စဉ်းစားကြစေလိုပါတယ် ( ၇ရ ) ( ကား Parking )

Foreign ResidentJanuary 19, 20153min025

စဉ်းစားကြစေလိုပါတယ် ( ၇ရ ) ( ကား Parking )

 

မနေ့က ၊ အသိ မိတ်ဆွေ တစ်ယောက် ၊

ရန်ကုန်မှာ လမ်းမကြီးပေါ် / ကား မရပ်ရနေရာမှာ ကားရပ်မိလို့ ၊

ကရိန်းကား နှင့် ဆွဲပြီး အဖမ်းခံလိုက်ရတဲ့ ကိစ္စလေးနှင့် ပတ်သက်ပြီး ၊

ဆက်တွေးမိတာလေးပါ ။

( ကရိန်းကြေး က ၅သောင်း ၊ စည်ပင်ကြေး ၂သောင်းခွဲ ဆောင်ရမယ်တဲ့ )

 

ဩဇီမှာ ဒီ့ထက် အများကြီးဆိုးတာပေါ့ ။ တစ်ခါဖမ်း ဒေါ်လှ ၄ / ၅၀ဝ ဘဲ ။

အသိ တစ်ယောက် သူ့ကလေး ကားပေါ်ကဆင်းဖို့ လမ်းဘေးကပ်ပြီး လူချပေးတာ ၊

မရပ်ရနေရာမှာ ခဏ ( ၁ မိနစ်လောက်လေး ) စက်မသတ်ဘဲ လူချယုံလေး ရပ်မိတာ ၊

လာထား ၊ Fine က ဒေါ်လှ ၅၅ဝ ပေးလိုက်ရတယ် ။

 

( ဒေါ်လှ ၅၅ဝ ဆိုတာ ၊ ဩဇီမှာ မြန်မာတွေလို ချွေချွေတာတာ စားရင် ၊

မိသားစု ၃ ယောက် တစ်လစာ စားလို့ ရပါတယ် ၊ နဲတဲ့ ပိုက်ဆံ မဟုတ်ပါ )

 

ကျနော်ကတော့ ၊ စည်းကမ်း ရှိအောင်လုပ်တဲ့ကိစ္စတွေကို ထောက်ခံပါတယ် ။

အစိုးရ ဆိုတာ အဲလို ဘောင်ထဲက တရားဝင် ပိုက်ဆံ ရှာတတ်ရတယ် ။

အခုဆို တိုင်းပြည်လဲ ဝင်ငွေရ ၊ ပြည်သူတွေလဲ စည်းကမ်းရှိသွား ။

၂ ကျပ်ကွက်ဘဲ ။ ဘယ်လောက်ကောင်းလဲ ။

 

၁ ။

ဩဇီမှာလည်း ၊ မြို့တော် ကောင်စီက ဘတ်ဂျက် ပိုက်ဆံနည်းနေပြီ ဆိုရင် ၊

မြို့တော် ကောင်စီက ၊ ရဲ တပ်ဖွဲ့ ကိုရော ၊ Council’s Ranger အဖွဲ့ ကိုရော ၊

ဖိအားပေးပြီး ပိုက်ဆံ ရှာခိုင်းတော့တာပါဘဲ ။

 

Council’s Ranger ဆိုတာက ၊ ယာဉ်စည်းကမ်း မလိုက်နာတာတွေကိုချည်းဘဲ ဖမ်းဖို့ ၊

သက်သက်ဖွဲ့ထားတဲ့ အဖွဲ့ ( မြန်မာပြည်က ယာဉ်ထိန်းရဲ နှင့် ခပ်ဆင်ဆင်ပါဘဲ )

 

၂ ။

ဒီဖက်မှာ ( ဩဇီ မှာ ) က Federal စံနစ် နှင့် အုပ်ချုပ်တာဆိုတော့ ၊

မြို့တော် ကောင်စီ ဆိုတာ Federal Government အစိုးရ နှင့် ဘာမှ မဆိုင်ဘူး ။

မြို့တော် ကောင်စီ ဆိုတာ ဒီ မြို့တော် အတွက် သပ်သပ် အာဏာပိုင်ဘဲ ။

ဒီ မြို့တော် အတွက် ၊ ဒီ မြို့တော်သားတွေကဘဲ မဲပေး ရွေးချယ်ထားတဲ့ အဖွဲ့ဘဲ ။

( များသောအားဖြင့် ပင်စင်စား အဖိုးကြီးတွေ ဂုဏ်အတွက် လုပ်ကြတာ များပါတယ် )

 

အဲဒီတော့ မြို့တော် ကောင်စီ လုပ်တဲ့ ကိစ္စတွေအတွက် အစိုးရ ကို အပြစ်တင်လို့ မရဘူး ။

မင်းတို့ မြို့တော် ကို ၊ မင်းတို့ရွေးထားတဲ့သူတွေနှင့်ဘဲ ၊

မင်းတို့ ဘာသာ ဥပဒေ ပြု ပြီး ၊ မင်းတို့ ဘာသာ အုပ်ချုပ် ကျ ။

မင်းတို့ ဘာသာ မင်းတို့ ရဲတပ်ဖွဲ့ ခန့် / ရဲတပ်ဖွဲ့ ကို လစာပေး ။

မင်းတို့ ညံ့ရင် မင်းတို့ ခံ ၊ ငါတို့ Federal Government အစိုးရ နှင့် ဘာမှ မဆိုင် ဘဲ ။

 

အဲဒီတော့ကာ ၊ ဒီ မြို့ရဲ့ ယာဉ်စည်းကမ်း ဥပဒေတွေကလည်း ၊

မြို့တော်သူားတွေ က ( မြို့တော်သူားတွေ ရဲ့ ကိုယ်စားလှယ်တွေ က ) ၊

အမျှော်အမြင် ရှိစွာနှင့် ညှိနှိုင်း ရေးဆွဲထားတာ ဆိုတော့ ၊

ပြောရမယ်ဆိုရင် ၊ ကိုယ်ကိုယ်တိုင် ဆွဲ / ချမှတ်ထားတဲ့ စည်းကမ်းတွေပေါ့ ။

 

အဲဒီတော့ကာ ၊ မြန်မာနိုင်ငံမှာလို တစ်ခုခု ဖြစ်တိုင်း ၊

အစိုးရ ကိုချည်း အပြစ်တင်ချင်နေလို့တော့ မရဘူးပေါ့လေ ။

နို့ ၊ ဒါတွေက ကိုယ်ကိုယ်တိုင် ပါဝင်ပြီး ဆွဲ ထားတဲ့ စည်းကမ်းတွေဘဲလေ ။

 

၃ ။

ဆစ်ဒနီမှာ ကတော့ ၊ မြို့လယ်မှာ ကား မပိတ်အောင် ၊

 

၃ – ၁ ။

ကားမရပ်ရ နေရာတွေ အများကြီး လုပ်ထားပါတယ် ။

မြို့လယ်ကောင် CBD မှာ အခမဲ့ ကားရပ်လို့ ရတဲ့နေရာတွေ မရှိသလောက်ပါဘဲ ။

ရှိတဲ့ ရှားရှားပါးပါး အခမဲ့ ကားရပ်လို့ ရတဲ့နေရာတွေကလဲ အမြဲပြည့်နေတာပါဘဲ ။

 

၃ – ၂ ။

ကားရပ်ခ / Parking ကြေး တွေကလည်း ဈေး အတော်ကြီးပါတယ် ။

တစ်ရက်လောက် မြို့လယ် CBD ကို ကားယူသွားမိရင် ၊ အကြမ်းဖျင်း ၊

ကားရပ်ခ / Parking ကြေး အနဲဆုံး ဒေါ်လှ ၃ဝ ကနေ ၁၀ဝ ကြား ကျပါမယ် ။

Sydney CBD ရဲ့ ကား Parking ကြေး က အကြမ်းဖျင်း တစ်နာရီကို 7 AU$ ပါ ။

 

( SYDNEY is already the world’s fourth dearest city to park

after London, Oslo and Tokyo, and now the cost of meter parking

in the city is set to rise even higher – to $7 an hour.

http://www.news.com.au/national/sydneys-17-per-cent-parking-meter-rise/story-e6frfkvr-1226052247325 )

 

တစ်ချို့ ပိုက်ဆံပေးပြီး ရပ်ရတဲ့ ကား Parking တွေမှာဆို ၊

ကြမ်း / လမ်းပေါ်မှာ sensor တွေ တပ်ထားပြီး ၊

ပိုက်ဆံပေးပြီး Parking ရပ်ထားတာ ၊ အချိန်ကျော်တာနှင့် ၊

ယာဉ်ထိန်းရုံးမှာ Alarm လာမြည်ပြီး ၊

ယာဉ်ထိန်းက အဲဒီ Parking ကို ချက်ချင်းလာ Fine ချတော့တာဘဲ ။

 

၃ – ၃ ။

ကား Parking ကြေး တွေ ဈေးကြီးလို့ ၊ ကိုယ့် ကားတစ်စီးဘဲ သီးသန့်ရပ်လို့ရမယ့် ၊

ကား Parking နေရာ Slot တစ်ခုလောက်ဝယ်ထားမယ် မစဉ်းစားနှင့် ။

Sydney မြို့လယ်ကောင် CBD မှာ ကား Parking နေရာ Slot တစ်ခု ဈေးနှုန်းက ၊

ကားတစ်စီးရပ်ဖို့ နေရာတစ်နေရာ ကို ဒေါ်လှ ၃ သိန်း ၃ သောင်း ခမျ ။

( ကားတစ်စီးစာ Parking နေရာတစ်နေရာ ကို မြန်မာငွေ သိန်း ၃၀ဝ ကျသဗျ )

( ကား Parking နေရာ Slot တစ်ခု အတွက်ပေးရမယ့် ပိုက်ဆံ နှင့် ၊

ကား အသစ်စက်စက် တစ်စီး (or) မြို့ပြင်မှာ တိုက် တစ်လုံး ဝယ်လို့ ရတယ် ၊

အောက်က ဓါတ်ပုံ နှင့်သာ တွဲကြည့်ပါတော့ ခမျာ )

 

( Parking space in Sydney CBD up for sale for

same price as a two-bedroom villa near Penrith

http://www.dailytelegraph.com.au/realestate/parking-space-in-sydney-cbd-up-for-sale-for-same-price-as-a-two-bedroom-villa-near-penrith/story-fnhytr0n-1227187706277?nk=2df4b141d3fa6a8d47629a127d0e3291 )

 

– မြို့ထဲက ဒီ ကားတစ်စီးစာ Parking ဈေးက ၊ မြို့ပြင်က ဒီ တိုက်အိမ် ဈေး နှင့် တူတူဘဲတဲ့ ။

- မြို့ထဲက ဒီ ကားတစ်စီးစာ Parking ဈေးက ၊ မြို့ပြင်က ဒီ တိုက်အိမ် ဈေး နှင့် တူတူဘဲတဲ့ ။
– မြို့ထဲက ဒီ ကားတစ်စီးစာ Parking ဈေးက ၊ မြို့ပြင်က ဒီ တိုက်အိမ် ဈေး နှင့် တူတူဘဲတဲ့ ။

 

 

၄ ။

အဲဒီတော့ကာ ၊ တော်ယုံ တန်ယုံ ချမ်းသာယုံ လောက်နှင့်တော့ ၊

( ဒေါ်လှ ၁ သန်း ၂ သန်း လောက်ဘဲ ရှိတဲ့ တော်ရိလျှော်ရိ သူဋ္ဌေးတွေကို ဆိုလိုတာပါ )

Sydney မြို့လယ် CBD က အလုပ်ကို ကား ယူလာမယ် မစဉ်းစားပါနှင့် ။

( ဒေါ်လှ သန်း ထောင်ချီ ချမ်းသာတဲ့ Billionaire တွေမှဘဲ တတ်နိုင်မယ် )

 

အဲဒီတော့ကာ ၊ အားလုံး ၊ Bus ကား ၊ ရထား နှင့်ဘဲ အလုပ်လာကြပေတော့ ။

ပြီးရင် ၊ ဘူတာရုံ / ဘတ်စကားဂိတ် ကနေ အလုပ်ရုံကို ခြေကျင် ဆွဲကြရတယ် ။

 

Sydney မြို့လယ် CBD က ကားလမ်းတွေပေါ်မှာ ပြေးနေတာက ၊

ဘတ်စ်ကား ၊ Taxi ၊ အလုပ် Truck ကား နှင့် သူဋ္ဌေးတွေ ရဲ့ ကားတွေဘဲ များတယ် ။

အဲဒီတော့ကာ ၊ ကားလမ်းပေါ်မှာ ကားတွေ ရှင်းသွားတာပေါ့ကွယ် ။

 

( အဲ ၊ အများပြည်သူစီးရမယ့် ၊ ရထား နှင့် ဘတ်စ်ကား တွေကိုတော့ ၊

အဆင်ပြေစွာ စီးနိုင်အောင် လုပ်ပေးရမပေါ့လေ )

 

ရွာသူား တွေ ဗဟုသုတ သိကြရအောင် ပြောပြတာပါ ။

ဆက်ပြီး စဉ်းစားကြပေါ့လေ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

25 comments

  • Mike

    January 19, 2015 at 10:08 am

    “အစိုးရ ဆိုတာ အဲလို ဘောင်ထဲက တရားဝင် ပိုက်ဆံ ရှာတတ်ရတယ် ။
    .အခုဆို တိုင်းပြည်လဲ ဝင်ငွေရ ၊ ပြည်သူတွေလဲ စည်းကမ်းရှိသွား ။
    .၂ ကျပ်ကွက်ဘဲ ။ ဘယ်လောက်ကောင်းလဲ ။”
    .ကိုဖေါပြောတာ လက်ခံပါတယ်လေ…ဒါပေမဲ့ ခင်ဗျားသိတော်မူတဲ့အတိုင်း
    .ဥပဒေအထက်က အခွင့်ထူးခံတွေရှိနေသေးတော့ ဘယ်ကျေနပ်နိုင်မလဲ
    ..ခွင့်တူညီမျှ…ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့

    Reply

  • Foreign Resident

    January 19, 2015 at 11:01 am

    – ပြောရမယ်ဆိုရင် အဓိက က တစ်ချက်ဘဲ ဦးမိုက်ရေ ။
    – ပြည်သူတွေက ရွေးချယ်လိုက်တဲ့ ပြည်သူ့ အကျိုးကိုသာ ကြည့်မယ့်
    – ခေါင်းဆောင်တွေကို အုပ်ချုပ်ရေး အာဏာ အပ်နှင်းဖို့ဘဲ ။

    – အဲဒီ အခါကျရင် တိုင်းပြည် ဆင်းရဲလို့ ၊
    – နိုင်ငံတကာလို မြေအောက် မိုးပျံ ရထားတွေ မရသေးရင်တောင်မှ ၊
    – ကိုယ့်ရဲ့ လက်ရှိ အခြေအနေကနေ စည်းကမ်းလည်းရှိ ပြည်သူလဲခံသာမယ့် ၊
    – ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာ အခြေအနေမျိုးကို ၊
    – ပြည်သူ့ ခေါင်းဆောင် ဖြစ်တာနှင့်အညီ ၊
    – ပြည်သူတွေ နှင့် ရင်ဘတ်ချင်း ထပ်တူကျပြီး ညှိပေးလိမ့်မယ် ။

    – အခုကတော့ အာဏာရှင်တွေ အုပ်ချုပ်တာဆိုတော့ ၊
    – ပြည်သူတွေ ခံသာအောင် ညှိပေးတဲ့ အပိုင်း ပျောက်နေတယ် ။

    – ကျနော့်သဘောကတော့ ၊ ဥပဒေ / စည်းကမ်း တွေ မထုတ်ခင်မှာ ၊
    – သေသေချာချာ အပြန်ပြန် အလှန်လှန် စဉ်းစား / ညှိနှိုင်း ၊
    – အေး ၊ ထုတ်ပြီးမှတော့ ကျောသား ရင်သား မခွဲဘဲ တိတိကျကျ အရေးယူ ။ ဒါဘဲ ။

    Reply

  • Before

    January 19, 2015 at 11:31 am

    စည်ကမ်းကို လိုက်နာသင့်တာမှန်ပါ၏၊ စည်းကမ်းသတ်မှတ်တဲ့အစိုးရအနေနဲ့လဲ စည်းကမ်းလိုက်နာနိုင်တဲ့အခြေအနေတွေ ဖန်တီးပေးရမယ်လေ၊ရန်ကုန်က မြို့ထဲလမ်းမကြီးတွေမှာ ကားပါကင်မထိုးရဘူး ဖမ်းမယ်ပေါ့၊ အဲဒီတော့ မြို့ထဲလာတဲ့ကားတွေ ကြားလမ်းသွယ်တွေမှာသွားရပ်တော့ အဲဒီကြားလမ်းတွေမှာ ရှိတဲ့ ဆိုင်တွေ အိမ်တွေ အခက်တွေ့ စကားများကြတယ်၊ တကယ်ဆို အထပ်မြင့်ကားရပ်နားတဲ့စင်တာတွေ အစိုးရက အရင်ဖန်တီးပေးပြီးမှ လမ်းမကြီးတွေမှာ ကားပါကင်ထိုးရင်ဖမ်းမယ်လို့ စည်းကမ်းထုတ်တာမျိုး လုပ်သင့်တာလေ။ အဲလိုအဖက်ဖက်က စနစ်ကျအောင် စဉ်းစားလုပ်တဲ့အစိုးရမဟုတ်ဘူး အရူးချီးပန်း လက်တန်းလုပ်နေသမျှ ဘယ်သူကအထင်ကြီးပါ့မလဲ ဒီအစိုးရကို။

    Reply

  • Foreign Resident

    January 19, 2015 at 12:13 pm

    – ကို ခင်ခ ရဲ့ ။

    – ကျနော်က ၊ လူလတ်တန်းစားတွေ ကိုယ်ပိုင်ကားနှင့် မြို့ထဲဝင်လာတာကို မကြိုက်တာ ။
    – လူလတ်တန်းစားတွေ ရဲ့ ကိုယ်ပိုင်ကားတွေ မြို့ထဲဝင်လာတာနှင့် ကားပိတ်တော့မှာဘဲ ။
    – ဒါကြောင့် လူလတ်တန်းစားတွေ Bus ကား / ရထား / Taxi စီးကျ ။

    – လုပ်လို့ရတဲ့ နည်းတွေတော့ ရှိတယ် ၊ စင်္ကာပူမှာလိုပေါ့ ။
    – ကားတစ်စီးဝယ်ရင် Register လုပ်တာနှင့် ကားတန်ဖိုးလောက် နီးနီး အခွန်ကောက်တယ် ။
    – သာမာန် ကားတစ်စီးကို ဒေါ်လှ ၃၀၀၀ဝ ကျော် အခွန်ကောက်တယ် ။
    – အဲဒီတော့ ကားတန်ဖိုးက ၂ ဆလောက် ဈေးတက်သွားပြီး ၊ မစီးနိုင်တော့ဘူး ။
    – စင်္ကာပူမှာ ကိုယ်ပိုင်ကား Saloon ဝယ်နိုင်ရင် သူဋ္ဌေးဘဲ ။ ဇီဇီ့ မေးကြည့် ။

    – နောက်ပြီး စင်္ကာပူ မြို့ထဲကို ဝင်တိုင်းလဲ တစ်ခါကို တစ် ဒေါ်လာ ကောက်တယ် ။
    – အဲဒီတော့ မြို့ထဲကို ဝင်ရတာ ဈေးကြီးတော့ ၊ တော်ရုံ မဝင်ရဲတော့ဘူး ။

    – အခု အလုပ်သင့်ဆုံးက ၊ မြို့ထဲမှာ အထပ်များစွာ ရှိတဲ့ Car Parking တွေဆောက် ။
    – ကားရပ်ခွင့်ကို တစ်နာရီ ၃ / ၄၀ဝ လောက် ယူခိုင်းလိုက် ။
    – အဲလောက်ယူမှဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ Car Parking ဆောက်လာမှာ ။
    – မြို့ထဲက တိုက်ပိုင်ရှင်တွေ ( ကိုယ့်အိမ်ရှေ့ဖြစ်ရင်တောင်မှ ) ၊
    – မြူနီစပယ် ပိုင် လမ်းပေါ်မှာ ကားရပ်ရင် Car Parking ကြေး နာရီနှင့် ကောက် ။
    – အဲဒီလို ဆက်တိုက်လုပ်လိုက်မှဘဲ ကားကျပ်တဲ့ ပြသာနာက ရှင်းသွားမှာ ။

    Reply

  • ဖားသက်ပြင်း

    January 19, 2015 at 12:28 pm

    ပါကင်​​တော့ ပါကင်​ပဲ
    ဒါ​ပေမယ်​့ ကားပါကင်​

    🙂

    ဗရာဗိုပါအဘ​ရေ
    ပြန်​လာဘာ့မယ်​

    Reply

  • awra-cho

    January 19, 2015 at 1:15 pm

    လူတိုင်း ညီတူညီမျှဆို ကိစ္စမရှိဘူး အခွင့်ထူးခံ တွေရှိနေတော့ခံရတဲ့သူက ဘယ်ကျေနပ်ပါ့မလဲ လေ။

    Reply

  • Ma Ma

    January 19, 2015 at 7:53 pm

    တခါက UMFCCI ရုံးရှေ့မှာ ကားရပ်ထားတာ အဆွဲခံလိုက်ရလို့ ၇၅၀၀ဝ ကုန်ပြီးပါပကောလား။

    အဲဒီနေရာက လမ်းမကြီးလည်း မဟုတ်၊ ကားတွေကြပ်နေတာလည်း မဟုတ်။
    ပြောရရင် ကားမရပ်ရလို့ သတ်မှတ်ထားမှန်းတောင်မသိဘူး။ 🙁

    ဘုရင့်နောင်တံတားအတက်မှာ ကုန်တင်ကားကြီး ပျက်ပြီး လမ်းပိတ်ရပ်နေလို့ ကားကြပ်တုန်းကတော့ ကားဆွဲတဲ့ကားကြီးလာရင် ကောင်းမယ်လို့ သတိရမိတယ်။ 🙁

    Reply

    • Foreign Resident

      January 20, 2015 at 3:22 am

      Ma Ma says:
      ” အဲဒီနေရာက လမ်းမကြီးလည်း မဟုတ်၊ ကားတွေကြပ်နေတာလည်း မဟုတ် ”
      ဒါကတော့ အုပ်ချုပ်သူတွေ ရဲ့ ဆုံးဖြတ်ခွင့် ဘောင်ထဲကပါ ။

      ” ကားမရပ်ရလို့ သတ်မှတ်ထားမှန်းတောင်မသိဘူး ”
      ဒီဘက်မှာတော့ ကားမရပ်ရလို့ သတ်မှတ်ထားတဲ့နေရာတိုင်းမှာ ၊
      ကားမရပ်ရ ဆိုတဲ့ ဆိုင်းဘုတ်ကို ကားမရပ်ရ နေရာတွေရဲ့ ၊
      အစ တွေ ၊ အဆုံး တွေ နှင့် ပေ ၂ဝ ခြားတိုင်းမှာ တန်းစီ စိုက်တားတယ် ။

      Reply

  • padonmar

    January 19, 2015 at 8:01 pm

    ဟိုတလောက ဦးပါနဲ့ အဲဒီ ကားပါကင်ကိစ္စပြောဖြစ်သေးတယ်။

    အခုဆို ကားပါကင်ထိုးရမှာ ကြောက်လို့ ရပ်ရဖို့ မသေချာတဲ့ နေရာတွေဆို တက်စီနဲ့ပဲ သွားတော့တယ်။
    အိမ်သားတွေ ခရီးသွားလို့ အထုပ်အပိုးမများရင် အကြိုအပို့မလုပ်တော့ဘူး။ လေယာဉ်ကွင်းကိုတက်စီနဲ့ပဲသွား၊ကိုယ့်ဖာသာ တက်စီနဲ့ပြန်။
    မင်္ဂလာဆောင် သွားရင်တောင် တက်စီနဲ့ပဲသွား(သို့ ) Car Pool လုပ်သွားတယ်။
    အရင်က ကိုယ့်ကားမစီးနိုင်လို့ တက်စီ စီးတာလားလို့ သူများထင်မှာ စိုးခဲ့ဖူးတယ်။
    အခုတော့ အဲဒါထက် ကားရပ်ရတဲ့ ဒုက္ခကို ပိုကြောက်လာကြပြီ။
    US မှာ လူ၁ယောက်တည်း စီးလာတဲ့ကားထက် လူအများပါတဲ့ ကားကို ဦးစားပေးလမ်း လုပ်ပေးပြီး ရုံးချိန်ကျောင်းချိန်တွေမှာ Car Pool Lane ထားပေးတယ်လို့ ကြားဖူးတယ်။
    ဒါ့ကြောင့် အလုပ်သွားရင် နီးစပ်ရာတွေ စုသွားကြရင် ပိုမြန်မြန်ရောက်တယ်တဲ့။
    ……….
    Public Transport ကောင်းကောင်းလုပ်မပေးပဲ ကားရပ်ရင် ဆွဲမယ်လုပ်တာကတော့ မဖြစ်သင့်ပါဘူး။
    ဖွဘုတ်မှာ ဖတ်လိုက်မိတာလေး မှတ်မိသလောက်
    ဘန်ကောက်ရဲ့ နောက်ကျိနေတဲ့ ရေမြောင်းကျဉ်း(အကျယ်၁ဝပေလောက်ပဲရှိမယ်ထင်တယ်)ကို အသုံးချပြီး Boat စက်တပ်လှေတွေ ပြေးဆွဲပေးတာ အတော် အသုံးတဲ့တယ်။ ခရီးစားရိတ်သက်သာ အချိန်ကုန်သက်သာတယ်။
    ကျောက်ဖယားမြစ်ထဲမှာ စက်တပ်လှေအမျိုးစုံနဲ့ သွားနေတာလည်း အသုံးဝင်တာပဲ။
    တိုးရစ်တွေတောင် လိုက်စီးကြလို့ ဝင်ငွေရသေးတယ်။
    လှိုင်မြစ်ထဲ လှိုင်သာယာ ကနေ မြို့ထဲကို ကူးတို့သင်္ဘောလုပ်ပြီး ပြေးဆွဲတဲ့ အစီအစဉ်ကြားလိုက်မိတော့ အတော်ဝမ်းသာသွားတယ်။အင်းစိန်ကနေ လှိုင်၊ ကြည့်မြင်တိုင်၊အလုံ၊လမ်းမတော်၊လသာ၊ပန်းဆိုးတန်း ထိပြေးဆွဲပေးရင် ကားကြပ်တဲ့ ဒုက္ခ အတော်လျော့သွားမှာ။အခုတော့ ပျက်သွားပြန်ပြီထင်တယ်။စလုပ်ကတည်းက ရုံးချိန်ပဲပြေးဆွဲမယ်ဆိုတော့ မဟုတ်သေးဘူး။
    အမှန်ဆို ၁၅မိနစ်၊နာရီဝက် တစီးလောက် လူ ၂ဝစီးလောက်နဲ့ပဲ အစီးရေများများ ပြေးဆွဲရင် စီးကြမှာပဲ။
    အဲဒီလို လုပ်ငန်းမျိုးကိုလည်း အစိုးရက အစမှာ Subsidize လုပ်ပေးသင့်ပါတယ်။
    ……………..
    ကားပါကင်ကို နာရီနဲ့ ဖြတ်ပိုင်းကို စက်နဲ့ဖြတ်ပြီး ကောက်၊ကိုယ် ထည့်ထားတဲ့ နာရီထက် ပိုရင် Fine 2ဆ ကောက်၊အဲသလို ကောက်တာကို ထောက်ခံပါတယ်။

    Reply

    • kai

      January 21, 2015 at 4:36 pm

      US မှာ လူ၁ယောက်တည်း စီးလာတဲ့ကားထက် လူအများပါတဲ့ ကားကို ဦးစားပေးလမ်း လုပ်ပေးပြီး ရုံးချိန်ကျောင်းချိန်တွေမှာ Carpool Lane ထားပေးတယ်လို့ ကြားဖူးတယ်။

      အယ်လ်အေမှာ.. Carpool Lane က..လူ၁ယောက်အထက်ဆိုသွားလို့ရတယ်..။
      ဆိုလိုတာက.. ကားလိန်း၄ခုမှာ.. ဘယ်အစွန်လိန်းကို.. မျဉ်းတားပိတ်ထားလိုက်ပြီး.. သီးသန့်မောင်းစေတာပါ..။
      အဲဒီထဲ.. လူတယောက်ထဲမောင်းနေတဲ့ကားဝင်ရင်.. ဒဏ်ငွေ ၄ရာဒေါ်လှမကဆောင်ရပါတယ်..။
      အရင်ဂါဗနာ(အာနိုးကြီး)လက်ထက်က.. လျှပ်စစ်ကားတွေ.. ဟိုက်ဘရစ်ကားတွေလူတွေဝယ်စီးကြစေချင်တာနဲ့..အထူးခွင့်ပေးပြီးစတစ်ကာတခုကပ်ပေးလို့.. အဲဒီအမျိုးအစားကားတွေကားပူးလ်လိမ်းမှာ.. ဒရိုင်ဘာတယောက်ထဲနဲ့မောင်းလို့ရတယ်..။

      အဲဒါလေး…

      Reply

  • Foreign Resident

    January 20, 2015 at 3:57 am

    padonmar says:
    ” Public Transport ကောင်းကောင်းလုပ်မပေးပဲ ”

    အဓိက ကတော့ ၊ ဒီ တိုင်းပြည်မှာ မွဲ တာ အဆိုးဆုံးပါဘဲ ။
    ဂုံးကျော်လေး ၃ / ၄ ခု လုပ်မိပါတယ် တိုင်းဒေသကြီး အစိုးရ ဒေဝါလီ ခံရမလို ။

    ဩဇီမှာ ကျနော်တို့နေတဲ့ NSW ပြည်နယ်လေး တစ်ခုတည်းမှာ တောင်မှ ၊
    အဆောက်အဦး + လမ်းတံတား ( Infrastructure only ) ဘတ်ဂျက် က ၊
    ၂၀၁၄-၁၅ Budget Year ၁ နှစ်စာ ( ၁ နှစ်စာ ) အတွက်တောင် ၊
    ၁၅ ဘီလျှံ သုံးတယ် ။ အောက်က Link မှာ ကြည့်လို့ရပါတယ် ။

    ” NSW Budget 2014-15 – NSW Government ”
    http://www.google.co.th/url?sa=t&rct=j&q=&esrc=s&source=web&cd=1&cad=rja&uact=8&ved=0CBwQFjAA&url=http%3A%2F%2Fwww.budget.nsw.gov.au%2F__data%2Fassets%2Fpdf_file%2F0019%2F124372%2F2014-15_Budget_Overview.pdf&ei=-m-9VPLqMMbAmwXP9oK4Bw&usg=AFQjCNHQCv_CG5C0w1Yr7xlwSikKlzDuVw&bvm=bv.83829542,d.dGY

    -မွဲ တာ အဓိက အဆိုးဆုံး ရောဂါဘဲ ။
    -ပြည်သူတွေ ဒီ့ထက် အခွန် များများ ဆောင်ပေးကြပါ ။

    အဟင့် ၊ အခွန် ဆိုလို့ စိတ်နာချက်က ၊
    ဒီ နှစ် ရန်ကုန် က ( Repeat ရန်ကုန် က ) ကျနော့် အိမ်ကိုလေ ၊
    စည်ပင်သာယာခွန် ( အမှိုက်ခွန် + အထွေထွေခွန် ) တစ်ဆယ့်သုံး သိန်း ကောက်တယ် ။

    တော်တော် ကို တင်းတယ် ။
    အိမ် ကိုတော့ တစ်နှစ် လုံး နေလို့ အမှိုက် တစ်ခါဆို တစ်ခါမှ လာမသိမ်း ဘဲနှင့် ။
    ( ကျနော့်အိမ်မှာ အမှိုက်ကို လစဉ်ကြေး နှင့် ကိုယ့်ဖာသာ လူငှားပြီး ပစ်နေရတယ် )
    အမှိုက်ခွန် ကျတော့ တစ်နှစ် ကို တစ်ဆယ့်သုံး သိန်း ကောက်ရဲတယ် ။

    အမှိုက်ခွန် လာကောက်တဲ့ စည်ပင်သာယာက အရာရှိတွေ ၊
    တကယ့်ကို အရှက်မရှိတဲ့ မျက်နှာကြီးတွေနှင့် ပါဘဲ ။

    -ဒါတောင် ပြောလိုက်သေး ၊
    -ကျနော်တို့ ညှိပေးလိုက်လို့သာ ဒီဈေးရတာဆိုဘဲ ၊
    -နို့မို့ရင် အကိုကြီးအိမ်က စည်ပင်ခွန် တစ်နှစ် သိန်း ၂ဝ ကျော်ကျရမှာတဲ့ ။
    -ကျေးဇူးကြီးလှပါတယ် မေါင်မင်းကြီးသားတွေရယ် ။

    Reply

    • Ma Ma

      January 20, 2015 at 6:29 am

      (အိမ် ကိုတော့ တစ်နှစ် လုံး နေလို့ အမှိုက် တစ်ခါဆို တစ်ခါမှ လာမသိမ်း ဘဲနှင့် ။)
      အဓိကက ဒီမှာအခွန်ဆောင်နေရတာ ဘာအတွက်မှန်းမသိတာ အဆိုးဆုံးပဲ။
      ဒီကြားထဲမှာ ညှိနှိုင်းရေးတွေပါနေတာ ပိုဆိုးသေး။ :angry:

      Reply

  • Myat Pearl Phyu

    January 20, 2015 at 5:20 pm

    ဗဟုသုတတွေယူသွားပါတယ်။
    တစ်ချိန်မှာတော့ ဖြစ်လာကောင်းပါရဲ ့…။

    Reply

  • Mr. MarGa

    January 21, 2015 at 11:24 am

    အဘရဲ့
    စနစ်တွေ ကို လိုရာဆွဲ ကူးပြီးတော့
    ဆေးမြီးတိုတွေနဲ့ ကုနေတာကို မသိတာလည်း မဟုတ်
    ဆိုတော့ ဗဟုသုတအနေနဲ့ပဲ ဖတ်သွားတယ်
    အဲ့လိုဖြစ်ဖို့ ရှိရှိသမျှ ဋ္ဌာနတွေ အချင်းချင်း အဆင်ပြေအောင် အရင်လုပ်ကြပါစေဦး

    Reply

  • အလင်းဆက်

    January 21, 2015 at 3:38 pm

    တကယ့်ကို စဉ်းစားစရာ..င်္ပြီးတော့..ဗဟုသုတလည်း..ရစရာ…

    Reply

  • မြစပဲရိုး

    January 22, 2015 at 6:14 am

    ဆွဲတာ ကလဲ ဆွဲတဲ့ ကား နဲ့ ကိရိရာကောင်းကောင်း မရှိဘဲ ကြံဖန် ဆွဲတော့ တစ်ချို့ ကား တွေ ပျက်သွားတယ် လို့ ကြားလိုက်သေးတယ်။
    ဉာဏ် ပညာ မပါ အာဏာပါရင် လုပ်ချင်တိုင်း လုပ်ချင်သလို လုပ်နေရတဲ့ မြေ ဖြစ်နေပြီ။

    Reply

  • ဝင့်ပြုံးမြင့်

    January 22, 2015 at 1:51 pm

    .ဘဖော ပြောတဲ့ပုံစံမျိုးဆို ကားဈေးတွေ တက်ကုန်တော့ မဟန်သေးပါဘူး။ လူတိုင်းလူတိုင်း ကိုယ်ပိုင်ကားလေးတော့ လိုချင်ကြတာပေါ့။ မိသားစုဆိုတာ ကိုယ်ပိုင်ကားလေးနဲ့ ထွက်မှ အဆင်ပြေနိုင်တာ။ ရုံးသွား ကျောင်းသွားကတော့ ဘတ်စ် စီးတာ ကောင်းပါတယ်လေ။

    မနှစ်က ရန်ကုန် တစ်ခေါက်ရောက်သေးတယ်။ နာရီဝက်သွားရမယ့် ခရီးကို တစ်နာရီသာသာ သွားလိုက်ရတယ်။ လူက တောသူဆိုတော့ ကားလမ်းပိတ်တဲ့ ဒဏ်ကို မခံနိုင်ဘူး။ ထောင်ထဲမှာ တိုက်ပိတ်ခံထား ရသလိုပါပဲ။ နောက်တော့မှ တွေးမိတယ်။ ရန်ကုန်သူ ရန်ကုန်သားတွေဟာ အချိန်ပိုင်း အကျဉ်းသားတွေပါကလားလို့။ ဒီလို ကားလမ်းပိတ်ပြီး ဖြုန်းတီးလိုက်ရတဲ့ အချိန်တွေ လုပ်အားတွေ တော်တော်များမယ်။

    Reply

  • ဦးဦးပါလေရာ

    January 23, 2015 at 10:20 pm

    အုပ်ချုပ်ရေးအာဏာပိုင်ရဲ့ တာဝန်က ကားတွေသွားလို့ရအောင် လမ်းတွေကို စီမံဖို့ပါ။
    ကားတွေထားဖို့ ရပ်ဖို့ နေရာရှိအောင်လုပ်ဖို့က အုပ်ချုပ်ရေးအာဏာပိုင်ရဲ့ တာဝန်မဟုတ်ပါဘူး…
    သို့သော် …. ဒီအချက်ကို ကားတွေ မသွင်းလာခင် ကြိုပြောဖို့ ကြိုအသိပေးဖို့ လိုပါတယ်။
    ဒါ့အပြင် အများပြည်သူသုံး ပို့ဆောင်ရေးစံနစ်ကို အလုပ်ဖြစ်အောင်အရင်လုပ်ဖို့လိုပါတယ်…..
    ကိုယ့်ဘာသာ မကြံတတ်ရင် အဆင်ပြေပြီးသားသူတွေဆီက ခိုးချတတ်ဖို့လိုပါတယ်….။
    ……………………………………………
    လေးတန်းမအောင်နိုင်လောက်တဲ့ ဦးနှောက်မျိုးတွေကြောင့် အခု ကားပိုင်ရှင်တွေ ဒုက္ခရောက်ပါပြီ..
    ရောက်ပေ့စေဗျာ …
    သူတို့က တော်သေးတာပေါ့
    (ကျုပ်လဲ အဲသည် သူတို့ ထဲက တယောက်ဖြစ်သည်)
    ကားမပိုင်တဲ့ ဘတ်စကားစီးရတဲ့ လူတွေဒုက္ခ ကမှ ပိုဆိုးတာ…
    အလုပ်သွားပြန် ကျောင်းသွားပြန်- အရင်က လေးဆယ့်ငါးမိနစ်လောက်ခရီးကို
    အခု တစ်နာရီခွဲနဲ့ မရောက်တော့ဘူး…. နှစ်နာရီနဲ့လဲ မသေချာတော့ဘူး….
    အလကားနေရင်း ကိုယ့်ထမင်းကိုယ်စားပြီး
    သူများကားပိုင်ဖို့အရေး
    ကိုယ့်ဘဝထဲက အကောင်းဆုံးအချိန်တွေ ဖဲ့ပေးဖြုံးတီးလိုက်ရတာ….
    နေ့စဉ်မပြတ် လမ်းပိတ်နေတဲ့ ဘတ်စကားပေါ်မှာ ဒုက္ခဆင်းရဲ ခံပေးနေရတာ….
    နာတတ်ရင် နာကြပါ…
    ဒီ- တမင်ဖန်တီးတဲ့ ဒုက္ခတစ်မျိုးထဲနဲ့တင်
    ၂၀၁၅ မှာ မျောက်တွေကို ပြတ်ပြတ်သားသား မောင်းထုတ်ဖို့ လုံလောက်နေပြီ။

    Reply

  • ဦးကျောက်ခဲ

    January 24, 2015 at 10:38 am

    စကားစပ်လို့ ပြောရရင်…
    မောင်ကျောက်စ် အလုပ်လုပ်နေတဲ့ ကော်ပိုရေးရှင်းရဲ့ လက်ခွဲတစ်ခုက…
    Europe မှာ ကားပါကင်တွေ မြို့ထဲမှာ လိုက်ဆောက်ပြီး ၊ ပါကင် ငှါးစားတယ်…
    နှစ်ချုပ်စာရင်းထွက်လာရင် အဲသည့် Branch က အမြတ် အကြမ်းဆုံးပဲ…
    တစ်ခါရင်းလိုက်ပြီး အမြတ်ချည်းပဲ ထိုင်စားနေတာ… အတော်နိပ်တယ်…
    :k:

    Reply

  • ကိုရင်စည်သူ

    January 27, 2015 at 12:32 pm

    ကျော်လည်း ဒီမှာ 9693 ရယ် ရထားအားကိုးနဲ့
    ခပ်မိုက်မိုက်ကို ဖြစ်နေဒါဘာဘဲ

    Reply

  • Wow

    January 27, 2015 at 1:19 pm

    လူလတ်တန်းစားတွေ ကားပါကင်မြို့ထဲမပေးပဲ Public Transport တွေစီးအောင် လုပ်ပေးနိုင်ရင်တော့ကောင်းတယ်… အမြန်လိုရင် Taxi စီး၊ တက်စီသမားတွေခညာလည်း အလုပ်ရတာပေါ့၊ နို့မို့ ဟိုနားဒီနား လမ်းဖြစ်ကူးရင် နဲနဲရပ်လိုက်တာနဲ့ တက်ဆီဆရာတွေ ၄ ငါးစီးလောက် ကားငှားမလားဆိုတဲ့ မျော်လင့်ချက်မျက်လုံးတွေနဲ့ကျိတာ မြင်ရရင် စိတ်မကောင်းဝူး .. ကားလမ်းတအားကျပ်တော့ သူတို့လဲ အလုပ်မဖြစ်ရှာဝူး…
    တက်ဆီမောင်းတာတွေကိုလည်း ထရိန်နင် ၂ပတ်လောက်အနည်းဆုံး ဝန်ကြီးဌာန အစီအစဉ်နဲ့ပေး၊ PR ပါသင်ပေး၊ မြို့ထဲလမ်းကြောင်းမြေပုံတွေကျိတတ်အောင်သင်ပေး၊ ဒီသင်တန်းတက်ပီးမှ တက်ဆီတရားဝင်မောင်းလို့ရအောင်လုပ်ပေး… ဟိုလိုလုပ်.. ဒီလိုလုပ်… ဟမလေး… မောထှာ :mrgreen:

    Reply

  • uncle gyi

    January 28, 2015 at 10:31 pm

    အုပ်ချုပ်သူကအုပ်ချုပ်တဲ့ပညာမတတ်ပဲ
    ငါခိုင်းရင်အကုန်လုပ်ရမယ်ဆိုတဲ့သူတွေဖြစ်နေတော့
    အခြေအနေတွေပိုဆိုးကုန်တယ်ထင်ပါတယ်ဗျာ

    Reply

  • Foreign Resident

    January 29, 2015 at 7:36 am

    ဟဲ ဟဲ ၊ မ ဝင့်ပြုံးမြင့် ရဲ့ Comment လေး နှင့် ၊
    ကို ပါလေရာ ရဲ့ Comment လေး ကို တွဲဖတ်ကြည့်ကြပေါ့ ။
    ပြီးရင်တော့ ၊ ထုံးစံအတိုင်း ၊ ဆက် စဉ်းစားကြပေါ့လေ ။

    ဝင့်ပြုံးမြင့် says:
    ” လူတိုင်းလူတိုင်း ကိုယ်ပိုင်ကားလေးတော့ လိုချင်ကြတာပေါ့ ”

    ဦးဦးပါလေရာ says:
    ” ကားမပိုင်တဲ့ ဘတ်စကားစီးရတဲ့ လူတွေဒုက္ခ ကမှ ပိုဆိုးတာ…
    အလကားနေရင်း ကိုယ့်ထမင်း ကိုယ်စားပြီး သူများကားပိုင်ဖို့အရေး
    ကိုယ့်ဘဝထဲက အကောင်းဆုံး အချိန်တွေ ဖဲ့ပေးဖြုံးတီးလိုက်ရတာ….
    နေ့စဉ်မပြတ် လမ်းပိတ်နေတဲ့ ဘတ်စကားပေါ်မှာ ဒုက္ခဆင်းရဲ ခံပေးနေရတာ “

    Reply

  • ဝင့်ပြုံးမြင့်

    January 30, 2015 at 7:52 pm

    .ဒေါင်းတောင်းထဲမှာ ဧရိယာသတ်မှတ်ပြီး ကိုယ်ပိုင်ကားမဝင်ရဆိုတာမျိုး လုပ်ရင်ကော။

    Reply

  • Ma Ma

    January 31, 2015 at 8:31 am

    ပြောရမယ်ဆို ကိုယ်အပါအဝင် ကိုယ်ပိုင်ကားမောင်းသူတွေက သွားချင်တဲ့နေရာနားမှာတင် ကားရပ်ချင်ကြတယ်။
    လမ်းဝေးဝေး မလျှောက်ချင်ကြတာကလည်း ပြဿ နာတစ်ခုပဲ။

    ထိုင်ဝမ်သွားတုန်းက ကားရပ်ရမယ့်နေရာတွေကို တံတားအောက်တွေမှာ ပေးထားတာကြည့်ပြီး ကိုယ်သွားချင်တဲ့နေရာကို မနည်း လမ်းလျှောက်ရမယ်လို့တောင် တွေးမိတယ်။

    Reply

Leave a Reply

Your email address will not be published.