ရယ်ရယုံ (၃၉)

etoneAugust 23, 20101min03

ကယ်ကြပါ

ရဲစခန်းတစ်ခုသို ့ဖုန်းဝင်လာသည်။

စခန်းမှုး။ ။ဘာကူညီရပါမလဲခင်ဗျာ။

တစ်ဘက်မှ။ ။လုပ်ပါဦး ကယ်ကြပါဦး။

စခန်းမှုး။ ။ပြောပါ ဘာဖြစ်နေလို ့လဲ။

တစ်ဘက်မှ။ ။အခန်းထဲကိုကြောင်တစ်ကောင်ဝင်လာလို ့ပါ။မြန်မြနိလာကယ်ပါခင်ဗျာ။

စခန်းမှုး။ ။ဒီလိုအသေးအဖွဲ ကိတ်စ လေးနဲ ့မနှောက်ရှက်ပါနဲ ့။ဒါနဲ ့ခင်ဗျားကဘယ်သူလဲ။

တစ်ဘက်မှ။ ။ကျွန်တော်က ကြက်တူရွေးပါ။

အတွေးတူလို့

သမီးရည်းစားနှစ်ယောက် ပန်းခြံထဲတွင်တစ်ယောက်ကိုတစ်ယောက်ဖက်ကာအတန်ကြာစကားမပြောငြိမ်နေရာမှ-

ကောင်မလေးမှ-အကိုဘာတွေစဉ်းစားနေတာလဲ။ခင့်ကိုလဲပြောအုံးလေ-

ကောင်လေးမှ- ခင်ကောဘာတွေစဉ်းစားနေတာလဲ..။

ကောင်မလေးမှ – အကိုအရင်ပြော

ကောင်လေးမှ – ဪ..ခင်စဉ်းစားတာကိုပဲစဉ်းစားနေတာပေါ့။။

ကောင်မလေး – ဟင်းသူနော်ဘာတွေလျှောက်စဉ်းစားမှန်းမသိဘူး သိပ်ညစ်ပတ်တာပဲ။။။။

လေ့ကျင့်မှု

” ဒီနေ့ ခင်ဗျားရဲ့ ချောင်းဆိုးသံကို မနေ့ကထက် ပိုကြိုက်တယ် ”

” မကြိုက်ခံနိုင်ရိုးလား ဒေါက်တာ ရယ် ကျွန်တော်တစ်ညလုံး လေ့ကျင့်ထားတာ ဗျ.”

နာတာရှည်

သားက အဖေဖြစ်သူ ဆရာဝန် ကို မေးသည်။

” ဖေဖေ၊ နာတာရှည်ရောဂါသည် ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာလဲ ဟင် ”

” နာတာရှည်ရောဂါသည် ဆိုတာ သူ့ကို ကုတဲ့ ဆရာဝန် ထက် သူ့ ရောဂါအကြောင်းကို ပိုသိတဲ့ သူ “

ရေသူမ

“ဒေါက်တာ ၊ ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာ အကြံ ပေးနိုင်ရင် ပေးပါဦးခင်ဗျ ”

” ဘာဖြစ်လို့လဲ ”

“မနေ့က ကျွန်တော် ရေသူမ ဖမ်းမိတယ် ၊ ဘယ်လို အသုံးချရမလဲ ဆိုတာ မစဉ်းစားတတ်ဘူး
မိန်းမ အနေနဲ့လည်း မနိပ်ဘူး ၊ အဲ.. ငါး အဖြစ်ချက်စားဖို့ကလည်း သနားတယ် “

3 comments

  • မန်း ရိပ်

    August 23, 2010 at 1:22 pm

    ဒီတခါ သိပ်မရယ်ရဘူးဗျာ

    Reply

  • bigcat

    August 24, 2010 at 4:21 am

    ဒါသက်သက် ကြောင်တွေကို သိက္ခာချတာပဲဗျ။ မှတ်ထား ကြောင်အစစ်ဆိုတာ နားနေတဲ့ငှက်ကို မကိုက်ဘူး ကောင်းကင်မှာပျံနေတဲ့ ငှက်ကိုပဲ ခုန်အုပ်တယ်။
    ရေသူမကိစ္စကိုရှင်းသွားအောင် တပိုင်းစီပိုင်း အပေါ်ပိုင်းကို မိန်းမလုပ်၊ အောက်ပိုင်းကို ချက်စား လိုက်ပါလာ။

    Reply

  • Gong Zhu

    September 17, 2010 at 6:01 am

    ဟုတ်တယ် . . . Gong Zhu ကတော့ သိပ်နားမလည်လို့ မရယ်ရတာ 😛

    Reply

Leave a Reply

Your email address will not be published.