ချစ်လှစွာသော….အမုန်း

SawAungJanuary 11, 20161min011

2016 အစမှာ မြန်မာ့ရုုပ်ရှင်လောကဟာ အနည်းငယ်ပြောင်းလဲ လာခဲ့ပါပြီ။

မြန်မာဗွီဒီယိုလောကဟာ အပျက်ဘက်ကို ဦးတည်လာတာ တော်တော်များများ သိခဲ့ကြပြီး နောက်ပိုင်းမှာ ဗွီဒီယိုလောကဟာ

ပျက်စီးသွားမယ်ဆိုတာ ကောက်ချက်ချထားကြပါတယ်။ သည်လိုနဲ့ ရုပ်ရှင်ဘက်ကို အချို့ချို့ဟာ ဦးတည်လာခဲ့ကြပါတယ်။

 

ပေါပေါလောလော စိတ်အပန်းဖြေ ဟာသဘက်ကို ဦးတည်လာတဲ့ ရုပ်ရှင်ဟာ အရင်ကနဲ့မတူ ဒရာမာ နဲ့ အခြား ဇာတ်လမ်းမတူတာ

လေးတွေကို ချပြလာတာတွေ့ရပါတယ်။ မြန်မာ့ရုုပ်ရှင်နဲ့ အလှမ်းကွာဝေးခဲ့တဲ့ ကျတော်ဟာ 2015ခုနှစ် ဆန်ကာတင် ဇာတ်ကားထဲ

မှာ ပါလာတဲ့ “တိုက်ဆိုင်မှု ရှိလျှင်” ဆိုတဲ့ ဇာတ်ကားက ပြန်လည် ဆွဲဆောင်ခဲ့ပါတယ်။

 

2016 အစပိုင်းမှာ ပြန်လည် ဆွဲဆောင်ခဲ့တဲ့ ဇာတ်ကားတစ်ကားကတော့ “ချစ်လှစွာသော … အမုန်း” ဆိုတဲ့ ဒရာမာ ဇာတ်ကား

တစ်ကားပါ။

 

အောင်ရဲလင်း ၊ ဇင်ဝိုင်း ၊ သက်မွန်မြင့် ၊ ဝတ်မှုန်ရွှေရည် တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ။

 

မြန်မာရုပ်ရှင်ကားတွေထဲမှာ မင်းသား ဇာတ်ရုပ်အနည်းငယ်သာ ပါတဲ့ ရုပ်ရှင်ကားတစ်ကားဆိုရင်တော့

ဒီဇာတ်ကားကို ပြရမှာဖြစ်ပါတယ်။

 

ဂါမဏိ ဆိုတဲ့ သင်္ဘောသားလေးအဖြစ် -အောင်ရဲလင်း-

-အမုန်း- ဆိုတဲ့ ကောင်မလေးအဖြစ် -ဝတ်မှုန်ရွှေရည်-

-မိုးစက်မေ- ဆိုတဲ့ ကောင်မလေးအဖြစ် -သက်မွန်မြင့်-

-မိုးစက်မေရဲက ဖခင်အဖြစ်- -ဇင်ဝိုင်း-

 

ဝတ်မှုန်ရွှေရည်ကို အရင်ကတည်းက သိပ်မကြိုက်ခဲ့ပေမယ့် ဒီကားမှာတော့ ချီးကျူးမိလောက်အောင်တော်ပါတယ်။

ဝတ်မှုန်ရွှေရည်ဟာ ဇာတ်ကားတစ်ကားလုံး တအားကြိုးစားသရုပ်ဆောင်ပါတယ် တော်ပါတယ်။ ဒါပေမယ့်

သက်မွန်မြင့် ရဲ့ သရုပ်ဆောင်ချက် တစ်ခန်းနှစ်ခန်းကို မမီနိုင်အောင ်သက်မွန်မြင့်က ပိုတော်လွန်းလှတာတွေ့ပါတယ်။

 

ဇာတ်ကားကြည့်ပြီးအပြန်မှာတော့ အိမ်သာဝင်ရင်း ကောင်လေးအချို့ပြောသံကြားခဲ့ရပါတယ်။

 

— ဘယ်ကားမှာမှ မငိုဖူးဘူး ဒီကားမှာတော့ ဝတ်မှုန်ရွှေရည်နဲ့သက်မွန်မြင့်ကြောင့် ငိုခဲ့ရတယ်– တဲ့။

 

မင်းသမီးနှစ်ယောက်ဇာတ်မို့ ဝတ္တုလည်းကောင်းသလို ဝတ္တုကို မီတာ ဒီဇာတ်ကားသာရှိသေးသလားလို့ ကျတော်မှတ်ချက်

ချမိပါရဲ့။

 

လေးစားစွာဖြင့်

အောင်မိုးသူ

11 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 12, 2016 at 12:21 am

    ကျိချင်လိုက်တာတော်

    Reply

  • alinsett

    January 12, 2016 at 9:54 am

    အဲ့ ချစ်လှစွာသောအမုန်းကို ဇာတ်လမ်းဇာတ်အိမ် ကြားပြီးကတည်းက… သိပ် ကြည့်ချင်စိတ်မရှိတာကြောင့်
    မကြည့်ဖြစ်ဘူး..။

    ဟိုတလောကလေးတင်… ကြည့်မိတဲ့ နိုင်ငံခြားဇာတ်လမ်းတစ်ခုကိုတော့… ဗမာ မင်းသား မင်းသမီးတွေ ပြန် ရိုက်ကြစေချင်နေတယ်။ နာမည်က … The Gigolo
    http://www.channelmyanmar.comမှာ ညွှန်းထားတာက ဒီလိုလေး…

    ဖန်ဟာ ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတဲ့ သူတယောက်ဖြစ်ပြီးတော့
    အိမ်က အနိုင်နိုင် ကျောင်းထားပေးနေရတယ်

    တနေ့မှာ ကျောင်းမှာ ရန်ဖြစ်ပြီးတော့ ကျောင်းထုတ်ခံလိုက်ရတဲ့အခါမှာ နေမကောင်းတဲ့ အမေလည်းရှိနေတဲ့အတွက် မဖြစ်မနေ ပိုက်စံရှာရမယ့်အနေအထားဖြစ်လာတယ်

    အဲ့ဒီအချိန်မှာပဲ ကလပ်ပိုင်ရှင် ဖြစ်တဲ့ သူ့အန်တီနဲ့ချိတ်ဆက်မိပြီးတော့ ယောက်ျားပျော်တော်ဆက်(ပြည့်တန်ဆာ)ဘဝကို ရောက်သွားခဲ့ရတယ် (သနားစရာယောက်ျားတို့ဘဝကို အဲ့ဒီမှာ မြင်တွေ့ကြမှာပါ..:P)

    ပိုက်စံရှိပြီးတော့ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိရှဲက ဖန်ရဲ့ ဆက်ဆံမှုတွေအပေါ်မှာ စွဲလန်းသွားခဲ့တယ်….ဖန်ကလည်း အဲ့ဒီလို ကိစ္စတွေဘက်မှာ အတော်ကိုကျွမ်းကျင်အောင် အချိန်ယူပြီးလေ့ကျင့်ခဲ့တာပါ ဖန်ဟာ ပျော်တော်ဆက်ဘဝမှာ အတော်အောင်မြင်လာခဲ့ပြီးတဲ့နောက်မှာ ဒါရိုက်တာ ကလိုဝီက ဖန်ကို အင်တာဗျူးတစ်ခုမှာ အကြိုက်တွေ့သွားပြီး မင်းသားလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်….ဖန်ဟာ ကလိုဝီကို တကယ့်အချစ်စစ်နဲ့ ချစ်သွားခဲ့တယ်….ဖန်ကလည်း ယောက်ျားပြည့်တန်ဆာလောကထွက်နိုင်ဖို့ ကြိုးစားခဲ့တယ် …နောက်ပိုင်းမှာ မိရှဲဟာ ကလိုဝီရဲ့ မိထွေးမှန်းသိသွားတဲ့အခါမှာတော့ မိထွေးနဲ့ သမီးကြား ဖန်တယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြပါ…..

    အဲ့ဇာတ်ကားကို.. ဗမာသရုပ်ဆောင်တွေ ရိုက်ရင်… ကြည့်ဖြစ်အောင် ကြည့်အုန်းမယ်။
    —————————

    https://www.youtube.com/watch?v=8v7j7VJTErE

    Reply

  • Myat Pearl Phyu

    January 12, 2016 at 2:40 pm

    ရုံးပတီသီးလေးများပဲ ကြည့်ခဲ့လိုက်တယ်..ဟာသကားလေးဆိုတော့ ပေါ့ပေါ့ပါးပါးရီလိုက်တယ်လေ..။

    Reply

  • ဇီဇီခင်ဇော်

    January 12, 2016 at 4:04 pm

    အဲဒါ လမင်းမိုမိုလား
    ပုညခင် ဇာတ် လားးးး
    သိသလိုလို မသိသလိုလို။
    🙄

    Reply

    • alinsett

      January 12, 2016 at 4:31 pm

      ပုံညှခွင် တဲ့ မမဂျီးရေ

      Reply

    • အောင် မိုးသူ

      January 13, 2016 at 9:17 am

      ပုညခင်ပါ မကြီး။ ဇာတ်လမ်းက အရမ်းအကောင်းကြီးမဟုတ်ပေမယ့် သရုပ်ဆောင်တွေ တော်လို့ပါ။

      Reply

      • ဇီဇီခင်ဇော်

        January 13, 2016 at 10:12 am

        ကျေးကျေး ဆက်ဆက်
        ဖတ်ကြည့်အူးမယ်
        :chit:

        Reply

Leave a Reply to ဇီဇီခင်ဇော် Cancel Reply

Your email address will not be published.