မိဘရဲ့သွန်သင်မှု

ခင္ သုတJanuary 29, 20151min022

-အတိဇာသားသမီး(မိဘထက်သာလွန်)

-အနုဇာတသားသမီး(မိဘနှင့်တန်းတူ)

-အဝဇာတသားသမီး(မိဘထက်နှိမ့်ကျ)

မိဘတိုင်းကကိုယ့်သားသမီးတွေကို

အတိဇာတသားသမီးတွေဖြစ်စေချင်ကြ

တယ်အတိဇာတသားသမီးများမဖြစ်ရင်

တောင်အနုဇာတသားသမီးတော့ဖြစ်စေ

ချင်တယ်မိဘတွေကသားသမီးတွေကို

အဝဇာတတော့မဖြစ်စေချင်ကြပါဘူး။

မိဘတွေကသားသမီးတွေကိုသွင်သွန်

ဆုံးမနည်းမှန်ဖိုတော့လိုပါတယ်တချို့ကသွင်သွန်  ရာမှာအရမ်းတော်ကြတယ် ဥပမာ

မာ လာလာ(Malala)ကိုကြည့်ခြင်းဖြင့်သိ

နိုင်ပါတယ်။သူမအဖေရဲ့လမ်းညွှန်သင်

ကြားသွန်သွင် မှုကြောင့်သူမလည်းလူတော်                           ြ

ဖစ်လာတာပါ။

တချို့မိဘတွေကသားသမီးကိုအ

လိုလိုက်ခြင်းဟာသွန်သွင်ဆုံးမခြင်းမှားနေ

ကြတယ်ချစ်တာမဟုတ်ဘဲနှစ်တာသို့ ရောက်နေတယ်။ကျွန်မကြုံရတဲ့အဖြစ်အ

ပျက် ကိုပြောပြချင်ပါတယ်။

ကျွန်မမောင်လေးရဲ့ကျူရှင်မှာပေါ့။

ကောင်လေးက၃တန်းသူကအနွေးထည်

ဘယ်လိုဝတ်ရမလဲလို့ဆရာမကိုလှမ်းမေး

လိုက်တယ်။ဒါနဲ့ဆရာမကနင်အနွေးထည်

မဝတ်တတ်ဘူးလားနင့်ဘာသာနင်မဝတ်

ဘူးလားလို့မေးလိုက်တယ်။မေမေဝတ်ပေး

နေကြလို့ပြောလိုက်တယ်။အော်အကျင်္ီ

တောင်ဘယ်အပေါက်ကနေလက်ထိုးရမှန်း

တောင်မသိတာကြယ်သီးတပ်ဖို့ဆိုဝေးသေး။မိဘကအလိုလိုက်မခိုင်းတော့ဘာမှမလုပ်တတ်။မလုပ်တတ်တော့ဘာမှမသိ

တော့။ဘာမှမသိတော့လူညံ့ဖြစ်ပြီပေါ့။

နောက်တစ်ခုကကျွန်မရဲ့ဆွေမျိုးပေါ့။

သမီးရောသားရောချွေးမပါ၂ဝကျော်ပြီ။

အဖေဖြစ်သူကသားသမီးရောချွေးမပါဘာ

အလုပ်မှမလုပ်ခိုင်းဘူးအိမ်မှာဘဲနေခိုင်း

တယ်။အိမ်မှုကိစ္စတောင်မခိုင်းဘူး။ဒါနဲသားသမီးတွေကို

တစ်ခုခုလုပ်ခိုင်းလေ။ဘာလို့အိမ်မှာထား

တာလဲ။သူတိုလည်းအရွယ်ရောက်ပြီ။ဒါနဲ့

အဖေဖြစ်သူက  ဒီကလေးတွေကငယ်သေး

တယ်ဘာလုပ်တတ်မှာမို့လို့လဲ။သူတို့

အလိမ်ခံရမှာပေါ့လို့ပြန်ပြောတယ်။ ဒီအရွယ်ထိတောင်အဖေဖြစ်သူကမခိုင်း

တော့သားသမီးတွေလည်းဘာမှမလုပ်ချင်ကျ

တော့ဘူူးဒါနဲ့အမေဖြစ်သူကလည်းဘာမှမပြော။သူများသားသမီးတွေနဲ့ယှဉ်လျှင်

ကိုယ့်သားသမီးတွေကအရာရာနောက်ကျ

ကျန်ပြီပေါ့။

ဒါကြောင့် (သားသမီးကောင်းမိဘခေါင်း)ဆိုတာအ

ရမ်းမှန်တယ်နော်။

22 comments

  • ခင် သုတ

    January 29, 2015 at 2:23 pm

    ကျွန်မခေါင်းစဉ်မတတ်လိုက်ရလို့ကူညီပါအုန်းရှင်။
    (မိဘရဲ့သွန်သင်မှု)

    Reply

  • ဦးကျောက်ခဲ

    January 29, 2015 at 3:01 pm

    နေရာတကာ စိုးရိမ်ကြောင့်ကြပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မပေးရင်…
    ချစ်ရာမကျ … နှစ် ရာပဲ ကျလိမ့်မယ်…
    ဆိုတော့… ကိုယ်ကြိုက်တာကိုယ်လုပ် … ကိုယ်ဖြစ် ကိုယ်ခံ…
    :k:

    Reply

  • Mr. MarGa

    January 29, 2015 at 3:07 pm

    ချစ်တာလား နှစ်တာလား ဆိုတာ ခွဲသိဖို့ အရင်လုပ်ပေးရမယ်…..
    အချစ်လွန်ပြီး နှစ်သလို ဖြစ်သွားကြတာတွေ များနေလို့

    Reply

  • kai

    January 29, 2015 at 3:38 pm

    ဟိုမှာဖက်.. ကျောင်းသူားတွေတောင်းဆိုထားတာဖတ်ပြီး.. ဝင်လာသမို့.. အဲဒီဖက်နွှယ်ပြောရရင်….
    ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ.. မိဘကအရေးကြီးတယ်ဆိုပေမယ့်..ကလေးနောင်ရေးနဲ့..အသိပညာတိုးတက်လာအောင်… လုပ်ပေးတာမှာ.. ကလေးကျောင်းတွေက..အင်မတန်အဓိကကျနေတာသတိထားမိတယ်..။
    ကလေးအတွက်.. အစာအဟာရကအစ… ကျောင်းမှာ… စနစ်တကျ.. တွက်ချက်.ကြွေးတာမို့.. မိဘက..အမဲသားမစားရဆိုပြီး.. ဦးနှောက်မဖွံ့ဖြိုးအောင်လုပ်ယူလို့မရ…။
    ရိုက်နှက်ဆုံးမရင်လည်း.. ကျောင်းကဆရာကတဆင့်..မိဘတွေ… ရဲရောက်.. ရုံးရောက်ဖြစ်…
    လိုအပ်တဲ့.. အလေ့အကျင့်.. လူမှုရေး..မလုပ်ပေးရင်လည်း.. ကျောင်းက.. ကလေးသူငယ်သင်ကြားရေးပရို(ပရောဖက်ရှင်နယ်ဆရာ)တွေက.. စနစ်တကျသင်ပေးသမို့.. ကျုပ်တို့လို… အင်မီးဂရန့်မိဘတွေထက်.. ကလေးက..အများကြီးပိုသိသွား..

    ဆိုတော့…
    ပညာရေး.. ပညာရေး.. ရဲ့.. ဘက်ဂျက်… ဘက်ဂျက်… အင်မတန်အရေးကြီးကြောင်း…။ :k:

    Reply

    • kai

      January 30, 2015 at 10:40 am

      ပြောလိုရင်း.. ပျောက်နေမှာစိုးလို့..
      တည့်တည့်ပြောရရင်.. ကလေးသူငယ်..သားသမီးတွေဆုံးမသွန်သင်တာမှာ…
      မိဘအခဏ်းကဏ္ဍထက်.. ဆိုင်ရာပရောဖက်ရှင်နယ်ဖြစ်တဲ့.. လေ့ကျင့်သင့်ကြားထားတဲ့.. ဆရာတွေက.. အဓိကနေရာက.. လုပ်နိုင်မှသာ.. အတိဇာတ ..မိဘဖက်သာလွန်သူတွေဖြစ်လာ..မွေးထုတ်လာနိုင်မှာဖြစ်ပြီး.. မိဘဆိုတာ… (အများအားဖြင့်) ကလေးသူငယ်..သားသမီးကို ဘယ်လိုပြုစုပျိုးထောင်ရတယ်ဆိုတာ.. စေတနာသာရှိ.. လုပ်ရမယ့်နည်းလမ်း.. တကယ်မသိသူများဖြစ်ပါတယ်လို့…။

      မြန်မာပြည်ရဲ့ မိရိုးဖလာ..ဓလေ့ပြင်သင့်.. :k:

      Reply

      • Iris

        January 30, 2015 at 12:50 pm

        သူဂျီးကိုလာ ဖားတာ။ 😀
        Totally agreed. ဆရာ ဆရာမ ​တွေဆီက ရယ်​..အ​ပေါင်​းအသင်​း​တွေဆီက ရယ်​သင်​ယူတာများတယ်​။ ​ကျောင်​းခန်​းထဲမှာကုန်​တဲ့အချိန်​ကပိုများ​နေတယ်။ သင်​ယူမှုပုံစံ​တွေ​ပြောင်​းသင်​့တယ်​လို့​တော့ခံစားရတယ်​။ စာသင်​​ကျောင်​း​တွေကစ​ပြောင်​းရင်​ ​ရှေးရိုးစွဲမိဘ​တွေကိုပါ သူ့သားသမီး​တွေက​ပြောင်​းယူသွားလိမ်​့မယ်​လို့ထင်​ပါတယ်​။

        Reply

        • မြစပဲရိုး

          January 31, 2015 at 1:43 pm

          သူကြီး နဲ့ အိုင်းရစ် ကို ကန့်လန့်တိုက် မဟေ့။ 😉
          ဒီလို ဆရာ တွေ သူငယ်ချင်း တွေ နဲ့ မ တွေ့ ခင် စိတ်ဓာတ် မှာ အနာပေါင်းများစွာ ရနေ တဲ့ ကလေး တွေ အတွက် ဘယ်သူ့ မှာ တာဝန် ရှိမလဲ ဆိုတာလေး။ 🙄

        • kai

          January 31, 2015 at 4:13 pm

          ယူအက်စ်မှာတော့.. ကလေးမှာစိတ်အနာရှိနေတယ်ဆိုတာ.. သိသွားရင်.. ကျောင်းက..ဆိုရှယ်ဆားဗစ်ကိုတိုင်ပြီး.. ဆိုရှယ်ဆားဗစ်ကမိဘကိုလာဆုံးမသဗျ…။ အိမ်မှာကိုလာထိုင်နေပြီး… ဆုံးမတာ…။
          သူတို့ဆုံးမလို့မှမရရင်..ကလေးကိုပါ.. အပြီး… ခေါ်ထုတ်သွားပါလေရော…။
          အကုန်လုံးမလုပ်နိုင်ပေမယ်.. တော်တော်များများလုပ်နိူင်ပါတယ်..။
          ဒီလိုနဲ့.. အတိဇတတွေရဲ့..ပိုမိုကောင်းမွန်လာတဲ့..တိုင်းပြည်..လူနေမှုကိုတည်ဆောက်ကြရတာပေါ့..။

          မြန်မာပြည်မှာတော့… ဓလေ့မှားနေတယ်ထင်..။
          မိဘတွေရဲ့အခဏ်းကဏ္ဍလျှော့ချရမယ်..။ ဘာသာရေးအယူဟောင်းတွေကလေးတွေအပေါ် လွှမ်းမိုးအောင်လုပ်ထားတာတွေ..ဖျက်သိမ်းဖယ်ပစ်ရမယ်..။
          ကျောင်းတွေမှာ.. ပရိုတန်းအဆင့်ဆရာတွေ.. လေ့ကျင့်သင်ကြားပေးကြရမယ်..။
          ကလေးတန်းကျောင်းအုပ်က.. အနည်းဆုံး…မာစတာဒီကရီတခုရှိရမယ်..။
          =
          Elementary, Middle, and High School Principals – Bureau of …
          http://www.bls.gov/…/elementary-middle-and-hi...
          U.S. Bureau of Labor Statistics
          How to Become an Elementary, Middle, or High School Principal. Principals typically need a master’s degree in education administration or leadership.

  • Mike

    January 29, 2015 at 4:21 pm

    .လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ဖာစရိယ မိနှင့်ဖ ဆိုသမို့လား…..အရေးကြီးတာပေါ့
    .ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင်ရယ်
    .ကိုယ်ထူကိုယ်ထတတ်အောင်ရယ်…ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားသင့်တာပေါ့

    Reply

  • Ma Ma

    January 29, 2015 at 6:10 pm

    သစ်ကိုင်းတစ်ကိုင်းကို ပုံသွင်းမယ်ဆိုရင် နုစဉ်အခါကတည်းက လိုရာပုံသွင်းရတယ်။
    ရင့်မှ ပုံသွင်းရင် ပင်ပန်းတဲ့အပြင် သစ်ကိုင်းကျိုးတာပဲ အဖတ်တင်မယ် လို့ ကြားဖူးတယ်။

    လူဆိုတာကလည်း ငယ်ငယ်ကတည်းက မိဘ ဆရာ အသိုင်းအဝိုင်းကောင်းနဲ့တွေ့မှ ကောင်းကောင်း သင်ကြားခံခဲ့ရသူဖြစ်မှ လူကောင်းသူကောင်းအဖြစ်နဲ့ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆန့်မယ်။

    Reply

  • ခင် သုတ

    January 29, 2015 at 7:20 pm

    မိဘတွေကသားသမီးတွေကိုကိုယ့်ကိုယုံကြည်မှုရှိပြီးကိုယ့်ခြေကိုယ်ရပ်တည်နိုင်အောင်ငယ်ငယ်လေးကတည်းကပုံသွင်းလေ့ကျင်ပေးသင့်ပါတယ်၊

    Reply

  • uncle gyi

    January 29, 2015 at 11:12 pm

    လက်ဦးဆရာမိနှင့်ဖ တဲ့

    Reply

  • ခင်ခ

    January 30, 2015 at 5:29 pm

    လက်ဦးဆရာ မိနှင့်ဖ သည်အရေးကြီးသည်ဟူသော အဆိုကို ကန့်ကွက်ရန်မရှိသော်လည်း စဉ်စားမိတာတစ်ခုက မိဘမဲ့ ကြီးပျင်းလာရတဲ့ကလေးတွေအတွက် လက်ဦးဆရာ မိနှင့်ဖ ဆိုသောဆိုးရိုးသည်မှားပါအံ။

    Reply

  • မြစပဲရိုး

    January 31, 2015 at 1:38 pm

    စိတ်ဝင်စားစရာ အကြောင်းပါ။
    နဲနဲ ထပ်ချဲ့ တွေး ရအောင်။ တစ်ခြား ဘက်ကပေါ့။
    မှားတဲ့ ဘက်ကလဲ ဖြစ်ချင်ဖြစ်နေမှာပါ။

    ဆိုပါတော့။
    အမေ တစ်ယောက်က သူ့ကလေး ကို ဘာမှ လုပ်မပေးဘဲ ကလေး ကိုချည်း လုပ်ခိုင်းခဲ့ ရင် ကလေး က သူ့ဟာသူ အမှီအခို ကင်းကင်း နဲ့ တော့ လုပ်တတ်သွားပါရဲ့။
    ဒါပေမဲ့ အမေ နဲ့ ကလေးကြား ရင်းနှီးမှု၊ ကလေး က အမေ့ ကို အားကိုးချင် မှု နဲ သွားမှာ ရော မဖြစ်နိုင်ဘူးလား။
    ဒီတော့ ကြီးသွားချိန် အဲဒီ အချိန်လေး အတွက် သူ့စိတ်ထဲ မှာ ဘာမှ မကျန် တော့ ဘူး။
    အမေ မရှိလဲ ဖြစ်တယ် ဆိုတဲ့ အတွေး နဲ့ စိမ်းသွား နိုင်မလား။

    တကယ်တော့။
    ကလေး ကို သင်ရမှာက တာဝန်ယူတတ်တဲ့ စိတ်ဓာတ် သွင်းပေးဖို့ က အဓိက အရေးကြီးတာပါ။
    အဲဒီစိတ်ကလေးကိုသာ ကလေး ဆီမှာ သွင်းပေးနိုင်ရင် အမေ က ဘယ်လောက် လုပ်ပေးပေး သူ့ဟာသူလဲ လုပ်တတ်အောင် သင်ပါတယ်။
    အမေမရှိချိန်သူ့ဟာသူ လုပ်နိုင်ပါတယ်။
    တစ်ချို့ ကလေး တွေ ကို အမေ တွေ ပစ်စလက်ခတ် ထားကြတာ မြင်ရတာလဲ ဟန် မကျဘူး။
    သူတို့ဟာသူတို့ တော့ ဖြစ်သလို ရပ်နိုင်သွားပါရဲ့။ စိတ်အနာလေးတွေ နဲ့ပေါ့။

    ကိုယ်ကတော့
    ကြီးသွားချိန် ကိုယ့်ဟာကို လုပ်တတ်ရင်တောင် အမေ့ ဆီမှာတော့ ကလေး ဘဲ တစ်ချိန်လုံး ဖြစ်နေချင်ပါတယ်။
    ငယ်တုန်းက အမေ နဲ့ ရင်းနှီးခဲ့ရတဲ့ အချိန်လေး တွေ က ပြန်တွေး ရင် အရသာ ရှိတာ။
    ပြောတော့ သာ လွယ်တာ ပါ။ လက်တွေ့မှာ လုပ်ဖို့ အတော် ကျင့်ရပေါ့။
    ဗုဒ္ဓ ရဲ့ အလယ်အလတ်ကျင့်စဉ် ဆိုတာ တကယ်ဘဲ အကျိုးများ တာ ပိုပိုပြီး သိလာနေတယ်။

    Reply

  • အလင်းဆက်

    January 31, 2015 at 2:14 pm

    သားသမီးတွေကို မှားခွင့်ပေးတတ်ရမယ်..
    မှားရာကနေ..သင်ခန်းစာယူတတ်အောင်…တကြိမ်မှာပြီးသား အမှားမျိုး ထပ်မမှားအောင် ..လမ်းပြပေးနိုင်ရမယ်..
    အဲ့လို ဖခင်မျိုး ဖြစ်အောင်…ကြိုးစားကြည့်ဦးမယ်.. ။

    :kwi:

    Reply

  • ခင် သုတ

    January 31, 2015 at 6:13 pm

    သိတတ်တဲ့သားသမီးတွေကတော့အရာရာကိုယ့်ကိုယ်ကိုလုပ်တတ်ကိုင်တတ်အောင်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ငါကိုလူတော်ဖြစ်အောင်ပုံသွင်းပုံတာငါ့မိဘ ဘဲလို့တပ်အပ်မြင်ကြမှာပါ။နောက်ဆုံးတော့ မိဘဆီပါဘဲ။ငါ့မိဘ ကြောင့်ငါအခုလိုလူတော်ဖြစ်လာတာ။ဒါကြောင့် အလိုလိုက်ခန်ရတဲ့ သားသမီးတွေ ထက်အများကြီးမိဘအပေါ်သိတတ်ကြပါတယ်။

    Reply

  • ခင် သုတ

    January 31, 2015 at 6:15 pm

    သိတတ်တဲ့သားသမီးတွေကတော့အရာရာကိုယ့်ကိုယ်ကိုလုပ်တတ်ကိုင်တတ်အောင်ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ငါကိုလူတော်ြ ဖြစ်အောင်ပုံသွင်းပုံတာငါ့မိဘ ဘဲလို့တပ်အပ်မြင်ကြမှာပါ။နောက်ဆုံးတော့ မိဘဆီပါဘဲ။ငါ့မိဘ ကြောင့်ငါအခုလိုလူတော်ဖြစ်လာတာ။ဒါကြောင့် အလိုလိုက်ခန်ရတဲ့ သားသမီးတွေ ထက်အများကြီးမိဘအပေါ်သိတတ်ကြပါတယ်။

    Reply

  • မြစပဲရိုး

    January 31, 2015 at 8:47 pm

    သူကြီး
    ဆိုရှယ်ဆားဗစ် များ ရဲ့ မြောက်များစွာသော စေတနာမဲ့ တာဝန်မဲ့ မှု တွေ ကြားမှာ ရေတိမ်နစ် ခဲ့ရတဲ့ ကလေး တွေ ရေတွက်လို့ မရတော့တာ လဲ သိတယ်ဟုတ်။

    ဆက်ဆက်
    မူးယစ်ဆေး စွဲ လိုက်တယ် ဆိုတာ တစ်ခါမှား တာနဲ့ တစ်ဘဝ သွားရော ဆိုတာ လဲ သိတယ်ဟုတ်။

    ကောက်ချက်ချကြည့်ရအောင်။
    ကလေး ကောင်းတိုင်း မိဘ ကောင်း တာ ဟုတ်ချင်မှ ဟုတ်မယ်။
    ဒါပေမဲ့
    ကောင်းတဲ့ မိဘတိုင်း ဟာ ကောင်းတဲ့ သားသမီး တွေ ကို လက်ဆင့်ကမ်း နိုင်တယ်။
    ဘယ်သူ ငြင်းမလဲ။

    ကလေးမလေး မသုတ ရေ့
    ဒီရွာထဲ ဘယ်သူ တွေ အငြင်းထူ တယ် ဆိုတာ ရိပ်မိရောပေါ့။ lol:-)))
    အတွေးပွါးစရာ လေး အတွက် ကျေးဇူးနော်။ :))

    Reply

  • ဝင့်ပြုံးမြင့်

    February 1, 2015 at 12:43 pm

    .အငြင်း ဘယ်သူသန်သလဲတော့ မသိ။ အရမ်းချောင်တဲ့တိုင်းပြည်မှာ နေတာတောင် သားသမီးတစ်ယောက်တည်းယူထားတဲ့လူ အညံ့ဆုံး။ ခလေးတစ်ယောက်တည်းဆိုတော့ တွက်ရေးမကိုက်ဘူးပေါ့နော်။

    Reply

    • မြစပဲရိုး

      February 1, 2015 at 4:52 pm

      ဟ ဟာ့ ဟာ ဟား
      ကျုပ်ညီမ အုပ် ပဟေ့။
      ဒါမျိုးလေး မျှော်နေတာ။ 😉
      ဒီမယ် ညီမတော် ရဲ့။
      အိမ်ထောင်ပြုတာရော၊ ကလေးယူဖို့ပါ ပလန် ထဲ ထည့်ဆွဲ မထားခဲ့တဲ့ မိန်းမ တစ်ယောက် ဆီက ကလေး တစ်ယောက် ထွက်လာတာကိုဘဲ ကမ္ဘာမြေကြီး က ကောင်းချီး ပေးသင့်ပြီ။
      lol:-)))
      ဟိုဘက်မှာ ဆက်တွေ့ကြစို့။

      Reply

  • ခင်ဇော်

    February 3, 2015 at 6:56 am

    ခွိခွိ
    မိဘ စောင်းးးစောင်းး လက်ကနေ ဆရာစောင်းစောင်းးး လက်ရောက်သွားးးရင်ရော
    ကလေးးတွေ တည့်သွားးးလေမလားးးး 🙄

    :k:

    Reply

  • ဝင့်ပြုံးမြင့်

    February 3, 2015 at 9:30 am

    .ပုံသွင်းတဲ့ကိစ္စကို ပြောတာလား ငါ့ညီမ။ အဲလို ပုံသွင်းတာကို ဘရိန်းဝပ်တယ်လို့ ခေါ်တာပေါ့ကွယ်။ ပုံသွင်းခံရတာ မှားတယ်လို့ ကမာ္ဘကြီးက ယူဆကြတယ်။ ဘယ်လောက်ထိလဲဆိုရင် ဘာသာရေးကိုတောင် လက်ဆင့်မကမ်းတော့တာ။ ကလေးရဲ့ ဦးနှောက်ကို fresh ထားကြရတယ်။ အတွေးအခေါ် အယူအဆတွေနဲ့ မသွတ်သွင်းရဘူးတဲ့။ ဂျာမနီက ပါမောက္ခ ပြောတာပါ ညီမရေ။ ငါ့ညီမ ခင်သုတ ပြောတာက အယူအဆတွေနဲ့ ပုံသွင်းတာ မဟုတ်ဘဲ နိုင်သလောက် တာဝန်အသီးသီးကို ထမ်းဆောင်စေတာဆိုရင်တော့ ထောက်ခံပါတယ်။ ခလေးက ကိုယ့်အားကိုယ်ကိုး တတ်သွားတာပေါ့။ မိဘတွေရဲ့ ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့တော့ ခလေးခေါင်းထဲ မသွင်းစေလိုပါ။ ခက်တာပဲ။ မြန်မာမှာကလည်း အနန္တောအနန္တ ငါးပါး ကျေးဇူးဆိုတာ သိပ်ပြီး ဦးထိပ်တင်တာ။ ဟို တိုက်ပွဲတွေဖြစ်၊ ကချင်လိုပေါ့လေ၊ ပြေးကြလွှားကြ၊ ဘဝပျက်ကြတော့ အဲဒီ အနန္တော အနန္တငါးပါး ကျေးဇူး ဘယ်ရောက်သွားတုန်း။

    Reply

Leave a Reply

Your email address will not be published.