တိမ်မြှုပ်နေသော မြန်မာ့လက်မှုပညာ

manawphyulayMarch 3, 20151min012

ပရိဘောဂပညာရပ်ကို စိတ်ဝင်စားတဲ့ လူငယ်လူရွယ်များအတွက် အလုပ်လုပ်ရင်း ပညာသင်ယူ နိုင်တဲ့ Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းမှ ပရိဘောဂ အတတ်ပညာသင်တန်းကို လာမည့် ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်အတွက် ဒီဇင်ဘာလမှာ လျှောက်လွှာများ အခမဲ့ထုတ်ပေးနေပါတယ်။ သင်တန်းဘာသာရပ်နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ကို CVT Myanmar မှ ပရိဘောဂ အတတ်ပညာရပ်မှ လက်ထောက်ဌာနမှူး ဦးဇော်မင်းထွဋ်ကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
IMG_1284

မနောဖြူလေး။ ။ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်တဲ့ ပရိဘောဂအတတ်ပညာရပ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦးဆရာ။
ဦးဇော်မင်းထွဋ်။ ။ ပရိဘောဂအတတ်ပညာသင်တန်းက သင်တန်းသားတွေကို လုပ်ငန်းခွင်အတွင်း အရည်အသွေး ပိုမိုမြင့်မားစေတဲ့အပြင် သင်တန်းပြီးမြောက်အောင်မြင်တဲ့ အခါမှာလည်း Jounir Professional တစ်ယောက် အဖြစ် ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ရည်ရွယ်သင်ကြား ပေးလျက် ရှိပါတယ်။ ဆွစ်ဇာလန်နိုင်ငံက နည်းပညာများကို သင်ကြားပေးပြီး ဆွစ်ဇာလန်နိုင်ငံမှ လာရောက်သော Expart များ ကိုယ်တိုင် လက်တွေ့ပိုင်းများကို စနစ်တကျ သင်ကြားပို့ချတဲ့ သင်တန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ လူငယ်လူရွယ်တွေကို အသက်မွေးမှု လုပ်ငန်းများထဲက တစ်ခုဖြစ်တဲ့ ပရိဘောအတတ်ပညာ ရပ်ကို Profession ကျကျ နည်းစနစ်ကျစွာ လုပ်ကိုင် တတ်စေရန် ဖြစ်ပါတယ်။

မနောဖြူလေး။ ။ ယခုလက်ရှိမှာ CVT Myanmar သက်မွေးမှု အတတ်ပညာသင်တန်းကျောင်းကို ရောက်ရှိခဲ့ပေးပုံလေးနှင့် ဆရာ့အမည်ကို ပြောပြပေးပါလားဆရာ။
ဦးဇော်မင်းထွဋ်။ ။ ကျွန်တော့်အမည်ကတော့ ဦးဇော်မင်းထွဋ် ဖြစ်ပါတယ်။ CVT Myanmar စဖွင့်တော့ ၂၀၀၂ ခုနှစ်မှာပါ။ အဲဒီမှာ ကျွန်တော်က ပထမဦးဆုံး သင်တန်းသားတစ်ယောက်ပါ။ အဲဒီအချိန်က ကျွန်တော့် အလုပ်ဌာနကတော့ Wood Technology Industry Company ဖြစ်ပါတယ်။ သင်တန်း သုံးနှစ်ပြီးတော့ ကျွန်တော် CVT မှာ အချိန်ပိုင်းနဲ့ လက်တွေ့နည်းပြအဖြစ် ပြန်သင်ပေးတဲ့ အလုပ်ကို တွဲဖက် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်က စာသင်တာလည်း ဝါသနာပါတယ်ဆိုတော့ ၂၀၀၆ ခုနှစ်မှာ ပရိဘောဂ အတတ်ပညာသင်တန်း အတန်းပိုင်အဖြစ် စတင်တာဝန်ထမ်းခဲ့ပြီး ယခုချိန်တိုင် လက်ထောက် ဌာနမှူးအဖြစ် လက်တွေ့ စာတွေ့ သင်ကြားပေးနေပါတယ်။

မနောဖြူလေး။ ။ မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ကိုင်နေတဲ့ လက်သမားပညာရပ်နဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဦးဇော်မင်းထွဋ်။ ။ မြန်မာနိုင်ငံမှာ လက်သမားဖြစ်ဖြစ်၊ပရိဘောဂသမားဖြစ်ဖြစ် သူတို့ရဲ့စိတ်ကူးပုံနဲ့ လုပ်ပုံကိုင်ပုံတွေ အရမ်းကောင်းပါတယ်၊ တစ်ခုလိုနေတာက သူတို့က Educated တွေ မဟုတ်ဘူး။ သင်တန်းကောင်း ကောင်းမှာ စနစ်တကျသင်ယူထားတဲ့သူတွေက ရှားပါတယ်။ ဒီတော့ သူတို့ သင်တန်းကျောင်းတွေမှာသာ ရနိုင်တဲ့ ပညာရပ် တချို့လိုနေတယ်။ ဥပမာ၊ ဒီဇိုင်းရေးဆွဲခြင်း၊ ဒီဇိုင်းဖတ်ခြင်း၊ ကိရိယာများ အသုံးပြုနိုင်သောနေရာများ၊ အန္တရာယ်ကင်းဝေးရေး အသိပညာ စနစ်တကျလုပ်နည်းစသည့် အရာတွေကို လုပ်နိူင်မယ်ဆိုရင် ပိုပြီးကောင်းလာနိုင်မယ် ထင်ပါတယ်။ နောက်ပြီး သူတို့မှာ ကျွမ်းကျင်မှု အသိအမှတ်ပြု ထောက်ခံချက်လိုမယ်။ အောင်လက်မှတ်လိုမျိုးပေါ့။ ဒါမှ အမှန်တကယ် တက်မြောက်တယ် ဆိုတာ အချိန်မရွေး လွယ်လင့်တကူသိနိုင်မှာပါ။

မနောဖြူလေး။ ။ စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်သင်ကြားပေးတယ်လို့ သိရပါတယ်။ ဘယ်လို သင်ကြားပေးပါသလဲ။
ဦးဇော်မင်းထွဋ်။ ။ စာတွေ့ သင်ခန်းစာက များပါတယ်။ လုပ်ငန်းခွင်မှ လာရောက်သင်ကြားတာ ဖြစ်တဲ့အတွက် စာတွေ့ လက်တွေ့ ပေါင်းစပ်တယ်လို့ ပြောလို့ရပါတယ်။ CVT မှာတော့ တစ်နှစ်ကို ၃ ပတ် လက်တွေ့ ပြုလုပ်ခြင်းတွေ သင်ကြားရပါတယ်။ ရည်ရွယ်ချက်ကတော့ သင်တန်းမှ စာတွေ့နဲ့ လက်တွေ့ တစ်ထပ် တည်း ကျတယ်ဆိုတာ နားလည်စေချင်လို့ပါပဲ။

မနောဖြူလေး။ ။ သင်တန်းကာလနှင့် သင်တန်းတက်ရတဲ့ ရက်တွေကော သတ်မှတ်ထားပါသလား။
ဦးဇော်မင်းထွဋ်။ ။ စာတွေ့တစ်ပတ်ကို တစ်ရက် သင်ကြားရမှာပါ။ ကျန်ရက်တွေမှာတော့ လုပ်ငန်းခွင် အတွေ့ အကြုံရဖို့ သင်တန်းသားများ အလုပ်လုပ်ကြရပါမယ်။ လက်တွေ့ကတော့ ပညာသင်နှစ်ရဲ့ နှစ်လည်မှာ တစ်နှစ်ကို ၃ ပတ် သင်ကြားပေးပါတယ်။

P1050266-912x600

မနောဖြူလေး။ ။ သင်တန်းကနေ ဘယ်အပိုင်းတွေကို သင်ကြားပို့ချပေးပါသလဲ။
ဦးဇော်မင်းထွဋ်။ ။ Cabinet Maker သင်တန်းတွင် ဘာသာရပ်များအဖြစ် Material Knowledge, Working Technique, Technical Drawing, Mathematic, Myanmar, English Language and General Knowledge စသည့် ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Cabinet Maker သင်တန်းမှာ သင်တန်းသားတွေကို လုပ်ငန်းခွင်အတွင်း အရည်အသွေး မြင့်မားစေတဲ့ အပြင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့ရင် Junier Profession တစ်ယောက်အဖြစ် ကျွမ်းကျင် တတ်မြောက်စေရန် ရည်ရွယ်၍ သင်ကြားပေးလျက် ရှိပါတယ်။

မနောဖြူလေး။ ။ သင်တန်းပြီးဆုံးသွားရင် တက်ရောက်သူများက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမှာပါလဲ။
ဦးဇော်မင်းထွဋ်။ ။ သင်တန်းပြီးဆုံးရင်တော့ သင်တန်းအောင်မြင်သူတစ်ယောက်မှာ ရရှိနိုင်တဲ့ အကျိုး ကျေးဇူးတွေက ပရိဘောဂပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဦးဆောင်နိုင်တဲ့ အရည်အချင်း တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

မနောဖြူလေး။ ။ သင်တန်းတက်လိုသူတစ်ယောက်အတွက် ဘာတွေလိုအပ်ပါသလဲ။
ဦးဇော်မင်းထွဋ်။ ။ ဒီပညာရပ်ကို အမှန်တကယ် စိတ်ဝင်စားမှုရှိပါမယ်။ နောက်တစ်ချက်က ပရိဘောဂနှင့် သက်ဆိုင်တဲ့ လုပ်ငန်းခွင်ဝင်နေသူ ဖြစ်ရပါမယ်။ နောက်ပြီး အခြေခံပညာအထက်တန်းအဆင့် ရှိရမှာ ဖြစ်တဲ့အပြင် သင်တန်းကို ၃ နှစ် ပြီးဆုံးအောင်လည်း တက်နိုင်ရမှာ ဖြစ်ပါတယ်။ သင်တန်း ၃ နှစ်လုံးကတော့ အခမဲ့ တက်ရောက်ရမှာ ဖြစ်ပါတယ်။

မနောဖြူလေး။ ။သင်တန်းက ဆောင်ရွက်နေတဲ့ တခြား activity လေးတွေလ ဲရှိရင် ပြောပေးပါဦးဆရာ။
ဦးဇော်မင်းထွဋ်။ ။ ကျွန်တော်တို့ပရိဘောဂသင်တန်းအနေနဲ့ကတော့ ASEAN Skill Competition အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲတွေမှာ နှစ်စဉ်သွားရောက်ယှဉ်ပြိုင်နေပါတယ်။ ဆုအနေနဲ့ကတော့ မရရှိသေး ပါဘူး။ လိုအပ်ချက်တွေ ရှိနေသေးတယ်ပေါ့လေ။ နောက် NSSA ကျွမ်းကျင်မှု စစ်ဆေးရေးအဖွဲ့တွေမှာ အလုပ်သမား သင်တန်းကျောင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတာလေးတွေလည်း ရှိပါတယ်။

မနောဖြူလေး။ ။ သင်တန်းဆင်းတစ်ယောက်အနေနဲ့ဘယ်လို အထောက်အကူပြုလက်မှတ်မျိုးရမှာလဲ ဆရာ။
ဦးဇော်မင်းထွဋ်။ ။သင်တန်းဆင်းတစ်ယောက်အနေနဲကတော့ စာတွေ့၊လက်တွေ့ကျွမ်းကျင်မှု စတဲ့ လက်မှတ်မျိုး ရရှိမှာဖြစ်ပါတယ်။ နောက် ဒီအောင်လက်မှတ်ပေါ်မှာ ဆွတ်ဇာလန် သင်တန်းကျောင်း အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုတံဆိပ်ပါမှာပါ။ အခုဆိုရင် NSSA အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြု အဖွဲ့ရဲ့ အသိအမှတ်ပြုတဲ့အဆင့် အထိရောက်အောင် ကြိုးစားနေပါတယ် ရတော့မှာပါ။

မနောဖြူလေး။ ။ သင်တန်းသားတွေနှင့် ပတ်သက်ပြီး တခြားဘာများရှိသေးလဲဆရာ။
ဦးဇော်မင်းထွဋ်။ ။ ကျွန်တော်တို့CVT သင်တန်းကျောင်းက သင်တန်းသားတွေကို အရည်အချင်း စစ်ဆေးတဲ့အခါမှာ စာတွေ့၊လက်တွေ့စစ်ဆေးပါတယ်။ ဒါကြောင့် သင်တန်းဆင်းကျောင်းသား တစ်ယောက်က စာတွေ့ပဲ အောင်မြင်ရုံနဲ့ သင်တန်းဆင်း လက်မှတ်မရနိုင်ပါဘူး။ လက်တွေ့စစ်ဆေးမှု တွေပါ ဖြေဆို အောင်မြင်ပါမှ သင်တန်းဆင်းလက်မှတ်ရရှိမှာဖြစ်ပါတယ် ဒါကြောင့် စာတွေ့ချည်း သက်သက် မဟုတ်တဲ့အတွက် ပိုပြီးတော့ ကျွမ်းကျင်မှုလည်း လိုအပ်ပါတယ်။ ဒါကြောင့် သင်တန်းဆင်း တစ်ယောက်က ဖြေဆိုအောင်မြင်ပြီးပါက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုမိုရရှိမှာ ဖြစ်ပါတယ်။
မနောဖြူလေး။ ။ ဒီပညာရပ်အပေါ် စိတ်ပါဝင်စားမှုရှိနေတဲ့ လူငယ်များအပေါ် ဆရာ ဘာများပြောချင် ပါသလဲ။
ဦးဇော်မင်းထွဋ်။ ။ ဒီပညာရပ်အပေါ် စိတ်ပါဝင်စားမှုရှိနေတဲ့ လူငယ်များအတွက်တော့ ကိုယ်က ဒီပညာနဲ့ စီးပွားရှာမှာ ဖြစ်တဲ့အတွက် ဒီပညာရပ်နဲ့ပက်သက်တာ အားလုံးသင်ယူစေချင်ပါတယ်။ ဒါမှ ကိုယ် တကယ် လုပ်ကိုင်တဲ့အခါမှာ အခက်အခဲတွေ နည်းပါးနိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ပရိဘောဂ ပြုလုပ်နိုင်ရုံနဲ့ တင်းတိမ်နေကြတယ်။ သူနဲ့သက်ဆိုင်တဲ့ drawing တို့material Knowledge and safety awareness နောက်ပြီး ရေရှည်မှာ ဘယ်လိုရပ်တည်နိုင်အောင် အပြောင်းအလဲလေးတွေအတွက် ကြိုမြင် တတ်တဲ့ ခေါင်းဆောင်ဖြစ်အောင် ဘာတွေဆက်သင်ယူရမှာလဲဆိုတာကို မေ့နေကြတယ် ဒီတော့ အဲသလို မဖြစ်အောင် မိမိဝါသနာပါလို့ပဲဖြစ်ဖြစ်၊ စီးပွားရှာချင်လို့ပဲဖြစ်ဖြစ် ဒီပညာကို ပြည့်စုံလုံလောက်တဲ့အထိ သင်ယူကြပါလို့ ပြောချင်ပါတယ်။

မနောဖြူလေး။ ။ သင်တန်းက အမြဲဖွင့်ပါသလားဆရာ။ နောက်ပြီး သင်တန်းတက်ချင်သူတွေက ဘယ်နေရာကို ဆက်သွယ်စုံစမ်းရပါမလဲ။
ဦးဇော်မင်းထွဋ်။ ။ သင်တန်းက နှစ်စဉ် မေလမှာ ဖွင့်ပါတယ်။ ဒီဇင်ဘာလဆိုရင် သင်တန်းကျောင်းမှာ လျှောက်လွှာကို အခမဲ့ လာရောက်ထုတ်ယူနိုင်ပါတယ်။ ဖေဖော်ဝါရီလဆိုရင် ဖောင်ပိတ်ပါတယ်။ မတ်လမှာ ရေးဖြေ နှုတ်ဖြေ အောင်မြင်မှ သင်တန်းတက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းတည်နေရာကတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးချုပ်၊ ၄၂-ကမ်းနားလမ်း၊ တတိယထပ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန် နှင့် ဖုန်း – ဝ၁ – ၃၈၃၆၇၆၊ ဝ၉၇၃၁၆၆၂၀၆၊ ဝ၉၄၂၁၁၇၁၈၇၄ ကို ဆက်သွယ်နိုင်ပါတယ်။

မနောဖြူလေး။ ။ အခုလ ိုဖြေကြားပေးတဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
ဦးဇော်မင်းထွဋ်။ ။ ဟုတ်ကဲ့ ကျွန်တော်ကလည်း မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်လူရွယ်များ အရည်အသွေးနှင့် အရည်အချင်းတွေ ပြည့်စုံပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်ဖို့ ရည်ရွယ်တဲ့အတွက် ခုလို ရှင်းပြခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

မနောဖြူလေး

12 comments

  • Wow

    March 3, 2015 at 12:41 pm

    သင်ချင်တယ် အချိန်ပိုင်းသင်တန်းရှိရင်ကောင်းမယ်

    Reply

  • kai

    March 3, 2015 at 12:52 pm

    ဒီမှာလည်း.. အဲလိုသင်တန်းမျိုးတွေ.. မြို့နယ်တချို့တွေမှာရှိတယ်..။
    ကွန်ပြူတာ..။ စက်မှုလက်မှု..။ ကားပြင်..။ အလှပြင်..။ စသဖြင့် အသက်မွေးမှုအတတ်တွေကိုသင်ပေးတာပါ…။
    ပြီးရင်.. ဆာတဖကိတ်ထုတ်ပေးတယ်..။
    အဲဒါနဲ့အလုပ်ဝင်လို့ရတာပေါ့..။ ထမင်းစားလက်မှတ်ပေါ့…။
    နိုင်ငံတကာအသိအမှတ်ပြုတာမို့.. အဲဒါနဲ့အလုပ်လုပ်… ထမင်းစားနိုင်တဲ့ဝင်ငွေရရင်.. ပရိုဖြစ်တာပေါ့..

    အင်မတန်ကောင်းပါတယ်..။
    အားပေး…အားပေးကြောင်း…။

    အလုပ်မလုပ်.. ထိုင်စားနေတဲ့.. ကိုယ်ခန္ဓာအကောင်းရှိနေသူတွေသွားသင်ထားကြဖို့ကောင်းတယ်..။
    ( ဇီဇီမမြင်စေရ.. ) :k:

    Reply

    • ခင်ဇော်

      March 3, 2015 at 1:04 pm

      အင်းးး
      အဲ။
      ဂလု။
      ပြောမှာတွေ မျိုချလိုက်ပြီ။
      :k:

      ရေးချင်တဲ့ ပရဟိတ ဘုန်းကြီး နဲ့ သူ့ ဒကာမတွေ အကြောင်း တောင်
      တဂျီး ကြောက်လို့မရေးတော့ဘူးးး
      ပို ပြောလို့ ကောင်းမစိုးလို့။
      ဟွန့်။
      :a:
      ~~~~~~~~~~~~~~
      မနောလေးးး
      ဘရာဗို ဗျ။

      လက်မှုပညာတွေကို ပြန်ဖော်ထုတ်တဲ့ ထိန်းသိမ်းတဲ့ ပြန့်ပွါးအောင် လုပ်နိုင်တဲ့ သူတွေကို လေးစားတယ်။

      သများကတော့ မြန်မာ မုန့် လုပ်ငန်း ကျောင်းတွေမှာ ကျောင်းမုန့်ဆိုင်တွေမှာ တွင်ကျယ်စေချင်တာပဲ။
      အင်ဒိုမှာ ရိုးရာ မုန့်ကို ကျောင်းမှာ ပိုရောင်းခိုင်းပြီး ပြည်ပ က တင်သွင်းမုန့် တွေကို ကန့်သတ်လိုက်ပြီ။

      :sar:

      Reply

  • naywoon ni

    March 3, 2015 at 1:28 pm

    အင်​း အရင်​က​တော့ မန္တ​လေး မြို့ထဲသွားရင်​ ပရိ​ဘောဂ ဆိုင်​​တွေက လက်​ညိုးထိုးမလွဲဘူး ။ မယုံရင်​ ကို​ပေါက်​​မေးကြည်​့ ။ ခု​တော့ဘယ်​​ရောက်​ကုန်​ပြီလဲမသ်​ိဘူး။ ဒါ လဲ ကို​ပေါက်​တို့ ​မေးကြည်​့ရဦးမယ်​ ။

    Reply

  • padonmar

    March 4, 2015 at 12:23 am

    သင်တန်းချိန်နဲ့ တက်ရမယ့်ရက်တွေ မတွေ့မိသလိုပဲ။စနေ၊တနင်္ဂနွေလား။weekday တွေလား။
    နေစရာအဆောင်ပေးသေးလား။

    Reply

  • Ma Ma

    March 4, 2015 at 6:56 am

    တကယ်အကျိုးများတဲ့ သင်တန်းပဲ။
    သင်တန်းပြီးရင် ထမင်းစားလက်မှတ်တစ်စောင်တော့ ရပြီးသားဖြစ်မှာ။

    Reply

  • ဦးကြောင်ကြီး

    March 4, 2015 at 12:32 pm

    စက်မှုခေတ်ကျော်လို့ အိုင်တီခေတ် ရောက်လဲ တန်ဖိုးရှိတာ လက်သမား ပညာပါ။ တော်ရုံတန်ရုံ ကျွမ်းလျင်ကို အိမ်မွမ်းမံစားရိတ် အတော်သက်သာမြည်။ သဂျီးဦးမာမွတ် လက်သမားပညာ တတ်တယ်။ သူတို့လင်မယား ဝယ်ထားတဲ့ ကုတင်ဂျီး တနှစ်မပြည့်ခင် (အသုံးကြမ်းလို့ဖြစ်မှာပေါ့) တကျွီကျွီ မြည်တာ ဆိုင်ပို့စရာ မလိုဘူး.. ကိုယ့်ဟာကို ပြင်လိုက်သတဲ့…

    Reply

  • Mike

    March 6, 2015 at 11:33 am

    .ဂွတ် ထရိန်နင်ဆန်တာပဲ…လူငယ်တွေတက်သင့်တယ်..ခုခေတ်ပရိဘောဂဈေးက သေးတာမဟုတ်

    Reply

  • uncle gyi

    April 29, 2015 at 10:31 pm

    သင်တန်းဆင်းရင်မြန်မာမှာအလုပ်မရနိုင်ပါ
    နုိုင်ငံခြားသွားလုပ်ရပါမယ်
    မြန်မာမှာသစ်မထွက်တော့လို့ပါ

    Reply

    • manawphyulay

      April 30, 2015 at 10:01 am

      အဲဒါတော့ သိပ်မဖြစ်နိုင်ဘူးထင်တယ် အန်ကယ်ကြီး
      ဘာကြောင့်လဲဆိုတော့ ဒီသင်တန်းတက်ထဲက အလုပ်ခွင်ဝင်နေသူတွေသာ လက်ခံတာဆိုတော့ သင်တန်းပြီးဆုံးတာနဲ့ ကိုယ်ပိုင် Workshop တွေ ဖွင့်ကြတာများပါတယ်။ လုပ်ငန်းငယ်တွေ ပြောင်းလုပ်ကြပါတယ်။

      Reply

Leave a Reply to Alinsett@Maung Thura Cancel Reply

Your email address will not be published.