” လွတ်လပ်ရေးနေ့ အစစ်ကို ကြိုဆိုခြင်း “

”   လွပ်လပ်ရေး နေ့ အစစ် ကိုကြိုဆိုခြင်း ”

 

လွတ်လပ်ရေး ဆိုသဟာကို

အခြားသူလက်မှ

သွေး ချွေး  အသက် များစွာ

ရင်းခဲ့ပြီး သကာလ

ရယူခဲ့ကြ တာ

၁၉၄၈မှာပ။

 

လွတ်လပ်ရေး ခေတ်အလွန်

ပါလီမန်ခေတ်

ရောင်စုံသူပုန်ခေတ်

ရန်ကုန်အစိုးရခေတ်

ကမောက်ကမဖြစ်ချိန်

ခေတ်ဟောင်းကိုတွန်းလှန်

ခေတ်သစ်ကိုစီမံ

အပြောင်းအလဲအဖြစ်

တော်လှန်ရေးကောင်စီခေတ်

စစ်အစိုးရ ခေတ်ကိုရောက်လာပြန်ပါတယ်။

 

မြန့်မာ့နည်းမြန်မာဟန်

ဆိုရှယ်လစ်

တစ်ပါတီခေတ်ရဲ့အသီးအပွင့်

ခါးခါး အား

၂၆နှစ်တာ

စားသုံးအပြီး မှာတော့

လူထုအားနဲ့

ဖွင့်လှစ်

ရှစ်လေးလုံးဆိုတဲ့

ကဏ္ဍအသစ်အပြီးမှာ

ငြိမ်ဝပ်ပိပြားရေးက

တသွေးတမွေးဖြစ်

အစိမ်းရောင်ကြီးစိုးသောခေတ်

ဖြစ်လာပြန်ပါတယ်။

 

ရုန်းကန်ရင်း

ငြင်းဆန်ရင်း

 

ိဖိနှိပ်ရင်း

တန်ပြန်ရင်း

 

ဖမ်းရင်းလွှတ်ရင်း

လွှတ်ရင်း ဖမ်းရင်း

 

ခေတ်မီတိုးတက်သော

နိုင်ငံတော်ကြီးဆီသို့

ချီတက်ရန်

ပုံစံပြောင်း

ဘောင်းဘီချွတ်

ပုဆိုးစွတ်

ခေါင်းပေါင်းဆောင်း

အပြင်ဟန်ပန်ပြောင်းပေမယ့်

အတွင်းသဏ္ဍန် က

အဟောင်းဆိုတော့

ကောင်းမလာခဲ့ပြန်ပါဘူး။

 

ဆယ်စုနှစ်  နှစ်ခုအကျော်

၂၀၁၅မှာတော့

အစိမ်းမှ အနီ

ခြင်္သေ့မှဒေါင်း

အများသဘောတူ

ပြောင်းပြီမို့

အတု တု တွေကိုဖယ်လှစ်

စု   တု့ိ ယူဆောင်ပေးတဲ့

၂၀၁၆ခုနှစ်ရဲ့

လွတ်လပ်ရေးနေ့ အစစ်ကို

ကြိုဆိုလိုက်ပါတယ်။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

3-1-2016

 

 

 

13 comments

  • E-မြောက်မြောက်

    January 3, 2016 at 11:04 pm

    ရေးတတ် စပ်တတ်ပါပေ့ အောက်ပုရယ်
    ✌ ????

    Reply

  • padonmar

    January 4, 2016 at 10:59 am

    လမ်းဘေးရေအိုးစင်မှာ သောက်ရေခွက်ကို ကြိုး တပ်ထားနေရသေးရင် လွတ်လပ်ရေး တကယ် မရသေးဘူး။(မစန္ဒာ- ဘဝအိပ်မက် ပန်းအိပ်မက်)
    ……………..
    အဲလိုပဲ လမ်းပိတ်ပြီး ပြေးပွဲ ပြိုင်ပွဲလုပ်နေသေးရင်တော့ တကယ့် လွတ်လပ်ရေး မဟုတ်သေးဘူး။
    ……………………………………………
    နောင်နှစ် လွတ်လပ်ရေးနေ့ဆိုရင်တော့
    ကလေးတွေလည်း ကစားကွင်း အစစ်တွေထဲ ပြေးပွဲ ပြိုင်ပွဲ လုပ်ခွင့်ရမယ်ထင်ပါရဲ့။

    Reply

    • ကလေးတွေကို
      ကလေးနဲ့တူအောင်ထားနိုင်ဘို့ကတော့
      လူကြီးတွေမှာတာဝန်ရှိသလို
      လူကြီးတွေလွတ်လပ်ဘို့လဲလိုအပ်ပါတယ်

      Reply

  • kai

    January 5, 2016 at 4:48 pm

    လူသားတိုင်း ခွင့်တူညီမျှ.. ရှိပါမှလွတ်လပ်တယ်လို့ထင်တယ်…။
    ဆိုတော့..
    မည်သူကမှ.. မည်သူ့ကိုမှ.. ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းမပြုကြပါမှ…
    ပြုခြင်းပြုအောင် ပြုထားတဲ့… စနစ်ကလွတ်မြောက်ပါမှ…။

    Reply

    • ဘာသာတရားက
      နိုင်ငံရေးကို
      စွက်ဖက်ကကြတာ
      အရှေ့ရော အနောက်ပါ
      မကင်းခဲ့ပေမယ့်

      ဒီနှစ်ခုကွဲပြားအောင်
      ဖြတ်နိုင်သူက

      လူ့အခွင့်အရေးလို့

      ပြောနိုင်တာပါဘဲ

      Reply

  • alinsett

    January 6, 2016 at 10:22 am

    ကျနော်တို့ လမ်းထဲမတော့ …လွတ်လပ်ရေးနေ့ဆိုပြီး.. လွတ်လွတ်လပ်လပ်… မူးရူး ကခုန်နေကြတဲ့…လူငယ်တွေ အများကြီး…
    ဆောင်းဘောက်ကြီးတွေချ… အသံတွေ အကျယ်ကြီး ဖွင့်… နားကွဲမတတ်…ဖြစ်နေရတဲ့အဆုံး..
    လွတ်လပ်ရေးနေ့…နောက်တစ်ခါ ရောက်မလာရင် ကောင်းမယ်…လို့တောင် တွေးမိ…
    ဒါမှမဟုတ်လည်း… နောက်တစ်ခါ လွတ်လပ်ရေးနေ့ကျရင်..အဲ့လို ထင်တိုင်းကြဲတဲ့လူငယ်တွေကို ငှက်ကြီးတောင်ဓါးနဲ့ လိုက် ရမ်းပစ်လိုက်ရ….

    :k:

    Reply

    • ဒါးနဲ့ရမ်းရင်
      ဇာတ်လမ်းမပြတ်ဘူးလေ

      မသိတတ်သူတွေ
      သိတတ်လာမယ့်နေ့ကိုစောင့်ရင်း

      ဘာမှမသိသေးတဲ့ကလေးတွေကို
      သိအောင်သင်ပေးကြပါစို့

      Reply

  • Mike

    January 7, 2016 at 10:54 am

    .ကိုပေါက်ရေ…ကျုပ်တို့လည်းတရားဥပဒေစိုးမိုးမှုအောက်မှာအေးအေးချမ်းချမ်းနဲ့လွတ်လပ်ဖူးချင်လို့
    .မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေရတာပါ…သိပ်မကြာတော့ပါဘူး

    Reply

  • အောင် မိုးသူ

    January 8, 2016 at 9:37 am

    လွတ်လပ်ပြီးကတည်းက နေ့တိုင်းဟာ လွတ်လပ်ရေးနေ့ပါ

    Reply

  • ဦးကြောင်ကြီး

    January 10, 2016 at 2:26 am

    လွပ်လာဘ်ရေး
    ဇွတ်မှတ်တွေး
    ကျွတ်ဝက်ခွေး
    ပွတ်သပ်ပေး…

    Reply

  • Lay Pai

    January 19, 2016 at 5:14 pm

    အညာ​လေသံ နဲ့ ​ပြောမယ်​
    လွတ်​​ကောင်​းဗျာ….
    ကြိုက်​တယ်​

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.