ဦးအောင်တို့ငယ်ငယ်တုန်းက – ၂

SawAungApril 25, 20151min018

ကျွန်တော်တို့ ငယ်ငယ်တုန်းက ရိုးရာကစားနည်း ကစားနည်းတွေဟာ ကဗျာလေးတွေ စာလေးတွေနဲ့ ဆိုတာ သတိထားမိခဲ့ကြတယ်။ ရိုးရာကစားနည်းလို့ပဲ ခေါ်ကြမှာပေါ့။ အခေါ်အဝေါ်တွေကလည်း မြန်မာဆန်ဆန်မို့။ ကဗျာချိုး စာချိုးလေးတွေနဲ့မို့ ချစ်စရာလည်းကောင်းခဲ့ကြပါတယ်။ များသောအားဖြင့် တစ်ယောက်နှစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ကစားနည်းတွေ ပိုများတာမို့ အချင်းချင်းပိုမိုရင်းနှီးစေဖို့ ဆိုတာမလွဲပါဘူး။ ဉာဏ်စမ်းကစားနည်းတွေရှိသလို သည်းထိတ်ရင်ဖိုကစားနည်းတွေလည်းရှိခဲ့ကြပါတယ်။ ပျော်စရာကစားနည်းလည်းရှိသလို ညဘက်တွေမှာ လမ်းမအလယ် ဒါမှမဟုတ် လယ်ကွင်းအလယ်တွေမှာ လသာသာလရောင်နဲ့ ကစားဖို့ အသင့်တော်ဆုံး ကစားနည်းတွေလည်း အများအပြားပါ။

ဒါကြောင့်လည်း သူငယ်တန်းဖတ်စာမှာတောင်

ညအခါ လသာလသာ

ကစားမလား နားမလား ။ ဆိုတဲ့ သင်ခန်းစာတောင် ဆိုခဲ့ကြသေးတယ်လေ။ တွေးရင်းနဲ့ ငယ်ငယ်တုန်းက ပျော်ပျော်ပါးပါး ကစားခဲ့ရတဲ့ ကစားနည်း (၁)ခုကို သတိရမိပြန်ရော။ ငယ်ငယ်တုန်းတော့ လရောင်အောက်မှာ ဆော့ခဲ့ရတဲ့ အချိန်တွေပေါ့။ အခုတော့ ပတ်ဝန်းကျင်က ကလေးတွေ ဆော့တာတောင် သိပ်မတွေ့ရတော့သလိုပဲ။

စာကလေး စာကလေး (အဖွဲ့လိုက်ကစားနည်း)

စာကလေး စာကလေး ကတော့ အဖွဲ့လိုက်ကစားရတာပါပဲ။ အနည်းဆုံးငါးယောက်ရှိမှ ကစားရတာ အဆင်ပြေပါတယ်။ ငါးယောက်အထက်များလေး ပိုပျော်စရာကောင်းလေပါပဲ။ လိုက်တဲ့သူကတော့ တစ်ယောက်တည်းပါ။ တစ်ယောက်တည်းကနေ နောက်ထပ်လိုက်တဲ့သူကို မိအောင်ဖမ်းရမှာပါ။ စာကလေးစာကလေး ကစားနည်းလေးဟာ အပြန်အလှန် ကဗျာလေးတွေလိုရွတ်ရတာဟာလည်း ပျော်စရာ ကောင်းပါတယ်။

လိုက်တဲ့သူကလွဲလို့ ကျန်တဲ့သူအားလုံး ဆောင့်ကြောင့်ထောင်ကာ အစဉ်လိုက် တစ်ယောက်ဂုတ် တစ်ယောက်ကိုင် ရှေ့နောက်အစဉ်လိုက်စီပြီထိုင်နေရပါမယ်။ လိုက်တဲ့သူကတော့ သူတို့ရှေ့က မတ်တပ်ရပ်ပြီး မေးရပါတယ်။ မေးတဲ့စာသားကလည်း ကဗျာလေးလို အလိုက်အထိုက်လေးနဲ့ပါ။

sar
အစဉ်လိုက် စီရီပုံ

 

 

လိုက် – စာကလေး စာကလေး

အဖွဲ့ – ကျွိ ….ကျွိ …..ကျွိ

လိုက် – နင်ဘယ်ဘက်ကို ယိမ်းမလဲ

အဖွဲ့ – ညာဘက်ကိုယိမ်းပါမယ်။

လိုက် – စာကလေးစာကလေး

အဖွဲ့ – ကျွ….ကျွိ…ကျွိ

လိုက် – နင်ဘယ်ဘက်ကို ယိမ်းမလဲ

အဖွဲ့ – ဘယ်ဘက်ကိုယိမ်းပါမယ်။

လိုက် – စိန်ခေါ်ပြီလား။

အဖွဲ့ – ခေါ်ပြီ။ ပြီးတာနဲ့ လိုက်တဲ့သူဟာ အစဉ်လိုက် ဆောင့်ကြောင့်ထိုင်နေတဲ့ အတန်းကို ဘယ်ဘက်ကလိုက်လိုက် ညာဘက်လိုက်လိုက်နဲ့ ဟိုဘက်ဒီဘက် လိုက်ရပါတော့တယ်။ ပြေးတွဲအဖွဲ့ကလည်း လိုက်တဲ့သူ ညာဘက်ဆို ခေါင်းတွေကို ညဘက်ကိုယိမ်းရပါတယ်။ လိုက်တဲ့သူက ဘယ်ဘက်ဆို ခေါင်းတွေကို ညာဘက်ကို အစဉ်လိုက်ယိမ်းရပါတယ်။ ယိမ်းတာ နောက်ကျတဲ့ခေါင်းကို လိုက်တဲ့သူက ပုတ်မိပြီဆိုရင် အဲသည်သူက လိုက်တဲ့အလှည့်ပါ။ လသာသာမှာဆော့ခဲ့ရတဲ့ ကစားနည်းလေးဟာ ပျော်စရာပါပဲ။ ဦးအောင်လည်း ပြန်တွေးရင် ဆော့ချင်မိပါရဲ့။

 

လေးစားစွာဖြင့်

ဦးအောင်မိုးသူ

 

18 comments

  • ခင်ဇော်

    April 25, 2015 at 10:36 am

    ရွှေစွန်ညိုနဲ့ ဆင်သလို ရှိပေမယ့်
    ဒါကပြေးးလို့ မရ..
    ခေါင်းးလေ့ကျင့်ခန်းးမို့
    ကိုယ်တွေ ခုတောင် ကစားးသင့်… !!!
    :k:

    Reply

    • အောင် မိုးသူ

      April 25, 2015 at 10:39 am

      ရွှေစွန်ညိုနဲ့ ဆင်တယ်လေ။ သူက ဆောင့်ကြောင့်ထိုင်ယိမ်းရတာ။ ရွှေစွန်ညိုက ရှေ့ကကာတဲ့သူ သက်သက်ရှိတယ် သူက မရှိဘူး။

      Reply

    • Mr. MarGa

      April 25, 2015 at 10:39 am

      ဝှားးးး ဘာလို့ ဂျီးဒေါ်ကွန်မန့်က အရင်တက်ရသတုန်းးးးး
      :byee: :byee:

      Reply

      • အောင် မိုးသူ

        April 25, 2015 at 10:42 am

        ကိုးနက်ရှင်ကွာတယ်လေ…………..။ ဂျီးဒေါ်က ဖက်စ်ပဲ ချင်ကြားပူကဆိုတော့။ ခိခိ။

        Reply

  • Mr. MarGa

    April 25, 2015 at 10:36 am

    ဒီကစားနည်းတော့ တကယ်မသိ
    ရွှေစွန်ညိုနဲ့ ဆင်သလိုလို 🙂

    Reply

    • အောင် မိုးသူ

      April 25, 2015 at 10:40 am

      နည်းနည်းလေး ဆင်တာ။ ရွှေစွန်ညိုက ကာတဲ့သူက ခေါင်းဆောင်နဲ့ မယ်ထွေးလေးပါတယ်လေ။ သူက အကုန်လုံး တစ်ပြေးတည်း။ 🙂

      Reply

  • Alinn Z

    April 25, 2015 at 2:59 pm

    ယင်မနားလုပ်တမ်း အဲလေ. . . လင်မယားလုပ်တမ်း ဇဂါးနည်းလည်း အပါဝူးးး

    :mrgreen:

    Reply

    • အောင် မိုးသူ

      April 27, 2015 at 11:49 am

      ယင်မားလုပ်တိုင်း နီပဲကစား။ ဒညင်းဝက် တော်တော်ယွနေတယ် ဟုတ်လား။

      Reply

  • lu lu

    April 25, 2015 at 6:43 pm

    လသာသာ ည မှာ ထုတ်ဆီးထိုး ကစားခဲ့တာကိုတော့ ခု ချိန်ပြန်ပြီးလွမ်းမိပါရဲ ့ငယ်ငယ်တုန်းကပေါ့
    🙂

    Reply

  • မြစပဲရိုး

    April 26, 2015 at 4:04 am

    ဘကြီးအောင် ရဲ့ စီးရီး က အရီးတို့ ရဲ့ ငယ်ဘဝ လွမ်းချင်းဖြစ်တော့မှာ အသေအချာဘဲ။
    အမှတ်(၁) က ကစားနည်း တွေ က သိတာများတယ်။
    ဒီ စာကလေး ကစားနည်း ကိုတော့ မသိဘူး။
    အတော် မှား မဲ့ ကစားနည်းဘဲ။
    ရွာထဲမှာတော့ ဒါကို ကစား ရင် မြစာကလေး ဆီ က ခွင့်တောင်းရမဟေ့။
    ကြက်ပျံ ငှက်ပျံ ကလဲ လူတွေ ကို ယောင်ပြီ မှားအောင် လုပ်ရတဲ့ နည်းဘဲ။
    :))

    Reply

  • Ma Ma

    April 27, 2015 at 3:46 pm

    ဒီထိုးတမ်း ကစားတာရောသိသလား။
    အခေါ်အဝေါ်တူသလားတော့ မသိဘူး။
    အဲဒီကစားနည်းက လူအများကြီး ကစားလို့ရတယ်။

    လိုက်တဲ့သူ တစ်ယောက်က ဒီ……… လို့ အဆက်မပြတ်အော်ပြီး လိုက်ဖမ်းရတယ်။
    မအော်နိုင်ရင် တိုင်မှာ ပြန်နားရတယ်။
    မအော်တဲ့အချိန်မှာ သူ့ကို ပြေးသူက ပြန်ဖမ်းနိုင်လို့ လိုက်သူ ဘဝက မလွတ်တော့ဘူးပေ့ါ။

    တချို့တလေကတော့ လူလည်လုပ်ပြီး အဝေးကြီးအထိ လိုက်ဖမ်းတယ်။
    မအော်နိုင်တဲ့အချိန်ကျမှ တိုင်ကို အမြန်ပြန်ပြေးတယ်။

    အဲလိုလုပ်တတ်တဲ့သူဆို ပြေးတဲ့သူက အရမ်းမပြေးပဲ သူမအော်နိုင်ပဲ တိုင်ကို ပြန်မယ့်အချိန်ကို စောင့်ပြီး ပြန်ဖမ်းကြတာ။

    အဲလို အဝေးကြီးထိ လွတ်အောင်မပြေးလို့ လိုက်သူ အော်နိုင်တုန်းအချိန်မှာ ဖမ်းမိပြီး လိုက်သူလုပ်ရတာလည်း ရှိသေးတယ်။ :k:

    Reply

    • အောင် မိုးသူ

      April 27, 2015 at 3:50 pm

      ဒီထိုးတမ်း သိတာပေါ့။ ဓာတ်တိုင်မရှိရင် သစ်ပင်တွေကို ဖက်ထားရတာ။ ဒီ…………လို့ အော်ရတာလည်း အမောပဲ။ ညဘက်ဆို အဲသည်ကစားနည်း ကစားပြီ။ း)

      Reply

  • Mike

    April 27, 2015 at 4:06 pm

    .စာကလေးကစားနည်းတော့ သိဘု :n:

    Reply

    • အောင် မိုးသူ

      April 27, 2015 at 4:32 pm

      စာကလေး စာကလေးကို တော်တော်များများမသိကြဘူးနော်။

      Reply

  • naywoon ni

    April 29, 2015 at 10:02 pm

    ငယ်​ငယ်​က ၁၄/၁၅ နှစ်​​လောက်​က ​ကောင်​မ​လေး​တွေနဲ့ ညအခါ လသာသာမှာ ထုတ်​ကြမ်​းတိုးဖူးတာပဲ လွမ်​း​နေ​သေး​တော့ ။ ထုတ်​ကြမ်​းတိုးတယ်​ဆိုတာ တိုးတဲ့သူကို မိတဲ့သူက လွတ်​မသွား​အောင်​ အတင်​း​ပွေ့ထားရတာ ။ တိုးတဲ့သူကလည်​း လူမမြင်​ခင်​လွတ်​​အောင်​ရုန်​းရတာ ။ ဆို​တော့ကာ အားလုံး ​ထွေးလုံးရစ်​ပတ်​ 🙂

    Reply

  • uncle gyi

    April 29, 2015 at 10:34 pm

    လိပ်ဥဖွက်လိုက ်အုန်းလေကိုမိုးရဲ့

    Reply

Leave a Reply to Mr. MarGa Cancel Reply

Your email address will not be published.