တောင်ပြုန်း နတ်ပွဲတော်မှာ ရှူဆေးရောင်းနေတဲ့ ဝေဠုကျော်

cobraAugust 27, 20101min03

သရုပ်ဆောင် ဝေဠုကျော်ဟာ တောင်ပြုန်း နတ်ပွဲတော်မှာ “ဝေဠုကျော်” အမှတ်တံဆိပ် ရှူဆေးတွေကို ကိုယ်တိုင် ကြော်ငြာရောင်းချ နေရပါတယ်။ မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်၊ တောင်ပြုန်းကျေးရွာမှာ နှစ်စဉ်ကျင်းပတဲ့ ဒီတောင်ပြုန်းနတ်ပွဲတော်ကို မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ နတ်ကိုးကွယ်သူတွေ လာရောက် ဆင်နွဲလေ့ရှိပါတယ်။ မင်းသား ဝေဠုကျော် ဟာ တိုင်းရင်းဆေးတွေကို “ဝေဠုကျော်” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချနေတယ်လို့ သိရပါတယ်။

3 comments

  • chitsayar

    August 27, 2010 at 10:50 am

    မင်းသားဘဲဖြစ်ဖြစ် နတ်ကတော်ဘဲဖြစ်ဖြစ်
    တိုင်းရင်းဆေးနည်းတွေကို ဖော်ထုတ်ရောင်းချတာကိုတော့
    လေးစားတယ်ဗျို ့
    (တာဝန်ရှိသူတွေ (ဆေးဝါးဘက်ဆိုင်ရာပညာရှင်တွေ) ရဲ ့ညွန်ကြားချက်တွေကိုလည်းခံယူသင့်ပါတယ်)

    Reply

  • kopauk mandalay

    August 27, 2010 at 11:55 am

    ကောင်းသောအလုပ်လုပ်တာကတော့ ထောက်ခံတယ်ဗျို့။
    အရင်က အနုပညာသည်တစ်ချို့က ဝင်ငွေကောင်းချိန်မှာ တခြားစီးပွားရေးကိုမလုပ်မိခဲ့ကြဘူး။
    ဟော နာမယ်ကျလို့ခေါ်မယ့်သူမရှိတဲ့ဘဝလဲရောက်ရော စားဝတ်နေရေးကို အဆင်မပြေဖြစ်ကုန်တော့ပါဘဲ။
    ခုခေတ်အနုပညာသည်လူငယ်လေးတွေကို တော်တယ်အမြော်အမြင်ရှိတယ်လို့ မှတ်ချက်ပေးရင်မလွန်ဘူးလို့ထင်ပါတယ်။
    ကိုယ်ထက်ဝင်ငွေနည်းသော အခြားအလွှာကအနုပညာနဲ့လုပ်ကိုင်စားကြရတဲ့ သူတွေကိုပါ တွဲခေါ်လို့ အလုပ်တွေပေးထားမယ်ဆိုရင် ပိုကောင်းပေါ့။
    ဒါက စဉ်းစားကြည့်တာပါ။

    Reply

  • kotun

    April 22, 2011 at 2:29 pm

    တိဘူးကွာ ..

    Reply

Leave a Reply

Your email address will not be published.