” အိုးမဲ အသုတ်ခံရသူများ “

”  အိုးမဲ အသုတ်ခံရသူများ ”

 
 

ခွေး       အချင်းချင်း  ဟောင်

ကြောင်  အချင်းချင်း  ကိုက်

 

ကျား     အချင်း ချင်း  မာန်ဖီ

ကြက်    အချင်းချင်း    ခွပ်

 

နွား        အချင်းချင်း   ဝှေ့

ဆင်       အချင်းချင်း  နင်း

 

မြွေ         အချင်းချင်း   ပေါက်

မျောက်   အချင်းချင်း  ကုတ်

 

ငှက်         အချင်းချင်း    ဆိတ်

မြင်း        အချင်းချင်း   ကန်

 

တစ်တောလုံး ဗြောင်းဆန်

ပွက်ပွက်ညံနေမှ

 

အစိမ်းပြန်

ခြင်္သေ့မင်းတွေက

ဟားတိုက်လို့

ရီနေကြလေရဲ့။
 
 

ကိုပေါက်လက်ဆောင် အတွေးစဉ်

၂၃ – ၃  -၂၀၁၆

 

19 comments

  • ဖုန်းနဲ့ပထမဆုံးစတင်တာ
    စာလုံးမှာမျှဉ်းတားသလိုဖြစ်သွားတယ်
    ဖြစ်နိုင်ရင် အက်ဒမင်များကပြင်ပေးစေလိုပါတယ်

    Reply

  • aye.kk

    June 10, 2015 at 10:00 pm

    good ideia.

    Reply

  • မြစပဲရိုး

    June 11, 2015 at 3:54 am

    တကယ်က တိုင်းပြည် နဲ့ လူထု အတွက် စေတနာ ရှိလို့ လုပ်နေတာ မဟုတ်ဘဲ
    ကိုယ့် အကျိုး အတွက် အစွန်းရောက် လုပ်နေသူ ရဲ့ နှစ်ဖက် သွေးထိုးမှု ဖြစ်နေပါပြီ ကပေါက်ကြီး ရေ။
    အရင်က ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်ဘဝ မှာ အမေ၊ အမေ လုပ်နေတာ ကလဲ သူတို့ စားရဖို့ လမ်းပွင့်နေတာမို့ အမေ လုပ် နေကြတာ။
    အခုတော့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် အတွက် ရှေ့လဲ ထွက်နိုင်ရော အမေ မခေါ်နိုင်တော့တဲ့ အပြင် ရန်စွယ်ငေါငေါ နဲ့ ဖြစ်နေကြတာများ။
    . ပြောကြသေး။ ဘယ်အစိုးရ တက်တက် ကောင်းတာ လုပ်ပေးပြီးရောတဲ့။
    . အာဏာယူပြီး ကောင်းအောင်လုပ်မပေးတဲ့ အစိုးရ မို့ ဆက်ထားလို့ ကို မရတော့တာမို့ ဖြုတ်ပစ် ရမယ် ဆိုတဲ့ အသိ မရှိ အောင် ကိုယ့်တစ်ဘို့ထဲ ကြည့်သူများ ကိုလဲ မြင်နိုင်ပါတယ်။
    စိတ်ပျက်ဖို့ အကောင်းဆုံးကတော့ အထဲ မှာလဲ မရှိ၊ အပြင်က နေ မနာလိုစိတ် နဲ့ သွေးထိုးနေတဲ့ အုပ်စုတွေ ကိုဘဲ။
    သူတို့ လောက်ဘဲ တော်တဲ့ သူတွေ မရှိတော့သလို။
    တကယ်တော့ အသံသာရှိပြီး ဘာမှမဟုတ် တဲ့ လက်တွေ့မှာ ဘာမှ သုံးမရ မဲ့ လူများ လို့ ဘဲ ပြောလိုပါတယ်။
    . နိုင်ငံခြား မှာ နေပြီး လေကြီး နေတိုင်း သုံးစားလို့ မရတာ အပုံ။
    ကိုယ့်ဟာကို ငါဘာလဲ သိပြီး ရှက်ဖို့ သင့်တယ်။

    ဟိုတစ်ဖက် ကတော့ အာဏာပြုတ် ရင် စည်းစိမ် ထုတ် လို့ မရတော့မှာမို့ အသက် နဲ့ လဲ တောင် ကာကွယ်ကြမလားဘဲ။
    တဖြေးဖြေး နဲ့ သနားတောင် လာတယ်။

    ဒီအချိန် ဟာ တိုင်းပြည် ကို ကောင်းဖို့ / ပိုဆိုးဖို့ သမိုင်းတွင်မဲ့ အချိန်ဘဲ။
    တကယ်ဘဲ တိုင်းပြည်က ဆင်းရဲသားတွေ ကို လူလူသူသူဖြစ်စေချင်ရင် မနာလိုစိတ် တွေ၊အတ္တတွေ ချန်လိုက်ဖို့ သင့်ပြီ။

    Reply

  • ခင်ခ

    June 11, 2015 at 6:15 am

    ရှေးစာဆိုတွေရေးတဲ့ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်တယ် ဆိုစကား အလကားဖြစ်လာတာ မဟုတ်ဘူးလေ။

    Reply

  • ကိုလတ်ကြီးကော်မင်းကိုစိမ်းချင်ပါတယ်။
    ဖုန်းနဲ့ကစိမ်းစရာနေရာမတွေ့။

    အချို့က ကိုယ့်လူထင်ရပေမယ့် သူများလူဖြစ်နေတာ သိလိုက်ရတော့အံ့ဩမိ။
    ရဲရဲတောက်ဆိုသူတွေက မမြင်ကွယ်ရာမှာ
    ဘုရားမထူးရုံတမယ်ရှိနေတာကြားရတော့အံ့ဩမိ။

    Reply

  • Mike

    June 11, 2015 at 11:43 am

    .အင်တာနက်ခေတ်ရောက်လာတော့ အိုးမဲသုတ်လို့ပိုလွယ်လာတယ်ထင်မိတယ်

    Reply

  • padonmar

    June 11, 2015 at 8:14 pm

    FB ကြီးပေါ်က လူသားတွေက ပိုပြီး အိုးမဲသုတ်ဖို့ လွယ်သလားလို့။

    Reply

  • uncle gyi

    June 11, 2015 at 9:43 pm

    အတိုက်အခိုက်ရှိမှတိုးတက်တယ်ဆိုလားလို့

    Reply

  • မွသဲ ( 17082011 )

    June 11, 2015 at 11:13 pm

    ရွေးကောက်ပွဲနီးလေလေ မင်းသားခေါင်းတွေကျွတ်လေလေ။ အံ့ဩစရာကောင်းလောက်အောင်းပြောင်းလဲသွားသူတွေတွေ့နေရတယ်

    Reply

  • မှန်ပါ့ မွသဲရေ

    မင်းသားတွေဘီလူးယောင်ဆောင်သလား
    ဘီလူးကဘဲ မင်းသားယောင်ဆောင်သလား မှန်းရခက်ပါတယ်

    Reply

  • ဖုန်းကနေ ရွာထဲဝင်တာဖတ်လို့ရတယ်

    ကော်မင်းပေးလို့ရတယ်

    ပထမရက် ပိုစ့်တင်လို့ရတယ်
    အခုပိုစ့တင်တဲ့နေရာကိုသွားတာ မရလို့သိသူကပြောပြပေးပါအုံး

    Reply

    • မြစပဲရိုး

      June 14, 2015 at 12:49 pm

      ကပေါက်ကြီး

      ဆက်ဆက် တင်ထားပေးတာ။
      http://myanmargazette.net/201505
      စမ်းကြည့်ပါဦး။
      အဆင်ပြေမယ်လို့ ယုံပါတယ်။
      သများတော့ တစ်ခါမှ မစမ်းဖူးဘူး။
      ဖုန်းထဲ မြန်မာ ထည့်မထားလို့။

      Reply

  • ပို့စ်တင်လို့ရသွားပါပြီ

    ဖုန်းထဲကို စာထည့်ပြီး ပြန်ကော်ပီလုပ်တာကိုသင်ပေးတဲ့

    ကိုထွန်းဝင်းလတ်

    ဖုန်းတဲ့တင်တဲ့နည်းကိုတင်ပေးထားတဲ့ အလင်းဆက်

    အဲ့ဒီပိုစ့်ကိုပြန်ရှာပေးတဲ့ ကိုလတ်ကြီး တို့သုံးယောက်လုံးကို
    ကျေးဇူးတင်ရှိပါကြောင်း

    Reply

Leave a Reply to padonmar Cancel Reply

Your email address will not be published.