစစ်​လိုလို နဲ့ ဟိုမ​ရောက်​ ဒီမ​ရောက်​ ကိုယ်​့​နေရာ​လေး​တောင်​​ပျောက်​​လောက်​ရဲ့ 🙂

    Reply

Leave a Reply

Your email address will not be published.