The Revenant (သေရွာပြန်)

ဆယ့်ကိုးရာစု အစောပိုင်းကာလက လူစွန့်စား ဟုချ်ဂလပ်စ် ရဲ့ အကြောင်း တစိတ်
တစ်ပိုင်းပါ။ သေပြီ ဆိုပြီး ပစ်ထားခံခဲ့ရတဲ့ ဟုချ်ဂလပ်စ် က သတိပြန်လည်လာပြီး
ဒဏ်ရာအပြင်းအထန်ကြီးနဲ့ မိုင်၂၀ဝ ခရီးကိုနှင်ခဲ့ရတဲ့ အကြောင်းကို ရိုက်ပြထား
ပါတယ်။

ဒီဇာတ်လမ်းက Michael Punke ရဲ့ ၂၀၀၂ မှာ ထုတ်ဝေတဲ့ The Revenant ကို
အခြေတည်ပြီး ရိုက်ကူးတာပါ။ ရုပ်ရှင်ကတော့ အတော်ကြည့်ကောင်းပါတယ်။
လီယိုနာဒိုရော တွမ်ဟာဒီရော ကျွန်တော် ကြိုက်တဲ့ မင်းသားတွေချည်း။ သွေးသံ
ရဲရဲ သတ်ဖြတ်ခန်းတွေတော့ နည်းနည်းပါသဗျ။ ဒါရိုက်တာ Alejandro G. Iñárritu
က ရိုက်ကူးပြီး ဒေါ်လှ ၁၃၅ သန်း အကုန်ခံထားပြီး ဆုအတော်များများအတွက်
လျာထားခံရသလို ရရှိပြီးဆုတွေလည်း မနည်းပါဘူး။ imdb မှာအဆင့်သတ်မှတ်
ချက် ၈.၃ တောင် ရရှိထားပါတယ်။ တကယ်က ဒီကားကို ၂၀၁၆ ဇန္နဝါရီ ၁၅
မှ တစ်ကမာ္ဘလုံး ဖြန့်ချီမှာ ဖြစ်ပေမဲ့ အွန်လိုင်းပေါ်မှာတော့ ပေါက်ကြားသွားပြီ
ဖြစ်လို့ ကြည့်ရှုနိုင်ပါပြီ။ (တရုတ်ပြည်မှာ ဒီဇင်ဘာ ၁၆က ပြတယ်။)

ပြောချင်တာလေး တစ်ခုက ဇာတ်လမ်းက တကယ့် အဖြစ်အပျက်နဲ့ ကွဲလွဲတဲ့
အကြောင်းလေးပါပဲ။ ဇာတ်လမ်းဆိုတော့ ကြည့်ကောင်းအောင် ထိုးဇာတ်က
လေးတွေ ထည့်ရသပေါ့လေ။ ဥပမာ ဟုချ်ဂလပ်စ် ရဲ့သား ဟော့ခ် တို့။
နောက်ပြီး ဗီလိန် John Fitzgerald (တွမ်ဟာဒီ)က အဲဒီတုန်းက ၂၃နှစ်လောက်
ရှိသေးတာပါ။ အပြင်မှာ ဂလပ်စ်က သူ့ကို မသတ်ခဲ့ပါ။ ဂျွန်ကစစ်ထဲ လိုက်သွား
တယ်။ ဂျွန်က ဂလပ်စ် ကို သူ့လက်နက်တွေ ပြန်ပေးပြီး တောင်းပန်ခဲ့တယ်။
အဲဒီတုန်းက စစ်သားကို သတ်ရင် သေဒဏ်ပေးမှာလည်း ပါလို့ ထင်ပါတယ်။
ဂျင်မ် ကိုလည်းငယ်ရွယ်သေးတဲ့အတွက် သူ ခွင့်လွှတ်ခဲ့ပါတယ်။ အဲဒီ ဂျင်မ်
ဘရစ်ဂျာက နောင်အခါ နာမည်ကျော်ကြားတဲ့ လူစွန့်စားကြီး ဖြစ်လာပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ နယ်စွန်ပယ်ဖျား မှာ သားရေ၊ သားမွှေးရဖို့ အတွက်
အသက်ကို ဖက်နဲ့ထုပ်ပြီး စွန့်စားလုပ်ဆောင်ရတာပါ။ ဒဏ်ရာတွေ သက်သာ
လာတော့လည်း အဲဒီအလုပ်ကိုပဲဂလပ်စ် ဆက်လုပ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်
ပြီးလို့ ဆယ်နှစ်အကြာ အသက် ၅၃နှစ်လောက်မှာ အရီကာရာ လူနီရိုင်းတွေ
လက်ချက်နဲ့ ဂလပ်စ်တစ်ယောက် တကယ် အသက်ပျောက်ခဲ့ရရှာပါတယ်။
အရီကာရာ တွေ ခမျာလည်း ကံဆိုးချင်တော့ အမေရိကန် သားမွှေး ကုမ္ပဏီ
တစ်ခုနဲ့ ရင်ဆိုင်တွေ့တဲ့အခါမှာ လူဖြူတွေနဲ့ တည့်တဲ့ မီနီထရီ လူမျိုးစု
အယောင်ဆောင်ပြီး ဖြတ်တော့သူတို့ထဲက တစ်ယောက်က ဂလပ်စ်ရဲ့
ရိုင်ဖယ်ကို ကိုင်ထားတာ သတိပြုမိသွားတဲ့အတွက်အကုန် ကလဲ့စားချေ
အသတ်ခံကြရပါတယ်။ ဂလပ်စ်အတွက်ပေါ့လေ။

ဂလပ်စ်အကြောင်းကတော့ နှစ်နှစ်ရာ နီးပါးရှိတဲ့တိုင် သားစဉ်မြေးဆက်
ပြောကြတဲ့ စွန့်စားခန်းပုံပြင်တွေ။ ကလေးတွေရဲ့ သူရဲကောင်းကြီး။

3 comments

  • ဇီဇီခင်ဇော်

    January 1, 2016 at 2:54 pm

    ကျေးးဇူးး
    အဲဒီ ကားး က မင်းးသားး ၂ ယောက်လုံးကြိုက်လို့သာ ကြည့် ရမှာ အစိမ်းးသက်သကိကြီးးး
    ဒီ ည ကြည့်ဖြစ်မလားးမသိ..

    Reply

  • alinsett

    January 1, 2016 at 4:10 pm

    http://www.channelmyanmar.com/2015/12/the-revenant2015.html
    အဲ့ဒီမှာတော့… ဒီလို ညွှန်းထားလေရဲ့….
    တို့ ရွာသား ညွှန်းတာက ပိုကောင်းတယ်… ။
    😆
    ———————————————-
    အော်စကာဆု ရွှေကမ႓ာလုံးဆု တွေ အပါအဝင် ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက် လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့ သရုပ်ဆောင် သက်တမ်းတစ်လျှောက် အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်း ဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ႓ာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။

    ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ အပြင် ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သား လုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာ ဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
    ယောက်ျားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူ ယောကျာ်းကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။

    မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကို ခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့ အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကို အားရကျေနပ်ဖွယ် ကောင်းလောက်အောင် ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကို ပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကို အားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင် မင်းသားတွေနဲ့ ယှဉ်လို်ရင် ပိုသာ သွားအောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ဇာတ်လမ်းကို လုံးဝအသက်ဝင်သွားအောင် ချပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်ကားကောင်းလို့မပြောပါရစေနဲ့။ ထိပ်တန်းဇာတ်ကားပါ။ကောင်းတယ်ဆိုတာထက်ကိုလွန်သွားပါပြီ။

    မြန်မာနိူင်ငံမှာတော့ နောက်လမှ ရုံတင်မယ်ကြော်ငြာထားတဲ့ ဒီဇာတ်ကားကို CM ပရိသတ်တွေ စောစောကြည့်စေချင်တဲ့စေတနာနဲ့ အကောင်းဆုံး ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။
    (အညွန်းရေးသူကတော့ ကောင်းမြတ်သူပဲ ဖြစ်ပါတယ်)

    File Size : 1 GB
    Quality : DVD Rip
    Running Time : 2hr 36 minute
    Format : Mp4
    Genre : Adventure, Drama, Thriller
    Encoder : Joker.phs

    Reply

Leave a Reply

Your email address will not be published.