တောင်ကြီး ရှမ်းရိုးရာ အစားအစာ လုပ်နည်းလေးပါ

Yin Nyine NwayAugust 20, 20101min01

လွယ်ကူပြီး စားရတာအရသာရှိတာမို့ တင်ပြပေးလိုက်ပါတယ်

ငါးထမင်းနယ်လုပ်နည်း

ပါဝင်ပစ္စည်းများ

ကြက်သွန်မြိတ်        – အနည်းငယ်

နံနံပင်            – အနည်းငယ်

ဆား            – အနည်းငယ်

ခရမ်းချဉ်သီး        – ၃ လုံး

မန်ကျည်းနှစ်        – အနည်းငယ်

ကြက်သွန်ဖြူ        – ၃ လုံး

ငါး (ရေချိုငါး)        – ၂၅ သားခန့်

အာလူး             – ၂ လုံးခန့်

ဆန်            – ၅ လုံး (ထမင်းပေါင်းအိုးနဲ့ပါလာသော ဗူးနဲ့ ချိန်ပါ၊ နို့ဆီဗူး မဟုတ်ပါ)

ပထမဆုံး ငါးနဲ့ အာလူးကို ဆားအနည်းငယ်စီ ထည့်ပြီး (တအိုးစီ) ပြုတ်ထားပါ။ အဲဒါတွေ ပြုတ်နေတုန်းမှာ ထမင်းကိုလဲ တပြိုင်နက်ချက် (ရေ ၇-၈ လုံးလောက်ထည့်ချက်ပါ)၊ မန်ကျည်းနှစ်ကို ရေနွေးဖျော၊ ကြက်သွန်မြိတ်နဲ့ နံနံပင်ကို လှီး၊ ကြက်သွန်ဖြူ အခွံခွာထားပါ။ ငါးနဲ့ အာလူးရရင် (ရေခမ်းပြုတ်ရပါသည်။) ခရမ်းချဉ်သီးကို ပြုတ်ပါ။ ငါးကို အသားနွှင်၊ အာလူးကို ချေပါ။ ခရမ်းချဉ်သီး ပြုတ်တာ ပြဲသွားရင် သူ့ကိုလဲ ချေပါ။ ကြက်သွန်ဖြူထောင်းပါ။ ညက်လျှင် ကြက်သွန်ဖြူဆီချက် ချက်ပါ။ (ဆီထဲကို ကြက်သွန်ဖြူ ထောင်းထားတာ ထည့်ကြော်ပါဟု ဆိုလိုသည်၊ ရွှေဝါရောင်သန်းလာလျှင် အိုးပေါ်မှချ၊ ပန်းကန်ထဲ ပြောင်းထည့်ပါ။ သို့မဟုတ်က တူးလိမ့်မည်။) ပြီးလျှင် ကြက်သွန်ဖြူ ဆီချက်၊ မန်ကျည်းနှစ်နှင့် ကြက်သွန်မြိတ်၊ နံနံပင်မှအပ အားလုံးရောနယ်ပါ။ ပြီးလျှင် အနေတောင် အလုံးလေးတွေ လုံးထားပါ။ (ကြီးကြီးလုံးလဲ ဘာမှ မဖြစ်ပါ)

စားချင်စဖွယ်ပါပဲ

တည်ခင်းရာတွင် အလုံးကို ပန်းကန်ပြားထဲ ထည့်ပြားပြီး မန်ကျည်းနှစ်၊ ကြက်သွန်ဖြူ ဆီချက်ဖတ်၊ နံနံပင်၊ ကြက်သွန်မြိတ်ဖြူးပြီး ပြင်ပေးပါ။ ဂျူးမြစ် (အစိမ်း) နှင့် တွဲစားလျှင် အလွန်ကောင်းပါသည်။ ငရုတ်သီးကြိုက်သူများ ငရုတ်သီးဆီချက်နှင့်လဲ တွဲဖက်စားသုံးနိုင်ပါသည်။

ငါးထမင်းနယ်

ငါးရံ ကိုပြုတ်ပြီး အသားနွှင်ပါ

ရှမ်းဆန်ကို ထမင်းပျော့ပျော့ချက်ပြီး ခရမ်းချဉ်သီးမှည့်ကိုပြုတ် အခွံသင်၊ အစေ့ထုတ်ပြီးတော့
ထမင်းရယ်၊ ငါးရံ့သားရယ် ၊ ခရမ်းချဉ်သီးရယ် ၊ ဆား ၊ အချိုမှုန့်တို့နဲ့ရောနယ်ပါ

ကျန်တာက ရှမ်းထမင်းချဉ် အာလူးနဲ့ စားတဲ့အတိုင်းပါပဲ ..သံပုရာသီးတော့ သိပ်မလိုတော့ဘူးပေါ့။
ခရမ်းချဉ်သီးက နည်းနည်းချဉ်နေပြီလေ။

One comment

  • Gong Zhu

    September 17, 2010 at 10:30 am

    ကြိုက်တော့ကြိုက်တယ် ။ လုပ်စားရမှာတော့ပျင်းတယ် . . . ဆိုင်မှာစားရင် မတန်ဘူး . . . အပြားသေးသေးလေးကို ၅၀ဝ ပေးရတယ် . . .

    Reply

Leave a Reply

Your email address will not be published.