၃မိနစ် ဓာတ်ပုံ Instant Photography

ムラカミJuly 13, 20153min06

 

၂၀၁၅-၀၇-၁၁ က ပန်းဆိုင်သွားတယ်

မျက်စိထဲ နည်းနည်း တဲ့မယ် ထင်တဲ့ ပန်းတချို့ ရိုက်ဖြစ်တယ်

ဆိုင်ရှင်တွေက သဘောကောင်းပါတယ်။ အကျအန ရိုက်လို့ အချိန်ရရဲ့

ဒါပေသိ ဝယ်သူတွေကျနေချိန်မို့အလိုက်သိစွာနဲ့ပဲ .. အမြန်ရိုက်ခဲ့တယ်

Instant ဆိုပါတော့။

စိန်ပြေနပြေ ထိုင်ရိုက်ပြီး လိုချင်တဲ့ ရလာဒ်ထွက်အောင် ဖန်တီးတာက ပညာတခုဆို

ရတဲ့အချိန်အတွင်းမှာ တတ်နိုင်သမျှ လိုချင်တဲ့ပုံထွက်အောင် ရိုက်နိုင်ဖို့လည်း တမျိုး အရေးကြီးသေးရဲ့။

 

ထိုမှတဖန် post production အရေးကြီးတယ် ဆိုပေမယ့် အဲ့ဒါကို လွှတ်ထားရမယ် ဆိုရင်

ဘယ်လိုပြင်မလဲ ဆိုတာကိုပါ တဆက်တည်း လေ့လာဖြစ်သေးတယ်။

(အိမ်စာပြန်လုပ်တဲ့ သဘောပါ)

 

တချိန်ကဖြစ်ပါတယ်။ ပီစီပျက်သွားတော့ လပေါင်းများစွာ တက္ဘလက် တလုံးနဲ့ နေဖူးတယ်

ပိတ်ရက်တွေတိုင်းကတော့ ဓာတ်ပုံအရိုက်မပျက်ဘူး

တက္ဘလက်မှာ storage အပြင် photo editing software ကလည်း အကန့်အသတ် ရှိနေတော့…

မပြင်ဖြစ်သေးတဲ့ ပုံတွေ cloud ထဲ ထည့် သိမ်းတန် သိမ်း

ပြင်တဲ့ပုံတွေလည်း software ရဲ့ အကန့်အသတ်အတွင်း တတ်နိုင်သလောက်သာ လုပ် နဲ့။

၂နှစ်ကျော် ကြာတဲ့ အခုအချိန် ဒါတွေ ပြန်လှန်ကြည့်မိတော့ … နှစ်သက်တာ တချို့။

ပြန်လုပ်ကြည်ချင်တာ အနည်းငယ် နဲ့ လွှင့်ပစ်ချင်တာ တဝက်လောက် ဆိုပါတော့။

 

business မှာ ပြောနေကျ စကားတခု ရှိတယ်။ when there is a problem, there is a chance(business). တဲ့ ။

photography မှာလည်း ဆြာတွေ ပြောနေကြတဲ့ စကားတခွန်း ရှိတယ်။ လက်တက်ချင်ရင် prime lens နဲ့ ရိုက်ပါ ဆိုပဲ။

ဒါဆို prime နဲ့ အချိန် စက္ကန့်ပိုင်း ပဲ ရအောင် ရိုက်ပြီး ရလာတဲ့ ပုံကို မပြင်သလောက် နဲ့ result ထုတ်မယ် ဆိုရင် ဆိုတဲ့အတွေးက

အတော်လေး sexy ဖြစ်နေတာအမှန် ။

ငယ်ဘဝက နှစ်သက်ခဲ့ဖူးတဲ့ သီချင်းအခွေ ခေါင်းစဉ် ကို ကိုးကားရမယ်ဆိုရင်တော့။

မိမိ ကိုယ်ကို မွမ်းမံခြင်း ဆိုပါတော့။

 

0003
1
0004
2
0005
3
0006
4
0007
5
0008
6
00009
7
00010
8

 

သည်အပေါ်က ၈ပုံက အထက်က ပြောသလိုရိုက်ထားခဲ့တာပါ။ instant photography ပဲ ဆိုဆို။ တပုံ ၂မိနစ် မကြာအောင် (Brightness, Contrast, Crop) လောက်ပဲ တို့ထိထားရဲ့။

(စိတ်ကြိုက်မရသေးတာလည်း ဝန်ခံပါတယ်။) ဆစ်ဂနေချာ မထိုးတာသက်သေ။

ဆိုင်မှာ နှစ်သက်တဲ့ သစ်ခွလိပ်ပြာတွေ တွေ့ပေမယ့် တခုမှ ဝယ်မလာဘူး။ ဗန်ဒါလေး တပင်ကလွဲရင်ပေါ့။

ရီစရာပြောရရင် ငယ်ငယ်က နယ်မြို့တမြို့မှာ ခင်မင်ရင်းစွဲ ရှိတဲ့ မိတ်ဆွေ (သမီးယောက်ဖ) ၂ယောက် ကို သတိရသွားတာလည်းပါသဗျ။

တယောက်က ကလေးလသားကလေး ရှိရဲ့။ သားဦးမို့ အပြုအစုကား မတတ်။ ကလေးက သာမန် နေမကောင်းတာ(ဖျားတာ) ကို စပါးကြီးသည်းခြေ လျှာထိပ် တို့ပေးလိုက်လို့

မနည်းပြန်ကုထားရတဲ့အချိန်။ သတင်းသွားမေးတော့ ရွှေယောက်ဖတော်က သည်လို ပဋိသန္တာရပြုပါတယ်။

 

အေးလေ။ ဒင်းက ကလေးမွေးဖူးတာမဟုတ်။ ဒီကလေးကတော့ အပြုစုမတတ်တာနဲ့ ဒင်းလက်ချက်နဲ့ သေမှာပဲ။ မပူပါနဲ့ နောက်ကလေး ရရင် တတ်သွားပါလိမ့်မယ်။

ဆိုပဲ။

တူတော်မောင်ကို သေစေလိုလို့ ပြောတာမဟုတ်ဘဲ ယောက်ဖအပေါ်ထားတဲ့ ဂရုဏာဒေါသော ဆိုပါတော့။ ဒါမျိုးက ဘော်ဒါ(ဆြာသမား) ဓာတ်ဆြာတယောက်လည်း

ကျုပ်ကို ပြောခဲ့ဖူးသေးငဲ့။ lens တွေ ရွေးချယ် ဝယ်ယူတာ နဲ့ ပတ်သတ်ပြီး သင်ပေးဖို့ပြောတော့ ငနဲသားက ။

တလုံးလောက် မှားဝယ်ဖူးပြီးရင် တတ်သွားလိမ့်မယ်။ ငါ့တုန်းကလည်း သည်လိုပဲ 

တဲ့။

လက်ဘယ်လိုခတ် ခြေဘယ်လိုခတ် ခါးဘယ်သို့ထား ဆိုပြီး step-by-step ရေကူးသင်နည်း မဟုတ်ဘဲ ရေထဲကန်ချတဲ့ တက္ကနစ် လို့ပဲ ဆိုချင်တယ်။

(နောက်ခံ အကြောင်းအရာ ၃ခုကြောင့်) သစ်ခွ နဲ့ ပတ်သတ်လို့တော့ သည်လို အဖြစ်မခံနိုင်ပါ။ ရှိရင်းစွဲ အပင် မသေအောင် (ဝါ) တတ်နိုင်သမျှ အသက်ဆွဲဆန့်နိုင်အောင် လုပ်ပြီးကာမှ

ဖြည်းဖြည်းချင်း ဝယ်စုဖို့ စဉ်းစားမိလို့ရယ်ပါ။

 


 

သည်အောက်က ပုံကတော့ အကြွေးပါ။(ခေါင်းစဉ်နဲ့ မဆိုင်ပါ)

ဖြစ်ပုံက သည်လို နှင်းဆီတွေ ရိုက်တုန်းက အရောင်စုံအောင် (သိပ်မနှစ်သက်ပေမယ့်) အဖြူ ကိုလည်း ရိုက်မဟဲ့ ဆိုပြီး စမ်းခဲ့တုန်းကပေါ့။

ဖူးပြီး မပွင့်လိုက်ရရှာဘူး။ (နေရှိန်လို့ထင့်) ဂုတ်ကျိုးပြီး ညှိုး သွားရှာတဲ့ အပွင့်။

 

 

1

 

သည်ရက်ပိုင်း DIY တွေ စိတ်လာနေတာမို့…တချို့သော DIY တွေကို Photography နဲ့ပေါင်းစပ်ဖို့ တွေးရင်းးးးးးး

Leviation
Levitation

 

 

တော်သေးပြီ။

 

6 comments

  • ဇီဇီခင်ဇော်

    July 13, 2015 at 9:00 am

    လိုက်မယ်
    လိုက်မယ်
    မိမိဂီ နောက်လိုက်ခြင်းးဆိုပြီးးး ဆင်အူးးမယ်
    မမှီတာတော့ နာ့ ကံပေါ့
    :mrgreenn:

    Reply

  • Mike

    July 13, 2015 at 11:55 am

    .ပန်းတွေနဲ့နေ :))

    Reply

  • မြစပဲရိုး

    July 13, 2015 at 10:16 pm

    ဆြာလေး က အိုင်ဒီယာ ပေးတယ်ပေါ့။
    . နောက် တစ်ခါ “၃မိနစ် ဓာတ်ပုံ Instant Noodle” လာမည်။ 😉

    ပုံ ၈ က အဖြူဗြောင် သစ်ခွမျိုး မတွေ့ဖူးဘူး။
    လှတယ်။
    သစ်ခွ ဆို အပျောက်အကြား ပါမှ သစ်ခွ မည်တယ် ပြောရမလား။

    . အောက်ဆုံး က ကလောင်တံ ကရော ဘယ်က ကောက်လာ တာလဲ။ lol;-))

    Reply

    • @QUIL@

      July 14, 2015 at 6:24 pm

      ကလောင်တံက မီးဖိုချောင် ညှော်ရှောင်ရင်း နောက်ဖေးအပြင်ဘက် ရေစင်ကြားမှာတွေ့တာ…
      ပင့်ကူမျှင်တွေကြား ဈာန်ရနေတယ် ဆိုပါတော့…
      ပင့်ကူမျှင်ဆိုလို့ … ပါဖက် စပိုက်ဒါဝက်ဘ် လိုက်ရှာနေသယ်ဗျ…
      ပင့်ကူပြန်ရိုက်ချင်နေလို့…။အနီးအနားမှာတော့ ကျိုးတို့ကျဲတဲ ပဲမြင်မိပါတယ်။

      :'(

      Reply

  • Shar Thet Man

    November 19, 2018 at 5:10 pm

    ပုံတွေလည်းမပေါ် 😛

    Reply

Leave a Reply

Your email address will not be published.