. ကော်နီ နှင့် သူ၏ …

မျက်စိပြူးသွားကြသလား။
.ကော်နီ ဆိုတာ ကော်ဖီထုတ်နီ (Red cabbage) ကို ခေါ်တာပါ။
. မြန်မာပြည်မှာလဲ တွေ့လိုက်တယ်။
ခရမ်းရောင် လို အရောင်တွေ ထွက်လို့ ဆေးဆိုးထားတဲ့ အတုကြီး လို့လဲ ထင်ကြတဲ့ သူတွေလဲ ရှိတယ်။
Red cabbage ဆိုပေမဲ့ အနီရောင် အစစ် မဟုတ်ဘဲ ခရမ်းရောင်ဘက်ကို နွယ်တယ်။
အဲဒါကို Salad လို စားကြပါတယ်။
အခု နည်း က ဘေကွန် နဲ့ ကြော်လိုက်တာပါ။
အညွန်းထဲ ရှာလကာရည် ပါ ထည့်ခိုင်းလို့ ထည့်ထားပါတယ်။
. ဘေကွန်က အငံ နဲ့ ရှာကကာရည် က အချဉ် ရသ နှစ်မျိုး ပေါင်း ပြီး စားလို့ ကောင်းတယ်။ (ကြိုက်ရင်ပေါ့)
ဘာမှ မရှုပ်တဲ့ ရိုးရိုးလေး ကို ရှူ “စား” တော်မူကြပါ။

(ဓာတ်ပုံထဲ က ဒိတ်မှား နေတာ Ignore လုပ်ကြပါ။ ဘက်ထရီ လဲ ပြီး ဒိတ်ကို setting  ပြန်မပြောင်းလိုက်မိလို့)

DSCF1657
ကော်ဖီထုပ် နီ နဲ့ ဘေကွန်
DSCF1658
Ready to fry
DSCF1659
Red cabbage ကို ထက်ခြမ်းခွဲ တော့ ဒီလို တွေ့ရမယ်။
DSCF1660
Ready to fry
DSCF1661
ဘေကွန် ထဲ ထောပတ် နဲနဲ ထည့်ပြီ ကြော်တယ်။
DSCF1663
ပြီးတော့ ကော်နီ အလှည့်
DSCF1662
ရှာလကာရည် ထမင်းစားဇွန်း ၃ ဇွန်းလောက်ထည့်တယ်။
DSCF1677
Ready to eat :-))
DSCF1676
ဒါက Basil အပင်။ အိမ်မှာ စိုက်ထားတာ။ ပင်စိမ်း လို အရသာပါ။ ယိုးဒယား လို ကဖောင် ခေါ်မလား မသိ။ ထမင်းထဲ ထည့်ကြော်တဲ့ ဟာလို့ ပြောတာဘဲ။

14 comments

  • Ma Ma

    August 1, 2015 at 10:44 am

    ကော်နီဆိုတာနဲ့ ကိုကိုချစ်ကို သတိရမိတာ မှားသွားပြီ။ :kwi:

    မလတ်ရဲ့ ကိုကိုနပ်နဲ့အပြိုင်
    မမရဲ့ ကိုကိုနပ် ချက်ဖြစ်တယ်။

    လာမည် မကြာဘူး။ 🙂

    Reply

  • YE YINT HLAING

    August 1, 2015 at 10:55 am

    ကော်နီ ဆိုတောာ့ ကော်နီလားလို့
    ” Ready to shalutt “

    Reply

    • မြစပဲရိုး

      August 1, 2015 at 12:52 pm

      မမ နဲ့ မောင်ရဲ
      Thanks.
      တကယ်တော့ ကော်နီ လဲ ကြိုက်ဖူး။ ဂေါ်ဖီ လဲ ကြိုက်ဖူး။ :-))

      Reply

  • @QUIL@

    August 1, 2015 at 12:46 pm

    ဒေါ်စုကို ဗီလိန်ထားပီး …. အူးတန်းချွေကို မင်းသားဇာတ်ယုတ်နဲ့ ဝတ္ထုတပုဒ်လောက်ရေးပါလား….မာမီ
    ဒီလက်နဲ့ဆို ပေါက်မှာဗျ……

    ဂေါ်ဘီ တောင် ကော်နီဖြစ်အောင်ပြောတာ….

    အားဟိ

    Reply

    • မြစပဲရိုး

      August 1, 2015 at 12:50 pm

      မင်း အရီး ဘဲ ကွယ်။ ဂလောက် တော့ မှီ ရမပေါ့။
      ဗီလိန် ထဲ ကိုအံ့ကျော် ကို မြင်တယ် မဟုတ်လား။
      . ဒေါ်အောင်ဆန်းစုကြည် ကို ဗီလိန် နေရာထားလဲ လူ တွေ က ချစ်မှာဘဲ။
      သိတယ်ဟုတ်။ :-)))

      Reply

  • Alinsett @ Maung Thura

    August 2, 2015 at 2:16 am

    .အခု ခေတ်စားနေတဲ့ ”ကော်ရှူ”တွေ အကြောင်း
    အရီးဆီက တစ်ခုခု ဖတ်ချင်လိုက်တာ

    Reply

    • မြစပဲရိုး

      August 2, 2015 at 3:50 am

      ဘာတုန်း။
      မင်းပြောပုံက …
      အရီး ကဘဲ “ကော်ရှူ” နေသယောင်။
      😉 :-)))

      Reply

      • Alinsett @ Maung Thura

        August 2, 2015 at 6:17 am

        အဟီး အဲ့လို ဖြစ်သွားရင် ဆောရီးဗျ

        အနော် ပြောချင်တာကလေ
        အဲ့ ကော်ရှူလေးတွေအကြောင်း ဖတ်မိ ကြားမိပြီး
        ရင်ထဲ ကလိကလိနဲ့ ပြောချင်တာတွေ ရှိလာပေမဲ့
        ချက်ကျလက်ကျနဲ့ သိုင်းဝိုင်းလည်း မပြောတတ်
        .ပြောချင်သလောက်ကို ကျနော်ပြောရင် ရေးရင်ပေါ့လေ မပီကလာပီကလာလေး ဖြစ်နေမှာမို့

        အကြောင်းအရာတစ်ခုခုကို ချက်ကျလက်ကျ ရေးပြ တွေးပြ ပြောပြနိုင်တဲ့ ချစ်သောအရီးလိုတစ်ယောက်ယောက်က ရေးမှာကို သာ ဖတ်ချင်လာလို့ပါ။

        😆

        ဘာရယ်မဟုတ် ကော်နီဆိုတာကို လူ အဆိုတော်မမ
        .ကော်ကော် မဟုတ်ပဲ အခြားဟာ ဖြစ်နေတာ တွေ့ပြီး အခြား ကော်ကော်ကို ဆက်စပ်တွေးမိသွားတာပါလို့စ်

        Reply

  • ဇီဇီခင်ဇော်

    August 2, 2015 at 11:39 am

    အဲဒီ ဂေါ်ဖီ ကို ခရမ်းရောင်ဖြစ်နေတဲ့ အမှု နဲ့ကို မစားချင်တာပဲ။ ဟိ။
    စားစရာ အရောင်နဲ့ မတူလို့။

    :k:

    Reply

  • ဦးကျောက်ခဲ

    August 2, 2015 at 5:48 pm

    ကော်နီဆိုလို့ အပြေးလာတာ…
    အမှတ်တရ ပြောရရင် အဒေါ်ရဲ့ခြံနောက်မှာ ကော်နီငှါးနေတုန်းကပေါ့…
    ဒရိုင်ဘာလိုတယ်ဆိုလို့ ကျောက်စ်လည်း မှင်သေသေနဲ့သွားလျှောက်ဖူးတယ်…
    “မောင်လေးရယ် မင်းကလည်း ကိုယ့်အမကို စ စရာရှားလို့… ကောင်စုတ်လေး” တဲ့ … ဟီ ဟိ
    အဲ… အဲ… ဟို မဲနယ်ရောင် ဂေါ်ဖီထုပ်တော့ မစားချင်ဘူး… စားစရာနဲ့ မတူလို့… ခွိ :k:

    Reply

    • မြစပဲရိုး

      August 3, 2015 at 12:15 am

      ဆိုတော့ ကော် နဲ့ ကျောက်စ် အမျိုးပေါ့။
      အခုထိ အပျိုကြီး ဘဲ ဟုတ်။
      လှနေတုန်းပါဘဲ။ :-)))

      ဇီ နဲ့ ကျောက်စ် လိုပါဘဲ။ သများ လဲ ဒီလို အဆန်း ချက်ပြဖို့သာ စီစဉ်ခဲ့တာ။
      သိပ်မကြိုက်။ အရေးထဲ ရှာလကာထည့်တာ များသွားလို့ ချဉ်ပြီး နေလို့ မကုန်နိုင်သေး။ lol:-)))

      Reply

  • kai

    August 3, 2015 at 2:42 pm

    နားလည်ထားသလောက်တော့.. အဲဒီခရမ်းရောင်အသီး..အရွက်..ဥ.. အမျိုးတွေဟာ.. ပိုဈေးကြီးပြီး.. လူအတွက်အဟာရပိုဖြစ်တာပဲ..
    ဂငယ်ဂျပန်တွေအတွက်တော့.. မစားခင်..မျက်စိအလှဆင်ရာမှာ.. တန်ဆာလည်းဖြစ်ရဲ့..

    တလောက.. မိတ်ဆွေတွေအလှူတခုလုပ်တာမှာ.. လေဒီခိုင်က.. ကြက်သားသုတ်ပါဝင်ကူဆွမ်းကပ်ချင်တယ်ဆိုလို့.. ကျုပ်လည်း.. လှအောင်အဲဒီခရမ်းဂေါ်ဖီကို..ဂေါဖီအဖြူနဲ့ရောသုံးခဲ့တာ…
    ကြက်သွန်နီအစား.. ကြက်သွန်ရမ်းသုံးခဲ့…။

    Reply

  • Ma Ei

    August 4, 2015 at 11:50 am

    အဲ့ဒီ ကော်နီ ဂေါ်ဖီထုပ်ခရမ်းရောင်လေးတွေ ဒီမှာလဲတွေ့နေရပီ
    ဒါပေသိ ဈေးကြီးတာမို့ ချက်လိုက်ရမှာ နှမြောတာနဲ့ မစားဖြစ်သေး
    အလှဆင် အနေနဲ့ အသုပ်တို့ sandwich မှာဖြူးတာတို့အတွက်တော့ စိတ်ဝင်စားသား
    🙂

    Reply

  • အောင် မိုးသူ

    August 4, 2015 at 2:06 pm

    အဲ့ဂေါ်ဖီထုပ်ကို မစားဖူးသေးဘူး။ ကျတော်ကလည်းတစ်မျိုး ငရုတ်သီးတောင် စင်ကာပူက ငရုတ်သီးမှုန့် ရဲရဲတွေကို လုံးဝမကြိုက်ခဲ့သေးတာ။ ဂေါ်ဖီဆို စိမ်းစိမ်းလေးပဲပိုကြိုက်မိ။ ခရမ်းရောင်က ပိုနူးညံ့တယ်လို့ လည်း ပြောကြတယ်။

    Reply

Leave a Reply

Your email address will not be published.