မေ့မထားပါနဲ့ သားရယ်

ကာရံDecember 6, 20151min03

မေ့မထားပါနဲ့ သားရယ်

အလုပ်အကိုင်မဲ့မို့ တစ်နေ့အသက်ကြီးရင်လေ
သားတို့ မိဘကို ပြစ်သွားမှာတဲ့လားတဲ့
ရင်နစ်အောင်ကြားခဲ့ရတဲ့ ငယ်ငယ်တုန်းကစကားပေါ့

ကြင်ရာဖော်ရှိလို့ အနေဝေးခဲ့ရင်လေ
သားတို့မေမေ့ကို မေ့သွားကြမှာပါတဲ့
စိတ်ထဲမှာ ခံစားခဲ့ရတဲ့ အရွယ်ရောက်တုန်းဘဝပေါ့

အိုခြေပြီ မေမေအိုခြေပြီ ပြိုတော့မယ့်မိုးလို ခိုလို့တွဲ
မျက်ရည်စက်များ အဝေးရောက်သားကိုလွမ်းလို့ပေါ့

မငိုပါနဲ့မေမေ ကောင်းကင်လည်းပြိုမှာ မဟုတ်သလို
လေလည်းမထန်ပါဘူးလေ သားအရွယ် ဘယ်လောက်လောက်ပြောင်းပြောင်း
မေမေ့နှလုံးသားအောက်မှာ နားခိုဖို့ သားအရောက်လာခဲ့မှာပါမေမေ
ကြင်ရာရှိလည်း မေ့မသွားသလို ပြစ်မထားရက်တဲ့ သားမေတ္တာကလေ
ကောင်းကင်ကလမင်းပမာ ဝင်းပမြဲမို့ မေမေ့လက်ကိုအမြဲတွဲထားပါရစေသား

ကာရံ ၉ ့၁ဝ ့၂၀၁၅

3 comments

  • ငုရင်ထရန် ဟုရန်မေ ရဲ့ ကိုကိုး

    December 6, 2015 at 12:52 pm

    ဒါမှ မေမေ့ သားကောင်း

    Reply

    • ကာရံ

      December 7, 2015 at 8:31 pm

      ဟုတ်ကဲ့

      Reply

  • Alinsett @ Maung Thura

    December 8, 2015 at 8:30 am

    ကဗျာ ရည်ရွယ်ချက်လေး ကောင်းလိုက်တာာာ

    အဟမ်း ပိုစ့်မော်ဒန်ဝါဒ အရတော့ဖြင့် —
    ကဗျာမှာ— ရည်ရွယ်ချက်တို့ ဘာတို့ညာတို့ တစ်ခုမှ မပါသင့် — (မပါဘဲလည်း ဖန်တီးချင်ဖန်တီးခွင့် ရှိသင့်—)
    ကုန်ကုန်ပြောရလျှင် နယ်ကုန် ကမ်းကုန် တွန်းကာ ဖောက်ထွက်ကြေးမို့—-
    ကဗျာထဲမှာ စာသားတောင် မပါသင့်တော့—

    ဘာသာစကားတွန့်တွန့်ကောက်ကောက်တွေနဲ့ ဖွဲ့စည်းပြမှ ကဗျာဆိုတဲ့ အယူအဆကို ပစ်ပယ်ကြသင့်—-
    ဘာသာစကားချည်းမဟုတ်ဘဲ အခြား အညွှန်းခံအရာတစ်ခုခု သို့မဟုတ် အများအပြားနဲ့ အစားထိုးသင့်—-
    စသည်—-

    🙂

    ပုံ/ ပိုစ့်မော်ဒန်ဝါဒီဂိုဏ်းချုပ် မောင်သူရ

    Reply

Leave a Reply

Your email address will not be published.