ရွဲ့​စောင်​း​နေ​သော ​ပေတံတို့၏ ကျိုးပျက်​ခြင်​း

naywoon niFebruary 27, 20151min09

ရွဲ့​စောင်​း​နေ​သော ​ပေတံတို့၏ ကျိုးပျက်​ခြင်​း

ငါတို့ဟာ
အဘယ်​အ​ကြောင်​းအရာကိုမဆို
အဘယ်​သူနဲ့ပဲဆုံဆုံ
နီးစပ်​ရာ ပုံစံ ခွက်​တစ်​ခုထဲ
ထည်​့ပစ်​လိုက်​မိတာချည်​့ပဲ ။
ဒါမှ မဟုတ်​လည်​း
လက်​ထဲကိုင်​ထားမိတဲ့ ​ပေတံနဲ့ ဆွဲ တိုင်​းလိုက်​မိတာချည်​့ပဲ ။
​ပေတံ ဆ်​ိုလို့ ​ပြောရဦးမယ်​ ……
ငါတို့ တစ်​​ယောက်​ချင်​းစီမှာ
အရာတိုင်​းနဲ့ ပတ်​သက်​ပြီး
နှိုင်​းယှဉ်​ စရာ စံချိန်​ စံညွှန်​း​တွေ
ပုံ​သေ သတ်​မှတ်​ချက်​​တွေ
အလွတ်​ကျက်​ထားတဲ့ သူ​တွေချည်​့ပဲ ။
(သကြားဆို ချိုရမယ်​
ဆားဆိုလည်​း ငံရမယ်​ ဆိုတာမျိုးလိုပုံ​သေ )
အဲ့ဒိလို ပုံ​သေ​တွေ ​ပေတံ ဖွဲ့
လက်​ထဲ ကိုင်​ထားကြ​တော့တာ ။
အဲ့ဒိ​တော့
လူ့အခွင်​့အ​ရေးဆိုတာ
လွတ်​လပ်​ခြင်​းဆိုတာ
ညီမျှခြင်​းဆိုတာ
ဘာ ဆိုတာ
ညာ ဆိုတာ
တိုင်​း​နေကျ ဓ​လေ့ ထုံးစံ အစဉ်​အလာနဲ့
​ခေါက်​ရိုးကျိုး လူမှုစရိုက်​ထဲဆွဲသွင်​း
ပုံပျက်​ပန်​းပျက်​ စည်​းကမ်​း​သေဝပ်​မှုဟာ
နွား​ခြေရာခွက်​ထဲက ဖားတစ်​​ကောင်​ရဲ့​အော်​သံ​ကြောင်​့
ညဟာ ​သွေးပျက်​ခဲ့ရ​ပေါ့ ။

​နေဝန်​းနီ

9 comments

  • ခင်ဇော်

    February 27, 2015 at 1:17 pm

    ဟုတ်တယ်။
    ဟုတ်တယ်။
    လူတိုင်း က ကိုယ့်ပေတံကို မှန်တယ်ထင်တဲ့ သူချည်းပဲ။
    ဟိ။ :mrgreenn:

    အဲဒီထဲမှာ အနော် မပါပါဘု။

    .
    .
    ဘာပုလို့တုန်းဆို ကျနော်က ပေတံ မသုံးတာကလား။။!
    .

    .
    .
    .
    .

    ပေကြိုးပဲ သုံးတာကိုးးး
    ဟိ
    :k:

    Reply

  • Mr. MarGa

    February 27, 2015 at 1:21 pm

    သူ့ပေတံနဲ့ ကိုယ့်ပေတံ
    အတိုင်းအတာတွေ မတူကြလေတော့
    အူးးးးး ဝေးပြီဘေဘီ…..အဝေးဆုံးးးးးးးး
    :mrgreenn:

    Reply

  • တောင်ပေါ်သား

    February 27, 2015 at 1:39 pm

    ဪ စံပေတံ စံပေတံ

    ဘယ်လိုတိုင်းဖြစ်ဦးမယ် မသိ

    Reply

  • naywoon ni

    February 27, 2015 at 1:52 pm

    စံသတ်​မှတ်​ချက်​ ​တော့ လိုမယ်​ဗျ အဲ့ဒါ မိရိုးဖလာ ဓ​လေ့ ထုံးစံ စံလား ? ဒီမိုက​ရေစီ စံ နှုန်​းလား ? နှစ်​ခုလုံးကို လက်​ခံလို့မရ တစ်​ခုခု​ရွေးရ​တော့မယ်​ ။ နှစ်​ခုလုံးကို လက်​ခံရင်​ ဟိုမ​ရောက်​ ဒီမ​ရောက်​ စံပဲဖြစ်​​တော့မှာ ။ ကျ​နော်​တို့ဟာ တစ်​ကယ်​့ လမ်​းဆုံ လမ်​းခွ ကို ​ရောက်​​နေပါပြီ ။ အ​ရွေးမှားရင်​​တော့ ​နောက်​နှစ်​​ပေါင်​းဘယ်​​လောက်​ ကျိမ်​စာ သင်​့​နေဦးမလဲ မသိ

    Reply

  • အလင်းဆက်

    February 27, 2015 at 4:45 pm

    သမိုင်းမှာ ..ရိုင်းခဲ့တဲ့… ပုဂိ္ဂုလ်ကြီးတစ်ယောက်တောင် ရှိသေး..
    ပင်လယ်ဓါးပြကြီးလေ…
    နာမည်တော့ အခုပြောမယ်ကြံတော ့မေ့…

    သူက ဖမ်းမိသူတွေထဲက မကျေနပ်သူတွေကို..
    ကုတင်ပေါ် ပက်လက်လှန် အိပ်ခိုင်းပြီး..
    ကုန်တင်ထက် အရပ်ရှည်သူကို ရှည်ဦးဟ ဆိုပြီး..ခုတ်ဖြတ်…သတ်…
    ကုတင်ထက် တိုသူဆိုရင်..တိုဦးဟ ဆိုပြီး..ဆွဲဆန့်..ပြတ်ထွက်အောင်…သတ်…
    အဲ့လို..
    သူ့အတိုင်းအတာနဲ့သူတော့.. ဟုတ်လို့….

    အခု …ပေတံတွေ အကြောင်းတွေးမိတော့ အဲ့လူကြီးရဲ့ လုပ်ရပ်ကို သွားသတိရတယ်..

    Reply

  • မြစပဲရိုး

    February 28, 2015 at 3:51 am

    တကယ်တော့ အဘနီ ရဲ့။
    အခုချိန် ပေတံ သုံးကြတော့ဝူး။
    လေဆာ မီတာ တွေ နဲ့ တိုင်းနေကြပါရောလား။
    လိုချင်တဲ့ အကွာ ကနေ ခလုတ်နှိပ်တာနဲ့ လေဆာ မီးနီတန်းလေး က ထွက်ပြီး တိုင်းလိုက် တာ။
    ပြီးတော့ အဲဒီ ခလုတ် ဘေးမှာ အကွာအဝေး ဘယ်လောက် ဆိုပေါ်ရော။
    ချရေးစရာတောင် မလို။
    နည်းပညာ ကောင်းချက်ကတော့။

    Reply

  • Kaung Kin Pyar

    February 28, 2015 at 12:46 pm

    သူရို့လက်ထဲက ပေတံတွေက အမျိုးအစားအစုံရှိနေတာ ဆိုးတာပဲ။ ဒီလူဆို ဒီပေတံနဲ့တိုင်း၊ ဟိုလူဆို ဟိုပေတံလောက်နဲ့ဆို ရပြီ…။ ဈေးကချိန်ခွင်တွေလိုပဲ…အလေးတွေက ချိန်တွယ်ဖို့ အလေးစစ်စစ်မဟုတ်တော့သလို…တိုင်းတာတဲ့စံတွေအတွက်….ပေတံတွေကလဲ……

    Reply

  • kai

    February 28, 2015 at 4:40 pm

    အမှန်တော့
    ပေတံဆိုတဲ့ စံနှုန်းနဲ့တိုင်းချင်
    တိုင်းသူလူတွေဟာ တန်းစားညီရမယ်။
    လူ့ဇတ်မညီသမျှ
    ပေတံတူတွေကတိုင်းတွက်တဲ့ စံနှုန်းတူတွေ မညီနိုင်ကြ..။

    Reply

    • naywoon ni

      March 1, 2015 at 8:34 pm

      ​ပေတံ စံနှုန်​း​တွေညီဖို့ အားလုံးမှာ တာဝန်​ရှိပါတယ်​ ။ အစိုးရ​ကောပြည်​သူ​ရော​ပေါ့ ။ ဒါ​ပေမဲ့ အဲ့ ကိစ္စကို ​မေ့ထားပြိီး ငါတစ်​​ကော​ကော​နေကြပုံက သမိုင်​းလည်​းရိုင်​းခဲ့ပြီ ။

      Reply

Leave a Reply to Kaung Kin Pyar Cancel Reply

Your email address will not be published.