မေတ္တာရေလှိုင်း
မေတ္တာတွေ ပွားတဲ့
ချစ်သဒ္ဓါ ရေလှိုင်းရဲ့
မြန်မာတို့ရဲ့ ပရအကျိုးဝေ
နောက်တိုးရေ တို့မမှုပေ
တပြည်လုံးတိုးတဲ့ရေ
ဒုက္ခပင်လယ်ဝေ
ဒါပေမဲ့လေ
ညီညွတ်တဲ့အားနဲ့
ကြံ့ကြံ့ခိုင်လျှက်
ကျော်လွှားနိုင်မယ်လေ
မေတ္တာရေလှိုင်း တိုးလို့သာဝေ။
မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ဆောင်ရွက်သူ၊ ထောက်ပံ့သူ၊ လှူဒါန်းသူ ပရဟိတ မေတ္တာရှင်များအား ဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ပါသည်။
မင်းသုတ
19း15 P.M
11.3.2015

One comment
Alinsett @ Maung Thura
August 5, 2015 at 7:28 pm
ကမ္ဘာကြီးကို ဖျက်ဆီးခဲ့ကြတဲ့အတွ်က ရလဒ်…
.ရောက်လာတဲ့ လှိုင်းတွေကတော့… မေတ္တာဆိုတာ မပါဘူး…
.မင့်တို့ ထိုက်နဲ့ မင့်တို့ ကံ….. ခံ…. တဲ့..
.နောက်ဆုံးမှာတော့… တောင်မင်းကိုလည်း မြောက်မင်းမကယ်နိုင် ဖြစ်လတ္တံ့