2016 နှစ်သစ်လက်ဆောင်(လူတယောက်တည်း ကားခြောက်စီးတရားတော် -ယောဆရာတော်ကြီး)

padonmarJanuary 1, 20161min08

20151031_142721လူတယောက်တည်း ကားခြောက်စီးတရားတော် (ယောဆရာတော်ကြီး-ဓမ္မဗျူဟာ ဆုနှင်းပွဲ 31.10.2015)

လူတယောက်တည်း ကားခြောက်စီးတရားတော် (ယောဆရာတော်ကြီး-ဓမ္မဗျူဟာ ဆုနှင်းပွဲ 31.10.2015)
-မိမိခန္ဓာ ဆွေမျိုးပါ၊
ဥစ္စာ အတတ်များ၊
ဒုက္ခများစွာ ကိလေသာ၊
လူမှာရှိတဲ့ မော်တော်ကား။
-လူတယောက်တည်း ကားခြောက်စီး၊
ခရီးတွင်အောင် မောင်း၍သွား၊

လူတယောက်တည်း ကားခြောက်စီး၊
ခရီးတွင်အောင် စီး၍သွား၊

-မဂ်ပေါက်ဖိုလ်ပေါက် နိဗ္ဗာန်ရောက်၊
လမ်းဖောက်ထားတဲ့ မြတ်တရား။
-အရှိ၏အောက် အသိရောက် ၊
တိမ်းမှောက် လူက ရှုံး၍သွား။
ဒုက္ခများစွာ ကိလေသာ၊
လွှမ်းကာဖိ၍ ကားကြပ်သွား။
အရွယ်သာကြီး၊ခရီးမရောက်၊
လမ်းမပေါက် လန့်ကြောက်အားငယ်သွား။

-အသိ၏အောက် အရှိရောက်၊
ပြီးမြောက် လူကအောင်မြင်သွား။
-အဆိုးကို နိုင် အကောင်းပိုင်ကာ၊
အားဖြည့်ပါ၊
ချမ်းသာအေးမြ တိုးတက်သွား။
ကြီးလာသလောက် ခရီးရောက်
ပြီးမြောက်အောင်မြင် တိုးတက်သွား။
သတိပညာ ဦးစီးကာ၊
ခြောက်ဖြာကားကို မောင်း၍သွား။

သတိပညာ ဦးစီးကာ၊
ခြောက်ဖြာကားကို စီး၍သွား။

ကား ခြောက်စီး ဥပမာ

(၁) မိမိခန္ဓာ စီးသောခါ သိက္ခာပြည့်အောင် သတိထား။

(၂) ကိုယ့်ဆွေမျိုးမှာ စီးသောခါ မေတ္တာရအောင် သတိထား။

(၃) ပစ္စည်းဥစ္စာ စီးသောခါ ကောင်းတာရအောင် သတိထား။

-သုံးတာ ပေးတာ ပျောက်ပျက်တာ
ကောင်းတာရက အောင်မြင်သွား။

(ပေးရမည့်သူများ-မိဘဆွေမျိုး/အတူနေမိတ်ဆွေ/အတူမနေမိတ်ဆွေ/အကျင့်သိက္ခာကြီးမားသော ပုဂ္ဂိုလ်/ခိုကိုးရာမဲ့ပုဂ္ဂိုလ်များ)

(၄)အတတ်ပညာ စီးသောခါ ကောင်းတာ မြင်အောင် သတိထား။

(၅)ဒုက္ခများစွာ စီးသောခါ ပညာရအောင် သတိထား။

(၆)ကိုယ့်ကိလေသာ စီးသောခါ ပညာရအောင် သတိထား။

-ဟန့်တားဖယ်ရှား ရှုပွားပေးပါ၊
ကိလေသာ
စိတ်မှာ ကင်းစင်သွား။
-ကင်းစင်သွားက ပညာရ၊
အေးမြနှလုံးသား။
-လူတယောက်တည်း ကားခြောက်စီး၊
ခရီးတွင်အောင် မောင်း၍သွား။

လူတယောက်တည်း ကားခြောက်စီး၊
ခရီးတွင်အောင် စီး၍သွား။

ဆရာတော်ကြီးက ယနေ့ခေတ် လမ်းတွေပေါ်မှာ ကြပ်နေတဲ့ ကားတွေထက် ကိုယ့်စိတ်ထဲမှာ ကြပ်နေတဲ့ ကိလေသာတွေက ပိုဆိုးပါတယ်တဲ့။ဒါ့ကြောင့် ကိလေသာမြူအမှိုက်တွေကို ကားခြောက်စီးထဲက အဆိုးဆုံးဖြစ်တဲ့ နောက်ဆုံးကားနဲ့ တင်စားပါတယ်။
ကိလေသာကားကြီး ပိတ်ဆို့ မနေအောင် ပညာလမ်းတွေ ပွင့်သွားအောင် ကြိုးစားဖယ်ရှားကြပါစို့။

8 comments

  • kai

    January 1, 2016 at 9:48 am

    နှစ်ကူးကဒ်ပါဗျိုးးးးးးးးးးးးးးးးးးး

    Reply

  • alinsett

    January 1, 2016 at 10:10 am

    .ကောင်းလိုက်တဲ့ ပုံပမာလေး….

    Reply

  • E-မြောက်မြောက်

    January 1, 2016 at 9:12 pm

    ဆာဒူး ဆာဒူး ဆာဒူး
    အာလူး ဏှာဘူး သာကူး

    Reply

  • kai

    January 5, 2016 at 4:59 pm

    အသိမိတ်ဆွေတယောက်.. နှစ်ကူးအိမ်ရှင်းတာမှာ.. စာအုပ်တွေပါရှင်းတာ.. သွားယူလိုက်သမို့.. စာအုပ်.. အုပ်၁၀ဝလောက်ရလာတယ်..။
    ဘာသာရေးစာအုပ်တွေအမာျးင်္ကြီး…။ အစစ် ပိဋကိတ်၃ပုံ စီဒီပါ ရလာသေး..။
    ဆိုတော့…
    အမတော်နဲ့ဆွေးနွေးချင်သား..။ :k:

    Reply

    • padonmar

      January 6, 2016 at 11:16 pm

      ငင်…ကြောက်ပါဒယ်။သာမီး အပါဘူး။

      Reply

  • ဦးကြောင်ကြီး

    January 6, 2016 at 10:10 am

    ခိုနီဒုံ ခိုပြာဒုံ ခိုဝါဒုံ ခိုစိမ်းဒုံ ခိုဖြူ ဒုံ ခိုနက်ဒုံ …. သူတယောက်ထဲ ၆မည်ရ အာတီဒုံ

    Reply

  • Mike

    January 6, 2016 at 2:02 pm

    .နှစ်သစ်ဆုတောင်းလှလှလေးအစား
    .တရားလှလှလေးကိုဖြန့်ဝေပေးတဲ့ အာတီဒုံတစ်ယောက်
    .ခန္ဒာဉာဏ်ရောက် တရားမြန်မြန်ပေါက်ပါစေကြောင်း….

    Reply

    • padonmar

      January 6, 2016 at 11:17 pm

      ကျေးကျေးမိုက်

      Reply

Leave a Reply

Your email address will not be published.