အရိုင်းလေး

ဒီမှာတော့ နွေဦး ရောက်ပြီ မို့ ပန်း တွေ လှ တဲ့ ရာသီပေါ့။
လမ်းဘေးမှာ အရိုင်းပန်းလေး တွေ အစု အဖွဲ့လိုက် ပျော်နေကြတာကို မှတ်တမ်း တင် ထားခဲ့တာ လေး တွေ မျှချင်ပါတယ်။
တကယ်မှာတော့ သူတို့ တွေ အားလုံး ဟာ  “ဝေလဲ အတူ ကြွေလဲ အတူ” လေးတွေ လေ။
. ပျော်စရာကြီး နော။

 

P01
အရိုင်းတို့ (၁)
P02
အရိုင်းတို့ (၂)
P03
အရိုင်းတို့ (၃)
P05
အရိုင်းတို့ (၄)
P07
အရိုင်းတို့ (၅)
P06
အရိုင်းတို့ (၆)
P08
အရိုင်းတို့ (၇)
P04
အရိုင်းတို့ (၈)
P09
အရိုင်းတို့ (၉)

15 comments

  • ခင်ဇော်

    May 17, 2015 at 7:16 am

    အရိုင်းး လေးး တွေကိုတောင် ဝေအတူ ကြွေအတူ ရှင်သန်ခွင့် ပေးးတဲ့ မြေမှာ နေရကျိုးနပ်ပါတယ် အရီးရေ

    သများး ဖူးးရှားးတွေ အရီးး မမြင်သေးးဘူးးထင်လို့ လာပေးးတာ။
    ချစ်မ ပတော့ ကလောက ရိုက်ခဲ့တယ်။

    http://myanmargazette.net/213515

    Reply

  • Ma Ma

    May 17, 2015 at 9:02 am

    အရိုင်းလေးတွေက ဒီကလို့ထင်တယ်။

    ကလောမှတွေ့တုန်းက အရောင်လေးလှပါရက် ဇောက်ထိုးပွင့်နေလို့ ထူးဆန်းတယ်ထင်ပြီး ရိုက်ခဲ့တာ ခိုင်ဇာတင်မှ ဖူးရှားပန်းမှန်းသိတော့တာ။

    Reply

  • ​ဒေါ် လေး

    May 17, 2015 at 11:35 am

    ​ဝေအတူ​ကြွေအတူ တဲ့ ပုံ​လေး​တွေနဲ့လိုက်​ဖက်​ပ
    မ​နေ့က​တောင်​ လမ်​းမ​တော်​ ​ဆေး​ကျောင်​း​ရေ​ှ့ ြြဖြတ်​​ေ​တာ့
    ငုဝါ​တွေ တပင်​လုံးပွင်​့​နေတာ သိပ်​လှတာဘဲ
    သူတို့က ပိ​တောက်​ပန်​း​တွေ​လောက်​ စာဖွဲ့မခံရဘူး​နော်​

    Reply

    • padonmar

      May 17, 2015 at 8:45 pm

      လမ်းမတော်ဆေးကျောင်း ရှေ့ကငုဝါပင်…ဟုတ်တယ်။သိပ်လှတာပဲ။အပင်ကကြီးပြီး ဝေဝေဆာဆာပွင့်နေတာ အလှဆုံး ငုဝါပင်ပဲ။ အနားက ဖြတ်သွားရတိုင်း သဘောတကျ ..လှလိုက်တဲ့ ဒို့ကျောင်းဆိုပြီး ငါ တွေ ကပ်မိသေးတယ်။
      ………….
      အဲဒီထက် ရိုင်းတဲ့ မြက်ပန်းလေးတွေ၊မြေပဲပန်းလေးတွေ၊ဟင်းဂလာတို့၊ဘောက်သီးတို့လိုမျိုး မြောက်ပေလေးတွေ လိုက်ရိုက်မိသေးတယ်။ကိုယ့်လက်ရာချာတာတာမို့ ပိတ်သတ်ကြီး အားနာပြီး မတင်တော့တာ။

      Reply

      • မြစပဲရိုး

        May 17, 2015 at 9:26 pm

        ဒီလို ဟုတ်ဟုတ် မဟုတ်ဟုတ် ကြိုးစား တင် နေတာ အရိုးလို လို့ အသားကို တောင်း နေတဲ့ သဘောပါ အစ်မဒုံ။
        (မှတ်ချက် – သများ က အရိုး ကြိုက်လို့ပါ)
        ဒီတော့ အစ်မလဲ နောက် မကျန်ပါစေနဲ့။ lol:-))))

        Reply

    • kai

      May 18, 2015 at 12:47 am

      ငုဝါပန်းက..တပင်လုံးလည်းဝေတတ်…
      ရက်ကြာလည်းပွင့်တတ်…။
      ကြွေရင်လည်း… ပွင့်ဖတ်တွေလှ…။

      ဆာကုရာ(ချယ်ရီ) လို… တနိုင်ငံလုံးပန်းခြံတွေမှာစိုက်..။
      ဝေချိန်..ကြွေချိန်.. ငုဝါကြည့်ပွဲတော်ကျင်းပ…
      .. မြန်မာအမျိုးသားပန်းလုပ်လိုက်ဖို့ကောင်းတယ်..။

      Reply

  • မြစပဲရိုး

    May 17, 2015 at 2:02 pm

    ဇီကလေး
    အဲဒီ ဖူးရှားလို မျိုး ဒီမှာ တွေ့ရင် ရိုက်ဖြစ်အောင် ရိုက်လိုက်မယ်။
    လမ်းဘေးက ကျူးလစ် အရိုင်းလေးတွေ ကို တွေ့တာလဲ ကားရပ်ရ ခက်လို့ မရိုက်ဖြစ်ခဲ့ဘူး။
    သူတို့ မှာ လေဒါဏ် ခံနေရတော့ စကာင်္ပူ ကလို တော့ ချောမွတ် မနေရှာဘူး။

    ချစ်မမ
    အရိုင်းပန်းလေးတွေ က မမ တို့ရဲ့ ဒီက မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ဒီက။
    ကလောတို့ မေမြို့တို့ ရဲ့ ရာသီ က ဒီက နွေဦးပေါက်နဲ့ တူတာမို့ ပန်းပွင့်တာ တွေလဲ ဆင်နိုင်တယ် တွေးမိတယ်။

    .ဒေါ်လေး ရေ
    ဟုတ်တယ်။ ကျွန်မလဲ အဲဒါကို သတိထားမိတယ်။
    ငု နဲ့ ပိတောက် မှာ
    ပိတောက် က အနံ့သင်းသင်း ဘဲ ရှိလို့လား၊ ခဏ ဘဲ ထွက်လာလို့ တန်ဖိုး ထားကြလား၊ ပန်လို့ ရလို့လား တော့မသိ။
    တကယ်တော့ ငု တွေ က ပိုပြီးခံတာ။
    ဒါပေမဲ့ မပန်ကြ ၊ ဘုရားမတင်ကြတာ ပန်ဖို့ တင်ဖို့ အဆင်မပြေ တဲ့ ရိုးတံ ပျော့လေးတွေ ကြောင့်ထင်ရဲ့။
    . ဒေါ်လေး ရဲ့ အတွေးလေး တွေ ဒီလောက်ကောင်းတာ၊ စာ ရေးတင်ပါဦး။ :-))
    အတွေးလေး ကို ကြိုက်လို့ အစိမ်းချယ်လိုက်တယ်။

    Reply

  • ​ဒေါ် လေး

    May 18, 2015 at 1:59 pm

    အရီးလတ်​​ရေ
    ကျွန်​မက စာ​ရေးဘို့အတွက်​ အချိန်​မ​ပေးနိုင်​တာ​ရော
    စာ​ရေးပျင်​းတာ​ရော​ကြောင်​့ စာ​တွေဘဲဖတ်​ဖြစ်​​နေတယ်​
    ဒါနဲ့ သူကြီး​ပြောတဲ့ အကြံကို ​ထောက်​ခံပါတယ်​

    Reply

  • Mike

    May 18, 2015 at 2:14 pm

    .ငုဝါကလည်းပွင့်ရင်ပင်လုံးကျွတ်ဆိုတော့..တော်တော်လှတယ်
    .စိန်ပန်းတွေလည်းပင်လုံးကျွတ်ပွင့်တော့တမျိုးလှတာပဲ

    Reply

  • Alinsett @ Maung Thura

    May 18, 2015 at 2:30 pm

    မစားဖူးပေမယ့်.. ပန်းတွေကို ကျနော်ဆာတယ်တဲ့…
    တာရာမင်းဝေရဲ့ ကဗျာစာသားတစ်ခု….
    သတိရသွားတယ်..
    စားလို့ရတဲ့ပန်းထဲမယ်..ဂေါ်ဖီပန်းအပြင် ဘာရှိသေးလဲ…
    :k:

    Reply

  • weiwei

    May 19, 2015 at 3:41 pm

    ပန်းတွေကိုမှ စားတဲ့ ကြောင်တစ်ကောင်အကြောင်း ကြည့်ဖူးတယ် ..
    အသားငါးနဲ့ ပန်းနဲ့ တစ်ပန်းကန်စီ ချထားပေးရင်တောင်မှ ပန်းကိုပဲ မြိန်မြိန်ရှက်ရှက် စားတတ်တဲ့ ကြောင်လေးတစ်ကောင် .. ထူးဆန်းတယ် ..

    Reply

    • ကြောင်ဝတုတ်

      May 19, 2015 at 4:48 pm

      အခုတလော ပန်းတွေကြိုက်နေတယ်….

      ခင်မင်လျက်-
      ဖက်ဖက်ကက်

      Reply

  • manawphyulay

    June 16, 2015 at 1:59 pm

    ပုံအကြွေးတွေ လာကြည့်သွားပါတယ်။ နွေဦးအရိုင်းလေးများဆိုပေမယ့် မျက်စိထဲတော့ ယဉ်နေသလိုပါပဲ….

    Reply

  • aye.kk

    June 17, 2015 at 11:23 am

    မလတ်ရေ
    အရိုင်းတို့(၄)က၊ဒီဒေသမှာတွေ့ရတဲ့
    မယ်လခွပ်ပင်နဲ့တူလိုက်တာ၊အဲဒီနီနီအသီလေးတွေက
    စားကြည့်ရင် တအားချိုတယ်၊ယောင်းမကယပက်လက်ကနေ
    အိမ်လာလည်တော့၊မယ်လခွပ်ပင်က အသီးသီးနီနီလေးတွေကို
    အားပါးတရခူးစားတယ်၊ အံ့ဩစရာကေါင်းလှတာက၊အဲလောက်ချိုတဲ့ မယ်လခွပ်သီးက
    သွားဖုန်းနာ၊သွားကိုက်နာကိုပျောက်စေတယ်တဲ့။ဒီမှာတော့မယ်လခွပ်အသီးကိုဘယ်သူမှမစားကြဘူး။
    ငှက်ကလေးတွေပဲ အုပ်လိုက်ပျံလာပြီးစားကြတယ်။ ယောင်းမပြောပြတော့မှအဲဒီမယ်လခွပ်အသီးနီနီလေးတွေကို
    ဆေးဖက်ဝင်မှန်းသိလိုက်ရတယ်၊မလတ်ရဲ ့အရိုင်းပန်းလေးတွေကချစ်စရာကေါင်းတယ်၊အရင်မိဘတွေအိမ်မှာနေစဉ်တုန်းက
    ခြံဘေးတလျှောက်မှာ အရိုင်းပန်းပင်လေးတွေကပ်ပြီးပေါက်ကြတယ်၊သိတ်လှတယ်၊လှသလောက်အဆူးတွေနဲ့မကင်းဘူး။
    အဆူးကလဲထိတာနဲ့တင်အဆိပ်အရမ်းတက်တယ်။အရိုင်းပန်းလှလှလေးတွေကိုအဖေက ပေးမခူးတော့ငိုပွဲဆင်ရတာအမောပါ…။

    Reply

Leave a Reply to Ma Ma Cancel Reply

Your email address will not be published.