. မြ ရဲ့ သင်ပုန်း ၁၈-၁၀-၂၀၁၅

မြစပဲရိုးOctober 19, 20151min021

ဒီနေ့ မြ တစ်ယောက် သံရုံး ကို အလည်သွားသည်။
အိမ်က မနက် ၆နာရီ မထိုးခင် ထွက် ရန် လေးနာရီခွဲ ထဲ က အိမ်ရာထရသည်။
၉နာရီ ခွဲကျော်ကျော်လောက်ရောက်သည်။
၁ဝနာရီ မှ ဖွင့်မည် ဟု သတင်းပေးထားသော်လည်း ရောက်ချိန်မှာ ဖွင့်နေပြီး ဖြစ်၏။
တန်းစီသူပင် မရှိ။
အထဲရောက်တော့ အင်မတန် ယဉ်ကျေးပြီး ကူညီသူများ အများအပြားပင်ရှိနေသည်။
. ကော်ဖီ လက်ဖက်ရည် မုန့်များ ပင် တိုက်ကျွေးသည်။
အမှားဖြစ်မည် ကို စိုးရိမ်ပူပန်နေ၍ မည်သို့ စား၍ဝင်မည်နည်း။
သို့ရာတွင် စနစ်တကျ စီစဉ်ထားမှုများကို မြင်ရတော့ စိတ်နဲနဲအေးသွား၏။
သို့ရာတွင် သံသယစိတ်ဖြင့်တော့ အထပ်ထပ်စစ်မိသေးသည်။

. သူငယ်ချင်း တစ်ယောက် ပေးသော သတင်းအရမတော့ ဝါရှင်တန်ဒီစီ မှာ မုန့်ဟင်းခါး ကို အကြော်နှင့်တောင် ကျွေးသည်ဆို၏။
လူနည်းသောကြောင့် ဖြစ်မည်။
ဒီမှာ လူတွေ အများကြီး ရှိပေမဲ့ ၆၀ဝ လောက် ကဘဲ ဝင်နွဲကြသည်။
ဒီထက် များဖို့ကောင်း၏။
.ပြည်ပနိုင်ငံများထဲ စကာင်္ပူ က ရွှေ နိုင်ငံသားတွေ ရဲ့ နိုင်ငံချစ်စိတ် နဲ့ ညီညွတ်မှု ကတော့ သမိုင်းတွင်ကျန်သွားခဲ့ပြီ ဆိုချင်ပါသည်။
သူတို့ အတွက် အင်မတန်မှပင် ဂုဏ်ယူလိုက်မိသည်။

ဘာဘဲဖြစ်ဖြစ် မြ သည် လေတိုက်ပွဲ သမား သက်သက် ချည်း မဟုတ်တော့သည်မို့ ကိုယ့်ကျောကိုယ်သပ်ပြီး ပီတိ ဖြစ်နေလေတော့၏။

ရလာဒ်ကတော့ လုပ်ပိုင်ခွင့်ရှိသူတွေထဲ အရှက်အကြောက်တရား၊ ကိုယ်ကျင့်သိက္ခာတရား ကင်းသူ ဘယ်လောက်များလဲ ဆိုသည့်အပေါ်တွင်တည်မှီ သွားပေလိမ့်မည်။

တကယ်တော့ သံရုံးကလူတွေ အပါအဝင် အစိုးရဝန်ထမ်း အများစု သည် ပင်ကိုယ်စိတ်ခံ ကောင်းကြသည် ဟု ယုံကြည်ပါသည်။
စနစ်ဆိုးကြီး ထဲ မှာ ကျင်လည်ရချိန် မို့ ဝရုံးသုန်းကား ဖြစ်နေခြင်း ဟုသာ ဆိုတော့မည်။
ယခုချိန်သည် ထို စနစ်ဆိုးကြီး မှ ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။
တတ်နိုင်သူများ နဲနဲ အားစိုက်တွန်းလိုက်ကြပါ။

တရားမျှတမှုအတွက် ဝင်ရောက်ပံ့ပိုးပေးသူအားလုံး ကို လှိုက်လှိုက်လှဲလှဲ လေးစားကျေးဇူးတင်ပါသည်။

Dedicated to …. my Dearest Lady and my beloved Country

DSCF1782

 

21 comments

  • မြစပဲရိုး

    October 19, 2015 at 2:03 am

    .နောက်နေ့မှ ရွာထဲ မှ ချစ်သောသူများ ရဲ့ အိမ်များ ကို ဝင်လည်တော့မည်။
    အခုတော့ မျက်လုံး အတော်စဉ်း နေပြီ။ :-)))

    Reply

  • ဇီဇီခင်ဇော်

    October 19, 2015 at 6:25 am

    ကြာသပတေးနေ့
    ……….
    စနေ တနင်္ဂနွေ လူအရမ်းများမယ်လို့ သိတာမို့ ပထမနေ့ ကြာသပတေးကတည်းက မဲပေးမယ်လို့စဉ်းစားထားတာ။
    နေကလည်း မကောင်းတာနဲ့ ဆေးခန်းသွားရမဲ့ အတူတူ ဗုဒ္ဓဟူးနေ့ ညကတည်းက ဆေးခန်းသွားပြီး နောက်ရက် အတွက် ဆေးခွင့်တောင်းထားလိုက်တယ်။
    ညလယ်လောက်မှ ရုံးအဖွဲ့ရဲ့ ဂရုချက်ထဲကို ခွင့်ယူမဲ့ အကြောင်းပြောပြီးး အိပ်လိုက်ရော။
    မနက်ကျ အစောနိုးနေတာ။ ရုံးက ၉နာရီခွဲမှ ဖွင့်မှာပဲပေါ့။
    ၁ဝနာရီလောက်သွားရင် အတော်ပဲဆိုပြီး စဉ်းစားထားတာ။
    တက်ဆီလေးနဲ့ သွား မဲပေးး တက်ဆီလေးနဲ့ ပြန်မယ် ဆိုပြီး တက်ဆီသမားကို စောင့်ခိုင်းအူးမယ် တောင် စဉ်းစားထားတာ။ စလုံး မဲပေးတာကလည်း ၁၅ မိနစ်လောက်ကြာတာပဲ မြင်ဖူးထားတာကိုးး
    အာ့နဲ့ တို့ဟူးသုပ် တစ်ပွဲစားပြီး ယတြာ အစိမ်းဝမ်းဆက်ကြီးနဲ့ ဓာတ်သေရိုက်တင်လိုက်သေးတယ်။ 😛 😛
    တင်ပြီးတော့မှ ပေ့(ချ) တွေက တက်လာတဲ့ လူတန်းရှည်ကြီးမြင်တော့မှ မဖြစ်ချေဘူးဆိုပြီး အင်္ကျီ ဘောင်းဘီ ပြန်လဲ ပြီး တက်ဆီ နဲ့ ဂိုးရတယ်။
    လမ်းမှာ မုန့်တွေ ရေတွေ ဝင်ဝယ်ရတယ်။
    ………..
    ဟိုကိုရောက်တော့ လူတန်းက ၁ ပြလောက်ရှိပြီ။ လူတန်း အဆုံးထိ တက်ဆီနဲ့ သွားပြီး ရပ်ခိုင်းရတယ်။
    ပြီးတော့ ကွကိုယ် မုန့်ထုတ်လေး ကိုင်ပြီး ဝင်စီ တာပေါ့။ ဟိ။ 😛
    ခနကြာတော့ အသိ အကို လင်မယား လာတာနဲ့ တူတူစီရင်း စကားများရင်း အစားစားရင်း ဓာတ်ပုံရိုက်ရင်းပေါ့။
    …………………
    ဗော်လန်တီယာတွေ တော်ကြသလားမမေးနဲ့ ။
    ရေဘူး၊ မုန့်၊ ထမင်း၊ စတာတွေပါ စီစဉ်ပြီး လူတန်းတောက်လျှောက် လိုက်မေးတာ။ အမှိုက်အိတ်ကိုင်ပြီး အမှိုက်လိုက်စုတာက တစ်ဖွဲ့ ရှိတယ်။
    စီတဲ့သူ အချင်းချင်းလည်း အခုမှ တွေ့ဖူးပေမဲ့ မုန့်တွေ လဲစား စကားတွေ ပြော၊ အသိတွေ ဖလှယ်ကြနဲ့ ပျော်စရာကြီးး
    ထီးတို့ ဦးထုတ်တို့ ထိုင်အခင်းတို့ လိုပါတယ်။
    တစ်ချို့ဆို လက်ဖက် တစ်ဇလုံကြီးသုပ်လာခဲ့ကြသေးး
    အရင် မဲပေးပြီးသူတွေကလည်း မပြန်သေးပဲ အတွေ့အကြုံတွေ လိုက်ရှင်းပြ။
    မသိတာမေး၊ မရှင်းတာ ပြန်မေးနဲ့ တန်းစီတာက တစ်ရွေ့ရွေ့တိုးသွားတာပဲ။
    သံရုံးရှိတဲ့ လမ်းကို စ ဝင်တော့မှ ဘောလပင်လေးပါတာ စစ်အူးမှ လို့ ထုတ်ခြစ်တော့ မင်က မထွက်။
    ဂစ်။ :3
    ………………..
    အဲဒါနဲ့ ဟိုညီမလေးနဲ့ အတူ တန်ဂလင်မောထဲ ဘောပင် အရှာထွက်ရတယ်။
    အဖြူတွေ ဈေးဝယ်များတဲ့ ရှော့ပင်းစင်တာမို့ဘောလပင် တစ်ချောင်းရဖို့ အတော်ရှာရတယ်။
    ဝယ်ပြီးလို့ အပေါ်ရောက်မှ Erasble Pen ဆိုလို့ ပြန်လဲရလို့ ၂ ခါမော။
    ဟိ။ 😛
    ပြန်ရောက်ပြီး တန်းစီတော့ ကိုယ့်ရှေ့မှာ ကလေး ကိုယ်စီလေးတွေနဲ့ အစောပြန်ထွက်လာသူတွေ မြင်တော့ ဘေးက လင်မယားက ကလေးလေး မခေါ်ခဲ့မိလေခြင်းဆိုပြီး တောက်တခေါက်ခေါက်။
    ဟိ။ ကိုယ်ကတော့ ခေါင်းအုံး အသေးလေး ဗိုက်ထဲ မထည့်ခဲ့မိလေခြင်း ဆိုပြီး နောင်တတွေရ။ 😛 😛
    …………..
    သံရုံးဂိတ်ကို ရောက်ခါနီးတော့မှ ကဖျာ စတေးတပ်တွေ့တော့ သူက အဝေးကြီးလိုသေးတယ် ဆိုပြီး မုန့်သွားပေးတော့ ဘလော့ဂါပီပီ အိုင်ပက် မျက်နှာအပ်လို့။
    သွားတို့တော့မှ အံ့ဩသွားတယ်။ ဟိ။
    အာ့နဲ့ မုန့်ပေးပြီး အမြန်ပြန်လာတော့ ဓာတ်ပုံတွဲရိုက်မို့ မေ့ခဲ့ရော။
    ပြန်ရောက်တော့ ဟိုမှာ အထုတ်တွေ စစ်နေပြီ။
    မုန့်မသယ်ရဆိုလို့ လက်ကျန်မုန့်တွေ အမြန်ဝေပြီး သံရုံးဝင်းထဲကို ဝင်စီကြရော။
    …………………….
    တိုင်းရင်းသား ကောင်တာတွေက လူနည်းတာမို့ မြန်တယ်။
    ရန်ကုန်တိုင်းက ကောင်တာများတာမို့ မြန်တယ်။
    ကိုယ်တို့ မန်းလေးတိုင်း ကောင်တာ က တစ်ခုတည်းမှာ ကိုယ့်တို့ အလှည့်ရောက်မှ တစ် နေရော။
    တစ်နာရီလောက် စောင့်ရတော့ ၅ နာရီနီးပါး မထိုင်ခဲ့ရတဲ့ ဒေါက်မြင့်နဲ့ ရပ်လိုက် လျှောက်လိုက်လုပ်ခဲ့မိတဲ့ ခင်ဇော် မရတော့။ :3
    တမံသလင်းပေါ် အားရပါးရထိုင်ချပြီး ဖုန်းလေး သုံးရင်း စောင့်နေလိုက်တော့တယ်။
    Power Bank မပါတာမို့ ချွေတာချင်သော်လည်း စံနစ်မကျတဲ့သံရုံးအလုပ်လုပ်ပုံကို ဒေါသမဖြစ်ချင်တော့တာနဲ့ ဖုန်းထဲ စိတ်ပြောင်းထားလိုက်တော့တယ်။
    ကွန်ပလိန်းလည်း မတက်ချင်တော့။ မဲပေးရဖို့ သာ အရေးကြီးတယ် ဆိုတဲ့ စိတ်ထားလိုက်တော့တယ်။
    စံနစ်တကျကူညီနိုင်သူတွေ က ကမ်းလှမ်းထားတာလည်း လက်မခံသေးဆိုတော့ အတော်ရင်လေးပါတယ်။ 🙁
    ……………
    ကိုယ်ကတော့ ကိုယ့် နာမည်ပါတဲ့ စာမျက်နှာလည်း မှတ်ထားတယ်။ ရပ်ကွက် နယ်မြေလည်း ချက်ချင်းပြောနိုင်တယ်ဆိုတော့ ကောင်တာမှာ သူတို့ဟာသူတို့ ရှာချိန်မှ အပ ကိုယ့်အတွက် မစောင့်ရအောင် ပြင်ဆင်သွားလိုက်တယ်။ 🙂
    ……….
    မဲစာရွက် ၂ ရွက်လုံးကို ကျောဘက်မှာ ရွေးကော် တံဆိပ်တုံးနဲ့ လက်မှတ်ပါမပါ စစ်လိုက်တယ်။
    မဲ သုံးရွက် ထုတ်ပြီးတော့ ကိုယ်ကလည်း ထုတ်ပြီး ကြောင်း လက်မှတ်ထိုး….
    ကောင်တာက မဲရုံမှူးလက်မှတ်ထိုးပြီး ပြီဆိုတော့ အခန်းထဲဝင်ပြီး ခွပ်ဒေါင်းနဲ့ ကြယ်ဖြူကြီးဘေးမှာ အမှန်ခြစ်တော့တာပေါ့။
    အမှန်ခြစ်ကို အမြှီးမထည့်ပါနဲ့နော်။
    ပြီးတော့ စာအိတ်နဲ့မဲစာရွက်တွေ ကို သေးအောင် ခေါက် (ကော်ထိမစိုးလို့)
    စာရွက် တွေကို ကိုက်အောင်ထည့်ပြီး ကော်ကို စာအိတ်အဖုံးပေါ်မှာ မသုတ်ဘူး။
    စာအိတ်ကိုယ်ထည်မှာ သုတ်ပြီး ပိတ်တယ်။
    ပြီးတော့ ပုံး ၃ ပုံးထဲကို မမှားအောင် လိုက်ထည့်ပြီး တာဝန်ကျေပြီဆိုတဲ့စိတ်နဲ့ထွက်လာတယ်။
    ……………………
    အပြင်ရောက်တော့ On-Gournd Survey အဖွဲ့ကို စာရင်းသွားပေးတယ်။
    မြန်မာသံရုံးကို မယုံလို့ လိမ်ခဲ့ရင် သက်သေရအောင် ကောက်ထားတာပါ။
    ၉၉ ရာနှုန်းကတော့ နီရဲလို့။
    ကိုယ်ပိုင်သက်သေလည်း ရှိပါသေးတယ်။ ဟိဟိ။
    ပြီးတော့ လမ်းထိပ်တွေ့တဲ့ တက်ဆီ စီးပြန်လာလိုက်တယ်။
    သူကပြောသေးး ဒီ နေ့ လိုက်ပို့သမျှ လေဒီကို ဗုတ်မယ်ချည်းပဲတဲ့။ ပြောင်းလဲချိန်တန်ပြီလေ။

    Reply

    • မြစပဲရိုး

      October 19, 2015 at 9:16 pm

      အရီးလဲ မဲ ထည့်ချိန် သတိထားဖို့ အချက်လေး တွေ ရေးတင်ဦးမယ် စိတ်ကူးတယ်။
      မခက်တာ ကို ခက် အောင် လုပ်ပေးနိုင်တဲ့ စိတ်ကူးများ ကို ချီးကျူးပါရဲ့။

      Reply

      • ဇီဇီခင်ဇော်

        October 20, 2015 at 5:39 am

        ကြိုတင်မဲပေးဖို့ စစ်ရန် (၈) ချက်
        (လွတ်လပ်စွာရှယ်နိုင်သည်။ စာရွက်ကူးပြီး တန်းစီလူတန်းမှာ ဝေဖို့စီစဉ်ထားသည်)
        ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
        ၁) မဲ စာရွက် ၃ ခု ဖြစ်လား စစ်
        – ပြည်သူ့လွှတ်တော်
        – အမျိုးသားလွှတ်တော်
        – တိုင်းဒေသကြီးလွှတ်တော်/ပြည်နယ်လွှတ်တော်
        – တိုင်းရင်းသားကိုယ်စားလှယ်ပါတဲ့ မဲဆန္ဒနယ်တွေအတွက်ဆို ၄ ခုပြည့်လစား စစ်
        ၂) မဲစာရွက် နောက်ကျောမှာ ရွေးကော် တံဆိပ်တုံး နဲ့ လက်မှတ်ပါစစ်
        ၃) မဲရုံမှူးလက်မှတ်ပါလားစစ်
        ၄) စွန်းရာ ခြစ်ရာ မှတ်ရာ ပါရင် ပြန်လဲဖို့စစ်
        ၄) စာအိတ်ပေါ်မှာ ကိုယ့်ရပ်ကွက်မြို့နယ်အမှန်လားစစ်
        ၅) ကိုယ် မဲပေးချင်တဲ့ ပါတီလိုဂို ပါလားစစ်
        ၆) အမှန်ခြစ်ကို အမြီးမကောက်ပဲ ခြစ်ပြီးရင် (မဲပေးပြီးရင်) စာအိတ်နဲ့ စာရွက် တိုက်စစ်
        ၇) စာရွက်ကို အတွင်းသေချာအောင်ခေါက်ထည့် ပြီး စာအိတ်ကို သေချာပိတ်မိလားစစ်
        ၈) စာအိတ်ပေါ်က လွှတ်တော်နာမည်နဲမဲပုံးပေါ်က လွှတ်တော် နာမည် တူအောင် စစ်ပြီးမှ မဲထည့်
        Note: မဲပေးးပြီးး ပြန်ထွက်ရင် on ground survey ရှိတယ်.. သွားး သတင်းးပေးးထားးနော်.. မလိမ်တာ သေချာအောင် စုဆောင်းးနေတဲ့ ဒေတာတွေပါ..
        —-
        အဲ ဒါ ကို word နဲ့ ပြင်ပြီးး စာရွက်ထုတ်ပြီးး လိုက်ဝေထားးတာ..
        🙂

        သူတို့ က ပယ်မဲ များးချင်တာကိုးး
        ကိုယ့် မဲ ကို မပယ်နိုင်အောင် ပေးးဖို့ ကြိုးးစားးရတယ် ..

        Reply

  • Alinsett @ Maung Thura

    October 19, 2015 at 8:29 am

    ရလာဒ်ကတော့ လုပ်ပိုင်ခွင့်ရှိသူတွေထဲ အရှက်အကြောက်တရား၊ ကိုယ်ကျင့်သိက္ခာတရား ကင်းသူ ဘယ်လောက်များလဲ ဆိုသည့်အပေါ်တွင်တည်မှီ သွားပေလိမ့်မည်။

    မှန်သည်… တိန် တိန်…

    —————–

    တကယ်တော့ သံရုံးကလူတွေ အပါအဝင် အစိုးရဝန်ထမ်း အများစုသည်
    ပင်ကိုယ်စိတ်ခံ ကောင်းကြသည် ဟု ယုံကြည်
    ….. အဲ….အင်း… ဟိုလေ….
    အင်းပေ့ါဗျာ… အဲပေါ့ဗျာ… ယုံကြည်ရမလိုလို…. မယုံကြည်ရတော့ဘူးလိုလို… ပေါ့ဗျာ…
    ပလို့ဂျိ

    Reply

    • မြစပဲရိုး

      October 19, 2015 at 9:19 pm

      နေရာတိုင်း မှာ လူတိုင်း အားလုံးကောင်းဖို့ မျှော်လင့်လို့ မရပါ ဆက်ဆက်ရေ။
      ဒါပေမဲ့ စနိုးဘော လိုပေါ့။ကောင်းတာလေးတွေ မြင်လာချိန် ဆင့်ဆင့်ပြီး ပွါးနိုင်မှာပါ။
      တကယ်တော့ အများစု ဆိုတာ အလယ်က ခွ နေသူများတာပါ မဟုတ်လား။ :-))

      Reply

  • ဦးကြောင်ကြီး

    October 19, 2015 at 10:17 am

    ူလုဘောင်တစ် ပါတီကို မေးပေးဂဲ့တာလ ျား .. ဒါမှ ကြောင်က္ခမြ….

    Reply

    • မြစပဲရိုး

      October 19, 2015 at 9:26 pm

      အကယ်၍
      ဒီချုပ် အစိုးရဖွဲ့နိုင်ပြီး အားကြီးပါတီ ဖြစ်လာလျှင်
      အကယ်၍
      ကိုမိုးသီး သည် ချစ်သော ကြောင်ကြောင် ဖြစ်နေလျှင်
      အကယ်၍
      လူ့ဘောင်သစ် ကို ကိုမိုးသီး ပြန်ပြီး ခေါင်းဆောင်နိုင်ခဲ့ပြီး ဒီချုပ် ရဲ့ အတိုက်အခံကောင်း ဖြစ်ခဲ့လျှင်
      အကယ်၍
      ၂၀၂ဝ မှာ ရွေးကောက်ပွဲ ဝင်ခဲ့လျှင်

      .အဲ
      .ဒီ
      .ကျ
      .ရင်
      .မေး
      .ပေး
      .မယ်။
      😉 :-))

      Reply

  • pooch

    October 19, 2015 at 12:14 pm

    ဒီမှာတော့ ဘယ်လိုလာအုန်းမယ်မသိ

    ညစ်နည်းတွေလည်း စုံနေပါပြီ ဘယ်အချိန်မှ အသိတရားရမယ်မသိဘူး

    အရီးကတော့ တာဝန်ကျေပြီပေါ့

    Reply

    • မြစပဲရိုး

      October 19, 2015 at 9:20 pm

      ရှက်တတ် လာကြပါစေလို့ဘဲ ဆုတောင်းတော့တယ် ပုချ်ရေ။

      Reply

      • ကထူးဆန်း

        October 20, 2015 at 8:27 pm

        ခိ .. အရီးမို့ ဒီဆု တောင်းတယ် .. မပြည့်နိုင်တာ ကြီး ..
        သူတို့သာ ရှက်တတ်ရင် အရီး မြန်မာပြည် ပြန်ရောက်နေတာ ကြာပြီ …

        Reply

        • မြစပဲရိုး

          October 22, 2015 at 12:14 am

          ကထူးဆန်း ပြောလိုက်တဲ့ စကားက အတော်လေး ခရီး ရောက် သဗျို့။ :-))

          တကယ်လို့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က သာ သူတို့ မှာ အရှက်အကြောက်တရား ရှိခဲ့ရင် ကျွန်မ တို့ အများစု အပြင် ရောက်မှာမဟုတ်ဘူး။
          ဒီလို အွန်လိုင်း ထဲ မှာလဲ စကားတွေ ပြောနေတော့မှာမဟုတ်ဘူး။
          ဒီ အထဲ က လူတွေ နဲ့ လဲ တွေ့တော့မှာမဟုတ်ဘူး။
          ဒါပေမဲ့ အတိတ်က ရေစက်ကြောင့် ဒီလူ ဒီလူ တွေ ဟာ သိကျွမ်း ပြီး တွေ့ဆုံရမဲ့ အကြောင်းပါရင် တော့ တစ်မျိုးဖြစ်မှာ ရှင့်။
          ဥပမာ – ကထူးဆန်း ရဲ့ အင်တာနေရှင်ရှယ် ဘိဇနက် ကြီး ရဲ့ meeting ခန်းထဲ မှာ ကျွန်မတို့ နှစ်ယောက် လက်ဆွဲ နှုတ်ဆက်ပြီး အလုပ်လုပ်နေနိုင် တာ လဲ ဖြစ်နိုင်ပါ့။
          .နော။ 😉

          Back to the Future ရုပ်ရှင်ထဲ မှာ Marty and Doc တို့ နှစ်ယောက် အနာဂါတ် (လက်ရှိ + နှစ် ၃၀) ကို ရောက်ဖို့ အချိန် ကို set လုပ်တော့ Oct – 21 – 2015 လို့ set လုပ်ခဲ့တဲ့ နေ့ – ဒီနေ့ပါဘဲ။

          ကျွန်မတို့ လဲ နောက် ၃ဝ ဆို လောကထဲ ရှိတောင် ရှိပါတော့ မလားဘဲ။ မရှိဖို့ များမှာပါ။

          .လောလောဆယ်တော့ နောက် ၃ နှစ် လောက် ကို မှန်းကြည့် နေတာတောင် မရေရာနိုင်တဲ့ ဘဝ တွေပါဘဲ။ 🙄

  • ကျနော်တို့ ကျယ်ခေါင်ရုံးမှာရှိတဲ့ကလေးတွေတော့
    မူဆယ်မှာတင်မဲပေးလို့ရအောင် အဖွဲ့ချုပ်က
    စီစဉ်ပေးတော့အဆင်ပြေသွားတယ်။

    ကျနော်ကတော့ မန်းလေးပြန်ပြီးမဲထည့်မယ်

    အစိမ်းမဖက်
    မပျက်ညီညီ
    ရဲရဲနီ
    ညီမှညီ

    Reply

  • Ma Ma

    October 20, 2015 at 10:54 pm

    လူတစ်ယောက်အတွက် လူတိုင်းနဲ့အညီတန်းတူအခွင့်အရေးရတဲ့အချိန်မှာ ကိုယ့်တန်ဖိုး ကိုယ်သိပြီး မနက်အစောကြီး သွားထည့်မယ်။ 🙂

    Reply

    • မြစပဲရိုး

      October 22, 2015 at 12:15 am

      ကပေါက်ကြီး နဲ့ ချစ်မမ
      စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ် ရှိနေမယ်။ :-)))

      Reply

  • kai

    October 21, 2015 at 2:58 am

    It is enough that the people know there was an election. The people who cast the votes decide nothing. The people who count the votes decide everything. – Joseph Stalin

    Reply

    • မြစပဲရိုး

      October 22, 2015 at 12:24 am

      Stalinism ….. lol:-)))

      Reply

      • kai

        October 22, 2015 at 6:24 am

        “Political power grows out of the barrel of a gun.” – Mao Tse Tung 🙂

        Reply

        • မြစပဲရိုး

          October 24, 2015 at 5:19 am

          .မော်စီတုန်းနီစန် …. lol:-)))

  • uncle gyi

    October 23, 2015 at 10:13 pm

    သူတို့ရှက်တတ်ရင်
    မြန်မာပြည်ဒီမိုဖြစ်နေပြီပေါ့
    အရီးရယ်

    Reply

    • မြစပဲရိုး

      October 24, 2015 at 5:15 am

      အခု ရှက်တတ်ဖို့ အချိန်တန်ပါပြီ အန်ကယ်ကြီး ရယ်။
      .တော်ချိန်မှာ မတော်နိုင်ရင် အဆိုးဘဲ ဖြစ်လိမ့်မယ်။

      Reply

Leave a Reply to kai Cancel Reply

Your email address will not be published.