ဇာတ်​​မျော

naywoon niMarch 12, 20151min05

ဇာတ်​​မျော

ပြဇာတ်​ဒါရိုက်​တာက
ဇာတ်​ညွှန်​းကိုကြိုတင်​​ရေးမထားဘူး
အဲ့သည်​့​တော့
ကြိုတင်​ဇာတ်​တိုက်​ထားချိန်​လဲမရှိဘူး​ပေါ့
ပြဇာတ်​ခွင်​ထဲ​ရောက်​မှ ဇာတ်​ရုပ်​ချ
ဇာတ်​လိုက်​က ဗီလိန်​ဖြစ်​လိုဖြစ်​
ဗီလိန်​က ဇာတ်​လိုက်​ဖြစ်​လိုဖြစ်​
ကလိမ်​ကကျစ်​နဲ့ ​နေရာဝယ်​သူဝယ်​
တစ်​ကယ်​့ကို စိတ်​ညစ်​စရာကြ်​ီးပါ့ ။
သူစိတ်​မထင်​ရင်​
(ပြဇာတ်​ဒါရိုက်​တာ​ပေါ့ )
ကန်​့လန်​့ကာ ချချပစ်​
ဒီတစ်​ခန်​းပြီးပြီတဲ့
သရုပ်​​ဆောင်​​နေတဲ့ သူ​တွေခမြာ
အခုမှ မုဒ်​ ဆိုတာ​လေးဝင်​တုန်​း
ငိုရအခက်​ ရီရလဲအခက်​
( ပြဇာတ်​ က​နေတုန်​း​လေ )
​နောက်​တစ်​ခန်​းအတွက်​
အိုဗာချာ တီး​နေတုန်​း
ဇာတ်​ရုပ်​ချ ( မြန်​မြန်​ )
ဇာတ်​ညွှန်​းခွဲ ( မြန်​မြန်​ )
ပြီးရင်​ ကန်​့လန်​့ကာပြန်​တင်​
ဘယ်​က ပြန်​စရမှန်​းမသိ
ဦးရာလူက စဖွင်​့
ဇာတ်​ရုပ်​​တွေ​နှေး​နေရင်​
ကားလိပ်​ကြားက သူက​ငေါက်​​သေး ။
ကန်​့လန်​့ကာချ ( ဒီအခန်​း​တော်​ပြီ တဲ့ )
အဲ့ဒိလိုနဲ့
ပြဇာတ်​ဟာ
ဇာတ်​​မျော​နေ​ပေါ့ ။
ပရိဿတ်​ကလား
ခင်​များ တို့ကြည်​့​နေတာပဲ​လေ ။

​နေဝန်​းနီ 10:04
2015 Mar; 12

5 comments

  • Alinsett@Maung Thura

    March 12, 2015 at 10:54 am

    ဇာတ်မျော…ထဲ … ဟက်ထိုးလဲကျသူများအဖြစ်… ပီပီပြင်ပြင် သရုပ်ဆောင်သွားကြသူများကတော့….

    Reply

  • black chaw

    March 12, 2015 at 4:07 pm

    ခင်မင်သူဘဝ ရောက်တာ နှစ်လတွေကြာ
    ဒို့က တစ်ဘက်သတ် ချစ်နေခဲ့ရတာ
    သူရယ် ကျွန်တော်ရယ် အသွားအလာ ရည်းစားလိုပါ
    အများက ဝိုင်းလို့ သတ်မှတ်ထားကြတာ
    တကယ်ဆိုရင်လေ ကျွန်တော့်ကို သူဟာ တမင် ညှင်းဆဲတာပါ
    ဇာတ်မျောလေးထဲမှာ
    ကျွန်တော်လည်းမလှုပ်ဝံ့ပါ
    ချစ်နေလျက်နဲ့ ဟန်ဆောင်ကာသာ အချိန်တွေ ကြာအောင်ဆွဲနေသူရေ
    ဟေး…ဘာလုပ်နေတာလဲ
    ဟေး…ဘာလုပ်နေတာလဲ
    မထုံတက်ထေး အမူအရာ လုံးဝအားမရပါ…
    သိတ်ချစ်ရသူရင်ခွင်မှာ
    သံသယစိတ်တွေ ခိုဝင်လာ
    မေး…မေး…မေးလိုက်ချင်တယ်…။
    ဟေး…ဘာလုပ်နေတာလဲ
    ဟေး…ဘာလုပ်နေတာလဲ
    ပြော…ပြော…ပြော…ပြောပြပါ…။

    ကိုနေကြီးရေ…။
    ခေါင်းစဉ်ကိုကြည့်ပြီး
    ကိုင်ဇာ့ သမိုင်းဦးတုန်းက သီချင်းလေး…လှမ်းသတိရလိုက်မိတယ်…။
    ဇာတ်မျောလေးထဲမှာ…
    ကျွန်တော်လည်း မလှုပ်ဝံ့ပါ…။
    ဆိုတဲ့ စာသားလေး မှတ်မိနေတယ်ဗျာ…။
    တကယ်လည်း ဇာတ်မျောလေးထဲမှာ
    ကျွန်တော်တို့ မလှုပ်ဝံ့အောင် ဖြစ်နေရတာမဟုတ်လားဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    Reply

    • မြစပဲရိုး

      March 13, 2015 at 5:17 am

      ဘာမှ မီလုပ်ပါဝူး။
      နောက်တစ်ယောက် ပို ကောင်း တာများ ရမလားလို့ ပါ ကိုချော ရယ်။ lol:-)))

      Reply

  • manawphyulay

    March 13, 2015 at 4:18 pm

    နှစ်ခေါက်လောက် ဖတ်မှ ဇာတ်မျောရဲ့ အဓိပ္ပာယ်ကို သေချာ သိတော့တယ်။ ဇာတ်မျောဆိုပြီး မထူးဇာတ်တော့ မခင်းလောက်ပါဘူးနော်….

    Reply

  • Wow

    March 13, 2015 at 4:30 pm

    ပြဇတ်ရုံမီးရှို့လိုက်ရင်ကောင်းမား ဆြာနီ
    ခုတလော အဖျက်သမားဆိတ်တွေပဲဝင်နေဒယ်.. နာမင်းသမီး မလုပ်ရလို့ကတော့ ပတ်ထီးဂျီး ထိုးဖောက်မာပဲ :mrgreen:

    Reply

Leave a Reply to Alinsett@Maung Thura Cancel Reply

Your email address will not be published.