အတတ်ကြူ းတဲ့ ဘီလူးတစ်ကောင်အကြောင်း

alinsettMarch 16, 20155min024
image-internet(http://www.trocadero.com/stores/auermaf/items/577318/item577318.html)
image-internet(http://www.trocadero.com/stores/auermaf/items/577318/item577318.html)

 

 

 

 

 

 

 

 

 

ဖြစ်စဉ်(၁)

ညီရင်းအစ်ကိုလို ခင်မင်တွယ်တာနေသူတစ်ယောက်၏ မင်္ဂလာဦးညတွင်ဖြစ်သည်။

ထိုညမှာ သတို့သားဖြစ်သူက သူငယ်ချင်းမိတ်ဆွေများကို ညစာစားပွဲတစ်ခုနှင့် ဧည့်ခံသည်။

ဖွယ်ဖွယ်ရာရာ စားသောက်ရယ်မောနေကြဆဲမှာပဲ
ကိုယ်က စကားတစ်ခွန်းကို အလေးအနက် ပြောလိုက်သည်။

”အင်းးး ဒီညဟာ. . . ဟောဒီက သတို့သား မောင်ထွန်းအောင်ရဲ့ နောက်ဆုံးညတစ်ညဖြစ်တယ်. . .
ကျုပ်တို့သူငယ်ချင်းရဲ့
လူပျိုဘဝ. . .”

ကိုယ့်စကားမဆုံးလိုက်ချေ။

.မောင်ထွန်းအောင်က
”ဘာာာာ. . . နောက်ဆုံးည ဟုတ်လားးး” ဆိုပြီး ရှုးရှုးရှဲရှဲ ဖြစ်သွားသည်။

ထိုညသည် သတို့သားဖြစ်သူက စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲဝိုင်းမှ ထွက်ခွါသွားသည့်ည ဖြစ်သည်။

မင်္ဂလာယူနေတဲ့အချိန်မျိုးမှာ နောက်ဆုံးည ဆိုသောစကားက နိမိတ်မကောင်းသော စကားအရိပ်အယောင် ဖြစ်နေသောကြောင့် မပြောသင့်ဘူးလို့ သူက ယူဆခဲ့သည်။
(မင်္ဂလာရှိစွာ ဝိုင်းဖွဲ့ရယ်ရွှင်နေရာမှ ဒေါသတလူလူဖြင့် သူကထွက်ခွါပြီး  ကိုယ်တို့ကတော့  တိတ်ဆိတ်စွာကျန်ရစ်သည်။)

တကယ်တော့ ထိုညသည် ထိုသတို့သား၏ လူပျိုဘဝ နောက်ဆုံးညပဲ. . .လို့

ဧည့်ခံပွဲမှာ ရှိနေသည့်

ကိုယ်တို့  အားလုံးက (အမှန်တရားတစ်ခုအဖြစ်)ကိုယ်စီ လက်ခံထားပြီးသား  ဖြစ်သည်။

********************

ဖြစ်စဉ်(၂)

ရပ်ကွက်ထဲမှ သိပ်မရင်းနှီးသော တစ်ရပ်ကွက်သားချင်းတို့ မင်္ဂလာဆောင် ထိမ်းမြားလက်ထပ်ကြသည်။

ဆင်းရဲနွမ်းပါးသူတို့ ရပ်ကွက်မှာ မရှိရှားပါးစွာ အကျဉ်းရုံး ဆောင်ရသော မင်္ဂလာအခမ်းအနားဖြစ်ပြီး       ကိုယ်. . .အသိအမှတ်ပြုရန် လာခဲ့သည်။

လာရောက်သူ (နွမ်းနွမ်းပါးပါး)အတော်များများက လက်ဖွဲ့ပစ္စည်းများကို ပါကင်လှလှထုပ်ပိုး၍ ပေးကြသည်။

ကိုယ်ကတော့ ငွေစအနည်းငယ်ကို စာအိတ်ဖြူဖြူလေးထဲ ထည့်ကာ ပေးလိုက်သည်။

ဤငွေသားသည် ပါကင်လှလှ ထုပ်ထားသော ပစ္စည်းပစ္စယအပေါစားတွေထက် သူတို့ဇနီးမောင်နှံအား ပို၍ အသုံးဝင်ပါစေသား။

မထင်မှတ်ပဲ ကိုယ်နှုတ်က လွှတ်ခနဲ ပြောမိသွားသည်။
”ရော့ အိမ်ထောင်စု အသစ်တစ်ခုအတွက် ”ကူငွေ” ”

ကိုယ့်နှုတ်မှ ထွက်သွားသော ”ကူငွေ”ဆိုသည့် စကားလုံးလေးကြောင့် ထိုမင်္ဂလာပွဲအတွင်းမှာ အုန်းအုန်းကြွက်ကြွက်ဖြစ်ခဲ့သည်။

မင်္ဂလာမောင်နှံအပါအဝင် နှစ်ဖက်ဆွေမျိုးများနှင့် တစ်ရပ်ကွက်သားချင်းအတော်များများက ကိုယ်ပြောသော ကူငွေဆိုသည်ကို နာနာကျည်းကျည်း
ဖြစ်ကုန်ကြသည်။

သူများ မင်္ဂလာဆောင်ကိုများ ကူငွေ လာပေးသတဲ့. . .ဆိုပြီး တောက်တခတ်ခတ် ဖြစ်သူက ဖြစ်၊ ရင်ထု မနာဖြစ်သူက ဖြစ်ကုန်၏။

ဘာပဲဖြစ်ဖြစ် ကိုယ်ပေးသော ကူငွေသည် နိမိတ်မကောင်းဘူးဟု ယူဆ၍ ”ကူငွေ”အဖြစ် သုံးသည်ဖြစ်စေ
တကယ့်ကို အကူအညီအထောက်အပံ့ရသည့် ”လက်ဖွဲ့ငွေ”ဟု ယူဆ၍ သုံးသည်ဖြစ်စေ သုံးလို့တော့ဖြင့် ရပါလိမ့်မည်။

ငွေသည် ငွေအဖြစ်ရှိနေသ၍ အသုံးတော့ဖြင့် ဝင်ပါလိမ့်မည်။

********************

ဖြစ်စဉ်(၃)

ကိုယ် ခရီးထွက်ရမည်။
ရ ရက်လည်း ကြာနိုင်သည်။
၁ဝ ရက်လည်း ဖြစ်သွားနိုင်သည်။

သွားရမည့် ခရီးက ကြမ်းသည်။

ေ.တောတောင် သဘာဝအကြား အရဲစွှန့်ကာ သွားရမည်။

မသွားခင်မှာ လုပ်လက်စ အလုပ်များ လက်စသတ်ရန်  အင်တာနက်ဆိုင်ထဲ ဝင်လိုက်သည်။

E-mail ပို့စရာ ရှိသည်များပို့ဖို့နှင့် အခြား လုပ်စရာရှိသည်တို့ကို အင်တာနက်သုံးပြီး လုပ်ရမည်ဖြစ်သည်။

ရင်းနှီးနေသော အင်တာနက်ဆိုင်ပိုင်ရှင်က ကိုယ့်လက်ထဲက အထုပ်အပိုးများကို ကြည့်ပြီး မေးသည်။

”ဘာတွေလဲဗျ”

”ခရီးသွားရင် ယူသွားဖို့. . . လိုအပ်တဲ့ပစ္စည်းတွေ ဝယ်လာတာပါ”

”အော်. . .ခရီးထွက်မလို့လား။     အခု အင်တာနက် သုံးမှာလား’

” အင်းး သုံးမယ်။
ခရီးမသွားခင် နောက်ဆုံး အနေနဲ့ အင်တာနက်သုံးရမှာ”

”ခရီးမသွားခင် နောက်ဆုံးအနေနဲ့” ဆိုသော စကားလုံးကို ကိုယ်ပြောဆိုလိုက်၍ ဆိုင်ပိုင်ရှင်က အထိတ်တလန့် ဟန်ပြုသည်။

”ခင်ဗျားဗျာ. . .ခရီးသွားခါနီး အဲ့လို မပြောကောင်းဘူးဗျ” ဟုလည်း ဂရုဏာဒေါသ ထွက်ပြသည်။

ကိစ္စ မရှိပါ။
ကိုယ်. . .ဘာမှ ပြန်မပြောပါ။
ထိုသူ၏ ရှေးရိုးဆန်သော အယူသီးမှုကို ကိုယ်က ရင်မခုန်။
ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။

ကိုယ့်အတွက်တော့ ဒါဟာ ခရီးမထွက်ခင် . .. . . နောက်ဆုံးအဖြစ် အင်တာနက်သုံးခြင်းပဲ ဖြစ်သည်။
.တောထဲတောင်ပေါ်မှာ ဘာဆက်သွယ်မှု/ဘာအင်တာနက်လိုင်းမှ ရမည်မဟုတ်။

~~~~~~~~~~~~

ဆယ်ရက်ခန့်ကြားအပြီး
ခရီးမှ ပြန်ရောက်ချိန်မှာ
ထို အင်တာနက်ဆိုင်ပိုင်ရှင်နှင့်  ပြန်ဆုံသည်။

”အင်တာနက် ထပ်လာသုံးတာ” ဟူသော စကားမှလွဲ၍
ကိုယ်နှုတ်က တခြားစကား မပြောဖြစ်ပါ။

”မပြောကောင်းဘူး ဆိုသော စကားများ”ကို ပြောသည်ဖြစ်စေ ”ပြောကောင်းသည် ဆိုသော စကားများ”ကို ပြောသည်ဖြစ်စေ. . .
လုပ်စရာရှိတာ ဆက်လုပ်ရုံပဲဖြစ်သည်။

နိမိတ်များကို . . . .
ကိုယ်က ရင်မခုန်သော်လည်း နိမိတ်ကောက်သူများကတော့ အလိုလိုနေရင်း ထိတ်လန့်ရင်ခုန်နေကြသည်။

ကိုယ်ကတော့ . . .

နိမိတ်ထက်. . .

ဖြစ်စဉ်အတိုင်း ဖြစ်စရာရှိတာသာ . . . ဆက်ဖြစ်မြဲ ဖြစ်သည်။

*******************

ချစ်ခင်လေးစားလျက်. . .

Maung Thura

09/03/2015/ 1 :00 AM

24 comments

  • ဦးကြောင်ကြီး

    March 16, 2015 at 9:20 am

    ဖဲဝိုင်းမှာလဲ ပိုက်ဆံချေးလို့ တောင်းလို့ လှမ်းပေးတဲ့အခါ လျော့ လို့ ပြောမီပေးယဗူး.. နပ်ကျီးလယ်

    Reply

    • Alinsett@Maung Thura

      March 16, 2015 at 9:32 am

      ရော့လို့ မပေးရင် အင့် လို့ ပေးရမှာပေါ့
      :k:

      တော်ကြာ အင့်လို့ ပေးမှ အင့်ခနဲ နင့်ခနဲ ဖြစ်သွားမှ အင့်လို့လည်း မပေးရဘူးဖြစ်ဦးမယ်

      .အော် . . . . ခက်ပုံတွေ

      :buu:

      Reply

  • Kaung Kin Pyar

    March 16, 2015 at 11:02 am

    ဒီလိုတွေက နယ်ဘက်တွေမှာဆို ပိုတောင်ဆိုးသေး….။ စလောင်းဖုံး ၂ချပ်တီးရင် ကျားကိုက်တယ်ဆိုတာတောင် ရှိသေးတယ်….။ ငယ်ငယ်က ကြားဖူးတာ ရှိပါသေးတယ်…။ လုံချည်ကို ခေါင်းပေါ်ကစွပ်ရင် စုန်းမဖြစ်တတ်တယ်ဆိုလား…။
    မင်ဂါဆောင်တွေက ရက်ရာဇာတွေချည့်ပါ….ကွဲချင်ကွဲကြတာပဲ….။
    ဒါပေမယ့်လဲ…သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့လေ…

    Reply

    • Alinsett@Maung Thura

      March 16, 2015 at 11:07 am

      အိုကွယ် ရန်ကုန်က မယ်လမုဘုရားတောင်မှ ချစ်သူနှစ်ယောက် အတူသွားရင် ကွဲတတ်တယ်ဆိုပြီး
      နာမည်ထွက်နေသေးတာ
      စေတီတော်ကြီးကပဲ သမီးရည်းစားတွေကြား ကန့်လန့်ကန့်လန့် လိုက် ခွဲနေသလိုလိုနဲ့

      :buu:

      Reply

  • naywoon ni

    March 16, 2015 at 11:19 am

    အလက်​ဆင်​းဒါး​ရေ ကိုယ်​တို့တိုင်​းပြည်​က ​ထေရဝါဒ ဗုဒ္ဓ ဘာသာ အများစု ရှိတယ်​လို့သာ ​ကြွေး​ကြော်​​နေတာ ဟ ။ တစ်​ကယ်​့ဗုဒ္ဓဘာသာစစ်​စစ်​က နဲနဲ​လေးရယ်​ ။ ကျန်​တာက မ​ရေမရာဝါဒ ဗြဟ္မဏ ဗုဒ္ဓဘာသာ ​တွေက ရိုက်​သတ်​လို့မကုန်​ဘူးရယ်​ 🙂

    Reply

    • Alinsett@Maung Thura

      March 16, 2015 at 11:33 am

      ဥှုီးနီ အဲ့လို မပြောကောင်းဘူး

      :k:

      Reply

  • နိမိတ်​ဆိုတာက လက်​မခံချင်​ရ​ပေမယ်​့ လက်​မခံနဲ့လို့​တော့ မ​ပြောရဲဘူး။
    ဥပါဒ်​ဒဏ်​​ကြောင်​့ဥပါဒ်​​ရောက်​ဖြစ်​သွားရင်​ ကိုယ်​့အပြစ်​ဖြစ်​မယ်​​လေ။
    က​လေးကို ဝ တယ်​ မ​ပြောနဲ့ ကျန်​းမာ​ရေးချူချာတတ်​တယ်​။ဖွံ့တယ်​လို့​ပြော ဆိုတာ ပို​တောင်​ရီချင်​​သေး
    🙂

    Reply

    • Alinsett@Maung Thura

      March 16, 2015 at 11:31 am

      .ဟုတ်ပါ့။
      ကလေးကို လေးတယ် မပြောရဘူးလို့ ရှိသေး
      .လေးတာကို လေးတယ် မပြောလို့ ဘယ်လိုပြောမဒုန်း
      ဝတာကို ဝတယ်ပြောတာ ဘာဖြစ်တုန်း
      ဦးဘဟန်ကြောင့် ဦးဘ ရောက်နေကြတာပါဗျာာာ

      :k:

      Reply

    • ခင်ဇော်

      March 16, 2015 at 11:50 am

      အာ့ကြောင့် နာ့ ကိုလည်း ဝတယ် အပြောကြနဲ့။
      ဖွံ့ တယ်လို့ပြောဂျဘာ။

      :k:

      Reply

      • Alinsett@Maung Thura

        March 16, 2015 at 12:17 pm

        မမဂျွီးက ဖွံ့တာ မဟုတ်ပါဘူး
        .ဖောင်းတာ
        ပါးလေးတွေများ ဖောင်းလို့ ဟမ်ဘာဂါနှစ်လုံး ဘယ်ညာထည့်ပြီး အမြံဲဝါးနေသလိုလို

        :k:

        Reply

  • padonmar

    March 16, 2015 at 10:08 pm

    ရွှေဇီးကွက် ဝေါပေါ်ကပါ။

    ဓမ္မဘေရီ တောင်စွန်းဆရာတော်ကတော့ မြန်မာအများစုဟာ
    နှုတ်ဆောင်ဗုဒ္ဓဘာသာတွေ ဒီမိုကရေစီကျင့်သုံးတဲ့ အနောက်နိုင်ငံသားတွေက သရုပ်ဆောင်ဗုဒ္ဓဘာသာတွေ တဲ့လေ။

    Reply

    • Alinsett@Maung Thura

      March 17, 2015 at 9:10 am

      ဆရာတော် ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်) ပြောတာတော့
      ဗမာပြည်တွင်းမှာ ဆိုင်းဘုတ်ဆွဲ ဗုဒ္ဓဘာသာဝင်တွေ များနေတယ်တဲ့
      အကြောင်း အကျိုးတွေကို အာပေါက် လျှာပေါက်မတတ် ပြောဆို ညွှန်ပြ ရှင်းလင်းခွဲခြားပြခဲ့တဲ့
      မိုးကုတ်ဆရာတော်ကြီးတို့ကို အားနာလိုက်တာ
      ရှိများ ရှိသေးရင် အခုအချိန်ထိ ”သူတို့ ဖြစ်စေချင်တဲ့ အကြောင်းအကျိုးကို ယုံကြည်သက်ဝင်သူတွေ ဖြစ်မလာသေးဘူးလို့ ” ပြောမလား ဘာလား

      :k:

      Reply

  • kai

    March 17, 2015 at 1:37 am

    နောက်ဆို.. သမ္မတဦးသိန်းစိန် နိုင်ငံခြားခရီးထွက်ခါနီးဆို…
    နောက်ဆုံးခရီး .နောက်ဆုံးခရီး…နောက်ဆုံးခရီးလို့.. mp3 နဲ့ Repeatလုပ် စပီကာနဲ့မလွှင့်နဲ့.. ကြားလား..။ :k:

    Reply

    • Alinsett@Maung Thura

      March 17, 2015 at 9:04 am

      ပျီဒွင်းမှာ အရေးပေါ် တခုခု ဖြစ်ချိန်တော်တော်များများမှာ
      စိန်စိန်ကြီးက ပြည်ပထွက်နေချိန်နော့
      .နောက်ဆုံးခရီးတွေမဟုတ်
      သူ သွားတာက ” နှောက်” ”ဆုံး” ခရီးတွေ

      Reply

  • Courage

    March 17, 2015 at 1:50 am

    နိမိတ်ဆိုတာထက် အစွဲဆို ပိုမှန်မယ်ထင်တယ်။ ကြိုက်ရင်ဆောင် မကြိုက်ရင်ရှောင်ပေါ့။
    ကံကံ၏ အကျိုးကို ယုံရင် ဒါတွေက ပယ်ထားလို့ရပါတယ်။ ဒါမဲ့ ယုံကြည်သူတွေကတော့ ယုံကြည်နေမှာဖြစ်တော့ ကိုယ်က သူတို့တွေ ဥပါဒ်ဒါဏ်ကြောင့် ဥပါဒ်မသင့်အောင် မယုံသော်မှ ဆင်ချင်ပေးရမှာပေါ့

    Reply

    • Alinsett@Maung Thura

      March 17, 2015 at 9:05 am

      အစွဲဆိုတာထက် အကြောက်တရားလို့ဆိုရင် ပိုမှန်မလားးး
      :buu:

      :k:

      Reply

  • Ma Ei

    March 17, 2015 at 3:29 pm

    ဘာမှ မဖြစ်ရင် ဘာမှမဖြစ်ဘူးပေါ့နော်…
    ဖြစ်သွားခဲ့ရင် ဖြစ်မှာပေါ့ ဒါ့ကြောင့် ကိုး…
    လို့ ပြောလို့ရတာပေါ့ကွယ်…

    Reply

    • Thint Aye Yeik

      March 18, 2016 at 12:31 pm

      အဲ့လိုတွေ အဲ့လိုတွေ… ”ဒါကြောင့် ဖြစ်တာ”….ဆိုတာတွေကနေ… ပြန့်လာတာ..ထင့်..

      Reply

  • ဝင့်ပြုံးမြင့်

    March 16, 2016 at 5:03 pm

    အဟောင်းလေးတွေ ပြန်ဖတ်ရတာလည်း ကောင်းတာပဲ

    Reply

    • Thint Aye Yeik

      March 18, 2016 at 12:29 pm

      စာတွေ မရေးဖြစ်တာတောင် ကြာပြီ…
      .ရေးဦးမှ… အသစ်ကလေးတွေ….

      :k:

      Reply

  • kai

    March 18, 2016 at 1:14 pm

    မြန်မာတွေ.. စာသား..စကားလုံးတွေအပေါ်… သိပ်စန်းစန်းတင့်ဖြစ်တာမို့.. တလက်စထဲ.. အင်းချနည်းတွေလေ့လာနေတယ်…။
    အံမယ်… စာလုံးလေးတွေ.. ဟိုလိုစီလိုက်ရင်.. အောင်နိုင်သတဲ့..။ဒီလိုစီလိုက်ရင်.. ပီယစွမ်းသတဲ့..။ဟိုးးးးလိုစီလိုက်ရင်.. သေတတ်သတဲ့..။
    ဒီးးးးလိုစီလိုက်ပြန်တော့… မင်္ဂလာတဲ့..။
    စဓဗဝ.. က ဃ ဠ ဏကြီးတွေရဲ့ အစွမ်းတဲ့..။

    အံ့ဖွယ်အနိစ္စ…။ :k:

    Reply

    • Thint Aye Yeik

      March 18, 2016 at 1:27 pm

      အင်းတော့ မစီရင်ဖူးဘူး…
      အင်းထဲမှာတော့… ထန်းရေသောက်ဖူးတယ်….
      .တောင်သမန်အင်းထဲက… ထန်းရေအတုရောင်းတဲ့ဆိုင်မှာလေ…
      .ထန်းရေ မစစ်တော့ နောက်နေ့ကျ… အင်အင်းတွေတောင် ပန်းချင်ချင်…

      အော်…. အင်း… အင်း…
      . အော်အင်းအော်အင်း

      :k:

      Reply

  • uncle gyi

    March 21, 2016 at 3:33 pm

    ယူသော်ရ၏
    မယူသော်မရ

    Reply

Leave a Reply

Your email address will not be published.