ဦးရုက္ခစိုး၏ ဗိမ္မာန်ကို လေ့လာခြင်း Tree

အတွေးတခု ခေါင်းထဲရောက်နေတာ ကြာပါပြီ။ ဘာလဲဆိုတော့ သစ်ပင်ကြီးတွေအပေါ်မှာ ရုက္ခစိုးတွေက ဗိမ္မာန်ဆောက်နေကြလေ့တယ်လို့ မှတ်သားဖူးပါတယ်။ သူတို့ဟာ စတုမဟာရာဇ် နတ်နွယ်ဝင်တွေဖြစ်ပြီး အသက်ဟာ လူ့သက်တန်းနဲ့ ရေတွက်ရင် အနှစ် ကိုးသန်း သုံးသိ်န်းရှည်တယ်ဆိုလား စာထဲမှာဖတ်ဖူးပါတယ်။ ကျွန်တော်တွေးမိတာက လူ့ပြည်က သက်တမ်းအကြာဆုံးသစ်ပင်တပင်ဟာ နှစ်တထောင်ရှိပါ့မလား။ နှစ်တသောင်းခံတယ်ပဲထားအုံး သူ့သက်တန်းစေ့ရင် ပျက်မှာပဲ။ အဲဒီတော့ နတ်တွေကဘယ်သွားနေကြလဲ။ သူတို့က တခါသစ်ပင်မှာ နေခွင့်၊အိမ်ဆောက်ခွင့်ရပြီးရင် နတ်သက်ကြွေတဲ့အထိ မူလသစ်ပင်ရှိရှိ၊ မရှိရှိတနည်းတဖုံနဲ့ ဆက်လက်ရပ်တည်လို့ရကြလို့လား။ အိမ်စောင့်နတ်တို့၊ ရွာစောင့်နတ်တို့ကတော့ လူတွေရဲ့ဘုန်းကံကြောင့်ဖြစ်လာတယ်ဆိုရင်တော့ ထားပါတော့။ မိတ်ဆွေတို့အနေနဲ့ သိရင် နည်းနည်းလောက် မျှပါလို့ တောင်းပန်ပါစေ။

4 comments

  • kai

    August 22, 2010 at 9:34 am

    စတုမဟာရာဇ်နတ်ပြည်က နတ်ဘုံတွေရဲ့အောက်ဆုံးမှာလို့ ထင်တယ်။
    နတ်ဘုံတွေရဲ့ ဘုံအဆင့်ဆင့်က လူ့ပြည်နဲ့ အချိန်မတူပါဘူး။
    စတုမဟာရာဇ်နတ်ပြည်တရက် လူပြည်နှစ်၅ဝ စတာမျိုးတွေဖြစ်ပါတယ်။
    အဲဒီတော့ လူ့သက်တမ်း ၉သန်းချီပေမဲ့ နတ်ပြည်မှာ နှစ်၅၀ဝလောက်ဖြစ်နေမှာပါ။

    အိုင်စတိုင်းရဲ့ သီအိုရီအရ အချိန်မတူရင် အဲဒီဒြပ်ဝတ်ထုတွေဟာ အရွယ်မတူပါဘူး အလျှင်မတူပါဘူး။
    ဒိုင်မန်းရှင်းမတူပါဘူး။ ဖေါ်မြူလာကို သေသေချာချာလေ့လာချင်ရင် အောက်ကလင့်မှာကြည့်ပါ။
    http://en.wikipedia.org/wiki/Time_dilation
    ဆိုတော့..
    ရုက္ခစိုးနေတဲ့ သစ်ပင်ဟာ လူပြည်မှာရှိနေကောင်းရှိနေနိုင်ပေမဲ့ လူတွေမြင်ရတဲ့သစ်ပင်မဟုတ်နိုင်ပဲ အဲဒီနေရာမှာ ထပ်ဆင့်တည်နေတဲ့…သူ့ဒိုင်မန်းရှင်းထဲက အပင်သာဖြစ်နိုင်ကြောင်း သိသမျှလေး မျှလိုက်ပါတယ်။

    Reply

  • winne

    August 23, 2010 at 11:47 am

    တိုက်ဆိုင်လို့ ဝင်ဖောလိုက်အုန်းမယ် ကိုရီးယား ကိုရောက်တော့ ဂိုက်က တောင်ပေါ်ကို လိုက်ပြရင်းနဲ့ အပေါ်ကိုတတ်တဲ့ မိုးပျံကားလေး စီးတုန်းမေးတယ် အဲဒီသစ်ပင် မင်း ဘယ်လောက် သက်တမ်း ရှိမယ်ထင်လဲတဲ့ သိဘူး ၁၀ဝ ပေါ့လို့ ခပ်ပေါ့ပေါ့လေး ပြောလိုက်တာ သူက ၃၀ဝ လောက် ရှိပြီတဲ့။ ကိုကြောင်ကြီး ပြောတဲ့ နတ်က အဲဒီမှာ နေတာနေမှာ။ နောက်သေချာ လေ့လာပြီးမှ ပြန်ပြောမယ် စာအုပ် ရှာဖတ်လိုက်အုန်းမယ်

    Reply

    • kai

      February 10, 2017 at 2:44 pm

      အမေရိကားက စီကွားရာနဲ့.. ရက်ဒ်ဝုသစ်တောကြိုးဝိုင်းမှာဆို.. သက်တမ်း ၂၀၀၀-၃၀၀ဝ အပင်တွေ အများးးးကြီး..။
      ဘုရားမပွင့်ခင်က ပေါက်နေတဲ့အပင်ဆိုပြီးတောင်.. သစ်ခေါက်ခွာယူလာသေး..။
      (တရားဝင်တော့မဟုတ်..။ ဖယ်ဒရယ်အစိုးရပိုင်..။ ခိုးမှုမြောက်)
      အဲဒီသစ်အသားကို… ပုတီးလုပ်ပြီး..စိတ်လို့ကတော့.. ဂမ္ဘီတွေရမယ်လို့.. ထင်..။
      ( ၆နှစ်ကျော်ကြာမှာ.. ပြန်ကော်မန့်ရေးလိုက်ကြောင်း.. ဆာက္ခစိုးနတ်(ဆာဗာစောင့်နတ်) သိစေ..။ :k:

      Reply

  • Thint Aye Yeik

    February 8, 2017 at 4:24 pm

    တစ်ပင် သေသွားပေမယ့် အဲ့နားမှာပဲ နောက်တစ်ပင် ထပ်ပေါက်လာနိုင်တာပဲ။
    အဲ့နောက်တစ်ပင်မှာ ပြောင်း နေချင် နေမှာပေါ့။
    သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ စံနစ် ရှိမှာပေါ့။ Management လုပ်ပေးမယ့် နတ်အစိုးရလည်း ရှိနေတာပဲကို။

    :k:

    Reply

Leave a Reply to winne Cancel Reply

Your email address will not be published.