ကိုယ့်ကိုကိုယ်သတိထားကြည့်ရင် ………….

Yin Nyine NwayAugust 26, 20101min03

လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…

တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ.

အဲဒါကြောင့်…တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကိုကြည့်မယ်ဆိုရင်…ဘယ်တော့မှ
တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့

အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။

လူတွေနဲ့ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး
ရှည်ရှည်လေးဖြစ်နေလဲသိလား…

လေကောင်းလေသန့် ကို သူအရင်ဆုံးရအောင်လို့ ပေါ့…

ပြီးတော့ နှာခေါင်းလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ အဆုတ်ထဲရောက်တာ…

အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့အရာတွေကို ရှုမထည့်ကြပါနဲ့

လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်းပါနေလဲသိလား…

ထွက်သွားတဲ့ လေကို ထိန်းဖို့ ပေါ့….

အဲဒါကြောင့်…ပြောတဲ့ စကားတိုင်းကိုလဲ…အထိန်းအကွတ်ရှိလို့ လိုပါတယ်…

လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီး နဲ့ နှစ်ဖက်ရှိနေလဲသိလား…

များများ နားထောင်နိုင်အောင်လို့ ပေါ့…နောက်ပြီး နှစ်ဖက်ကြားအောင်…

အဲဒါကြောင့်….ကိုယ်နားထောင်ချင်တဲ့စကားပဲ နားထောင်တာမျိုး မလုပ်သင့်ပါဘူး…

နောက်ပြီး ဘယ်တော့မှ တစ်ဖက်ထဲကစကားကို နားမယောင်သင့်ဘူးပါဘူးနော်..

နောက်ပြီး နားရွက်က နှစ်ဖက်ရှိပြီး ပါးစပ်က တစ်ပေါက်ထဲရှိတာနော်….

အဲဒါကတော့…နားထောင်တာနဲ့ ပြောတာရဲ့ အချိုးက နှစ်အချိုး တစ်ရှိသင့်တယ်ဆိုတာပါပဲ…

နောက်ပြီး လက်က ဘာလို့ နှစ်ဖက်ရှိပြီး ဦးနှောက်က တစ်လုံးထဲရှိနေတာလဲသိလား…

အလုပ်ကိုများများလုပ်ပြီး စဉ်းစားတာကို နည်းနည်းပဲစဉ်းစားဖို့ လေ….

မစဉ်းစားပဲလုပ်ချည်းပဲလုပ်နေလို့ မဖြစ်သလို….မလုပ်ပဲ စဉ်းစားချည်းပဲ
စဉ်းစားနေလို့ မဖြစ်ဘူးလေ…

သူလဲ နှစ်အချိုး တစ်ပဲ…

ဘာလို့ ဦးနှောက် အပေါ်ရောက်နေပြီး နှလုံးသားက အောက်ရောက်နေလဲသိလား

ခံစားချက်နဲ့ ဦးနှောက်နဲ့ ယှဉ်လာရင်… ဦးနှောက်ကို ဦးစားပေးပါတဲ့….

ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်မယ်ဆိုရင်….ဘဝမှာ
ကိုယ်ဘယ်လိုနေထိုင်သင့်သလဲဆိုတာ….သဘောပေါက်နားလည်နိုင်ပါတယ်…

စေ့စေ့တွေးလေ သဘောပေါက်လေပေါ့…

ဘယ်အရာမဆို…သူ့ အကြောင်းပြချက်နဲ့ သူရှိပါတယ်….နားလည်တတ်ကြည့်တတ်ဖို့ ပဲလိုတာပါ….

3 comments

  • wunnakoko

    August 26, 2010 at 10:38 am

    ကောင်းတယ်။ စဉ်းစားယူဆပုံ။ အကျိုးအကြောင်း ဆီလျော်ပါတယ်။

    Reply

  • မန်း ရိပ်

    August 26, 2010 at 2:24 pm

    စဉ်းစားစရာတွေ အပြည့်ပဲ
    ကျွန်တော်က အဲလိုစာမျိုးကိုပိုကြိုက်တယ်
    ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အတွက်ယူတက်ရင် အကျိုးရှိတဲ့စာမို့ပါ

    Reply

  • HayMonChan

    September 21, 2010 at 5:18 pm

    အိုးကောင်းလိုက်တာ
    ကျေးဇူးပါ

    Reply

Leave a Reply to wunnakoko Cancel Reply

Your email address will not be published.