သက်သတ်လွတ် ကြာဇံကြော် Lazy Cook
ဝါတွင်းကာလ သက်သတ်လွတ်စားကြသူတွေအတွက် ….
သက်သတ်လွတ်ကြာဇံကြော်နဲ့ တည်ခင်းဧည့်ခံပါတယ်။
ပါဝင်ပစ္စည်းတွေကတော့…………
၁။ ဆန်ကြာဇံ
၂။ အသားတု
၃။ ဂေါ်ဖီ
၄။ မုန်လာဥနီ
၅။ ကြွက်နားရွက်မှို
၆။ ကြက်သွန်ဖြူူ
၇။ ဆား၊ သကြား၊ ဆီ တို့ ဖြစ်ပါတယ်။
ပထမဦးဆုံး ကြာဇံကို ရေစိမ်ထားပါတယ်။
ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဂေါ်ဖီ၊ မုန်လာဥနီ နဲ့ ကြွက်နားရွက်မှိုတွေကို ရေဆေးလှီးဖြတ်ထားပါတယ်။
![CAM04228[1]](http://myanmargazette.net/wp-content/uploads/2015/08/CAM042281-600x450.jpg)
အသားတုကို ရေစိမ်ပြီး လှီးထားပါတယ်။
စကြော်ဖို့အတွက် ဆီပူထဲ ကြက်သွန်ဖြူထည့်ဆီသတ်ပြီး နည်းနည်းနွမ်းရင် အသားတုထည့်ကြော်ပါတယ်။
အသားတုကို အရသာရှိအောင် ဆား၊ သကြားသင့်ရုံထည့်ပေးပါတယ်။
ရေစိမ်ထားတဲ့အသားတုကို ရေနည်းနည်းခြောက်အောင်ဆီသတ်ပြီးရင် ဂေါ်ဖီနဲ့ မုန်လာဥနီထည့်ပါတယ်။
ခဏကြာရင် ကြွက်နားရွက်မှို၊ ဆား၊ သကြားနဲ့ ရေနွေးပူထည့်အဖုံးဖုံးပြီး ဆူတဲ့အထိ တည်ပါတယ်။
အရောင်လှချင်ရင် ကြာညို့ရည်ထည့်ပါ။
နောက်ဆုံးမှာ ကြာဇံထည့်မွှေပြီး ခဏဖုံးအုပ်ထားပါတယ်။
စားလို့ရပြီနော်။

![CAM04231[1]](http://myanmargazette.net/wp-content/uploads/2015/08/CAM042311-600x450.jpg)
![CAM04229[1]](http://myanmargazette.net/wp-content/uploads/2015/08/CAM042291-600x800.jpg)
![CAM04235[1]](http://myanmargazette.net/wp-content/uploads/2015/08/CAM042351-600x450.jpg)
![CAM04239[1]](http://myanmargazette.net/wp-content/uploads/2015/08/CAM042391-600x450.jpg)
![CAM04237[1]](http://myanmargazette.net/wp-content/uploads/2015/08/CAM042371-600x450.jpg)
![CAM04242[1]](http://myanmargazette.net/wp-content/uploads/2015/08/CAM042421-600x800.jpg)
10 comments
ဇီဇီခင်ဇော်
August 14, 2015 at 9:41 am
အဲလာလေးကို ဝက်သားဒုတ်ထိုးလေးနဲ့ စားလိုက်ရရင် ရှလွတ်ပဲ
ဟီးဟီးးး
သများမှ သတ်သတ်လွတ်မစားနိုင်ပဲဟာ။
ခိ။
:mrgreenn:
အောင် မိုးသူ
August 14, 2015 at 10:10 am
တုတ်ထိုးနဲ့ အချဉ်းရည်ကောင်းကောင်းနဲ့ နယ်စားချင်တယ်
ဟေသီ
August 14, 2015 at 10:37 am
ချက်နည်းပြုတ်နည်းနှင့် ဓာတ်ပုံများ ကြည့်၍ ဂလု သွားပါကြောင်းးးးးးး
Wow
August 14, 2015 at 10:51 am
ကြာဇံကြော်ဆို ငုတ်သီး ငံပြာရည်နဲ့ နယ်စားပလိုက်တာ
ဦးကြောင်ကြီး
August 14, 2015 at 11:24 am
လေစားယင်ဂေါ သက်သတ်လွတ်လား လေမားမား..
manawphyulay
August 14, 2015 at 11:45 am
သတ်သတ်လွတ်ဆိုပေမယ့် အသားတုတွေပါတော့ စားရတာ ပိုအရသာရှိတာပေါ့…
Mike
August 14, 2015 at 4:10 pm
.ဂွတ်တယ်…
Ma Ma
August 15, 2015 at 8:29 pm
ဝါတွင်းမှာ သက်သတ်လွတ်စားကြတဲ့သူတွေများလို့ ကြာဇံကြော်ကြော်ကျွေးတုန်း ရိုက်ထားလိုက်တာ။
တခြားအစားအစာတွေမှာ သက်သတ်လွတ်မကြိုက်ပေမယ့် ကြာဇံကြော်ကိုတော့ သက်သတ်လွတ်ကြိုက်တယ်။
ပြောမယ့်သာပြောရ ဝက်သားဒုတ်ထိုးလေးနဲ့လို့ ရေးကြတာတွေ့တော့……… :a:
မြစပဲရိုး
August 16, 2015 at 12:08 am
ချစ်မမ ရေ့
သများလဲ မမ ကို အားကျပြီး အခုဘဲ ကြာဇံကြော်ထားတယ်။ ညစာပေါ့။
သတ်သတ်တော့မလွတ်ဘူး။ ဝက်အသည်း ပါတယ်။
ဒါ့ပုံတော့ မရိုက်နိုင်တော့ဘူး။
ဟင်းတစ်ခွက် အိုင်ဒီယာ အတွက် ကျေးဇူးပါ။
အာ့လာပြီး ပြောတာ။ လိပ်ကလေး လဲ တစ်ပုဒ် တင်ထားပါလား။
ပြန်လာမယ်။ :-)))
Alinsett @ Maung Thura
August 29, 2015 at 1:37 pm
သက်သက်လွတ် ကြာဇံကြော်ကို ဖွေးဖွေးနဲ့အတူ စားရင်…
သက်သက်လွတ်ပါ့မလား… တီမမ … ဖြေပါ…