လစာနည်း တပ်မတော်သား များ နှင့် ကြံ့ဖွံ ့ပါတီ ကို စစ်ခေါင်းဆောင်များ မထိန်းနိုင်

cobraAugust 24, 20101min07

အခြေအနေ တင်းမာ နေသော ရဲမွန် တပ်မြို ့သို ့ နောက်ထပ် တပ် များ ပို ့ဆောင် ၍ ဝိုင်းရံပိတ်
ဆို ့နေမှု များအား  နေပြည်တော် မှ စစ်ဗိုလ်ချူပ် အချို ့ နှင့် နိုင်ငံတဝှမ်း ရှိ တိုင်းမှုး နှင့် တပ်မှုး
ကြီး များက မကျေမနပ်ဖြစ်ကြ သည် ဟု Freedom News Group မှ စုံစမ်း သိရှိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာန တွင် နှစ် ဆယ်စုနှစ် သုံး ခု ခန် ့တာဝန် ထမ်းဆောင် ခဲ့ဖူးသည့်
ဗိုလ်မှုး ဟောင်းတစ်ဦးက ရဲမွန်တပ် မြို ့၏ နောက် ဆုံး အခြေအနေ များ နှင့် ပတ်သက်ပြီး
ပြောကြားရာ တွင် “ရဲမွန် တပ်မြို ့က နော် ပြောရမယ် ဆို ရင် စစ်တပ် ပြိုကွဲ ဖို ့အတွက် စနက်တံ
လို ဖြစ်နေ ပြီ အခု ဘဏ်အပ်ငွေ တွေ ပြန်ပေး ဖို ့တောင်း ဆို နေတဲ့ တပ် တွေ က ရန်ကုန် မှာ
ရေ နယ်မှာ ရေ ဖြစ်နေပြီ ၊ ရဲမွန် ထဲက တပ်တွေ ကို အင်အား သုံးပြီး ဖြေရှင်း လိုက်မယ် ဆိုရင်
ဖိလစ် ပိုင်မှာ ဖြစ်သလို တပ်တွင်း သူပုန် ထမှု တို ့တပ် တွေ ပုန်ကန် တာတို ့တပ်က
တော ခို တာတို ့ တွေ ဖြစ် နိုင်တယ် ။ ဒါ အနိမ် ဆုံး ပေါ့ အမြင့် ဆုံး ဖြစ် နိုင် တာတွေ က တပ်တွေ က စစ်ခေါင်း
ဆောင် တွေ ရဲ ့ အိမ် တွေ ကို ဝိုင်းတာ တို ့၊လုပ်ကြံ တာတို  ့ လူကြီး တွေ အလည် သွားတဲ့ အခါ
မှာ နောက် အရေး ကြီး နေရာ တွေ ကို ဖောက်ခွဲ တာ တို ့၊ ဝင်စီးတာ မျိုး တွေ ဖြစ် လာ နိုင်တယ် ” ဟု သုံးသပ် ပြောကြားသည်။

လစာနည်း ရဲဘော် တွေ များ ၏ အုံကြွှ လုဆဲဆဲ အခြေ အနေ များ ကဲ့ သို ့ပင် ၂၀၁ဝ ရွေးကောပ် ပွဲ တွင် ပါဝင်
ယှဉ်ပြိုင် ရန် အတွက် စစ်တပ်တွင်း မှ ဖိအားပေး ပြီး အငြိမ်းစား ယူခြင်း ခံရသည့် စစ်ဗိုလ်ချုပ် များ နဲ ့
အခြားအရာ ရှိ တစ်ချို ့ကလည်း သူတို ့ရဲ ့ ချက်ခြင်း ဘဝ ပြောင်း ရသည့် အခြေအနေ အတွက် မကျေမနပ် ဖြစ်ကြသည် ဟု သိရသည်။

စစ်အစိုးရ ထောက်ပံ့ မှု ၁၀ဝ ရာ ခိုင်နှုန်း ရရှိ သည် ဆိုသည့် ကြံ့ဖွ ံ့ ပါတီ ၏ ပါတီဝင် အချို ့မှာ ရန်ကုန် နှင့်
နယ် မြို ့အချို ့တွင် အဏာပိုင် အဖွဲ ့အစည်း တစ်ခု ကဲ့ သို ့ ပြုမူ နေခြင်း ကြောင့် အစိုးရ ဝန်ထမ်း များ နှင့်
စစ် သား များ ပင် စိတ် အနှောင့်အယှက် ဖြစ်ရသည် ဟု ဆိုသည်။

ကုန်းလမ်း ပို ့ဆောင် ရေး ဌာန တွင် တာဝန် ထမ်းဆောင် နေသည့် စစ်တပ် အရာရှိ ဟောင်း တစ်ဦးက “ပြီး
ခဲ့တဲ့ အပတ်က ကြံ့ဖွတ် ရုံး ဖွင့်တယ် ကားတွေ နဲ ့ ကြံ့ဖွံ ့ တွေ ကို အကြို အပို ့လုပ်ပေးရတယ်။ ကား တစ်စီးက
ပျက် နေ လို ့ဒါကို ကြံ့ဖွတ် အတွင်း ရေးမှု တစ်ယောက် က ဒီလို ကား တွေ ပို ့ရမလား ဆို ပြီး လှမ်းဆဲတာ
အရင်က ကြံ့ဖွံ ့ က ဟောင်တဲ့ အဆင့် ပဲ အခု က ကိုက် ပါ ကိုက်တတ် လာပြီ” ဟု ပြောသည်။

ရန်ကုန် မြို ့နေ စာရေးဆရာ တစ်ဦး က ကြံ့ဖွံ ့အာဏာရရင် တိုင်းပြည်မှာ လူမိုက် အားပေးသလို ဖြစ်နေမယ်
ဒီအဖွဲ ့အစည်း မှာ ပြည်သူ ကို လုပ်ကြွေး မယ့် လူ တစ်ယောက် မှ မပါဘူး ဟု သူ ၏ အမြင် ကို ပြောသည်။

7 comments

  • Pyaung Gye

    August 24, 2010 at 12:29 pm

    မှန်လိုက်လေ

    Reply

  • fatty

    August 24, 2010 at 1:09 pm

    တခုခုတော့ ဖြစ်ဖို့ ကောင်းပြီ ။ စစ် တပ်နဲ့ ပြည်သူ မကြည် ဖြူ ရင် ……………… ?
    ပြည်သူ ပြည်သူ ချင်း မကြည်ဖြူ ရင် တော့…………….. Thai လို အနီ တွေ အဝါ တွေ ဖြစ် ပြီး ….. ပိုဆိုး ကုန်မယ် ထင် ရရဲ့ ။

    Reply

  • Bl@dE

    August 24, 2010 at 1:10 pm

    ဒါဆိုအုံကြွမှုတွေဖြစ်အုုံးမှာပေါ့နော်..စိတ်မကောင်းစရာကြီးဗျာ
    ဒီလုူတွေကလဲသူတို.ပဲစားတာ..တိုင်းပြည်ရဲ့သယံဇာတတွေကြတော့ရောင်းစားပြီးသုံးဖြူံးကြတယ်
    တိုင်းပြည်အတွက်အမှန်အကန် အသက်သွေးချွေးစတေးပြီး တကယ်ပင်ပန်းဆင်းနေတဲ့ တပ်မတော်သားရဲဘောတွေကြတော့
    လခကို……………..
    အဖဗိုလ်ချူပ်သာရှိရင်တော့ကွာ…..!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

    Reply

  • ko ko

    September 4, 2010 at 5:52 am

    တစ်နေ့ဒီလိုဖြစ်လာမယ်ဆိုတာကြိုသိဖို့ကောင်းတယ်…. ဘာတဲ့ … ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုယ်ပြန်ချောက်ဖို့အချိန်တန်ပြီထင်တယ်… ဒီအချိန်က အချိန်ကောင်းနော်….

    Reply

  • Endless

    September 4, 2010 at 6:16 am

    သိပ်ကောင်းတဲ့ ပိုစ့်ပါ… တကယ်ကို ဒီအတိုင်းဖြစ်လာရင် အရမ်းစိုးရိမ်စရာ ကောင်းပါတယ်…. ကျေးဇူးပြုပြီး… ကြံ့ဖွတ်ပါတီကို မဲမပေးမိပါစေနဲ့…. ပေးစရာမရှိရင် မပေးပါနဲ့ … ကိုယ်ပေးလိုက်တဲ့မဲကြောင့် ကိုယ့်ပြည်သူတွေ ဒုတ်ခရောက်ရတာမျိုး.. ဘယ်သူမ မြင်ချင်မှာမဟုတ်ပါဘူး….

    Reply

  • toyo

    September 4, 2010 at 6:19 am

    သားတစ်ယောက်ဘဲကျန်တော့တယ်….
    အဲ့ဒါအဓိကပွိုင့်ဘဲ….

    Reply

  • winmyint oo

    November 9, 2012 at 12:01 pm

    ဟုတ်ပါတယ် သား သုံး သား အရေးအခင်းမှာ ဘုရားသား နှင့် ကျောင်းသား တို့ ပြီးသွားပါပြီ။ စစ်သားဘဲ ကျန်ပါတော့ စစ်သား တွေမှာ အခြားအဆင့်တွေက ဖိအား ပေးမှုတွေ ခံရမှု အများဆုံးဖြစ်ပြီး စိတ်ဓာတ်ကျမှုတွေသာလျှင် ဖြစ်တည်နေတာပါ။ ၂၀၁ဝ မဲရွေးပွဲမှာလည်း မိမိ စိတ်ကြိုက် ပေးခွင့်မရှိဘဲ ရုံးမှ ကိုယ့်ဘဝကိုယ့် အထက်က မဲပေးတာကို ခံခဲ့ရတဲ့သူတွေပါ။ ပြန်ပြောရင်လည်း စိတ်ကြိုက်ရွေးခွင့်ကို ကြောက်ကြလို့ပါ။

    Reply

Leave a Reply to fatty Cancel Reply

Your email address will not be published.