အယ်ဒီတာများ ခင်ဗျား။

ohyesboyAugust 19, 20101min08

အယ်ဒီတာ များခင်ဗျာ။ ဒီလင့်က် http://myanmargazette.net/?p=20899#comment-41382 ပါ ရေးသားသူ လင်းဝေကျော် ရဲ့ ပို့စ်ကို စိစစ်ပေးစေလိုပါတယ်။ စည်းကမ်းတွေနဲ့ မညီညွတ်မှုတွေ ရှိနေပါတယ်။ ကမာ္ဘက ဖတ်နေတဲ့ ဒီသတင်းစာ ကို အမုန်းမပွားစေလိုပါဘူး ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

8 comments

  • Pyaung Gye

    August 19, 2010 at 12:12 pm

    Who r u?

    Reply

  • zeitgeistguy

    August 19, 2010 at 3:35 pm

    # လူမျိုးရေး။ အသားအရောင်၊ ဘာသာရေး ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

    ဒီအချက်နဲ့လဲငြိစွန်းနေပါတယ်။ လင်းဝေကျော်ရဲ့ လုပ်ရပ်ဟာ အရမ်းကို အပေါစားဆန်ပါတယ်။ အဆင့်အတန်းမရှိတဲ့လုပ်ရပ်တွေကို online ကို် မတင်လာပါနဲ့လို့ မေတ္တာရပ်ခံအပ်ပါတယ်။ admin အနေနဲ့သေချာစီစစ်ပေးပါ။

    Reply

  • Editor

    August 19, 2010 at 5:52 pm

    မန္တလေးဂေဇက်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာဖြစ်ပါတယ်။ ယူအက်စ်အခြေစိုက်တာပါ။
    ယုအက်စ်မှာမြန်မာပြည်ကလာပြီး အခြေချတဲ့ မြန်မာ (ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ..) တသိန်းခွဲလောက်ရှိမယ်မှန်းပါတယ်။
    ဘာသာပေါင်းစုံကိုးကွယ်ကြတယ်။ ခရစ်ယန်က ဗုဒ္ဓဘာသာကိုးကွယ်သူထက် မများရင်သာနေမယ် မလျှော့လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာမွေးတဲ့ကလေး( ပထမမြန်မာ-အမေရိကန်ဂျန်နရေးရှင်း) က ခရစ်ယန်ပြောင်းကြတာများလို့ပါ။( ဘာဖြစ်လည်း။ ဘာကြောင့်လည်း တနေ့တော့ စာရေးနိုင်မယ်ထင်ပါတယ်) ။
    နောက် မွတ်စလင်တွေပေါ့။ ကျုပ်တို့လော့စ်အိန်ဂျလိစ်မှာတင် မြန်မာ-မွတ်စလင် ထောင်ချီနေကြပါတယ်။ အားလုံးက မြန်မာစိတ်နဲ့ အတူယှဉ်တွဲနေထိုင်ကြတာပါ။ အစ်နေ့ဆို ဗုဒ္ဓဘာသာဝင်မြန်မာတွေ သွားစားကြသောက်ကြနဲ့။ ခရစ်ယန်တွေရဲ့ ခရစ်စမတ်အပါအဝင် ပွဲတော်နေ့လည်း မြန်မာတွေ ဘာသာတရားအစွဲနဲ့မဟုတ်ပဲ တရုံးရုံးဆိုပါတော့။ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ဘာသာစုံမြန်မာတွေလာကြ၊ စားကြသောက်ကြလှူကြနဲ့ ပျော်စရာပါ။

    ပြီးခဲ့တဲ့ ၁ဝစုနှစ် ၂ခုမှာတင် မြန်မာတွေ သန်းချီပြီး မြန်မာပြည်ပြင်ပကိုထွက်ခဲ့ကြတယ်။
    မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဒူဘိုင်း၊ ဘရူနိုင်း စတဲ့နိုင်ငံတွေကိုလည်း မြန်မာသောင်းသိန်းချီအလုပ်လုပ် အခြေချနေကြတာပါ။ ခရစ်ယန်နိုင်ငံတွေဖြစ်တဲ့ဥရောပမှာလည်း မြန်မာတွေ သောင်းသိန်းချီ နေနေကြပပြီ။

    ပြောချင်တာက..။
    မန္တလေးဂေဇက် စာဖတ်သူတွေဟာ မြန်မာတွေဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ရောက်နေတဲ့ ဘာသာစုံ၊ အသားအရောင်စုံမြန်မာတွေကို ကိုယ်စားပြုပါတယ်။
    အရောင်စုံကိုယ်စားပြုတာနဲ့အညီ..ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် စတဲ့ခွဲခြားမှုမှန်သမျှ ပြင်းထန်စွာ ရှုံ့ချပါတယ်။
    ဒါဟာ မန္တလေးဂေဇက်ရဲ့ ပေါ်လစီလည်းဖြစ်ပါတယ်။ မန်ဘာများတိတိကျကျ လိုက်နာစေလိုပါတယ်။ အသိစိတ်နဲ့ လိုက်နာစေလိုပါတယ်။ တခြားနိုင်ငံတွေမှာ နေထိုင်နေတဲ့ လူနည်းစု မြန်မာတွေကို ကိုယ်ချင်းစာစိတ်ထားကြစေလိုပါတယ်။ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုအရ မြန်မာပြည်တွင်းမှာ တခုခုဖြစ်ရင် မြန်မာပြည်ပနေ (လူနည်းစု)မြန်မာလူမျိုး ညီအကိုမောင်နှမတွေ ဘယ်လိုဆက်နေထိုင်ကြရမလည်း စဉ်းစားကြည့်ကြစေလိုပါတယ်။ အရှေ ့အလယ်ပိုင်းနို်င်ငံတွေမှာ စွန့်စွန့်စားစားအလုပ်လုပ်နေကြတဲ့ မြန်မာတွေကို ငှဲ့ကြစေချင်ပါတယ်။

    ထပ်ပြောရရင်..
    ဒီဝက်ဘ်ဆိုက်ကို ယူအက်စ်နဲ့ ဥရောပက လာဖတ်နေသူတော်တော်များများဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ပါဘူး။
    ဒါကြောင့် ဗုဒ္ဓဘာသာ စာတွေ၊ ဘုရားစာတွေ၊ ဓမ္မတွေ ဒီမှာလာမတင်ကြစေချင်ပါဘူး။ ဓမ္မာခန္ဓပေါင်း ၈၄၀၀ဝရှိပါတယ်။ ပိဋကတ်၃ပုံရှိပါတယ်။
    အဲဒီစာတွေကူးတင်နေတာကို ပွိုင့်ပေးရင် ဒေါ်လာသောင်းသိန်းပေးလည်း မလောက်ပါဘူး။ ဒီဝက်ဆိုက်ဟာ တင်တဲ့စာတွေကို ပွိုင့်ပေးနေတာကို သတိပြုကြစေလိုပါတယ်။
    ဘာသာရေးစာတွေဖတ်ဖို ့ဘာသာရေးဝက်ဘ်ဆိုက်တွေ ထောင်ချီရှိပါတယ်။ ဆွေးနွေးနေတဲ့ဖိုရမ်တွေရှိပါတယ်။ အဲဒီသွားကြစေလိုပါတယ်။
    ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ့်အယူအဆ၊ ကိုယ်တွေ့လာတဲ့သတင်းရေးရင်း အချက်အလက်လှမ်းယူကိုးကားတာမျိုး ခွင့်ပြုနိုင်ပေမဲ့ တိုက်ရိုက်ကူးတင်နေတာဟာ ဖတ်သူတွေအတွက်လည်း အကျိုးမများစေပါဘူး။

    အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ကိုလိုက်နာကြစေလိုပါတယ်၊
    မတူသော ဆိုတာမှာ … ပုံမှန်မဟုတ်တဲ့၊ သစ်လွင်ထိုးဖေါက်တဲ့ စွန့်ဦးစွန့်စားတဲ့…
    အတွေး ဆိုတာမှာ… မိမိခေါင်းထဲ၊ဦးနှောက်ထဲ ပေါ်လာသမျှတွေကို…
    ကိုယ်ပိုင်စာ ခေါ်တဲ့..သူတပါးအတွေး၊အမြင်တွေ ကုူးယူဖေါ်ပြတာမျိုးမဟုတ်တဲ့ စာကိုချရေးကြစေလိုပါတယ်။
    အဲဒါဆို..ဝက်ဘ်ဆိုက်ဟာ စာဖတ်လာသူတွေအတွက် အနှစ်သာရရှိ၊ တန်ဖိုးရှိမှာဖြစ်ပြီး…ရေးသူတွေကိုလည်း ပေးနေတဲ့ပွိုင့်ကို တိုးပေးသွားနိုင်ပါလိမ့်မယ်။

    Reply

  • winne

    August 20, 2010 at 4:55 am

    အယ်ဒီတာ ပြောတာ လက်ခံပါတယ် ဒါနဲ့ သတင်းအနေနဲ့ တင်သလိုမျိုးလည်း မရဘူးလားဟင်။ ဓမ္မ စာတွေ တင်တာတွေ မတင်တာတော့ မပြောလိုပါဘူး။ တကယ်လို့ ဖတ်စေချင်တဲ့ လူက ရေးထားပြီးသား လင့်ကို ပေးရင်ကော ရမလား။

    Reply

  • juezinko

    August 20, 2010 at 8:07 am

    အခုလိုမျိုး ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် စတဲ့ခွဲခြားမှုမှန်သမျှ ပြင်းထန်စွာ ရှုံ့ချ တဲ့အတွက် myanmargazette.net ကို အရမ်းကို လေးစားမိတယ်။ နောက်ပြီး အခုလို editor ရဲ့ပြောကြားချက်တွေကိုလဲမြင်ရတဲ့အတွက်လဲ အရမ်းကိုအားရမိတယ်။ ဒါမျိုး forum ဆန်ဆန် ပြုလုပ်နေတဲ့ sites တွေအားလုံးအတွက် စံပြလို့မြင်မိပါတယ်။

    Reply

  • ohyesboy

    August 23, 2010 at 7:13 am

    မှန်ကန်တဲ့ လမ်းပေါ်က လျှောက်နေတဲ့ မန္တလေးဂဇက် သတင်းစာ ကြီး ဒီ့ထက်ပို ကျော်ကြားအောင်မြင်ပြီး အဓွန့်ရှည် တည်တံ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အပေါ်မှာ ပြောထားသလိုပဲ လေးစားမိသလို စံပြလည်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

    Reply

  • cherrysoemyint

    August 23, 2010 at 8:30 am

    အကြိုက်ဆုံးဂျာနယ်များ ရွေးခိုင်းတဲ့ နေရာမှာ မပါသေးတဲ့ ပရိသတ်အဖတ်များတဲ့ ဂျာနယ်တွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ထပ်ဖြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်။

    ကျေးဇူးတင်ပါတယ်။

    Reply

    • kai

      August 23, 2010 at 8:35 am

      ဘယ်ဂျာနယ်တွေလည်း ရေးပေးပါခင်ဗျား။ အခုစာရင်းက ယူအက်စ်က မြန်မာဆိုင်တဆိုင်က ရတာမို့ပါ။ အသစ်သိရင်ထပ်ဖြည့်ပေးနိုင်ပါတယ်။ အခု Pollကတနှစ်အနည်းဆုံးသွားမှာဖြစ်ပါတယ်။

      Reply

Leave a Reply

Your email address will not be published.