အီးယူအဖွဲ့က Google Street View နှင့်ပတ်သတ်၍သတိပေးခြင်း

notsyntheticsMarch 15, 20101min01

ဥရောပယူနီယံ (EU)မှ Privacyဆိုင်ရာ အချက်အလက် လေ့လာစောင့်ကြည့်ရေး တာဝန်ရှိသူများက Google အနေနှင့် Street View အတွက်
မြို့တော်များ၏ နေရာအနှံ့တွင် ကင်မရာရိုက်ကူးမှုများ မပြုလုပ်မီ လူထုကို
ကြိုတင်အသိပေးရန် သတိပေးလိုက်ကြောင်း သိရသည်။ Google၏ မြေပုံစနစ်ဖြစ်သော
Street View မှာ Privacy ဆိုင်ရာ အငြင်းပွားမှုများနှင့် ယခင်ကတည်းက မကြာခဏ
ကြုံတွေ့နေခဲ့ရပြီးဖြစ်သည်။ ကယ်လီဖိုးနီးယားတွင် အခြေစိုက်သည့် Googleက
၎င်းတို့သည် ကင်မရာများကို စတင်ရိုက်ကူးခါနီးတိုင်း ဝက်ဆိုက်တွင်
Notification ပြုလုပ်လေ့ရှိကြောင်း ပြောဆိုထားသည်။

EUက Google အနေနှင့် ၎င်းတို့ရိုက်ကူးသော ဓာတ်ပုံများအတွက် တရားမျှတမှုနှင့် Privacy လုံခြုံမှုများကို တာဝန်ယူပေးရမည်ဟုလည်း
တောင်းဆိုထားသည်။ Googleသည် Street Viewကို (၂၀၀၇)ခုနှစ်က အမေရိကန်တွင်
ပထမဆုံး စတင်ခဲ့ပြီး လမ်းကြိုလမ်းကြားပါမကျန် Real-Lifeပုံရိပ်များကို
ရိုက်ယူခဲ့သည်။ သို့သော်လည်း အထူးပြုလုပ်ထားသော Software များ အသုံးပြုကာ
ကားလိုင်စင်နံပါတ်များ၊ ဓာတ်ပုံအတွင်းရှိ လူများ၏ မျက်နှာများကို
ခပ်ဝါးဝါး ပြုလုပ်ကာ Privacy အတွက် ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ Google သည်
အဆိုပါ Street View ကို ဥရောပတွင်လည်း အကောင်အထည် ဖော်ခဲ့ပြီးနောက်
ကန့်ကွက်မှုများ မြင့်တက်လာခဲ့သည်။ ထိုကိစ္စအတွက် Googleအား ဂရိ၊
ဂျာမန်နှင့် ဗြိတိန်တို့က ကန့်ကွက်သတိပေးမှုများ ပြုလုပ်ပြီးဖြစ်သည်။
EUတရားရေးကော်မရှင်နာ ဗီဗီယန်ရီူဒင်းက EU အနေနှင့် Privacy ဆိုင်ရာ
အချက်အလက် ထိန်းသိမ်းမှုကို မြင့်မြင့်မားမား သတ်မှတ်ထားကြောင်း၊ Googleသည်
Street View အတွက် ယင်းစည်းမျဉ်းများနှင့် ကိုက်ညီအောင်
အာရုံစိုက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

www.mpeimoscow.ning.com မှဖေါ်ပြသည်

One comment

  • susunosuki

    April 18, 2010 at 3:52 pm

    လူထုအတွက် ကတော့ဒီကိစ္စ ဟာ မီးစ တဖက် ရေ မှုတ်တ ဖက်ပါပဲ
    တဖက်က မြေပုံကို လွယ်လွယ် ကူကူ ရှာနိုင်တာကောင်းသလို
    တဖက်က အဖျက်သမား လူရမ်းကားတွေရဲ့ရန်ကို ကြောက်ရတယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.