ရန်ကင်းကလေးဆေးရုံကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ပြင်ဆင်မှုများ ပြုလုပ်

cobraAugust 19, 20101min04

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ သတ္တုတွင်းဝန်ကြီးဌာန ရုံးအဆောက်အအုံကို ကလေးဆေးရုံကြီးအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံအား ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံကြီးအဖြစ် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

”ရန်ကင်း ကလေးဆေးရုံကြီးအဖြစ် ဖွင့်လှစ်ပြီးရင်တော့ ရန်ကုန်မှာ ကလေးဆေးရုံ နှစ်ရုံ ဖြစ်သွားမှာပါ။ ပြင်ဆင်မှုတွေက အခုမှစပြီး ပြုလုပ်နေတာမို့ ဘယ်အချိန်မှာ ဖွင့်လှစ်ကုသပေးနိုင်မယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး”ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

အဆိုပါ သတ္တုတွင်းဝန်ကြီးဌာန အဆောက်အအုံသည် ဝန်ကြီးဌာနများကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အသုံးမပြုဘဲ ရှိခဲ့ရာမှ ယခုလ ပထမအပတ်အတွင်းမှစ၍ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ တာဝန်ယူပြင်ဆင်မှုများ ပြုလုပ်ပြီး ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

”ဒီဆေးရုံကြီးကို  အစိုးရဆေးရုံအဖြစ်ပဲ ဖွင့်လှစ်သွားမှာပါ”ဟု ၎င်း က ဆက်လက်ပြောပါသည်။

လက်ရှိ ဖွင့်လှစ်ထားသော ရန်ကုန်ကလေးဆေးရုံကြီးသည်လည်း ခုတင် ၅၅ဝ ဆံ့ ဆေးရုံဖြစ်ပြီး မွေးကင်းစအရွယ်မှစ၍ အသက် ၁၃ နှစ် အရွယ်အထိ ဆေးကုသပေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် က လေးငယ်များအတွက် သီးသန့်ကုသဆောင်ကိုလည်း ယခုနှစ်အတွင်း ထပ်မံ တိုးချဲ့ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

4 comments

  • Pyaung Gye

    August 19, 2010 at 3:37 pm

    မင်္ဂလာသတင်းကြားရတာဝမ်းသာပါတယ်

    Reply

  • winne

    August 20, 2010 at 2:49 am

    ကောင်းပါတယ် ကလေးဆေးရုံကတော့ တကယ်လိုအပ်နေတာပါ ကလေးတွေ နေမကောင်းလို့ ဆေးရုံတင်ရမယ်ဆိုရင် ကျပ်ပိတ်ပြီး စိတ်ညစ်ဖို့ကောင်းတယ်။ မဖြစ်တော့ တင်နေရတာတွေလည်း ရှိတယ် နှစ်ခုရှိတော့ ချောင်ချောင် ချိချိ ဖြစ်သွားတာပေါ့။

    Reply

  • လင်းဝေကျော်

    August 20, 2010 at 3:07 am

    အလွန်လျော်ကန်သင့်မြတ်ပါပေတယ်။
    ကလေးများအတွက် အကောင်းဆုံးဖြစ်ပါစေ။

    Reply

  • etone

    August 20, 2010 at 4:16 am

    ဆေးရုံတိုးချဲတာကောင်းပေမဲ့ …။အတိတ်နမိတ်တွေမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ သင်္ကြန်မှာဆိုရင် ကုတင်တွေအမြဲပြင်ဆင်ထားတတ်တယ် ။ ဆေးရုံတိုင်းမှာပေါ့ … ။ ဘယ်လိုပြောရမှန်းတောင်မသိပါဘူး ။

    Reply

Leave a Reply

Your email address will not be published.