တတ်​သ​လောက်​ မှတ်​သ​လောက်​

naywoon niApril 18, 20151min012

တတ်​သ​လောက်​ မှတ်​သ​လောက်​

သူကြီးက လုပ်​ကြည်​့ဆို​တော့လည်​း လုပ်​ကြည်​့လိုက်​ပြီဗျာ ။ ဒါ​က ကျ​နော်​ အင်​တာတနက်​သုံးသက်​ ငါးနှစ်​အတွင်​းမှာ သိခဲ့တဲ့​တွေ့ကြုံသိကိုအ​ခြေခံပြီး
https://m.facebook.com/profile.php?id=1634906803411054&ref=m_notif&notif_t=page_new_likes&actorid=100005733100245
ဒီpage ​လေး လုပ်​လိုက်​ပါတယ်​ ။ ရွာသူရွာသားများ သွားကြည်​့ပါဦး ။ ညက လုပ်​​နေရင်​း လိုဂို​လေး လိုက်​ရှာလိုက်​တာ အင်​တာနက်​​​ဒေတာ ​တော်​​တော်​များများ ကုန်​သွား​ရော ။ သူကြီးမင်​းက သူ့သတင်​းစာကို Scribd မှာတင်​ထားသကိုးဗျ။ အဲ့ဆိုက်​က ​နေဝန်​းနီ လက်​​ရှောင်​ထားတဲ့ဆိုဒ်​ ။ သွားကြည်​့လိုက်​တာနဲ့ သတင်​းစာကမမြင်​ရ​သေးဘူး ။ သူ့ အပ္ပလီ​ကေးရှင်​း အရင်​ဆွဲခိုင်​းသဗျ ။ သူ့အပ္ပလီ မရှိပဲ မိုဘိုင်​းနဲ့ ကြည်​့မရဘူးဆိုတဲ့ သ​ဘောမျိုး ။ pdf ​တွေတင်​တာကို ​နေဝန်​းနီက mediafire.com က တင်​​ပေးတာပဲ သ​ဘောကျတယ်​ ။ ​ဒေါင်​း​လော့ဒ်​ဆွဲဖို့လွယ်​တာကိုး ။

ပြီး​တော့​စော​စောက သူကြီးတင်​ထားတဲ့ ဆိုဒ်​က အွန်​လိုင်​း​ပေါ်ပဲ ဖတ်​လို့ရတာ ။ ဒါ​တောင်​အကြာကြီး ​စောင်​့ပြီး မှ စာမျက်​နှာ တစ်​ခုချင်​း​ပေါ်လာတာ ။ လိုဂိုရတာနဲ့ စိတ်​မရှည်​​တော့ပဲ ပိတ်​ပစ်​လိုက်​​ရော ။ ပရိုဖိုင်​းက​တော့ ရွာမျက်​နှာဖုံးကိုပဲ စခရင်​​ေ ရှာ့ ယူလိုက်​တာ ။ အဲ့ဒါပြီး​တော့ မိတ်​ဆက်​စာ​လေး​ရေးဦးမှ ။ စိတ်​ကူးထဲရှိတာက​တော့ အရှည်​ကြီး​ရေးဖို့ပါပဲ ။ သို့​ပေမဲ့ အင်​တာနက်​​ဒေတာ ပြန်​ကြည်​့​တော့ ၂ဝ မီဂါ္ဂ ​လောက်​ကျန်​​တော့တယ်​ ။ ဒါနဲ့ တိုတိုတုတ်​တုတ်​ပဲ​ရေး ။ ပြီးတာနဲ့ facebook ထဲက ရှိသမျှ friend ​တွေ အင်​ဗိုက်​လုပ်​ ။ လူသုံး​လေးရာ လုပ်​ပြီးချိန်​မှာ Like ​တွေက တစ်​တုံတုံဝင်​လာ​ချေပြီ ။ အင်​ဗိုက်​လုပ်​တာ အသာထား ဒီ​နေ့ပို့စ်​တစ်​ခု​လောက်​ လင်​့​ပေးဦး​ချေမှ ​တော်​ကာကျမယ်​ ။ ဆို​တော့ ဘ​ရောက်​ဇာက​နေ ရွာထဲပြန်​ဝင်​ ။ ကိုထွန်​းဝင်​းလတ်​ ပို့စ်​က​နေ ​နောက်​ပို့စ်​​တွေ တင်​မယ်​​ပေါ့ ။ မှတ်​မှတ်​ရရ နှစ်​ဆန်​းတစ်​ရက်​​နေ့က​နေစမယ်​ ဆိုတဲ့သ​ဘောနဲ့ ။ ကိုထွန်​းဝင်​းလတ်​က မာတီပလိုင်​းမှာထဲက သိလာတာ ။ မာတီပလိုင်​း ပျက်​သွားချိန်​မှာ ရွာထဲကို​ရောက်လာ​အောင်​ ​နေဝန်​းနီပဲ ဆွဲ​ခေါ်လာတာ ဆို​လေ​တော့ သူ့လက်​ကိုသိပြီးသား ။ ဒါနဲ့ သူ့အ​ကြောင်​း နဲနဲ​လေးမိတ်​ဆက်​​ပေးပြီး လင်​့​လေး​ပေး ။ Post လုပ်​တာ​တော်​​တော်​နဲ့ မတက်​ ။ ဘယ်​တက်​ပါ့မလဲ ။ အင်​တာနက်​ ​ဒေတာမှ မရှိ​တော့ပဲ ။ ​နေဝန်​းနီ က တယ်​လီ​နော ကတ်​နဲ့ အင်​တာနက်​ ပလန်​ဝယ်​သုံးတာဆို​တော့ ပလန်​ကုန်​သွားရင်​ ဆက်​မဆွဲ​တော့ဘူး ။ ​နှေးသွား​ရော ။ ခု​တော့ မနက်​တစ်​နာရီ​လောက်​လဲရှိဘီ ။ မိုးလင်​းမှပဲ ​ဘေလ်​ထည်​့ပြီး ပလန်​ဝယ်​ထည်​့​တော့မယ်​ ။ အိပ်​မယ်​​ပေါ့​လေ ။

သူကြီးရဲ့ လုပ်​ကြည်​့​လေ ဆိုတဲ့ စာလုံးသုံးလုံးထဲနဲ့ လုပ်​ကြည်​့လိုက်​တာပဲ ။ ရွာသူရွာသား​တွေ​ကော ဘယ်​လိုသ​ဘောရသလဲ ။ page ကိုသွားပြီး friend ​တွေကို ကိုယ်​စီ အင်​ဗိုက်​လုပ်​​ပေးကြရင်​​ကောင်​းမယ်​ ။ page Like ​တွေကို ပရိုမိုးရှင်​းလုပ်​​ပေးတဲ့ page ​တွေနဲ့လည်​းအားယူမှာပါ ။ ဆို​တော့ကာ သူကြီး ​ကြော်​ငြာမဲ့ ကိစ္စ တစ်​လ​လောက်​ ​နောက်​ဆွဲထားပြီး ​စောင်​့ကြည်​့​ပေးဦး​ပေါ့ ။ ဒီနည်​းနဲ့ မထူးခြားဘူး ဆိုရင်​​တော့ ​နောက်​တစ်​နည်​း​ပေါ့​လေ ။။

​နေဝန်​းနီ
10:05 AM
2015 Apr 18

12 comments

  • ခင်ဇော်

    April 18, 2015 at 10:54 am

    Noted
    And
    Thank you

    Reply

  • naywoon ni

    April 18, 2015 at 6:04 pm

    သူကြီးက
    လုပ်​ကြည်​့​လေ ဆိုလို့ လုပ်​ကြည်​့လိုက်​တာ သူကြီးဆီ​တော့ လူဘယ်​​လောက်​ဝင်​တယ်​မသိ ။ ကျ​နော်​ဆီမှာ​တော့ ၁၈ နာရီ အတွင်​းလူတစ်​ရာ့နှစ်​ဆယ်​့ကိုး​ယောက်​ ရှိသွားပါ​ကြောင်​း 🙂

    Reply

  • မြစပဲရိုး

    April 18, 2015 at 10:12 pm

    အပြင်လူ အသစ် တွေ လဲ ရရင်ကောင်းပါတယ်။
    ကိုယ့်လူဟောင်းကြီး တွေ ကို လဲ အားလုံး ပြန်ခေါ်လို့ ရရင် အတိုင်းထက် အလွန် ပိုကောင်းမယ်လို့ တွေး ရင်း လွမ်းနေမိတာပါ အဘနီ ရာ။
    နေ့တိုင်း မဝင်နိုင်တောင် တစ်ပါတ် ကို တစ်ခါလောက် အသံလေး ပြု တဲ့ ပို့စ် လေး တွေ တင် ရင် ကိုဘဲ အတော်ဟန်ကျလှပြီ။
    စာကောင်းကောင်း ရေးသူ များ ရင် သူဟာသူ ဖတ်သူ တွေ တိုးလာမှာပါ။
    ကျွန်မ အမြင်သက်သက် ပါလေ။
    အဘနီ ရဲ့ စေတနာ ကိုလဲ လေးစားမိပါတယ်။
    တကယ်က ဖတ်သူ ထက် ရေးသူ များဖို့ လိုတာရော။

    Reply

  • ဦးဦးပါလေရာ

    April 18, 2015 at 10:41 pm

    ဒီအစီအစဉ်လေးကောင်းတယ်..
    ကိုနေကတော့ ပင်ပန်းမယ်ပေါ့…
    အခု အစီအစဉ် စ ကာစ အချိန်လေးမှာ ပိုစ့်ကောင်းကောင်း ကွန်မင့်ကောင်းကောင်းလေးတွေနဲ့ဆို
    ပိုပြီး အဆင်ပြေတာပေါ့..
    ရွာထဲက ရေးလက်ကောင်း လိုင်းစုံစုံလေးတွေ ဒီအချိန် ထပ် တက်လာစေချင်လိုက်တာ…

    Reply

    • မြစပဲရိုး

      April 18, 2015 at 10:50 pm

      ဒါဆို ကိုယ်တိုင် ပို့စ် လေး တစ်ပုဒ် တင်ပေးပါ ကိုပါ။ :))

      Reply

      • Ma Ma

        April 19, 2015 at 4:24 pm

        ရေးလက်ကောင်းကို ရှာပြီး ရေးခို်င်းနေရသေးတယ်။
        မှန်ထဲပြန်ကြည့်ရောပေ့ါ။ 🙂

        Reply

  • Alinn Z

    April 19, 2015 at 10:58 pm

    အိပ်တော့မယ်

    Reply

  • kotun winlatt

    April 20, 2015 at 5:38 am

    အဘနီရေ မန်းဂဇက်ကနေ ဖေ့ဘုတ်ပေ့စ်ကို ပို့စ်တွေ ပြန်ချိတ်ဖို့ဆိုရင်တော့ အတော်အချိန်ပေးရလိမ့်မယ် blogger မှာတော့ ပို့စ်တင်လိုက်တာနဲ့ ဖေ့ဘုတ်ပေ့စ်မှာ ရောက်အောင်လုပ်တဲ့နည်းရှိတယ် တဂျီးဆိုဒ်ကိုလည်း အဲ့လိုလုပ်လို့ရသလားတော့မသိ ကျနော်ကိုယ်တိုင် Blog နဲ့ ဖေ့ဘုတ်ပေ့ကိုတွဲကိုင်ပီး စာတွေပုံမှန်တင်နိုင်အောင်လုပ်နေရသူမို့ အဘနီရဲ့ ကြိုးစားမှုကို လေးစားပါတယ်ဗျ။

    Reply

    • kai

      April 20, 2015 at 12:15 pm

      ဟိုကလိ… ဒီကလိလုပ်လိုက်တာ… ပို့စ်တွေဖေ့ဘုတ်တက်နေပြီထင်တာပဲ..
      အဘနီကောင်းမှု.. ကြိုးစားတုသည်။
      နတ်လူသာဓုခေါ်စေ..သော်ဝ်..။
      https://www.facebook.com/myanmar.gazette

      Reply

      • Mr. MarGa

        April 20, 2015 at 2:07 pm

        ဖေ့ဘုတ် တွစ်တာ linkedin အကုန်​တက်​ရဲ့
        အဲ ဒါနဲ့
        ဘဂျီး personal timeline မှာပဲ တက်နေမှတော့
        ညာဘက်ဘေးက page က ဟန်ပြလုပ်​ထားတာလား ငင်
        အခွံကြီးဖြစ်နေတယ်
        :k:

        Reply

  • Mike

    April 22, 2015 at 3:00 pm

    .အော်…ဒါက ကိုနေဝန်းနီလုပ်ထားတာလား..ကောင်းပါလေ့..ဗရာဗိုပါဗျား :))

    Reply

  • manawphyulay

    April 23, 2015 at 9:41 am

    မနောကတော့ အပြင်မှာ ဆိုက်တစ်ခုသတ်သတ်လုပ်ပြီး ပုံတွေနဲ့ PDF စာအုပ်တွေကို သီးသန့်တင်တာတော့ လုပ်ဖြစ်တယ်။ ကိုယ်ပိုင်ဝက်ဆိုက်တွေလည်း ခုတော့ အသက်မဝင်တော့ဘူး။ ဆက်မလုပ်နိုင်တော့လေ။ ဖေဘွတ်ကလည်း အခုမသုံးဖြစ်တာ ကြာပြီ။

    Reply

Leave a Reply

Your email address will not be published.