နှစ်ပေါင်း ၁၀ဝ အတွင်း ရွေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော မြေပါဝင်သည့်အဆောက်အဦ ဆယ့်နှစ်လုံးအနက် ယခုနှစ်တွင်သုံးလုံးအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့

teekaunglayAugust 26, 20101min05

ရွေတိဂုံစေတီတော်ကြီးသို့ နှစ် ပေါင်း ၁၀ဝ ကာလအတွင်းအလှူရှင် များမှ သာသနာ့ရန်ပုံငွေထိန်းသိမ်းရေး စာချုပ် ချုပ်ဆိုပြီး လှူဒါန်းထားသော မြေပါဝင်သည့် အဆောက်အအုံဆယ့် နှစ်ခုအနက် သုံးလုံးအား ယခုနှစ်တွင် ဈေးပြိုင်စနစ်နှင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်တွင် ရောင်းချခဲ့သော မြေနှင့် အဆောက်အဦများမှာ ရန်ကုန် တိုင်းလမ်းမတော်မြို့နယ် ဘုန်းကြီး လမ်းမှ အမှတ် ၁၀၅ နှင့် ၁၀၈ ရှိ မြေနှင့်အဆောက်အအုံကို ကျပ်သိန်း ၂၂၀ဝ နှင့်လည်းကောင်း၊ ကမာရွတ် မြို့နယ်၊ အာတီးယားလမ်းအမှတ် ၄ဝ ရှိ မြေနှင့် အဆောက်အအုံအား ကျပ် သိန်း ၆၀၀ဝ ဖြင့်လည်းကောင်း၊ ပုဇွန် တောင်မြို့နယ်၊ အောက်ပုဇွန်တောင် လမ်းအမှတ် ၅၁၉၊ ၅၂၁ ရှိ မြေနှင့် အဆောက်အဦအား ကျပ်သိန်း ၂၀၀ဝ ဖြင့်လည်းကောင်း ရောင်းချခဲ့ကြောင်း သိရှိရသည်။

အလှူရှင်များမှ ရွေတိဂုံစေတီ တော်သို့ မြေနှင့် အဆောက်အအုံ လှူဒါန်းမှုနှင့် ပက်သတ်၍ ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်မှလည်း ”ဘုရားကြီးကို အလှူရှင်တွေကလည်း မြေနှင့် အဆောက်အဦလှူဒါန်းထား တာ ၁၂ ခုရှိတယ်။ ဇူလိုင်လက ဘုန်း ကြီးလမ်းက အိမ်နဲ့ မြေကို ဈေးပြိုင် တင်ဒါစနစ်နဲ့ ရောင်းချတယ် ၆ ဦး ဝင်ပြိုင်တယ်။

အဲဒီထဲမှာ အများဆုံး ကျပ်သိန်း ၂၂၀ဝ ပေးတဲ့ လူကိုရောင်း ချခဲ့တယ်။ အာတီးယားလမ်းထဲက အိမ်နဲ့ မြေကိုလည်း ဈေးပြိုင်တင်ဒါ စနစ်နဲ့ ရောင်းချတာ သုံးကြိမ်တိုင်တဲ့ အထိ သတ်မှတ်ထားတဲ့ ဈေးနှုန်းမ ပေးလို့ မရောင်းဖြစ်ခဲ့ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လက သတ်မှတ်ထားတဲ့ ဈေးနှုန်းလာပေးလို့ရောင်းခဲ့တယ်။ နောက် ပြီး လမ်းမတော်မြို့နယ်က အိမ်က တော့ အလှူရှင်က သူရဲ့ သားသမီး သုံးယောက်နဲ့ ရွေတိဂုံဂေါပကအဖွဲ့ နဲ့ပူးတွဲပြီး လှူခဲ့တယ်။ အဲဒါကြောင့် သူရဲ့ သားသမီးသုံးယောက်က သူတို့ ဖာသာ သူတို့ဆက်သွယ်ပြီး ရောင်းချ ခဲ့တယ်။ အဲဒါကို ကျွန်တော်တို့ ဂေါပ က အဖွဲ့အနေနဲ့ သဘောတူကြောင်း လက်မှတ်ထိုးပေးခဲ့တယ်။ ကျပ်သိန်း ၂၀၀ဝ ကျော်နဲ့ ရောင်းချခဲ့လို့ ကျွန် တော်တို့ ဂေါပကအဖွဲ့အနေနဲ့ ကျပ် သိန်း ၅၀ဝ ရခဲ့တယ်။ ရောင်းချလို့ရခဲ့ တဲ့ငွေတွေအားလုံးကို ဘုရားကြီးဘက် စုံပြန်လည်မွမ်းမံတဲ့ နေရာမှာ အသုံး ပြုသွားမှာပါ”ဟု ပြောကြားခဲ့သည်။

အလှူရှင်များမှ ဘုရားကြီးသို့ လှူဒါန်းထားသော ကျန်ရှိသည့် မြေ နှင့်အဆောက်အဦ ကိုးလုံးအား ဆက် လက်ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မှတ်ချက်။ Bi Weekly Eleven Journal မှ ကူးယူဖော်ပြပါသည်။

ဒီသတင်းကို ဖတ်မိတော့ အရမ်းခံပြင်းမိပါတယ်။ ဘုရားပိုင် သာသနာမြေကို ဒီလိုရောင်းစားခံရတာ မဖြစ်သင့်ပါဘူး။ လုပ်လို့လည်း မသင့်တော်ပါဘူး။ ပိုဆိုးတာက ဂေါပကလူကြီးတွေကိုယ်တိုင်က သမာသမတ်မရှိတော့တာပဲဗျာ။ တခါတလေ စဉ်းစားမိတာက ကျုပ်တို့လူမျိုးတွေ ကိုယ့် ဘာသာသာသနာကို ကိုယ်တိုင်များဖျက်ဆီးမိနေလားလို့ပါ၊ ကြာရင် ဗုဒ္ဓမြတ်စွာဘုရား ကိုမေ့၊ ဘုရားဟောပြောခဲ့တာတွေနဲ့ တလွဲဖြစ်ပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ ပိုဆိုးလာမလားလို့၊ ဗုဒ္ဓတရားတော်နဲ့ လွဲမှားစွာ ဆန့်ကျင် ကျင့်ကြံသော တခုထဲသော ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်လာနိုင်တယ်ဗျာ၊ တချို့သော ဘုန်းကြိီးတွေ ကို်ယ်တိုင် ဗုဒ္ဓတရားတော်နဲ့ သွေဖည်နေတာတွေလည်းတွေ့ရပါတယ်။ ကိုယ်ကိုတိုင်မှ မှန်သော တရားကို မရှာဖွေနိုင်၊ မကျင့်ကြံနိုင်ရင် သူတပါးကို မှန်သောတရား ဘယ်လိုပြနိုင်ပါလဲခင်ဗျာ။ အဗုဒ္ဓတွေ မဖြစ်အောင်လို့ အားလုံး ထိန်းသိမ်းဆောင်ရွက်ဖို့ လိုပါပြီလို့ ထင်မြင်မိပါတယ်။

5 comments

  • winne

    August 26, 2010 at 4:23 am

    Eleven မှာ တွေ့ကတည်းက နဲနဲတော့ စိတ်ထဲမှာ အလိုမကျဘူး ကွန်မန့်ပေးရအောင်လည်း ယူဇာ မလုပ်ထားတော့ ဒီမှာ တင်မှ ဘဲ အားရပါးရ မကျေနပ်တာ ပြောမယ်။ ပိုက်ဆံ ဘာအတွက် များလိုအပ်နေလဲ မသိဘူး ဂေါပကတွေ.. နေ့စဉ် အလှူ တွေ သိန်းကဏန်း လှူနေကြတာ ဘာတွေ မွန်းမံမလဲ မသိဘူးနော်။

    Reply

  • Pyaung Gye

    August 26, 2010 at 6:02 am

    ဘုရားကြီးလှူရန်လှူရန်နဲ့
    မယားတွေလှူရန် ဖြစ်လို့ပေါ့

    Reply

  • etone

    August 26, 2010 at 6:23 am

    စားရဲရင်စားကြစမ်းပါစေကွာ ။ ဘုရားပစ္စည်းစားရင် ငရဲမီးစားတာထက်ပိုပူမယ် ။

    Reply

  • phyoshein

    August 26, 2010 at 9:20 am

    အင်း…
    သာသနာတစ်ဝက်.. ဂေါပက တစ်ဝက်များ ဖြစ်နေကြလား…
    ဒါမှ မဟုတ် သာသနာတစ်ဝက် ငါတစ်ဝက်များ ဖြစ်နေကြပြီလား…
    နောက်နောင် ထပ်လှူမယ့် အလှူရှင်တွေ အတွက် သဒ္ဓါတရားကို ထိခိုက်စေပါတယ်…
    မဖြစ်သင့်ပါဘူးဗျာနော်…
    etone ပြောသလို စာရဲရင်စားကြစမ်းပါ….

    Reply

  • phyoshein

    August 26, 2010 at 9:21 am

    အင်း…
    သာသနာတစ်ဝက်.. ဂေါပက တစ်ဝက်များ ဖြစ်နေကြလား…
    ဒါမှ မဟုတ် သာသနာတစ်ဝက် ငါတစ်ဝက်များ ဖြစ်နေကြပြီလား…
    နောက်နောင် ထပ်လှူမယ့် အလှူရှင်တွေ အတွက် သဒ္ဓါတရားကို ထိခိုက်စေပါတယ်…
    မဖြစ်သင့်ပါဘူးဗျာနော်…
    etone ပြောသလို စားရဲရင်စားကြစမ်းပါ….

    Reply

Leave a Reply

Your email address will not be published.