​ထောင်​တန်​တဲ့ စကား ‘ရယ်​’ ​ပေါ့

naywoon niMarch 7, 20151min014

​ထောင်​တန်​တဲ့ စကား ‘ရယ်​’ ​ပေါ့

မနက်​က ​နေဝန်​းနီ သူငယ်​ချင်​း ကိုသက်​နိုင်​တစ်​​ယောက်​ အိမ်​​ကို ​ပေါက်​ချလာပါတယ်​ ။ ​နေဝန်​းနီက အိပ်​​ကောင်​းတုန်​း ။ ဂဇွတ်​တက်​ထဲမှာ စာ​ရေး​နေတာ​က ည ၂နာရီ ​လောက်​​ရောက်​သွားတယ်​ ။ ပြီး​တော့ ဖွ ဘုတ်​​တော်​ကြီးမလဲ ဟိုအ​ရေး ဒီအ​ရေး သိချင်​တာ​လေး​တွေ ရှာဖတ်​ ရ​သေးတယ်​ ။ ခုတစ်​​လော ​ဘောလုံးပွဲ ကို ​ကျောခိုင်​းလိုက်​လို့ လက်​ဖက်​ရည်​ဖိုး ထဲက ဖုန်​း​ဘေလ်​​လေး မှန်​​နေတုန်​း ​ရေးချင်​​လေး​တွေ စုထားတာ အံထုတ်​​နေတာ ။ ​နေ့ခင်​း အချိန်​​တွေမှာလည်​း ပူ​တော့ စာ​ရေးဖို့ ဈာန်​သွင်​းမရ ။ အပူချိန်​​လျော့တဲ့ ညပိုင်​း အချိန် ​လေးမှာပဲ ဖုန်​း​လေး လက်​ဖဝါး​ပေါ်တင်​ရိုက်​​နေရတာ အားမရ​ပေမဲ့ ​ရေး​နေရင်​း အချိန်​​တွေ ကုန်​သွားတာ သတိမထားမိ ။ ဖုန်​းက ဘက်​ထရီ ကုန်​မှ အိပ်​မယ်​လုပ်​​တော့ မနက်​ သုံးနာရီ ။ အဲ့​တော့ အိပ်​​ရေးမဝ ။ သူက DVB ဆိုလား အဲ့ လိုင်​းကြည်​့ရ​အောင်​လာ​ခေါ်တာ ဆိုလို့ မျက်​နှာသစ်​ပြီး သူ့ဆိုင်​ကယ်​​နောက်​က ပဲ လိုက်​သွားမိတယ်​ ။ လက်​ဖက်​ရည်​ဆိုင်​​ရောက်​​တော့ သတင်​းက ပြီးသွားပြီ ။ ဒါနဲ့ လက်​ဖက်​ရည်​ မှာပြီး စားပွဲ​ပေါ် ​ရောကာ​နေတဲ့ ဂျာနယ်​ အ​ဟောင်​း ​ကောက်​လှန်​ ကြည်​့မိပါတယ်​ ။ ပွင်​့ပွင်​့လင်​းလင်​း ​ရေးတတ်​တဲ့ ဂျာနယ်​တို့ ထုံးစံအတိုင်​း ​နေဝန်​းနီ ဖတ်​မိတဲ့ သတင်​းက ” သမဝါယမ ဝန်​ကြီးက ပြည်​ပ ( အချစ်​​တော်​ကြီးဆီက ) ​ဒေါ်လာ သန်​းသုံးရာ ​ချေးဖို့ ကိစ္စ ခွင်​့ပြုလိုက်​တာက မဲဆွယ်​ပွဲ ရန်​ပုံ​ငွေ သုံးဖို့လား လို့ ​ရေးထားတဲ့ သတင်​း​လေးပါ ။ ထူးထူးခြားခြား သတင်​းမဟုတ်​​ပေမဲ့ အနားက ကိုသက်​နိုင်​က်​ို ပြလိုက်​​တော့ ” ဘယ်​ကလာ အဲ့ဒိသတင်​းက ဒိတ်​​အောက်​​နေပြီ ​နောက်​ထပ်​ သန်​းနှစ်​ ရာ နဲ့ သန်​းငါးရာ ​ချေးမှာ ”
လို့ ​ပြော​နေတုန်​း အနား ဖြတ်​သွားတဲ့ ဆိုင်​ရှင်​က
“သန်​းငါးရာ​တောင်​ ဟုတ်​လား လူတစ်​​ယောက်​ ဆယ်​သန်​းနှုန်​​းလောက်​ ဟုတ်​လို့လား ”
လို့ အ​မေး
ကိုသက်​နိုင်​က ​ဒေါသ သံနဲ ့
” အဲ့ ဆယ်​သန်​း ခင်​ဗျား​ပေးမယ်​ သူတို့မဲထည်​့မလား ”
လို့ ပြန်​​မေးလိုက်​​တော့
ထုံးစံ အတိုင်​း ဆိုင်​ရှင်​က ရယ်​ကျဲကျဲနဲ့
” ကျုပ်​တစ်​​ယောက်​ထဲ​ပေးလို့​တော့ မရဘူး တိုင်​းပြည်​က ရှိတဲ့ လူအကုန်​​ပေးလိုက်​ ။ ပြိီးရင်​ အဲ့ပိုက်​ဆံနဲ့ နိုင်​ခြားသွား​နေပြန်​မလာနဲ့ ။ အပြီး​နေ ။ ဒီတိုင်​းပြည်​ ကိုယ်​့တိုင်​းပြည်​လို့မမှတ်​​ကြေး ။ ကျန်​ခဲ့တဲ့သူတို့​တွေ တလုပ်​ သိမ်​းရင်​ခံလိုက်​ ။ ဟိုဟာ​တောင်​းလဲ သူ့တို့ဟာ သူတို့​ပေးလိုက်​ကြ ။ မ​ကောင်​းဘူးလား ”
အရွှန်​း ထ​ဖောက်​ပါ​လေ​ရော ။
အဲ့​တော့မှ ကိုသက်​နိုင်​က ရယ်​ကျဲကျဲနဲ့
” တိုင်​းချစ်​ပြည်​ ချစ်​ကြီး ခင်​ဗျားဘယ်​နိုင်​ငံက လက်​ခံမှာလဲ ”
” အိုဗျာ ဒီ​လောက်​နိုင်​ငံ​တွေ အများကြ ီး လူတစ်​​ယောက်​ ​ဒေါ်လာ ဆယ်​သန်​း​တောင်​ပါမှာ တစ်​နိုင်​နိုင်​ငံက​တော့ လက်​ခံမှာ​ပေါ့ ။ တိုင်​ပြည်​ ချစ်​တယ်​ဆို​ပေမဲ့ ရပ်​ပြစ်​ ဆယ်​ပါးဆိုလား အဲ့ထဲမှာပါရင်​ ​နေတဲ့ အရပ်​စွန်​့ရမယ်​လို့ ဘုရား​ဟောစကားရှိသားဟ ။ ဘုရား​ဟောစကားနားမ​ထောင်​ပဲနဲ့ ရမ်​းချစ်​​နေလို့မဖြစ်​​သေးဘူး ။ ဘုရားစကားနား​ထောင်​လိုက်​တာ​ကောင်​းပါတယ်​ ။ ဆယ်​သန်​းရမယ်​ဆိုရင်​​ပေါ့ ”
အဲ့သလို​ပြောပြီး လက်​ဖက်​ရည်​ မှာတဲ့သူရှိလို့ လက်​ဖက်​ရည်​​ဖျော်​ခုံဆီ ထွက်​သွားပါ​တော့တယ်​ ။ သူ​ပြောတာလဲ ဟုတ်​သလိုလို ။
ဒါ​ပေမဲ့ ကြားလိုက်​တဲ့ ​နေဝန်​းနီ မှာ​တော့
ဒါ​ကြောင်​့ ​ထောင်​တန်​တဲ့ စကားရယ်​​ပေါ့ ဆိုသကိုး ။ ​ကောင်​းပါတယ်​​လေ ။။အဲ့ဒိလို ​ပေါ့​ပေါ့ပါးပါးနဲ့ အ​ခြေအ​နေတစ်​ခုကို ဖြတ်​သန်​းနိုင်​တာ ။ ကိုယ်​လည်​း ကြားဝင်​​ဖြေရှင်​းနိုင်​တဲ့ ကိစ္စ မှ မဟုတ်​​ပေပဲလို့ပဲ​တွေးရင်​း ……….

​နေဝန်​းနီ

14 comments

  • မြစပဲရိုး

    March 7, 2015 at 11:05 pm

    ဒီနေ့ ခေတ်ကြီး ထဲ သမဝါယမ ဆိုတာ ဒီနိုင်ငံ တွေ မလဲ အဖွဲ့ နာမယ် လို မျိုး ရှိနေဆဲပါဘဲ။
    ဒါပေမဲ့ မြန်မာပြည် က သမဝါယမ ကတော့ ဝန်ကြီးဌာန ကြီး နဲ့ ကို ဖြစ်ပြီး အများ ပြည်သူလူထု နဲ့ ဘာ ဆို ဘာမှ မပါတ်သက်။
    ကိုကျော်ဆန်း အတွက် သီးသန့်ဖွဲ့ ပေးထားတာ ကော။

    Reply

  • naywoon ni

    March 7, 2015 at 11:18 pm

    သူ့ကို နံခြား ပက်​ဆံရှာဖို့ သက်​သက်​ထားတာ​လေ ကိုးတန်​း​လောက်​က ​ဘောဂ​ဗေဒမှာ သမဝါယမသည်​ ဆိုရှယ်​လစ်​စနစ်​၏ ဒုတိယမံဒိုင်​ဖြစ်​သည်​လို့ သင်​ဖူး​တော့ သမဝါယမ လို့ကြားတိုင်​း ငါတို့နိုင်​ငံ ဆိုရှယ်​လစ်​အရိပ်​​အောက်​က မလွတ်​​မြောက်​​သေးပါလားလို့ ခံစားရပါတယ်​ ။ အရီး​ရောက်​​နေတဲ့ နိုင်​ငံက သမဝါယမရဲ့ ဖခင်​ကြီး​တွေရဲ့ နိုင်​ငံမဟုတ်​လား ။ အဲ့​တော့ သူ့​မြေးမြစ်​​တွေ​တော့ရှိဦးမှာ​ပေါ့ ။

    Reply

  • kai

    March 8, 2015 at 4:52 am

    “သန်​းငါးရာ​တောင်​ ဟုတ်​လား လူတစ်​​ယောက်​ ဆယ်​သန်​းနှုန်​​းလောက်​ ဟုတ်​လို့လား ”

    မြန်မာ့လူဦးရေ.. ၅၁သန်း.. သန်း၅ဝပဲထားပါတော့…
    ဒေါ်လှ သန်း၅၀ဝ ကို.. ခွဲရင်..

    တယောက်.. ၁ဒေါ်လာဆို.. ဒေါ်လှ သန်း၅၀…။
    တယောက် ၁ဝဒေါ်လာခွဲယူရင်.. ဒေါ်လှ သန်း၅၀၀။
    တယောက်.. ဒေါ်လာ ၁၀ဝ (မြန်မာငွေ တသိန်းလောက်) ..ယူရင်.. ဒေါ်လာ သန်း၅ထောင်( ၅ဘီလီယန်)
    တယောက်… ဒေါ်လှ ၁၀၀ဝ (မြန်မာငွေတသန်းလောက်) ခွဲရင်.. ဒေါ်လှ သန်း၅သောင်း… ( ၅ဝဘီလီယန်)
    တယောက်… ဒေါ်လှ ၁၀၀၀၀(တသောင်း) ခွဲကြရင်.. ဒေါ်လှ သန်း၅သိန်း.. ( ၅၀ဝဘီလီယန်)
    တယောက်… ဒေါ်လှ ၁၀၀၀၀၀(တသိန်း) ခွဲကြရင်.. ဒေါ်လှ ၅၀၀ဝဘီလီယန်( ၅ ထရီလီယန်)
    ..
    တယောက်… ဒေါ်လှ ၁ဝသန်း ခွဲကြရင်.. ဒေါ်လှ ၅၀ဝ ထရီလီယန် $5,000,000,000,000, 000

    In 2013, according to the CIA’s World Factbook, the GWP totalled approximately US$87.25 trillion

    ကမ္ဘာ့လူသားအားလုံး GDP တောင်.. ၂၀၁၃စာရင်းအရ.. ၈၇.၂၅ ထရီလီယန်ဒေါ်လာရှိတာပါ..။

    ကြည့်လည်းလုပ်ကြပါဦ်း…. :k:

    ကြုံလို့ပြောရရင်.. မြန်မာတွေ.. ငွေဂဏန်းသချ်ာအမည်ပေးစနစ်မှာ…
    ခု၊ဆယ်၊ရာ၊ထောင်၊သောင်း၊သိန်း၊သန်း၊ကုဋေ၊ ကုဋာ၊သချေင်္၊သချ်ာ၊ လုပ်ထားတာကိုသုံးကြတာထက်..
    ငွေ. ရာ..။ထောင်…။သောင်း တခုခုကို.. အဓိကထား.. ပြောသင့်နေပြီထင်တာပဲ..။
    အမေရိကန်တွေက.. သူ့ငွေအကြီးဆုံးအရွက်ဖြစ်တဲ့.. ဒေါ်လာရာဂဏန်းကနေပြောတယ်..။ ဥပမာ.. ဒေါ်လာ ၁သိန်းဆို.. hundred thousand
    ဂျပန်တွေက.. . သူ့ငွေအကြီးဆုံးအရွက်ဖြစ်တဲ့.ယန်း ၁သောင်းတန်ကပြောတယ်..။
    မြန်မာတွေ.. ကိုယ့်ငွေအကြီးဆုံးကနေ.. မြှောက်ပြီးပြောသင့်တယ်ထင်တာပဲ..။

    ဆိုတော့..
    “ငါးထောင်တန်စကား.. ရယ်ပေါ့..။” :i:

    Reply

    • naywoon ni

      March 8, 2015 at 2:19 pm

      ဟုတ်​ပါ့ဗျာ ကျ​နော်​သတိမထားမိဖူး ကျ​နော်​တို့လူမျိုးက သိန်​းဂဏန်​းထက်​ပိုရင်​မတွက်​တတ်​​တော့ဘူး ။ သိန်​းဂဏန်​းနဲ့ သုံးတာလဲ သိသ​လောက်​ အိန္ဒိယ ပဲရှိတယ်​နဲ့တူရဲ့ ( lakh – သိန်​းဂဏန်​း အိန္ဒိယ အသုံးလို့ ​တွေ့ဖူးတယ်​ ) ဟိုတစ်​ခါလည်​း အဘ ​ဖော က ​ဖြေရှင်​းပြီးပြီ ကျ​နော်​ကိုက န​နောနမဲ့ ​နေတာ ။ ဆို​တော့ သူတစ်​ပါး အပုတ်​ချချင်​​ဇော ကြီး​နေတဲ့ ​နေဝန်​းနီ ဖြစ်​သွားပါ​ရောလား ။ ​နောက်​​နေ့ အဲ့ လက်​ဖက်​ရည်​ဆိုင်​ ​ရောက်​မှ ပြန်​ရှင်​းရဦးမယ်​ ။ တစ်​​ယောက်​ ဆယ်​​ဒေါ်လာ ​လောက်​ဆို​တော့ ဖုန်​း​ဘေလ်​ဖိုးပဲ ရှိဦးမယ်​ ​နော့

      Reply

      • မြစပဲရိုး

        March 8, 2015 at 5:23 pm

        သူကြီး တို့ တော်ချက်။
        ကျွန်မ လဲ ဖတ်ပြီး ဂဏန်းတွေ ကို မတွက်မိဘူး။

        ဒါမှ မဟုတ် အဲ့ လူ က ဟို ကိုလှဆွေ ကို လှောင်ထားသလား 🙄
        lol:-))))

        Reply

  • ခင်ဇော်

    March 8, 2015 at 11:16 am

    ထောင်တန် တဲ့ စကား ရယ် မိ လို့ အချုပ်ထဲ ရောက် ဆိုလား ဘာလားးး
    ဒီရွာထဲက လူဂျီး တစ်ယောက် ပြောဖူးတာပဲ/

    :mrgreen:

    Reply

  • Wow

    March 8, 2015 at 1:00 pm

    ဒါနဲ့ ရပ်ပြစ် ၁ဝပါးက ဘာဒွေလဲဆြာနီ :mrgreen:

    Reply

  • Alinsett@Maung Thura

    March 8, 2015 at 2:05 pm

    telenor နဲ့ ရွာထဲ ဝင်လို့ အဆင်ပြေနေတာလား အဘနီ
    ကျနော်တော့ အခုနောက်ပိုင်း telenor နဲ့ ဝင်ရတာ အဆင်ပြေနေသား
    .ဘေလ်ကျတော့လည်း သိပ်လည်း မကုန်ဘူး။
    အကြာကြီးသုံးမှ ငါးဆယ်လောက်ပဲ ဖြတ်တယ်
    :k:

    Reply

    • naywoon ni

      March 8, 2015 at 2:25 pm

      ခုလည်​း တယ်​လီ​နောနဲပဲ​လေ ။ My internet month Pack ပဲ ဝယ်​သုံးတယ်​​လေ 500mb ကို ၁၉၀ဝ ဘိုး ။ ငါးရက်​​လောက်​​တော့ အနဲဆုံး သုံးရတယ်​ ။ နီ mp 3 မှာ အပြတ်​​တွေပါလား ။ ခု ပထမဆုံး နန္ဒာ သိန်​းဇံ နား​ထောင်​​နေတာ Victor Soe Moe ရဲ့ စာအုပ်​ဆိုင်​မှာ 🙂

      Reply

  • Mr. MarGa

    March 9, 2015 at 12:32 am

    အင်​းးးးး
    အင်​းးးးး
    အင်​းးးးး
    အ​တွေးများစွာနဲ့……

    Reply

  • naywoon ni

    March 9, 2015 at 12:49 am

    ကျ​နော်​ သိချင်​တာက ” သမဝါယမ ဝန်​ကြီးဌာန ” ဆိုတာ ဒီမိုက​ရေစီစနစ်​ကျင်​့သုံးတဲ့ နိုင်​ငံ​တွေမှာ ရှိမရှိနဲ့ ကမ္ဘာ ​ပေါ်မှာ ဘယ်​နှစ်​နိုင်​ငံ​လောက်​ ဒီသမဝါယမ ဝန်​းကြီး ဌာန ဆိုတာ ရှိ​သေးလဲ ဆိုတာပါပဲ ။

    Reply

    • kai

      March 9, 2015 at 3:44 pm

      Cooperative ပေါ့..။
      ယူအက်စ်နဲ့.. ဂျပန်မှာ.. ဝန်ကြီးဌာန.. အစိုးရလုပ်တယ်ဆိုတာထက်.. ပုဂ္ဂလိကက တည်ထောင်လုပ်ကြတယ်လို့သိဖူးတယ်..။
      အဲဒါက.. လူတွေစုပိုက်ဆံထည့်.. အသင်းအဖွဲ့ကုမ္ပဏီထောင်တဲ့.. သဘောပါပဲ..။

      မြန်မာပြည်မယ်တော့.. ဆိုရှယ်လစ်ခေတ်က.. အမွေအဖြစ်.. အစိုးရကထလုပ်တာပေါ့…။
      မဆလဖျက်သိမ်းတော့.. အဲဒီကငွေတွေ… မဆလ.. တစညပါတီမရောက်အောင်တားထားရင်းနဲ့ပဲ.. ကျန်နေတာလား..။
      .. နောက်တက်လာတဲ့ ပြည်ခိုင်ဖြိုးကပဲ. ဝါးချင်လို့ဖန်ထားတာလားတော့မသိ.။

      ပြောသာပြောတာ.. တစညနဲ့.. ပြည်ခိုင်ဖြိုးတို့ရဲ့.. ပါတီရံပုံငွေတွေ. ..အရင်အစိုးရတွေကနေ.. ဘယ်လိုလွှဲယူလာတယ်ဆိုတာနဲ့.. လောလောဆယ်.. ငွေကြေးရှာဖွေရယူပုံတွေသိချင်လှ…။
      အဲဒီအချက်က.. ၂၀၁၅ ရွေးကောက်ပွဲမှာ.. ဒီချုပ်ရဲ့..နင်းကွက်ဖြစ်သင့်…။

      Reply

  • Mike

    March 9, 2015 at 1:34 pm

    .“သမဝါယမ ဝန်​ကြီးဌာန ” ဆိုတာဟန်ပြသက်သက်ပါ
    .ဖျက်ပစ်သင့်ပီ

    Reply

    • ခင်ဇော်

      March 9, 2015 at 1:36 pm

      သမ တဲ့ နေရာမှာ
      ဝါယမ စိုက်ထုတ် တဲ့ ဝန်ကြီး ဌာန ကို ပြောဒါလား???

      :mrgreen:

      Reply

Leave a Reply to မြစပဲရိုး Cancel Reply

Your email address will not be published.