ကြွေပေးမယ် ့ကြယ်ကလေးတစ်ပွင် ့

etoneAugust 26, 20101min05


ကြယ်တွေ ကြွေလိုက်တာနော်..”
ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ကြည့်နေရင်း ပြောသည်။
“အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့”
ဒူးကလေးပိုက်ကာ ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။
“နင်က ဘာဆုတောင်းမှာလဲ”
ကောင်လေးကမေးလိုက်သည်။
“ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်”
“အင်း ဒါပဲလား”
“ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ အများကြီး
ဆက်သင်ချင်တယ်”
“ဒါပဲလား”
“ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး ငါက
ကျေးဇူးဆပ်ချင်တယ်”
“ဒါပဲလား”
“ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်”
“ဒါပဲလား”
“မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး ချောချင်လှချင်သေးတယ်။
နတ်ရေကန်ထဲ ကျတယ် ဆိုတာမျိုးပေါ့”
“နင့်ဆုတောင်းတွေကလည်း များလိုက်တာနော်”
“အင်း.. ဟုတ်တယ်။ ဒါနဲ့ နင်ကရော ဘာဆုတောင်းမှာလဲ’
“ငါလား”
ကောင်လေးက တီးတိုးပြောလေသည်။
“နင်ဆုတောင်းတိုင်း ပြည့်စေဖို့ ကြွေပေးမယ့် ကြယ်ကလေးတပွင့် ထပ်ခါထပ်ခါ
ပြန်ဖြစ်ပါစေပေါ့”

5 comments

  • မန်း ရိပ်

    August 26, 2010 at 2:49 pm

    အင်း အခုထိ ကြယ်ကြွေတယ်လိုထင်နေကြတုန်းပဲနော်
    အယူအဆဟောင်းတွေကိုစွန့် လွတ်သင့်ပြီဗျာ
    ကြယ်တွေကြွေကျတာမဟုတ်ဘူးဗျာ ဥက္ကာပျံတွေ က ကမ္ဘာမြေရဲ့ လေထုဖိအားနဲ့တွေ့တဲ့ အခါ လက်ကနဲ့ အလင်းထွက်ပေါ်လာတာပါ
    ကြယ်တွေက ဘယ်တော့မှ မကြွေဘူးဗျ
    ကြယ်တွေဟာ နှစ်တွေကြာလာတဲ့အခါ သူဟာသူ ဓာတ်တွေကုန်သွားပြီ အလင်းတွေ မထုတ်လွတ်နိုင်တော့ပဲ သေဆုံးသွားပြီး နျူထရွန်ကြယ်ဖြစ်သွားတယ်။
    သူမှာအလင်းရောင်မရှိဘူး အဲဒါကြောင့် သာမန်မျက်စိနဲ့ သူတို့ကိုမမြင်ရတော့ဘူး
    အဲဒါကြောင့် ကြယ်ကြွေတာတွေ့ရင် ဆုတောင်းရင် ပြည့်တယ်လို့ပြောခဲ့တာနေမှာ

    Reply

  • kopauk mandalay

    August 26, 2010 at 4:46 pm

    မဟုတ်ဘူးလေ ကိုမန်းရိပ်ရဲ့
    ဒါစိတ်ခံစားမူ့သက်သက်ပါ။
    တကယ်ကြွေတာမကြွေတာထက် တင်စားပြောတာလေးကိုခွင့်ပြုပေးလိုက်ပါနော်။
    ရင်ကွဲအောင်ချစ်တယ်ဆိုတာလိုမျိုးပေ့ါ။

    Reply

  • kai

    August 26, 2010 at 6:22 pm

    ဟိုမှာကောင်လေးက ပက်လက်ကလေးအိပ်ပြီး( ကောင်မလေးပေါင်ပေါ်ခေါင်းတင်ထားရင်တင်ထားမှာပေါ့) အမြတ်တနိုးနဲ့ ချစ်တင်စားပြောတာကို ဘေးကနေစကြ်ာဝဌာနဲ့ဝင်ထုတော့… လပ်ဗ်ဆင်းလေးပျက်တော့မပေါ့နော..။
    မသကာ…ကြယ်ကြွေတယ်ဆိုတာ ဥက်ကာပျံကမ္ဘာမြေထဲဝင်လာတာ…။မတော်နှဖူးမှန်ရင် မကောင်းတာမို ့လုံလုံခြုံခြုံအိမ်ထဲသွားကြပါနော်… ဆိုရင်ဟုတ်သေးတယ်..။

    Reply

  • bigcat

    August 27, 2010 at 1:22 am

    ကိုပေါက်ရဲ့ကြွေတဲ့ကြယ်တွေက မြန်မာပြည်ကစစ်ဗိုလ်တွေရဲ့ ပခုံးတွေပေါ်မှာများလား။

    Reply

  • Gong Zhu

    September 16, 2010 at 7:30 pm

    ဟိုတစ်လောက ကြယ်ကြွေတာ တွေ့လိုက်လို့ဆုတောင်းလိုက်သေးတယ် . . . မပြည့်ဘူးပေါ့နော် . . . အဲ့ကြယ် ဘယ်သုူ့အိမ်ပေါ်ကျသွားလဲမသိဘူး .. .

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.