ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြား အသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်း

badbabylay09@gmail.comAugust 21, 20101min02

(၁၉၄ရ မတ်လ ရ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြား အသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်း မှ ကောက်နုတ်ချက်)   ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူး ရှင်းပြနေစရာ မလိုပါ။ ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံး သင့်သည့် အချိန်တွင် တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်းမ ရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန် ခဲ့သည်။  ကျနော့်အတွက်မှာဆိုလျင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာ မျှ ထူးခြားခြင်း မရှိပါ။ လူထု လွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို ကြည့်သုံးသွားမည်။  လူထုလွတ်လပ်ရေးအတွက် လက်ရုံးရည်ကို အသုံးပြုသင့်သည့် အခါမှာ ကျနော်၏ အသက်ကို စွန့်ရမှာ ကြောက်ပြီး လူထုကို လမ်းလွဲမပြခဲ့သလို လူထုလွတ်လပ်ရေးအတွက် နှလုံးရည်ကို အသုံးပြုသင့်သည့် အခါ မှာလည်း ပါးစပ် တော်လှန်ရေးသမား၊ စက္ကူတော်လှန်ရေးသမား၊ ဂမူးရှုးထိုးသမားများ၏ ကဲ့ရဲ့ ရှုတ်ချခြင်းကို ကြောက်လန့်တုန်လှုပ်ပြီး လူထုကို ဂျောက်မတွန်းခဲ့ပါ။  လက်ရုံးရည်ကိုသော်၎င်း၊ နှလုံးရည်ကိုသော်၎င်း လူထုလွတ်လပ်ရေးအတွက် အတိအကျသုံးရန် သင့်သည့် အချိန်အခါတွင် ဘာကိုမျှ မထောက်ထားဘဲ၊ လူထုကို တပတ်ရိုက်မနေဘဲ တော်ဖြောင့်မှန်ကန်စွာ အသုံးပြု သွားမည်ကို စိတ်ချ ယုံကြည်ကြပါ။  (မိမိကိုယ်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်နေကြသူများ ဆင်ခြင်ဖို့နဲ့ မိမိကိုယ်ကို ဆန်းစစ်ကြဖို့ပါ။ တိုင်းပြည်က လိုအပ်ချိန်မှာ ပြည်သူလူထုက မျှော်လင့်တာ ဗိုလ်ချုပ်ကဲ့သို့ ပ

2 comments

  • မန်း ရိပ်

    August 22, 2010 at 3:42 am

    ဗိုလ်ချုပ်အောင်ဆန်းလို၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းလိုလုပ်တဲ့ ခေါင်းဆောင်မျိုး နိုင်ငံကိုဦးဆောင်မယ်ဆိုရင် အဲဒီနိုင်ငံ ခဏအတွင်းတိုးတက်လာမှာသေချာတယ်

    Reply

  • shwebagan

    February 19, 2012 at 2:39 am

    ဖတ်ရတါ သိပ်ကျေးဇူးတင်တယ်

    Reply

Leave a Reply to shwebagan Cancel Reply

Your email address will not be published.