. လေဒီ နှင့် သူ၏ …

ခါတော်မှီ သတင်း တို့များရဲ့ လေဒီ နဲ့ သူ၏ ဂျိုလီ လို့ များ ထင်သွားလားဟင်။

ဒီတစ်ခါတော့ မလှည့်စားပါဘူး။

တကယ်ဘဲ ချစ်သောလေဒီ အကြောင်းပါ။ :-))
ချစ်သောလေဒီ သည် ပါးစပ်က သိပ်မပြောဘူး။
အသေအချာ တွက်ချက် ပလန် လုပ်ပြီး ကို လက်တွေ့ပြလိုက်တာဗျား။
ပညာကြီး ပုံများ။
သူ့အတွက် လိုရင် ခေါ်နိုင်တဲ့ အား တွေ ကို မြင်နိုင်ပါတယ်။
ဒါကိုမှ တိုင်းတပါးအားကိုး သစ္စာဖောက်လို့ ပြောရင် နိုင်ငံတကာလှည့် မျက်နှာချိုသွေးပြီး အကူအညီတောင်းနေရရှာတဲ့ သမဒဂျီး ကိုလဲ မချန်ခဲ့ရ။
ဒီတစ်ခါကတော့ ပြကွက် က သိပ်လှတာဘဲ။
ကုလ မဟာမင်းကြီးများ အဖွဲ့ ကို သူတို့ ရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နီးပါး ဒုက္ခရောက်နေ သူတွေ ဟာ ဝေးဝေးကြည့်ဖို့ မလို၊ တိုင်းဒေသကြီး ဖြစ်တဲ့ မြို့တော်ရန်ကုန် မှာ ကို အစုအပြုံ လိုက် ရှိနေကြောင်း ပြခဲ့တာဘဲ။
အိုးအိမ်မဲ့၊ ကျန်းမာရေး ပညာရေး ချွတ်ခြုံကျ နေတဲ့  မြန်မာပြည်သား စစ်စစ် လူ တွေ ဟာ ဒီလို မြို့ကြီးပေါ်မှာတောင် ဒီလောက်များ နေရင် တစ်ခြား နယ်ဖက် တွေမှာ ဘယ်လောက် များနေမလဲ ဆိုတာ နဲ့ သူတို့ တွေရဲ့ ဆင်းရဲဒုက္ခ တွေ ကို
UN High Commissioner for Refugees ရဲ့ လှပသော စိတ်နှလုံး ရှိတဲ့  special envoy အမျိုးသမီး ခံစား သွားနိုင်ကောင်းပါရဲ့။
ဒီလို ဒုက္ခသည် တွေ နဲ့ လုပ်စားသမား တွေ က တော့ ကြိုက်ပါ့မလားမသိဘူး။
When the queen of Hollywood met The Lady of Burma: ဆိုတဲ့ ခေါင်းစဉ် နဲ့ သတင်း dailymail မှာ ဖတ်လိုက်ရတယ်။
http://www.dailymail.co.uk/news/article-3182192/Angelina-Jolie-visits-Burmese-factory-women-freed-democracy-campaigner-Aung-San-Suu-Kyi.html#ixzz3hZcE0QhP
အဲဒီ ဆောင်းပါး ရဲ့ မှတ်ချက်တစ်ချို့ မှာ ရိုဟင်ဂျာ တွေ ကို အရေးတယူ လုပ် ဂရုမစိုက်လို့ နိုဗယ်လ် ဆုတောင် ပြန်သိမ်းသင့်သတဲ့။
. ကြည့်ရ တာလဲ မြန်မာ ထဲ က လုပ်စား တစ်ယောတ်ဘဲလားမသိ။
ဘာဘဲ ဖြစ်ဖြစ် ဒေါ်ဂျိုလီ တော့ သိသွားခဲ့ပြီဘဲ။
တိုင်းပြည်ထဲ မှာ ကို ရှိနေတဲ့ ဒုက္ခသည် တွေ ကို ကူနိုင်ဖို့ စိတ်ကူး တော့ ရှိသွားနိုင်ပါရဲ့။
ဒါတွေကြားမှာ စဉ်းစားပြီး လုပ်ပေးနေတဲ့ တို့များ လေဒီ ရဲ့ အနေအထား ကို သဘော်ပေါက်သွားမယ် လို့လဲ မှန်းပါတယ်။
ဒါတောင် သူ့မှာ လုပ်ပိုင်ခွင့် အာဏာ ဘာမှ မရှိဘူးနော်။
. တော်ပါပြီ။
ဒီထက်ပို မမွှန်းတော့ပါဘူး။

Lady & H queen
When the queen of Hollywood met The Lady of Burma:

ကဲ ညွန်းစာ ကို ဖတ်ပြီး ဗိုက်ဆာ သွားကြရော ပေါ့။
တိုက်ဆိုင်စွာပါဘဲ။ လေဒီဖင်းဂါး နဲ့ ချက်ထားတဲ့ ပဲသီးစုံဟင်းလေး ကို လဲ ရှု “စား” သွားပါဦး။
ဒီ မှာတော့ “Okra”လို့ ခေါ်ကြတယ်။
ဆိုင်တိုင်းမှာ မရဘူး။ အရမ်းဈေးကြီး တယ်။
ခဏ ခဏ လဲ မချက်နိုင်ပါဘူး။
အချိန်ယူပြီး ချက် ရတာမို့။

DSCF1666
ပဲနီလေး ကို သုံးပါတယ်။ ပြုတ်ရတာ မြန်တာမို့
DSCF1667
လေဒီဖင်းဂါး အပါအဝင် ပဲသီးစုံ အတွက် အတွဲ အစပ်များ၊ အာလူး ၊ ဥနီ (ခရမ်းသီး က မဝယ်ဖြစ်ခဲ့ဘူး၊ အဲဒါကလဲ ဆိုင်တိုင်းမှာ မရှိ) ခရမ်းချဉ်သီး၊ မန်ကျည်းသီးမှည့် ၊ တစ်ခြား ဟင်းခတ်အမွှေးအကြိုင်များ
DSCF1668
ကြက်သွန်နီ ဆီသတ်
DSCF1669
အာလူး ကို မြန်အောင် microwave နဲ့ အရင်ချက်လိုက်တယ်၊ ပြီးမှ ကြော်တာ။
DSCF1670
ပြီးတော့ ဥနီ ထည့်
DSCF1673
နောက် ခရမ်းချဉ်ဗူး ဖောက်ထည့်၊မန်ကျည်းမှည့် အရည်ဖျော်ထည့်
DSCF1675
နဲနဲ ပွက်လာရင် ပဲအိုးထဲ ပြောင်းထည့်ချက်၊ ကြက်ဥ ပြုတ်ပြီး သားလဲ ထည့်လိုက်သေးတယ်။ ပြီးရော။
DSCF1681
ပင်စိမ်း နဲနဲ ခူး ထည့်ပြီး အလှဆင်ထား တဲ့ ပဲသီးစုံဟင်းလေး ကို ရှု “စား ကြပါလော့။ :-)))

 

8 comments

  • Ma Ma

    August 2, 2015 at 12:39 am

    ဒီဗွီဘီမှာ တွေ့လိုက်တယ်။
    လေဒီနဲ့ ဂျိုလီ ၂ယောက် ကျူးကျော်တဲကို အထဲထိဝင် ကြမ်းတပြေးတည်းထိုင်ပြီး စကားပြောတာ မြင်ရတော့ အတော်အံ့ဩသွားတယ်။

    အဲဒီသတင်းဖဘမှာတင်တဲ့သူကတင်တော့ မန့်တဲ့သူကလည်း မဲလိုနေလားလို့ မန့်တယ်။
    တန်ပြန်မန့်တဲ့သူက မဲကမလိုဘူး ပိုတောင်နေသေးတယ်တဲ့။ :k:

    Reply

    • မြစပဲရိုး

      August 2, 2015 at 3:53 am

      ချစ်မမ – အစောပိုင်း မှတ်ချက်လေး အတွက် ကျေးဇူးကြီးပါ။ :-))

      Reply

  • Alinsett @ Maung Thura

    August 2, 2015 at 2:11 am

    အမေရယ် ဂျိုဂျိုရယ် ဆင်းရဲတဲ့ အလုပ်သမလေးတွေရယ် အတူ ရပ်နေတဲ့ပုံ မြင်ပြီး
    ပထမဆုံး တွေးမိတာက
    အမေရယ်လေ. . .”ထင်းလင်း”နေတာပဲ လို့။
    အမေ့ ဥပဓိက ဘယ်သူတွေကြားထဲရောက်ရောက် ဘယ်လိုနေရာမှာရှိရှိ
    ထင်းလင်းနေတာပဲ။

    Reply

    • မြစပဲရိုး

      August 2, 2015 at 3:51 am

      . ပြောချင်တာ … အဲလို ပြောချင်တာ
      များသွားမစိုးလို့။ ဒီတော့ စိမ်းလိုက်သနော်။ :-)))

      Reply

  • ဇီဇီခင်ဇော်

    August 2, 2015 at 11:57 am

    များသွားမစိုးလို့ ဘာမှ ထပ်မပြောတော့ဘူးးး
    ဟိုပြောဒီပြော ပြောနေတဲ့သူတွေ သတ္တိများနည်းနည်းရှိရင် မဲ တစ်ပြားလောက်ပဲ ပေးကြည့်လိုက်ပါ။
    ပြောင်းလဲမှု ဆိုတာ ကိုယ်တင်ကိုယ်ကျ မြင်ရမှာပါ။
    မြင်ရဲ တဲ့ သတ္တိမရှိရင်တော့ ……..

    Reply

  • kai

    August 2, 2015 at 5:10 pm

    အင်း…
    အဲဒီဟောလိဝုဒ်ကွင်းမမ.. မြန်မာပြည်ရောက်အောင်စရိပ်ထုတ်ပေးလိုက်သူတွေက.. ဘယ်သူတွေဖြစ်မယ်မသိ..
    …. အလှူဆုံးသူတို့ပဲဖြစ်မှာပါပဲ..

    ဘာရယ်မဟုတ်..
    တခွန်းလောက်ဝင်ပြောကြည့်တာ…။

    Reply

  • aye.kk

    August 4, 2015 at 10:03 am

    အမေစုနဲ ့ဂျိုလီ
    ဆင်းရဲလွန်းလှတဲ့ပြည်သူတွေနဲ ့
    တစ်သားတည်းအားပေးစကါး
    ပြောကြားနှစ်သိမ့်နေတာတွေ့ရလို့အမေစုနဲ ့ဂျိဲလီကို
    အမေ့စုကြောင့်ပိုလေးစားမိရပါတယ်။
    မလတ်ချက်ထားတဲ့ပဲသီးဟင်းစုံလေးစားချင်မိတယ်။
    မလတ်နည်းအတိုင်းမချက်စားဘူးလို့၊ချက်စားကြည့်မယ်။
    ဟင်းနည်းလေးအတွက်ကျေးဇူးပါမလတ်ရေ။။။။။။

    Reply

  • အောင် မိုးသူ

    August 4, 2015 at 2:09 pm

    လှိုင်သာယာကိုသွားတုန်းက ကြိုများသိခဲ့ရင် သွားနှုတ်ဆက်ပါတယ် ၂ယောက်စလုံးကို အရမ်းလေးစားမိတယ်။

    Reply

Leave a Reply to Alinsett @ Maung Thura Cancel Reply

Your email address will not be published.