မျှော်လင့်သောလမ်း

ATM.aslNovember 8, 20091min02

ငါမျှော်လင့်ထားခဲ့တယ်
တစ်နေ့နေ့မှာတော့
ငါတို့နှစ်ယောက်
လျှောက်ဖူးလိမ့်မယ်လို့
တစ်ယောက်လက်ကို
တစ်ယောက်တွဲ
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်
ပျော်ရွှင်စွာနဲ့
ဒီလမ်းလေးကို
ယုံကြည်နေဆဲပါ
ဝေးကွာနေလည်း
မျှော်လင့်ခဲ့တယ်
ငါ ……. ပျော်ရွှင်ရမှာလို့
ယုံယုံကြည်ကြည်နဲ့ စောင့်မျှော်ဆဲပါပဲ
အခုထိအောင်
ပေးခဲ့တာတွေနဲ့
ပြန်ရခဲ့တာတွေ မညီမျှခဲ့လည်း
တကယ့်ကို
ရင်ထဲက လမ်းလေးပါ
ခဏတာဖြစ်ခွင့်ရရင်တောင်
စိတ်ကူးမိတယ်
ခဏတာတွေက
ကြာရှည်မှာစိုးတယ်
မပြောလိုက်ပါနဲ့
ဒီလမ်းလေးဟာ ငါ့ရင်မှာထာဝရရှင်သန်ဆဲ

2 comments

  • taylay

    November 9, 2009 at 12:49 am

    လမ်းလေးမှာပျော်ရွှင်စွာ လျှောက်နိုင်ပါစေဗျာ………….

    Reply

  • Alinsett @ Maung Thura

    May 7, 2015 at 1:03 pm

    ကိုယ် ပေးသော်လည်း…ပေးတိုင်း ပြန်မရတာ….
    ဒန့်တန် တန်တန်…..

    Reply

Leave a Reply to taylay Cancel Reply

Your email address will not be published.