ထီးပွင်​့ကန်​နှင်​့ ​အေးချမ်​းပြည်​သာ ဓာတ်​​တော်​ရာ​စေတီ​တော်​

weiweiFebruary 10, 20152min021

 

 

1
1

 

2
2

 

3
3

 

4
4

 

5
5. ဆရာ​တော်​ဘုရားကြီး ဓာတ်​​တော်​များ

 

ထီးပွင့်ကန်ဆီကို မရောက်ခင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီကို အရင်ဝင်ခဲ့ကြပါတယ်။ ထီးပွင် ့ကန် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းနှင့် အေးချမ်းပြည်သာ ဓာတ်တော်ရာစေတီတစ်ဆူကို ဖူးတွေ့ရပါတယ်။ ယခင်အမဲရောင်နယ်မြေဖြစ်ခဲ့ကြောင်းသိခဲ့ရပါသည်။ ကိုရင်လေးတစ်ပါးက ဦးဆောင်ပြီး စေတီတော်ဆီကို ခေါ်သွားပါတယ်။ လွင်ထီးခေါင်ပြင်ထဲမှ စေတီငယ်လေးတစ်ခုထဲမှာ ဆရာတော့်ဓါတ်တော်ကို ဌာပနာပြုတည်ထားခြင်းဖြစ်ပါသည်။ ဆရာတော်ဓာတ်တော် တည်ထားရာစေတီအတွင်းတွင် သမိုင်းကြောင်းကျောက်စာနှင့် အုတ်ဂူအတွင်းမှ ဓာတ်တော်ကို မှန်ဘီလူးမှတဆင့် ဓာတ်ပုံရိုက်ယူခဲ့ပါသည်

 

 

6
6. ထီးပွင်​့ကန်​ထဲမှ ထီးပွင်​့ပုံ

 

7
7. ထီးပွင်​့ကန်​

ထီးပွင် ​့ကန်​သည်​ ကယားပြည်​နယ်​ ဒီ​မော့ဆိုမြို့နယ်​၊ ​ငွေ​တောင်​​ကျေးရွာအုပ်​စု၊ ​ငွေ​တောင်​ဆည်​၏ အ​ရှေ့​တောင်​ဘက်တွင်​တည်​ရှိပြီး အလျား ၂၂ရ ​ပေ နှင်​့ အနံ ၁၁၅ ​ပေ ရှိပါသည်​။​

ထီးပွင် ​့ကန်​သည်​ ဘူမိ​ဗေဒသ​ဘောအရ ပုပ္ပား​တောင်​ကဲ့သို့ မီး​တောင်​​ဟောင်​းဖြစ်​ပါသည်​။ ​ချော်​ခဲတို့တွင်​ ထုံးဓာတ်​များစွာပါဝင်​သည်​။ ​ချော်​လဲနဲ့​ရေ ထိ​တွေ့​သောအခါ ထုံးဓာတ်​သည်​ အခိုးထွက်​လာသည်​။ အခိုး​နောက်​သို့ သဲနုန်​းများပါလာပြီး တဖြည်​းဖြည်​း စုပုံ၍ ​ရေပြင်​အ​ပေါ် ထီးသဏ္ဍာန်​ ​တွေ့ရခြင်​းဖြစ်​ပါသည်​။

မျက် ​မြင်​အားဖြင်​့ တစ်​​တောင်​ နှစ်​​တောင်​ခန်​့သာရှိ​သော်​လည်​း ​အောက်​​ခြေ​ရေထဲရှိ သဲနုန်​းပမာဏမှာ ကားကြီးတစ်​စီးတိုက်​စာခန်​့ရှိပါသည်​။ စပွက်​ပြီး ထီးသဏာန်​ဖြစ်​​ပေါ်ပြီး​နောက်​ဆုံး ဝုန်​းဆို​သော ​ပေါက်​ကွဲသံ ကို အ​ဝေးမှပင်​ကြားနိုင်​ပါသည်​။

 

ထီးသဏ္ဍာန်​ သဲနုန်​းတို့သည်​ လှိုင်​းလုံးကြီးများနှင်​့အတူ ပြန်​့ကြဲသွားပါသည်​။

ဒီလိုနဲ့ပဲ ထီးတစ်ပွင့်ပွင့်လိုက် ပျောက်သွားလိုက်နဲ့ တစ်ခါတစ်လေ ထီးပွင့်အများကြီးဖြစ်နေပေမယ့် တစ်ခါတစ်လေမှာ နဲနဲလေးပဲ ရှိနေတယ်။

ကျွန်မတို့ ရောက်ချိန်မှာတော့ အပွင့်သေးလေး တစ်ပွင့်နဲ့ နောက်ထပ် တစ်ပွင့် ထပ်ဖြစ်နေချိန်နဲ့ပဲ တိုက်ဆိုင်ခဲ့ပါတယ်။

ထီးပွင့်ကန် အနီးအနားမှာ တခြားရေကန်တစ်ခုရှိပြီး ရေထွက်ပေါက်တစ်ခုကနေ ၁၂ ရာသီ ရေထွက်နေတယ်လို့ သိရပါတယ်။

 

 

 

8
8. ကယားရိုးရာ နတ်​ကွန်​း
 ထူးထူးခြားခြား ကာယားရိုးရာ နတ်ကွန်းတစ်ခုကို တွေ့ခဲ့ရတယ်။ ပြုပြင်ထိန်းသိမ်းမှု အားနဲလို့ မကြာခင် အားလုံးပျက်စီးသွားနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဂျိုပုံသဏ္ဍာန်ကို အသုံးပြုထားတာကလဲ ထူးထူးခြားခြားပါပဲ …
 ကယားပြည်နယ် ခရီးစဉ်အတွင်းမှာ ထူးထူးခြားခြား တစ်ခြားနေရာတွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ် .

21 comments

  • ခင်ဇော်

    February 10, 2015 at 2:43 pm

    သဘာဝ တရားရဲ့ ဆန်းကြယ်မှုတော်တော်များများကို မြင်နေနိုင်သေးတဲ့ ကျနော်တို့ နိုင်ငံ

    :chit:

    Reply

  • weiwei

    February 10, 2015 at 2:52 pm

    ဆန်​းကျယ်​မှု​တွေ အများကြီးရှိတယ်​။ ကြတ်​ဂူ ​အောင်​သ​ပြေလှိုဏ်​ဂူ​တွေ ​ရေတံခွန်​​တွေ ပြချင်​ပါ​သေးတယ်​။

    Reply

  • Kaung Kin Pyar

    February 10, 2015 at 2:56 pm

    မဝေပုံတွေ ကြည့်ပြီး ကယားပြည်ဘက် မရောက်ဖူးတာ ကွကိုယ်သတိပေးလိုက်သလို ဖြစ်သွားတယ်…
    ကြတ်ဂူတော့ ကြားဖူးတယ်…
    တကယ်လို့ သွားလည်မယ်ဆိုရင် အချိန်ဘယ်လောက် ပေးရလဲဟင်???

    Reply

    • weiwei

      February 10, 2015 at 3:52 pm

      လွိုင်ကော်မှာ နှစ်ညအိပ်လောက်နေပြီး လည်လိုက်ရင် အကုန်စုံပါတယ် ..
      ရန်ကုန်ကနေ လွိုင်ကော်ကို ပင်လောင်းလမ်းကနေ သွားရင် ၁၂ နာရီလောက် ကားမောင်းရုံနဲ့ ရောက်နိုင်တယ် …

      Reply

  • Mike

    February 10, 2015 at 3:42 pm

    .မဝေတစ်ယောက် တယ်ခရီးသွားနိုင်သကိုး
    .အားကျပါတယ်ဗျာ…မရောက်ဖူးသေးတာတွေများနေတယ်…

    Reply

  • pooch

    February 10, 2015 at 4:19 pm

    မဝေခေါ်ရာနောက်ကို လိုက်ခဲ့မယ်
    တကယ်တော့မဝေရယ် ဒီနှစ် ကျမခရီးမသွားတော့ဘူးလို့ ဆုံးဖြတ်ထားလိုက်ခါမှပဲ

    သူငယ်ချင်းတယောက်ကပြောတယ် မနက်ဖြန်သေချင်သေနေမှာ လုပ်ချင်ရာသာ လုပ်ပါတဲ့
    တခါတလေ နှလုံးသားရဲ့ ခေါ်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်ပါတဲ့
    စဉ်းစားနေတာ တနှစ်လောက်အလုပ်မလုပ်ပဲ ခရီးပဲ ထွက်ရင်ကောင်းမလားလို့

    ဘဝမှာ တခါလောက်တော့ စိတ်ရှိတိုင်း နေကြည့်လိုက်ဖို့ ခုချိန်က အချိန်ကောင်းပဲ လို့

    မကာအိုရဲ့ အမြင့်ဆုံးထပ်ပေါ်ကနေလည်း ခုန်ချကြည့်ချင်သေးတယ်

    လေထီးလည်းထပ်စီးချင်တယ် ဒီထက်မြင့်တဲ့ ပေနဲ့

    သမိုင်းဝင်မဲ့ ခြေရာတခုလည်း ချကြည့်ချင်သေးတယ်

    Réhahn Photography ထဲက နေရာတွေကို လျှောက်ကြည့်ချင်သေးတယ်

    Reply

    • ခင်ဇော်

      February 10, 2015 at 7:25 pm

      လူမျိုး အစုံရဲ့ စားစရာ အစုံကို စားဖူးကြည့်ချင်သေးတယ်။
      မသေခင်…

      :k:

      Reply

  • Novy

    February 10, 2015 at 4:31 pm

    မနိုတို့သွားတုံးကလဲ
    ထီးပွင့်ကန်မှာ ထီးတစ်ပွင့်ဘဲတွေ့ခဲ့ရတယ်
    ကန်ခုနှစ်ဆင့် ၊ ကြတ်ဂူ ၊ ထီးစခါးရေတံခွန်ဘက်တွေလည်းရောက်အောင်လည်ခဲ့နော်

    Reply

    • weiwei

      February 12, 2015 at 3:46 pm

      ကြတ်​ဂူ ​အောင်​သ​ပြေလှိုဏ်​ဂူ ထီးပွင်​့ကန်​ ဆက်​ပါအုန်​းမယ်​။ ​ကော်​နက်​ရှင်​မ​ကောင်းလို့ ကြာ​နေတာ။

      Reply

  • black chaw

    February 10, 2015 at 6:32 pm

    အသက်ကြီးလာတော့ ခရီးသွားရတာကို အတော်စွဲစွဲလန်းလန်း
    ုဖြစ်လာတာ သတိထားမိလာတယ်။
    လွိုင်ကော်ဘက်ကိုတော့ တစ်ခါမှကို မရောက်ဖူးသေးလို့
    မသေခင် သွားရဦးမယ့် နေရာတစ်ခုအဖြစ် အကြွေးကျန်နေပါသေးတယ်။
    အခုတော့…မဝေ…ရဲ့…ခရီးသွားမှတ်တမ်းလေးဖတ်ပြီး
    အားကျသွားပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

    Reply

  • မွသဲ ( 17082011 )

    February 10, 2015 at 7:36 pm

    ခုမှသေချာလုံးစိပါတ်စိကြားဖူးတော့တယ်။ အားကျမိတယ်မဝေရယ်။

    Reply

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 10, 2015 at 7:53 pm

    ​ကျော်​ အ​ရှေ့တ​ကျောကို ကယားပြည်​ပဲကွက်​ပီးမ​ရောက်​ဘူးသမို့ သွားကျိချင်​ပါ​သေးတယ်​လို့

    ကယားမ​လေးနဲ့ဖြစ်​ဖြစ်​
    ခိခိ

    Reply

  • Ma Ei

    February 11, 2015 at 1:00 pm

    ကယားပြည်ဖက် တစ်ခေါက်မှမရောက်ဖူးဘူး..
    သဲပွင့် ထီးလေးတွေ တစ်ကယ်တွေ့ချင်လို့သွားချင်ပါတယ်…
    ခုတော့ ဝေနဲ့ အတူလိုက်ခဲ့ဦးမယ်…

    Reply

  • Ma Ma

    February 11, 2015 at 3:05 pm

    ကယားပြည်နယ်ဘက်ဆို မရောက်နိုင်တဲ့ ရောက်နိုင်ခဲတဲ့နေရာလို့ ထင်ထားတာ။
    ခရီးသွားတဲ့နေရာမှာတော့ ဝေဝေကို အားကျတယ်။
    ဦးဦးဖျားဖျား ထူးထူးခြားခြား ရောက်တတ်လို့။

    Reply

  • Shwe Ei

    February 11, 2015 at 4:43 pm

    -မဝေရဲ့ ခရီးသွားဆောင်းပါးများကို သဘောကျပါအိ
    -ကိုယ်မရောက်ရသေးပေမဲ့ သွားချင်စိတ်ပေါ်လာအောင် ဆွဲခေါ်ပေးနိုင်တဲ့ အရေးအသားတွေကိုလဲ ကြိုက်မိပါအိ 🙂

    Reply

  • padonmar

    February 11, 2015 at 9:38 pm

    ဝေနဲ့တူတူ ခရီးတခုလောက် သွားဖူးချင်လိုက်တာ။

    Reply

  • kai

    February 12, 2015 at 12:03 am

    နာမယ်ကဂမ္ဘီရတော်တော်ဆန်တယ်..။ ထီးပွင့်ကန်တဲ့..

    Reply

  • ဦးကြောင်ကြီး

    February 12, 2015 at 11:55 am

    မန်းလေးမှာ ဘုရားကြီးအရိပ်ခိုနေတဲ့ ကွားသဗုံမ လာဖတ်စမ်း….

    Reply

  • မြစပဲရိုး

    February 12, 2015 at 7:08 pm

    ကယားပြည်ဘက် ကလဲ တစ်အားလှ တယ် လို့ ကြားဖူးတယ်။
    ပုံတွေ သိပ်မမြင်ဖူးဘူး။
    နောက်ပြီး ကယားဘက် မှာ မီးတောင်ဟောင်း ရှိတာလဲ အခု ဝေ ပြောမှ ဘဲ သိတော့တယ်။
    မီးတောင် က ပွက်နေတုန်း ဆိုတော့ တကယ် မသေ သေးဘူးလားမသိဘူးနော်။
    ပညာရှင် တွေ ကတော့ သိမှာပါလေ။
    ဒါမျိုး ကို ဂရုစိုက်သင့်တယ် ဆိုတာ။
    ငယ်တုန်း က စာပေဗိမ္မာန် စာအုပ် တိုင်းရင်းသားရိုးရာတွေ အကြောင်း ဇာတ်လမ်း လေး တွေ ဖွဲ့ ရေးထားတာထဲ ကယား အကြောင်းလဲ ပါတယ်။
    ကောင်လေး နာမည်က စိုးရယ် ဆိုလား မှတ်မိနေတာ။
    ကယား ဘက်မှာ က နယ်မြေသိပ်မကြမ်းတော့ ဘူး ထင်တယ်နော်။ ဖွံ့ဖြိုးဖို့ ကတော့ တစ်ခြား တွေ လိုပါဘဲ နေမှာပါ။

    Reply

  • Mr. MarGa

    February 13, 2015 at 9:02 am

    ထီးပွင့်ကန်ကနေ ဆက်မသွားသေးဘူးလား တီဝေရေ
    :mrgreenn:

    Reply

Leave a Reply

Your email address will not be published.