လေပြေ

ကာရံMay 29, 20151min04

လေပြေ

အလှမ်းကွာ လွမ်းတာလေးက
ဝမ်းတစ်ထွာ မှန်းကာတွေးရော့မယ်
သံသရာခရီးကြမ်း အားတင်းကာလျှောက်လှမ်းလို့
မေ့မျက်ရည် ပါးပြင်ထက်မှာ ရစ်ဝဲလို့ပေါ့

မေတ္တာအိမ်လေး အစပျိုးသူတို့
သစ္စာဆိုစကား တူကြိုးစားရင်း ခုဆို ခုဆိုလေ
တွဲလက်လေးတောင်း မြဲလို့နေပြီ

နွေလည်မှာမိုးတို့ ပြိုဆင်းရင်း
အိုအဆင်းနှင့် ချစ်ပန်းသခင်ကိုမှ
အဖူး အငုံ ပွင့်လာအစဉ်လန်းရအောင်
မောင့်မေတ္တာအနမ်းဖြန့်ကျဲလိုက်မယ်
မေ့အနား လေပြေ တစ်ဖြေးဖြေးတို်က်ခက်ပါစေသား

ကာရံ ၂၉ ့၅ ့၂၀၁၅

4 comments

  • Alinsett @ Maung Thura

    May 29, 2015 at 2:28 pm

    ကဗျာတွေ စာတွေနဲ့ ငါ့သူငယ်ချင်းလည်း အသားကျနေပြီ….

    Reply

  • ကာရံ

    May 29, 2015 at 9:08 pm

    ဟုတ်ပသူငယ်ချင်းရေ

    Reply

  • မြစပဲရိုး

    May 29, 2015 at 9:11 pm

    . မုန်တိုင်း မလာခင် လဲ လေပြေ လာတယ်။
    . မုန်တိုင်း ပြီးချိန်လဲ လေပြေ လာတယ်။
    ဒါက ဘယ်လို လေပြေတုန်းကွဲ့။ :-))

    Reply

Leave a Reply to မြစပဲရိုး Cancel Reply

Your email address will not be published.