နှစ်သက်မိတဲ့ ပန်းကလေးတွေ

SawAungMay 18, 20153min011

ခုတလော ပန်းပင်အကြောင်းတွေ ပြောဖြစ်နေတာနဲ့ သိသလောက် မှတ်သလောက်လေး ပန်းပင်လေးတွေအကြောင်း ပြောပြချင်တယ်။ ခုပြောမယ့် ပန်းပင်လေးတွေအကြောင်းကတော့ မြန်မာနာမည်တွေ အတိအကျရှိတဲ့ ပန်းလေးတွေပေါ့။ မြန်မာပန်းလေးတွေဆိုလည်း ခေါ်လို့ရသလို။ အဲသည်ပန်းပင်တွေဟာ အခြားနိုင်ငံတွေမှာလည်းရှိတော့ သူတို့ခေါ်သလို  အခြားနာမည်တွေလည်း ရှိကြမှာပါ။

 

ဗုဒ္ဓံသရဏံပန်း

တစ်နေ့က ဖေ့ဘွတ်က မကြီးခင်ဇော်ရဲ့ ပို့စ်တစ်ခုမှာ ဗုဒ္ဓံသရဏံပန်းဆိုတာ ဘယ်လိုဆိုတာ သွားမန့်ဖြစ်လိုက်သေးတယ်။  ကျွန်တော်သိခဲ့တာ ငယ်ငယ်လေးကတည်းကပေါ့။ ကျွန်တော်တို့ရပ်ကွက်မှာ ငယ်ငယ်တုန်းက လယ်ကွင်းတွေရှိခဲ့တယ်။ ကလေးကစားဖို့ ဘောလုံးကန်ဖို့အတွက်တွေပေါ့။ ရေစပ်စပ်ရှိတဲ့နေရာတွေ မှာဆို ဗုဒ္ဓံသရဏံအပင်တွေဟာ အလေ့ကျကို ပေါက်နေတာ။ ပန်းတွေပွင့်ပြီဆို ဝေလို့ လှလို့။ အဲသည်ကတည်းက ဗုဒ္ဓံသရဏံဆိုတာ သိခဲ့ရတာ။ ရေကြိုက်ပြီး ရေစပ်စပ်ရှိတဲ့နေရာတွေမှာ ပိုမိုပေါက်ရောက်ပါတယ်။

အခုတော့ အဲသည်လယ်ကွင်းတွေလည်း ရပ်ကွက်လူကြီးနဲ့  စည်ပင်ဘယ်လို ရိုက်စားလုပ်လည်းမသိပါဘူး တိုးချဲ့လိုလို ဘာလိုလို အိမ်လေးတွေဖြစ်လို့နေပြီ။ လောလောဆယ် အိမ်နားဝန်းကျင်မှာ အပင်ကို ရှာဖို့အချိန်မရတာနဲ့ အွန်လိုင်းက

ပဲ ရှာဖွေပြလိုက်ရတော့တယ်။

001
ဗုဒ္ဓံသရဏံ အဝါမျိုး

15010-canna-indica-00869-040926-103146
ဒါက အနီ

Buddhan

canna-indica-2414
အဝါ လိမ္မော်စပ်ကြား

ကြက်တူရွေးပန်း

မကြီးခင်ဇော်က ကြက်တူရွေးပန်းနဲ့ ဗုဒ္ဓသရဏံပန်း အမှတ်မှားနေတော့ ကြက်တူရွေးပန်းပါလို့ ပြောမိလိုက်သေးတယ်။ ခုတော့ ကွဲကွဲပြားပြားသိသွားရအောင်ပါ။

ကြက်တူရွေးပန်းတို့ ဗုဒ္ဓံသရဏံပန်းတို့ဟာ အပင်ပေါ်မှာပဲ အလှကြည့်ကောင်းတဲ့ ပန်းမျိုးတွေမျိုး ဥယျဉ်တို့ ခြံတို့မှာ အလှစိုက်ကြတာများပါတယ်။ နှစ်မျိုးစလုံးမှာ

လည်း ရနံ့မရှိကြပါဘူး။

bird-of-paradise-flower
ကြက်တူရွေးပန်း
777
တွဲလောင်းကျနေတဲ့ အပင်ရှိသေးတယ် ဒါလည်း ကြက်တူရွေးပန်းပဲ

ဂေါ်သဇင်

သဇင်နဲ့ ဂေါ်သဇင် ဘယ်ဟာကို ပိုနှစ်သက်လည်းဆို ကျွန်တော်ကတော့ ဂေါ်သဇင်လို့ ဖြေမိမှာပဲ။ သဇင်ပန်းလိုတော်မဝင်ပေမယ့် သဇင်ပန်းလို ဟိတ်ဟန်လည်းမရှိပါဘူး။ သဇင်ပန်းလို တစ်ဥမှာ တစ်ခိုင်သာပွင့်တဲ့ ပန်းမျိုးလည်းမဟုတ်ပါဘူး။ နွယ်ပင်မျိုးဖြစ်ပြီး ပွင့်ပြီးဆို ဝေဝေဆာဆာ အခိုင်တွေအများကြီးပွင့်တာပါ။  ဂေါ်သဇင်ကို စိုက်ပျိုးမယ်ဆို  မိုးရာသီ စိုက်ပျိုးတာ အကောင်းဆုံးဖြစ်ပါတယ်။

ပန်းခိုင်ပုံစံဟာ သဇင်ပန်းလို့

url
ဂေါ်သဇင်
images
ဒီလိုနွယ်တက်ပီးပေါက်တာ
8748016
အရမ်းနှစ်သက်မိ

အမှတ်မှားလောက်အောင် ပုံစံတူပြီး အခိုင်တွေ အုံလိုက်ပန်ရင် အရမ်းလှတဲ့ပန်းမျိုးပါ။ စိုက်ချင်တယ်ဆို  အပင်က ထွက်တဲ့ အသီးလိုလို ဥလေးတွေလိုလိုကို မြေကြီးမှာ ချစိုက်ရုံပါပဲ။

လေးနာရီပန်း

“ကိုယ်ခင်တဲ့ ကိုလင်ရဲ့  ပျိုခင်ရဲ့

မျှော်ပေါ့ လေးနာရီ ထိုးပြီ…..ထိုးပြီ”

သီချင်းလေးကိုကြားဖူးမှာပါ။ လေးနာရီ

ပန်းတွေ မြင်တိုင်း အဲသည်သီချင်းလေးကို သွားသွားသတိရမိတာ ကျွန်တော့်အဖြစ်ပါ။ ညနေလေးနာရီဆို ပွင့်လန်းလာတဲ့ ပန်းမို့ လေးနာရီပန်းလို့ ခေါ်ကြပါတယ်။  မြန်မာမျိုးကတော့ နိုင်ငံခြားမျိုးလို

ပြွတ်နေအောင် မပွင့်ပါဘူး။ ခရမ်းရောင်၊

အဝါရောင် ၊ အဖြူရောင် နဲ့ရောင်စုံ ရှိပါတယ်။

လေးနာရီပန်းဟာ အပင်ပေါ်မှာတင်လှတဲ့ အမျိုးပါ။ လေးနာရီမှာပွင့်ပြီး နာရီအနည်းကြာရင် ညိုးနွမ်းသွားတဲ့ အမျိုးပါ။ ပွင့်ဖတ်တွေဟာ ပါးလျှလွန်းတာကြောင့်ပါ။ လေးနာရီပန်းကို ပွားချင်ရင်တော့ ပန်းပွင့်ပြီး ကြွေသွားတဲ့ နေရာမှာ ငရုတ်ကောင်စေ့လို အစေ့အနက်ကလေး ဖြစ်လာရင် အဲသည်အစေ့ကို ပြန်စိုက်ရင် အပင်ထွက်ပါတယ်။ သူလည်း ရနံ့မရှိတဲ့ ပန်းမျိုးပါပဲ။IMG_4166

ရနံ့မရှိတဲ့ မြန်မာပန်းလေးမျိုးကို ပြောပြီးပြီဆိုတော့ နောက်ပို့စ်မှာ ရနံ့မွှေးလှတဲ့ မြန်မာပန်းတွေအကြောင်းကို ပြောချင်ပါသေးတယ်။ လိုတာလေးတွေ ဖြည့်စွက်လို့ အမှားများပါခဲ့ရင်လည်း တောင်းပန်ရင်း။ ငယ်ငယ်တုန်းကနေ အခုအသက်အရွယ်အထိ နှစ်သက်ခဲ့တဲ့ ပန်းပင်တွေ အကြောင်းဆက်လက်ရေးသားပါဦးမယ်။

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

11 comments

  • Ma Ma

    May 18, 2015 at 4:26 pm

    ဂေါ်သဇင်က အနံ့သင်းသင်းလေး ရှိတယ်။
    အဲဒီအနံ့ကို ကြိုက်တယ်။

    ဂေါ်သဇင်တွေက ဆောင်းဦးပေါက်မှာ ပွင့်ကြတာထင်တယ်။
    သူများတွေ ဘီးဆံပတ်မှာ ပတ်ပတ်လည် ဝေနေအောင် ပန်ကြတာကို အရမ်းသဘောကျခဲ့တာ။ 🙂

    Reply

  • ခင်ဇော်

    May 18, 2015 at 6:07 pm

    Canna indica – ဗုဒ္ဓံသရဏံပန်း
    bird of paradise – ကြက်တူရွေးပန်း
    petunia flowers – လေးနာရီပန်း

    ဂေါ်သဇင် ကို ရှာမရဝူးးး

    Reply

  • padonmar

    May 18, 2015 at 9:45 pm

    ဂေါ်သဇင်နဲ့ လေးနာရီပန်း(မြေဇူပန်း)က အနံ့ သင်းသင်းလေး ရှိပါတယ်။ ဘကြီးအောင်ပုံက မြန်မာ လေးနာရီပန်း အစစ်မဟုတ်ဘူးနော်။ အဲဒါ နိုင်ငံခြားမျိုးတွေ ထင်တယ်။

    Reply

  • Alinsett @ Maung Thura

    May 19, 2015 at 11:01 am

    အခုတလော… ဂဇက်ရွာကြီး…
    ပန်းတွေနဲ့ဝေ…..
    ဂဇက်စာမျက်နှာထက်မှာ… ပန်းကလေးတွေဝေ….

    :kwi:

    Reply

  • အောင် မိုးသူ

    May 20, 2015 at 10:28 am

    ပန်းတွေနဲ့ဝေ…….. ကိုယ့်ချစ်ဦးခေါင်းမှာ ပန်းလေးတွေဝေ

    Reply

  • Mike

    May 20, 2015 at 11:11 am

    .ဗုဒ္ဓံသရဏံပန်းက ကျုပ်တို့ငယ်ငယ်က ဝါဆိုပန်းခူးထွက်ရင်အဲ့ပန်းရောင်စုံခူးလာပြီး ဘုရားမှာ
    .ပန်းအိုးနဲ့ကပ်ကြတာပဲ..ခုလည်းနယ်ဖက်တွေမှာတော့အလေ့ကျပေါက်တာတွေ့နေရတုန်းပါပဲ

    Reply

    • အောင် မိုးသူ

      May 20, 2015 at 11:32 am

      ကျွန်တော်တို့နားက လယ်ကွင်းတွေမှာလည်း အလေ့ကျပေါက်ဆဲပဲ။

      Reply

  • manawphyulay

    June 16, 2015 at 1:46 pm

    ဒီပန်းတွေ အကုန်လုံး တစ်နေရာထဲမှာ ဓာတ်ပုံရိုက်ယူချင်တယ်ဆိုရင်တော့ ကန်ဘောင်တစ်ဝှိုက်မှာ အလှစိုက်ထားတာကို အဝေးကနေ လှမ်းမြင်နိုင်ပါတယ်ရှင်…………….

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.