ကိုယ့်နောက်ကျော ကိုယ်လုံမိပါစ

SawAungMay 26, 20151min04

ဘဝဟာ “ထောက်”ကနဲ ပွင့်ထွက်လာတဲ့

မီးတောက်မဟုတ်တာ သေချာတယ်။

တစ်ငွေ့ငွေ့နဲ့ လောင်ကျွမ်းနေတဲ့

မီးတောင်လိုမျိုး။

 

“ဖျတ်”ကနဲ ဆိုတဲ့ မျက်တောင်တစ်ခတ်စာလိုမျိုး

အဖြစ်အပျက်ဟာ အပြိုင်းအရိုင်းဖူးပွင့်တယ်။

 

ရောက်ရွက်ဝါတွေ လေမှာဝေ့ဝဲနေသလိုမျိုး

မသိတသိနေရာက ဘဝတွေဟာ ဝေ့ဝေ့ဝဲဝဲ။

 

ရယ်သံတွေကြားမှာ ဘဝတွေရှိတယ်….

ငိုသံတွေကြားမှာ ဘဝတွေရှိတယ်….

ရှိုက်သံတွေကြားမှာ ဘာတွေရှိဦးမလဲ

အကြိမ်အခါခါ စဉ်းစားတယ်။

 

ဖန်ခွက်အလွတ်တစ်ခု ကျကွဲသံနဲ့

ရေပါတဲ့ဖန်ခွက်တစ်ခု ကျကွဲသံ

ဘယ်အရာက ကြေကွဲစရာကောင်းသလဲ

နောက်ဆုံးတော့ ရယ်သံခပ်အက်အက်တစ်ခုထွက်လာတယ်။

 

အယူအဆနဲ့ အတ္တတွေကြားထဲကနေ

နည်းနည်းလောက် ဖယ်ပြီးအပြင်ကိုကြည့်

ရှင်းသန့်တဲ့ အရာတစ်ခုကို ထိတွေ့ (သို့) ရှူ ရှိုက်မိလိမ့်မယ်။

 

အမုန်းတရားဟာ မီးတောင်ပေါက်ကွဲသလို

လွင့်စင်တတ်သလိုမျိုး။

အတ္တတစ်ခုမှာလည်း အဲသည်အရည်အချင်းရှိတယ်။

 

ကျုပ်ကဗျာ နည်းနည်းရှည်သွားသလား

မဆုံးသေးဘူး ဆက်ဖတ်ပါ…………..။

ဆုံးသွားရင်လည်း ပြန်ဖတ်ပါ……….။

ပြီးကျရင်း  ဖြည်းဖြည်းချင်းတွေး…………

ခင်ဗျားတို့တော့ မသိဘူး

ကျုပ်ကတော့ ကိုယ့်နောက်ကျောမလုံလို့ ခဏခဏပြန်လှည့်ကြည့်မိတယ်။

…………………………………….

ရင်နှင့်ရင်း၍

အောင်မိုးသူ

 

4 comments

  • aye.kk

    May 27, 2015 at 11:08 am

    လောကမှာ
    ဖြစ်,ပျက်တရားရှိနေတာသဘာဝပါ။
    သိအောင်လုပ်ပါ၊လုံသွားပါမည်။။

    Reply

  • သိခြင်း မသိခြင်းတွေ အကြား
    ဗျာများရင်း

    အမှန်လား အမှားလား
    ခွဲခြားမသိနိုင်ခြင်းရဲ့အဆုံး

    လာရာလမ်းကိုပြန်ပြန်ကြည့်မိခြင်းဟာ

    ကိုယ့် ကို ကိုယ် မယုံ
    ကျောမလုံခြင်းရဲ့ အစလို့ ထင်ပါတယ်

    Reply

  • မြစပဲရိုး

    May 28, 2015 at 10:50 pm

    သရဲကားကြည့်ရင်း များ ဒီ ကဗျာ ကို ရေးနေရော့သလား? 🙄 lol:-))

    Reply

Leave a Reply to မြစပဲရိုး Cancel Reply

Your email address will not be published.