( စိုးရိမ်မိတယ် ကလေးရယ် )

     လာမယ့် နက်ဖြန် သဘက်ခါ

မကြာတော့တဲ့ ချိန်အခါ

သင်္ကြန်ဆိုတာ လာတော့မယ် ၊

ကညာနော့ပျိုရွယ်များ

တင်ထားတဲ့မောင်းတွေ

လောင်းလိုက်တဲ့ရေတွေကြားမှာ

ယမကာကတစ်ဖက် အိုက်စ်တစ်ဖက်နဲ့

ပျက်ခဲ့ရဘဝတွေ တွက်ရေလို့မဆုံး

ဘယ်သူရှုံးသလဲ ? ဘယ်သူပုန်းမလဲ ?

ဝုန်းကနဲတစ်ခဏမှာ ဗုန်းဗုန်းလဲကျခဲ့တဲ့အပျိုစင်ဘဝ

ငိုချင်ရုံနဲ့လည်းပြန်မရ

စံရခဏ ခံကြတစ်သက်

အပျော်က အပျက်ဖြစ်

နှစ်ကအသစ်ကိုကူး မင်းကတော့အရူး

မထူးဇာတ်မှာနစ်သူတွေလည်းရှိ

ပြန်ကြည့်တော့ ကောင်းကွက်မရှိ

အကြောင်းဆက်ကြည့်တော့ သင်္ကြန်ဆိုတာ

ပျိုကညာတွေ အိုစရာနွေဖြစ်လာ

ချစ်စရာကလေးရေ

ညစ်ထေးလေတဲ့ဘဝဟာ

ဘာနဲ့မှ အစားထိုးမရသမို့

သတိထားလို့ဖြင့် ပျော်စေချင် ။

8

8 comments

  • Alinn Z

    April 7, 2015 at 3:11 pm

    ဘယ်သူ ပုန်းပုန်း မပုန်းပုန်း… ကျနော်ကတော့ ရန်ကုန်ကနေ ပြေးထွက် ရှောင်ပုန်းမယ်…
    သဂျန်တွင်းးးး သံလွင်မြစ်ကမ်းစပ်မှာ ထန်းရည်စစ်စစ်ကလေး ဘေးချပြီး..
    မြစ်ရေထဲ ခြေဆင်းထိုင်ပါမယ်..
    ဒေါနတောင်တန်းကြီးများရဲ့ အရိပ်အောက်မှာ သံလွင်ချော့တဲ့ တေးနဲ့…
    ငြိမ်းချမ်းစွ ာအိပ်စက်ပါမယ်..

    😆

    Reply

  • တောင်ပေါ်သား

    April 7, 2015 at 3:22 pm

    ငါကလည်း ဧရာဝတီဒုတိယမြစ်ကျဉ်းနားက စင်းခန်းရွာကလေးမှာ

    မငြင်းတန်းခေါင်ရည်လေးရယ် ငါးသိုင်းကင်လတ်လတ်ဆတ်ဆတ်ရယ်

    စကားမပိတပီကချင်မလေးရယ် အေးဆေးပေါ့ကွယ် 🙂

    Reply

  • naywoon ni

    April 7, 2015 at 6:42 pm

    ကျုပ်​က​တော့ ဘယ်​သူ့အတွက်​မှ မစိုးရိမ်​ပါဘူး ။ ကိုယ်​့အတွက်​ကိုပဲ စိုးရိမ်​တယ်​ ။ မဟုတ်​ရင်​ သီးမခံတတ်​တဲ့ ဗီဇ ​ကြောင်​့ သင်္ကြန်​ဆို အပြင်​မထွက်​တာများတယ်​ ။ 🙂

    Reply

  • ခင်ဇော်

    April 7, 2015 at 8:02 pm

    သင်္ကြန် နှစ်ဦး တူးပိုု့ တူးပိုု့…. တူးမာ ရဲ့ နော်ဗျာ….

    သင်္ကြန် မယ်များ….မူးလိုု့ ကွဲလိုု့…အကုုန်ဖေါ်တယ်ဗျာ…။

    မျိုးစောင့် ကိုုကိုု ကြည့် မဝသေးလိုု့….

    သာယာနေပြန်တာ….။

    နောင်နှစ်မှာလည်း မျိုးစောင့် အုုံးမတဲ့….

    အာပလာတွေပါ….။

    Credit to San Maung (Scuba Som)

    Reply

  • lu lu

    April 8, 2015 at 9:59 pm

    သက်တမ်းကုန်လို ့သေတော့မယ်သင်္ကြန် တခါမှမလည်ဖူးဘူးး
    :buu:

    Reply

  • Ma Ei

    April 10, 2015 at 2:41 pm

    ပုံထဲက ကလေးမ ဆိုးဝါးချက်
    အကောင်းတော့ ဟုတ်မယ်မထင်
    အကောင်းဆိုလဲ ကောင်းမယ် မထင်တော့…

    Reply

  • မြစပဲရိုး

    April 13, 2015 at 2:37 pm

    ကိုမျိုး
    နွယ် ဇာတ်လမ်း က ဘယ်လိုလဲ။
    ဇာတ်ပေါင်းခန်း မှာ ပေါင်းရသည်ဖြစ်စေ၊ မပေါင်းရသည် ဖြစ်စေ Happy Ending ဖြစ်ပါစေရှင်။

    ကဲ ချင် သူများ အတွက်တော့ ၁၂ရာသီ ပွဲ ရှိနေတော့ တာမို့ သင်္ကြန် ဆိုတာလဲ နာမည် ပျက်ရှာခဲ့ပြီ။
    ဒီနှစ် ကွန်ဒုံ နဲ့ တားဆေး တွေ ရောင်းတာ တား သတဲ့။
    ဒီတော့ ကဲ တာ ရပ် မတဲ့လား။
    မိန်းကလေး များ အတွက် အမျိုးစောင့် သူရဲကောင်း ကြီး ဒီလို နေရာမှာ အသံတိတ်နေပေါ့။

    Reply

Leave a Reply

Your email address will not be published.