ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) နယ်ခြား စောင့်တပ် ဖွင့်ပွဲ ကျင်းပ

drwinthanAugust 26, 20101min01
K.P.F ခေါ် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) ၏ နယ်ခြား စောင့်တပ် ဖွင့်ပွဲကို ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် ၊ ကျိုက်ဒုံမြို့ တွင် ဩဂုတ်လ (၂၀) ရက်နေ့က ကျင်းပ ခဲ့ကြောင်း သတင်း ရရှိသည်။ ထို အခမ်း အနားသို့ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့စစ် နှင့် နယ်ခြား တပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ပြည်သူ့ ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သန်းစိုး၊ ငွေစာရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် လှိုင်မြင့် နှင့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့( ဟောင်သရော အထူး ဒေသ) မှ ဒုတိယ ဥက္ကဋ္ဌ တို့ တက်ရောက် ခဲ့ကြသည်။
ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) သည် နယ်ခြားစောင့်တပ် ပြောင်းလဲရန် အင်းအား လုံလောက်မှု မရှိခြင်း ၊ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်း ရန်မှာ တပ်ဖွဲ့ ဝင်အချို့ လက်မခံခြင်း တို့ကြောင့် ကြန့်ကြာ နေခဲ့ ရသည်။ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) ရှိ တပ်ရင်း (၃) ရင်းကို ပေါင်းမှသာ နယ်ခြား စောင့်တပ် တပ်ရင်း တစ်ရင်းစာ သာရှိသည်ကို စစ်အစိုးရ မှ သိသိကြီး နှင့် မဖြစ်မနေ ငြိမ်းချမ်းရေး တပ်ဖွဲ့ (ဟောင်သရော အထူး ဒေသ) ကို နယ်ခြား စောင့်တပ် ပြောင်းလဲ ပေးခဲ့ခြင်း ဖြစ်သည်။

ဦးစောသမူဟဲ ခေါင်းဆောင်သည့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ ( ဟောင်သရော အထူး ဒေသ) သည် K N U မှ ခွဲထွက်ပြီး ၁၉၉ရ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချ ခဲပြီး အဆိုပါ လက်နက်ချပွဲ အခန်း အနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်အေး ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ထို လက်နက်ချပွဲ အခန်း အနားတွင် ဦးစောသမူဟဲ ခေါင်းဆောင်သည့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့ ဝင်များသည် ကရင် အမျိုးသား အလံပေါ်သို့ နင်းလျှောက် ခဲ့သည့် အပေါ် ကရင် လူမျိုး အများစု မကျေနပ် မှုများ ရှိခဲ့ကြသည်။


၂၆ . ၈ . ၂၀၁၀

One comment

  • cobra

    August 27, 2010 at 11:07 am

    နိုင်ငံရးကတော်တော်ကိုရှုပ်ထွေးနေပီနော်….။

    Reply

Leave a Reply to cobra Cancel Reply

Your email address will not be published.