​နေဝန်​းနီ နဲ့ “အ​ကောင်​းမမြင်​” ဝါဒ -၃

naywoon niMarch 9, 20151min011

​နေဝန်​းနီ နဲ့ “အ​ကောင်​းမမြင်​” ဝါဒ -၃

တစ်​ခု​တော့ ကြို​ပြောမယ်​​နော်​ ။ ​နေဝန်​းနီက အ​ကောင်​းမမြင်​တတ်​တာမဟုတ်​ဘူး ။ မြင်​မြင်​သမျှ ​နေဝန်​းနီ သိထားသမျှ တတ်​ထားသမျှ​လေးနဲ ့ ပိုင်​းခြား ဆန်​းစစ်​ပြ​နေတာ ။ မှား​နေတာ​တွေ့ရင်​လည်​း ဒီ​နေရာ မှား​နေပါတယ်​​ထောက်​ပြ ။ အဲ့ဒိလို ပြင်​ဆင်​ချက်​​လေး လိုချင်​လို့ ဒီစာ​ရေးပြ​နေတာ ။ ဒီ​နေ့ ဆွမ်​းဆန်​စိမ်​း ​လောင်​းလှူပွဲ ဆို ပဲ ။ ​နေဝန်​းနီ စဉ်​းစားတယ်​ ။​နေဝန်​းနီ ဖတ်​ဖူးသ​လောက်​​တော့ ဘုရား ​ဟောထဲမှာ အဲ့ကိစ္စ မ​တွေ့မိဖူးဘူးလားလို့ပဲ ။ ဝါဆိုသင်္ကန်​းတို့ ကထိန်​ သင်္ကန်​းတို့ ။ အဲ့သ​လောက်​ပဲ ​တွေ့ဖူးတာ ။ ​ဘုရားရှင်​လက်​ထက်​မှာ ဆွမ်​းခံချိန်​ကလွဲပြီး အခုလို စီတန်​း အလှူခံထွက်​တာ မရှိသ​လောက်​ပဲ ။ ​လေ့လာမှု အားနည်​းတဲ့ ​နေဝန်​းနီ မှားရင်​လည်​း ​ထောက်​ပြကြပါ ။ ပြီး​တော့ ​နေဝန်​းနီ ကြားဖူးတာက တဏှာ ကပ်​ငြိ မှာစိုးလို့ ​ရွှေ ​ငွေ ပိုက်​ဆံ ဆန်​ စပါး လက်​နဲ့ ထိကိုင်​ခွင်​့မရှိဘူး ဆိုပဲ ။ နေဝန်​းနီ ကိုရင်​ဝတ်​တုန်​းက မချက်​ရ​သေးတဲ့ အစိမ်​းသက်​သက်​လာလှူ ရင်​ ကပ္ပိယ ကြီးကိုပဲလွဲလိုက်​တာ ။ သူ့လက်​နဲ့ ထိပြီး အလှူမခံဘူး ။ ကပ္ပ်ိယ ကြီးကပဲ သင်​့သလိုစီမံ​ပေးရတာ ။
တစ်​ခါ ​နေဝန်​းစဉ်​းစားမိတာက ဆန်​အလှူ ခံတဲ့ သီလရင်​ ​လေး​တွေ အ​ကြောင်​းပါ ။ ၂၂ရ သွယ်​ သိက္ခာ ပုဒ်​​တွေ ​စောင်​့ထိမ်​းရတဲ့ သံဃာ ​တော်​​တွေက ဆွမ်​းဆံစိမ်​းအလှူခံ ထွက်​ကြတယ်​ဆို​တော့ ဟို သီလရင်​​ ဆရာ​လေး​တွေနဲ့ အတူတူ ဖြစ်​မသွားဘူး လားလို့​တွေးမိလို့ပါ ။

​နေဝန်​းနီ

11:00 pm

11 comments

  • Mr. MarGa

    March 9, 2015 at 11:50 pm

    ဆွမ်​းဆန်​စိမ်​း အလှူခံက
    ကာလံ ​ဒေသံနဲ့ဆိုင်​မလားပဲ​နော့
    ဥပမာ တိ​ဗက်​​တောင်​တန်​း​ပေါ်မှာဆို ကိုယ်​တိုင်​စိုက်​ကြသလိုမျိုး​ပေါ့

    Reply

  • ဝင့်ပြုံးမြင့်

    March 10, 2015 at 1:25 am

    .ဆွမ်းဆန်စိမ်းက သိပ်အရေးမကြီးဘူး ထင်တယ်။ ဒါက စားဖို့ လိုအပ်တယ်လေ။ ဟိုဟာ ဗောဓိတစ်ထောင် စိုက်တာ။ ကံ့ကော်တစ်ထောင် စိုက်တာ အဲဒါကြီးက စားမရတော့ ပိုဆိုးတာပေါ့။ ရေရှည်ကိစ္စကြီး။ ရာသီဥတုနဲ့ စပ်ဟပ်တဲ့အပင် မစိုက်ဘဲ တမင်ကြီးကို ခက်ခက်ခဲခဲ စိုက်ကြတာတဲ့။

    .မဆိုင်ပေမယ့် စပ်စုချင်တာလေးလည်း ရှိတာပေါ့။ ပြောကြတာက မြန်မာပြည်မှာ သံဃာ ငါးသိန်း လို့ပြောတာပဲ။ အဲဒီထဲမှာ သီလရှင်ပါ ပါသလား မသိဘူး။

    Reply

  • ခင်ဇော်

    March 10, 2015 at 11:03 am

    အတော်ငယ်တုန်းက ဆွမ်းဆန်စိမ်း လို့ ပြောရင် ဆန် အစိမ်းရောင်တွေပဲ ပြေးမြင်သဗျ။
    (ရှောင်မန့်သွားသည်)
    မကြာခင် တဂျီး လာလိမ့်မီ

    :k:

    Reply

  • Mike

    March 10, 2015 at 11:17 am

    .ဘုရားရှင်တော်လက်ထက်က ဆွမ်းတောင် ဟင်းနဲ့ သပိတ်ထဲရောအလှူ ခံတာ
    .ခုခေတ်လို ဆွမ်းဟင်းခွက်တောင်မပါ
    .ဆွမ်းဆန်စိမ်းဆို ပိုဝေးသပေါ့…သီလရှင်တွေသာဘုန်းကြီးလို သပိတ်မကိုင်ရလို့ ဆွမ်းဆန်ခံ၊ .ကိုယ်တိုင်ချက်စားရတာလို့မှတ်တာပါပဲဗျာ
    .

    Reply

  • Mike

    March 10, 2015 at 11:31 am

    .ပြောမယ်ဆိုတော့အများကြီးပါဗျာ…တီဗွီတို့၊ အောက်စက်တို့၊ ရေခဲသေတ္တာတို့…

    Reply

  • black chaw

    March 10, 2015 at 11:59 am

    ကိုနေကြီးရေ…။
    အသက်သာကြီးလာတာ…ဘာသာရေးအကြောင်းတွေ
    သိတ်နားမလည်ဘူးခင်ဗျ…။
    အဲဒါနဲ့ တိတ်တဆိတ်လေးပဲ ဖတ်ပြီး ပြန်ထွက်သွားပါတယ်ဗျာ…။

    Reply

  • kai

    March 10, 2015 at 1:20 pm

    ဘုန်းကြီး ၅သိန်းထဲ.. ကပ္ပိယ..ကိုရင်..သီလရှင်မပါပါဘူး..။
    အခုအစိုးရက.. ဘုန်းကြီးလိုင်စင်တွေထုတ်ပေးထားသမို့. အရေအတွက်… တော်တော်ကိုတိတိကျကျ သိလောက်ပါတယ်..။
    သူတို့ပါထည့်တွက်ရင်..
    ၁သန်းအသာလေး..။
    တနေ့ထမင်း.. တနပ်.. ၁ဒေါ်လာ..။ ၂နပ်.. ၂ဒေါ်လာ..။
    လူ၁သန်းထိုင်စားသမို့.. စားစရိပ်ချည်း… တရက်.. ဒေါ်လာ၂သန်း..။
    တလ.. သန်း၆၀..။
    တနှစ်ဒေါ်လာ.. သန်း၇၂၀..။

    စားစရာချည်းနော..။ ဆွမ်းဆန်စိမ်းမပါသေး…။ ကြက်/ဝက်ဆီပြန်.. ရှယ်.. ဆီဦးထောပါတ.်.။ အဦးအညွှန့်.. အဦးအဖျား.. တွေမပါသေး..။

    ဆိုတော့.. မြန်မာလူထု… အင်မတန်ကုသိုလ်ရကြမှာပါ..။
    သေရင်.. နတ်ပြည်မှာ.. “ထူးရှယ်”နေရမှာ…။
    အစ္စလမ်ဘာသာဝင်တွေ.. စူစိုက်ဘုမ်ဗာလုပ်သေရင်..ရတဲ့.. အပျိုစင်၇၂ယောက်ထက်.. ၁ဝဆမကများတဲ့..
    နတ်သမီး..တဖက် ၅၀ဝ ပေါင်း၁၀၀ဝနဲ့ဗျ…။
    မလှူပဲ.. သူများစားရသောက်ရတာကို.. ထိုင်အကုသိုလ်ပွားနေသူတွေကတော့လား.. ငရဲ..ငရဲချိုးကပ်..။
    ငရဲတောင်.. အဝီဇိငရဲတဲ့ဗျ..။

    ကဲ.. လိုက်ဆိုကြ…
    ဩကာသ… ဩကာသ.. ငါ့ထိုင်ကန်တော့ကြ..။ :k:

    Reply

    • naywoon ni

      March 10, 2015 at 2:55 pm

      အဲ့ လိုင်​စင်​ကလည်​း ဟို ပါတီဝင်​ကတ်​ပြားလိုပဲ ​နေရာ ​တော်​​တော်​ များများမှာ အသုံးဝင်​တယ်​ဗျ 🙂

      Reply

    • naywoon ni

      March 10, 2015 at 10:02 pm

      အ,ကုသို်​လ်​ များတာမ​ဟုတ်​ပါဘူး သူကြီးရယ်​ ။ ​ပေးကမ်​း​ထောက်​ပံ့နိုင်​တဲ့ ဘာသာဝင်​​တွေရဲ့ လှူဒါန်​းနိုင်​စွမ်​းနဲ့ သံဃာ​တော်​​တွေရဲ့ အ​ရေ​အတွက်​အချိုးချကြည်​့ရုံ​လောက်​ပါ ။ အခု ညပိုင်​းက​တောင်​မှ မြို့ထဲ ဖြတ်​လာ​တော့ သံဃာ​တွေ ဘာအတွက်​လဲမသိ ။ တန်​းစီထွက်​လာပြီး အလှူခံ​နေရဲ့ ။ ဒါ​ပေမဲ့ဗျာ ဘာမှထုတ်​စရာမရှိ​တော့ ကုန်​ထုတ်​လုပ်​စရာ ​တွေမရှိ​တော့လည်​း ဒီအတိုင်​း အပြင်​မှာ အလုပ်​လက်​မဲ့ ​နေကြမဲ့ အတူ ဆို​တော့လည်​း လူမြင်​့တင်​တယ်​​သေးတာ​ပေါ့ ။ ( ခု အစိုးရ အမြင်​ကို ​ပြောတာပါ )

      Reply

    • မြစပဲရိုး

      March 11, 2015 at 5:20 am

      တို့ သူကြီး က ဂဏန်းတွက် တော်တယ်။
      ဟိုလူကြီး လိုဘဲ။ lol:-))))

      Reply

  • Alinsett@Maung Thura

    March 11, 2015 at 1:06 pm

    သီလရှင်တွေကတော့ ချက်ပြုတ်စားသောက်ကြရရှာလို့… ဆွမ်းဆန် အလှူခံတာ…ထားပါတော့…
    ဘုန်းကြီးတွေကတော့… အင်းပေါ့ဗျာ… အဲ့ပေါ့ဗျာ…

    စကားဇွတ် စပ် ရရင်..
    ရပ်ကွက်ထဲ… အလှူခံလို့ ရလာတဲ့ ဆန်တွေကို..သီလရှင်တော်တော်များများ..ရောင်းစားကြသဗျ…

    Reply

Leave a Reply

Your email address will not be published.