လူမှောင်ခိုသမားဖမ်းမိ

cobraAugust 20, 20101min06


ကိုဦး
၊     ၊မြန်မာနိုင်ငံသား မြန်မာမိန်းခလေးနှစ်ဦးကို မလေးရှားနိုင်ငံသားက ရောင်းရန် စီစဉ်ေနေ
စဉ်တွင် ထိုင်းရဲများက စွေထိုင်းကျန်းလုန်(၇)၊ စနပ်ခမ်ရပ်ကွက်၊ စဒေါင်းမြို့၊ စုန်ခါ ခရိုင်တွင်
ဩဂုတ်လ၊ (၁၇)ရက်နေ့က ဖမ်းဆီးမိသည်။

တခ် ခရိုင် နယ်မြေအမှတ်(၉)မှ ဗိုလ်ချူပ်ထမနွန်ပယွန်ရုန်းဦးေ

ဆာင်သော အဖွဲ့က သတင်းအရ
စဒေါင်းမြို့၊ စနပ်ခမ်ရပ်ကွက်၊ စွေထိုင်းကျန်းလုန်(၇)၊ chalala ကာရာအိုကေ ဆိုင်ကို ဝင်ရောက်ရှာ
ဖွေရာ မြန်မာမိန်းကလေး မသင်းသင်းစန်း အသက်(၂၀)နှင့် နောက်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းမိသူမိန်းခလေးနှစ်ဦး၏ ထွက်ဆိုချက်အရ ဆိုင် ရှင်မှာ မလေးရှားနိုင်ငံသား Tay Boon Tiong
(ခေါ်) နိုင်အာကျုန် အသက်(၃၀)နှစ် ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာမိန်းခလေးများ၏ ထွက်ဆိုချက်အရ သူတို့နှစ်ဦးကို မလေးရှာနိုင်ငံသို့ရောင်းရန်
စီစဉ်နေစဉ်တွင် လာရောက်ဖမ်းဆီးမိခြင်းဖြစ်သည်။ သူမတို့နှစ် ဦးကို ပြည့်တန်ဆာရုံသို့ ရောင်းရန်ဖြစ်သည်။
အရင်ဦးဆုံး နိုင်အာကျုန်က သူ့ဆိုင်တွင် အခန်းတွင်း လှောင်ပိတ်ထားသ်ည်။ ဧည့်သည်လာလျှင် တာဝန်ကျေ
အောင်ပြုလုပ်ပေး ရသည်။ တာဝန်မကျေပါက ဆဲဆိုရိုက်နှက်ခြင်းကို ခံရကြောင်းကို တာဝန်ရှိသူများရှေ့တွင်
ထွက်ဆိုခဲ့သည်။ ဆိုင်ရှင်က ဟုတ်မှန်ကြောင်းကို ဝန်ခံထွက်ဆိုခဲ့သည်။

မြန်မာမိန်းခလေးနှစ်ဦးမှာလဲ တာဝန်ရှိသူများ၏ ကူညီစောင့်ရှောက်မှုဖြင့် ပြန်လည် လွတ်မြောက်သွားခဲ့ကြောင်းကို
thairathnewspaper  ထိုင်းသတင်းစာတွင် ရေးသားဖေါ်ပြခဲ့ သည်။ အဆိုပါအဖြစ်မျိုးကို လွန်ခဲ့သော လဆန်းပိုင်းကလဲ
မဲဆောက်မြို့တွင် ညီအမနှစ် ဦးကိုရောင်းစားခံရခိုက်တွင် ကူညီသူများက ကယ်တင်နိုင်ခဲ့သည်။ ထိုင်းမြန်မာလူ
ကုန်ကူး မှုတိုက်ဖျက်ရေးအဖွဲ့ ရှိသော်လဲ လုပ်ငန်းများမှာ မဆိုသလောက်သာ လုပ်ကိုနေကြသည်။ မြဝတီရှိ လူကုန်ကူးမှု
တိုက်ဖျက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး ကြီးရွှေသို ့ Freedom News Group မှ ဖုန်းဖြင့် ဆက် သွယ်ခဲ့သော်လဲ
ဖုန်းကိုဖြေကြားခြင်းမရှိပါ။

6 comments

  • sususan

    August 20, 2010 at 12:52 pm

    အမြတ်ထုတ်စရာတွေကုန်လို့လူလူချင်း
    အမြတ်ထုတ်နေကြပြီ…

    Reply

  • မန်း ရိပ်

    August 20, 2010 at 1:27 pm

    ပျော်လိုက်တာ …………….ကိုယ်လူမျိုးအချင်းချင်းကို ရက်စက်နေတဲ့အကောင်တွေဗျ…………ဖက်ဆစ်ဂျပန်တဲ့ဆိုးတဲ့ကောင်တွေ
    နိုင်ငံသားအားလုံးရဲ့တာဝန်ပဲ…..ဒါအမျိုးသားရေးပဲ။ အာလုံးဝိုင်းဝန်းကူညီကြမယ်ဆို ဒီကောင်တွေ ပြေးလို့မလွတ်ပါဘူး။

    Reply

  • kopauk mandalay

    August 20, 2010 at 3:31 pm

    စီးပွားအရှာခက်တော့ အလွယ်လမ်းလိုက်
    အလွယ်လိုက်တော့ အငိုက်မိ
    အငိုက်မိတော့ အရှိုက်ထိ
    အရှိုက်ထိတယ်ဆိုမှတော့ ……………………………………………………………..
    သေပြီဆရာ အခါခါအော်ရုံပါဘဲနော်

    Reply

  • chitsayar

    August 20, 2010 at 4:36 pm

    မိမိတို ့ တပ်မတော်မှ ဘာမှ မပြာကြောင်း

    Reply

  • etone

    August 21, 2010 at 2:16 am

    အဲ့ဒီခွေးသားတွေ လူလူချင်းအမြတ်ထုတ်နေပါလား ။ ဘယ်လိုနလပိန်းတုန်းမိန်းမတွေကလည်း ယုံစားလည်းမသိဘူး ။ နှာခေါင်းသာမပါရင် ‘ချီ း စားမှာလား ။ မိန်းမတွေ … မနုံ သင့်တဲ့နေရာမှာမနုံစမ်းပါနဲ့ ။ မြန်မာမတွေဒီလောက်မပိန်းပါဘူးကွာ ။ ရင်နာစရာကောင်းလွန်းလို့ပါ ။ ငွေနံ့ ရရင် မနေနိုင်အောင်ဖြစ်နေတဲ့မိန်းမတွေလည်း သေချာစဉ်းစားစမ်းပါ ။ ပိုက်ဆံရှိရင်ဘဝကပြည့်စုံပြီလားလို့ ။ အဓိကက စိတ်ချမ်းသာဖို့လေ ။ အလွယ်လမ်းမလိုက်ကြပါနဲ့ ။ ပရန်သမတောင် ကိုယ့်သိက္ခာကိုယ်ထိန်းတယ် ။

    Reply

  • unclegyi1974

    August 25, 2010 at 7:21 am

    ကိုယ့်ပြည်တွင်းမှာငွေရှာလို့လွယ်ရင်ဘယ်သူကမိသားစုနဲ့ခွဲပြီးတိုင်းတပါးမှာငွေသွားရှာမှာလဲ၊
    ဒီလူကုန်ကူးတဲ့လူတွေကိုဝိုင်းဝန်းဖော်ထုတ်ပြီးထိရောက်စွာအရေးယူရမှာပါ၊
    အဓိက၊ကမိန်းခလေးတွေတိုင်းတပါးထွက်ပြီးအလုပ်မလုပ်ရအောင်ဒီမှာဘာလုပ်ပေးနိုင်သလဲ၊
    ဟာ အလုပ်တွေအများကြီးပါလို့တော့အလွယ်မပြောပါနဲ့၊တနေ့လုံးလုပ်လို့မှကိုယ်တယောက်တောင်ထမင်းဝအောင်
    မစားနိုင်တဲ့နေ့တွက်နဲ့ဆိုရင်ဒီလိုဘဲလူမှောင်ခိုတွေအတွက်တော့သားကောင်ကပေါများနေအုန်းမှာပါဘဲ။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.