မက်ခရို မက်ခရို ဆိုကြလို့ :P

 

 

 

 

 

 

 

မက်ခရို ဆိုလို့ လွန်ခဲ့တဲ့ ၂ လ လောက် က ရိုက်ထားတာလေးတွေ တင်လိုက်ပါတယ် ခည။ း)

တကယ်ကတော့ တျူးလစ်ပွဲ မှာ ရိုက်ထားတာတွေပဲ

ခက်တာက တျူးလစ် ပုံတွေကျ တစ်ပုံမှ မ မက်ခရို ရှာဘူး ဆိုတော့ကာ….

 

မင်္ဂလာဘာ ပိတ်သတ်ကြီး။

DSC_0416

 

စားကြပါဦးလို့

DSC_0535

 

ဒီ သုံးပုံ က ဟိုဘက်ပို့စ် မှာ ဆြာဂီ ပြောထားသလိုပဲ aperture သုံးမျိုး နဲ့ ဆွဲထားတာ။

DSC_1134
aperture ကို အကျယ်ကြီး ဖွင့်ထားလိုက်တော့ ထိပ်ဆုံးက ပန်းပွင့်လေးတွေ လောက်ပဲ ပြတ်ပြီး နောက်က ပန်းပွင့် ဝါးနေပြီ။
DSC_1135
ဒီမှာ aperture ကို နည်းနည်း လျှော့လိုက်တယ် (ကျဉ်းလိုက်တယ်ပေါ့) အဲ့တော့ ပန်းပွင့်လေးတွေ နည်းနည်း ပို ပြီး ဖို်းကပ်စ် ပြတ်လာတယ်။
DSC_1136
ဒီမှာကျ aperture ကို တော်တော်လေး လျှော့ချလိုက်တော့ အနောက်က အပင် ကိုပါ ရေးတေးတေး မြင်လာရပြီ။

 

 

ဒါက အရမ်း ကြိုက်တဲ့ ပုံလေး။

 

DSC_0736
ဒါက အရမ်းကြိုက်တဲ့ ပုံလေး

 

 

 

 

 

 

ကြက်ဥကြော် ကော်လက်ရှင် ခေါ်ရမလား မသိ။ း)

 

DSC_0718
ဂန္ဒမာ ၁
DSC_0719
ဂန္ဒမာ ၂
DSC_0731
ဂန္ဒမာ ၃

DSC_0732

ဂန္ဒမာ ၄

 

 

 

သမှာက နှင်းဆီ ကော်လက်ရှင် း) (သူများတွေ ပြောတာတော့ နှင်းဆီ ၁ နဲ့ ၂ မှာ ပန်းတစ်ပွင့်လုံး focus ပြတ်ရမယ် ဆိုလား)

DSC_0896
နှင်းဆီ ၁
DSC_0918
နှင်းဆီ ၂
DSC_0904
နှင်းဆီ ၃

 

DSC_0930
နှင်းဆီ ၄

 

 

ဒါတွေကတော့ ဟိုဟို ဒီဒီ ပေါ့။

DSC_0823
ဟိုဟိုဒီဒီ ၁
DSC_0760
ဟိုဟိုဒီဒီ ၂
DSC_0929
ဟိုဟိုဒီဒီ ၃

 

DSC_1062
ဟိုဟိုဒီဒီ ၄
DSC_1063
ဟိုဟိုဒီဒီ ၅
DSC_1068
ဟိုဟိုဒီဒီ ၆
DSC_1106
ဟိုဟိုဒီဒီ ၇
DSC_1107
ဟိုဟိုဒီဒီ ၈

 

DSC_1126
ဟိုဟိုဒီဒီ ၉
DSC_0527
ဟိုဟိုဒီဒီ ၁ဝ (လေဒီဘဂ်)
DSC_0685
ဟိုဟိုဒီဒီ ၁၁

 

33 comments

  • ခင်ဇော်

    June 4, 2015 at 8:36 am

    ပါးစပ်အဟောင်းသားနဲ့ ကြည့်သွားပါတယ်။
    ဆရာပါပဲ ဆရာ။

    နှင်းဆီ ၁ နဲ့ ၂ ကြည့်ပြီး ရူးသွားမလားမှတ်ရပါတယ်။

    အရမ်းကြိုက်တဲ့ ပုံကို အရမ်း လက်ဖျားခါသွားပြီးတော့

    ဂန္ဓမာ ၁ ကို နှစ်သက်မိ။

    🙂

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 8:55 am

      ကျေးဇူး တင်ပါတယ် ခညာ။ း)
      အဲ့ဒီ ပုံတွေ ရိုက်မိတာ နောက်ဆုံးပဲ။
      ကင်မရာ နား ကို ကို ပြန်မရောက်တော့တာ 😛 😛

      Reply

  • aye.kk

    June 4, 2015 at 8:57 am

    ပုံတွေနှစ်သက်လွန်းလို့….
    ဘာပြောရမယ်မှန်းတောင်မသိပါ…။။

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 8:58 am

      ကျေးဇူး တင်ပါတယ် ခည လို့တော့ ပြန်ပြောပါရစေ 😛

      Reply

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    June 4, 2015 at 8:58 am

    မိုက်သဗျ..

    အားပေးသွားပါကြောင်း…

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 8:59 am

      ကျေးဇူးပါဗျ။
      အားရှိသွားပါကြောင်း။ း)

      Reply

  • ပန်းလေးတွေ မိုက်မိုက် လှ လှ

    ကျနော်ကတော့ မိုက်ခရိုမရိုက်ဘူး

    ဘာလို့လဲဆိုတော့ စိတ်မရှည်တတ်လို့

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 9:37 am

      မက်ခရို က သက်မဲ့ကို ရိုက်ရင် အဲ့လောက် စိတ်ရှည်ဖို့ မလိုလှပါဘူး အူးပေါက် ရဲ့။
      သက်ရှိကို ရိုက်ရင်သာ သူက လှုပ်လိုက် လေက တိုက်လိုက် ကိုယ်က လှုပ်လိုက် နဲ့.. း)
      ခါးညောင်း လက်ညောင်း မျက်စိညောင်း ခြေထောက်ညောင်း
      ညောင်းခြင်းလေးပါး ကို ပြည့်စုံ သွားတော့တာပဲ ဟီးဟီး း)

      Reply

  • Mike

    June 4, 2015 at 9:14 am

    .ကိုယ်မရိုက်တတ်ပေမဲ့ သူများရိုက်တာတေါတော့သဘောက ျတတ်ပါသဗျ

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 9:38 am

      သူများ ရိုက်တာကို သဘောကျရာကနေ ငါလဲ ရိုက်ချင်လိုက်တာ ဆိုတာလေး ဖြစ်လာရင် ဒွတ်ခ များတော့တာပါပဲ အူးမိုက်ရေ… း)

      Reply

  • Alinsett @ Maung Thura

    June 4, 2015 at 9:24 am

    အဲ့လို လုပ်တတ်ချင်တာ…
    ဘယ်လိုက ဘယ်လို လုပ်ရမယ်မသိ….

    😥

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 9:41 am

      ဖုန်းတွေမှာလဲ မက်ခရို mode ရှိတယ် မဟုတ်လား ဆက်ဆက်ရဲ့။
      ဆမ်ဆောင်း ဖုန်းတွေက မက်ခရို က တော်တော် ကောင်းတယ်
      အတော် နီးနီး ထိ ကပ်ရိုက်လို့ရပြီးတော့ ခု နောက်ပိုင်း S5 က စလို့ background blur လုပ်လို့ရတယ် ဟုတ်။
      နောက် google camera နဲ့လဲ နောက်ခံ ဝါးအောင် ရိုက်လို့ရတယ်။
      HTC, SONY တွေမှာလဲ အဲ့ဒီ feature ပါတယ်။
      ပြီးတော့ ဖုန်းမှာ တပ်ရိုက်တဲ့ macro lens လေးတွေလဲ ရှိတယ် (wide and macro နှစ်မျိုး ရ)

      Reply

      • Alinsett @ Maung Thura

        June 6, 2015 at 11:42 am

        မိုက်ခရို မပါတဲ့ ဖုန်း ထင်ပါရဲ့…
        ကျနော် ကိုင်ထားတာလေးက….
        honor 8817 D ဆိုတာလေး… အပေါစားလေးဆိုတော့ အာ့တွေ မပါထင့် …
        သေချာအောင် ကလိကြည့်အုန်းမှ…

        ကျနော် အခုလက်ရှိ ကိုင်ထားတဲ့ (လက်ဆောင်ရထားတဲ့) ကင်မရာလေးက
        Canon S 95 ဆိုတာလေး….
        အဲ့မှာ မိုက်ခရို ပုံစံ သင်္ကေတလေးတော့ တွေ့တယ်..
        အာ့လေးကို ဆက်တင် ချိန်ပြီး သုံးကြည့်တာ…
        မရဘူး။
        ကျနော် မလုပ်တတ်တာ…

        ခက်ပုံ…

        Reply

        • ဂျက်စပဲရိုး

          June 6, 2015 at 7:48 pm

          Google Camera ဆိုတဲ့ app နဲ့ စမ်းကြည့်ရင်ကော??

        • Alinsett @ Maung Thura

          June 7, 2015 at 2:03 pm

          ကျနော့် ဖုန်းက အပေါစားမို့ ထင်ရဲ့..
          အဲ့ app ဒေါင်းပြီး သုံးကြည့်တာလည်း… အဲ့ဒါ လုပ်လို့ ရတာ မတွေ့….

          😥

  • weiwei

    June 4, 2015 at 10:08 am

    အားကျပြီး ရောဂါ ကူးစက်နေလို့ …

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 10:46 am

      ကိုယ်ချည်းပဲ ပိုးဝင်နေတော့ သူများတွေကိုပါ ဆွယ်ရတော့တာပေါ့ း)

      Reply

  • အောင် မိုးသူ

    June 4, 2015 at 10:15 am

    ရောဂါတွေပေးကြပါတယ်။ ပိုက်ဆံစုပြီး ကင်မရာတစ်လုံး ဝယ်ပါတော့မယ်။

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 10:46 am

      တစ်ယောက်တော့ ဆေးအောင် သွားပြီ။
      နောက်ကျရင် ဘယ်လန်းစ်တွေ ဘယ်လို ဆိုပြီး မြှောက်ပေးဦးမယ် း)

      Reply

  • ကြောင်ဝတုတ်

    June 4, 2015 at 10:41 am

    ဂန္ဓမာ-၁ နဲ့ ဟိုဟိုဒီဒီ-၉ ကို အကြိုက်ဆုံးပါပဲဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 10:48 am

      ဟိုဟိုဒီဒီ ၉ က ဖိုးကပ်စ် အကုန် မမိဘူး ဖြစ်နေတယ်။ မရိုက်တတ် ရိုက်တတ် နဲ့

      Reply

  • Ma Ei

    June 4, 2015 at 10:57 am

    ဟိုဟို ဒီဒီ 2 3 6 ပန်းကလေးတွေ လှလိုက်တာ …

    Reply

  • kai

    June 4, 2015 at 2:27 pm

    လှချက်ကယ်…နာ..
    ဆိုတော့….
    ဟိုလေ.. ဟိုဟာ..
    သားကောင်စားခါနီး.. ခြင်္သေ့မျက်လုံးကို.. မျက်တောင်မွေးလေးတွေ..တချောင်းစီမြင်ရအောင်.. ရိုက်ပေးပါလားဟင်င်င်..။
    ပိုစတာလုပ်ပြီး.. အိမ်မှာချိပ်ထားချင်လို့..။
    ကမ္ဘာကျော်မှာသေချာ..။

    Reply

    • ဂျက်စပဲရိုး

      June 4, 2015 at 3:47 pm

      ဒီဟာ တောင် ဓာတ်ဆြာ က မနည်း ရိုက်လာရတာ ဆိုပဲ။
      ဒဂျီးပြောသလို သာ ရိုက်ရရင် တိရစ္ဆာန်ရုံထဲ သွားရိုက်မှ နဲ့တူတယ်။ း)

      Reply

      • kai

        June 4, 2015 at 3:54 pm

        မနေ့ကတင်.. အမေရိကန်တယောက်ခြင်္သေ့ဆွဲခံရပြီး.. သေပါပကော…။
        ဘေးကလူတွေကတော့ မှန်တခါးချပြီး ဓတ်ပုံရိုက်တယ်ပြောတာပဲ..
        =
        American killed by lion went to South Africa to volunteer on a wildlife …
        Washington Post-17 hours ago
        An American tourist who died at a popular South African wildlife park on Monday has been identified as Katherine Chappell, a visual effects …
        http://www.washingtonpost.com/news/morning-mix/wp/2015/06/01/report-an-american-tourist-has-died-in-south-africa-after-a-lion-attack/

        Reply

        • ဂျက်စပဲရိုး

          June 4, 2015 at 4:07 pm

          ကျား ဆိုရင်တော့ ထိုင်းက ကျားဘုန်းကြီးကျောင်းမှာ သွားရိုက်ရင် ရမယ်ထင်။
          ဒါတောင် ဟိုတလော က အဲဒီ ကျောင်းက ဘုန်းကြီးလား မသိဘူး ကျားကိုက်ခံရတာ။ း)

  • kai

    June 4, 2015 at 4:19 pm

    တကယ်တော့.. တိရိစ္ဆာန်တွေမှာ.. အင်မတန်အရုပ်ဆိုးတဲ့.. အလှတရားတွေရှိတယ်..။
    လူဝံကြီးရဲ့အနီးကပ်မျက်နှာမျိုး…။ မြင်းရဲ့မဲ့ရွဲ့နေတဲ့မျက်နှာမျိုး.. ကမ္ဘာကျော်ပိုစတာတွေဖြစ်သွားတာပဲ..။

    Reply

  • မြစပဲရိုး

    June 5, 2015 at 12:59 am

    နှင်းဆီ(၁) နဲ့ (၂) ကို အရောက် ပွင့်ဖတ်တွေထဲ ကို တောင် ရောက်သွားသလို ပါဘဲ လား မောင်ဂျက်ရယ်။
    အကောင်ပလောင် တွေ ကိုတော့ စိတ်မဝင်စား။

    ဟိုဟိုဒီဒီ ၁၁ နောက်ဆုံးပိတ် က ပန်းကြွေလေး က ပြန်တင်ရိုက်ထားတာ လား၊ သူ့ဟာသူ အရွက်တွေကြား တင်ကျန်နေတာလား?

    မင်း တစ်ခါပြဖူး တဲ့ လူတွေ ရဲ့ ပုံရိပ်တွေ လိုမျိုးလေးများလဲ လုပ်ပါဦး။

    Reply

    • ဂျက်စပဲရိုး

      June 5, 2015 at 5:56 am

      ကျေးဇူးပါ အရီး ရေ
      ပန်းကြွေလေးက ပြန်တင်ပြီးမှ ရိုက်ထားတာပါ ခင်ဗျ။
      လူတွေရဲ့ ပုံရိပ် လိုမျိုးကတော့ ပြန်ရိုက်ဖြစ်ဖို့ ကြိုးစားပါဦးမယ်။

      Reply

  • Ma Ma

    June 5, 2015 at 2:36 pm

    လှလိုက်တာ
    လှလိုက်တာ
    လှလိုက်တာ……….
    🙂
    🙂
    🙂
    🙂
    🙂

    Reply

  • Arkar Zaw Hein

    June 7, 2015 at 6:17 pm

    နှင်းဆီ ၂ ဟိုဟိုဒီဒီ ၄
    သဘောကျတယ်ဗျာ

    Reply

Leave a Reply to ဂျက်စပဲရိုး Cancel Reply

Your email address will not be published.