သချိင်္ုင်းကုန်းမှ အပြုံးပိုင်ရှင်

တစ်ခုသော နွေအကုန်၊ မိုးအကူး ကာလတစ်ခုတွင် မိုးကြီး သည်းထန်စွာ ရွာသွန်းလျက် ရှိနေ၏။ လျှပ်စီးများ တဝင်းဝင်း၊ မိုးခြိမ်းသံများ တဂျုန်းဂျုန်းနှင့် ကြောက်မက်ဖွယ် ရွာသွန်းလျက် ရှိနေသည့် မိုးကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း နေ့ခင်း ချိန်ခါပင် ဖြစ်လင့်ကစား မည်းမည်း မှောင်လျက်သာ ရှိနေချေ၏။

 

မိုးနှင့်အတူ လေပြင်းများလည်း တိုက်ခတ်လေ၏။ မိုးဒဏ်၊ လေဒဏ်အောက်တွင် သစ်ပင် များသည်လည်း ယိမ်းထိုးလျက် ရှိချေ၏။ ထိုသစ်ပင်များ ထဲတွင် နတ်ရွာ သင်္ချိုင်းကုန်းမှ မန်ကျည်းပင်ကြီး ၃ ပင်လည်း ပါဝင်လေသည်။

 

ထိုမန်ကျည်းပင်ကြီး ၃ ပင်သည် မိုးလေအောက်တွင် လှုပ်ခါ ရမ်းနေ၏။ အမှောင်ထု ကြီးစိုးထားသော ပတ်ဝန်းကျင် အောက်တွင် လျှပ်စီး တစ်ချက်တစ်ချက် လင်းလက်ခိုက်တွင် မကောင်းဆိုးဝါးကြီး ၃ ကောင် နိုးထလာသည် ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသေးတော့၏။

 

မန်ကျည်း ၃ ပင်၏ အလယ်တွင် ဇရပ်တစ်လုံး ရှိလေ၏။ ယင်းဇရပ်ကား နယ်နယ်ရရ ဇရပ် မဟုတ်။ အုတ်တိုက်၊ သွပ်မိုး ခိုင်ခိုင်ခန့်ခန့် ဇရပ်တစ်လုံး ဖြစ်၏။ တော်ရုံ မိုးဒဏ်၊ လေဒဏ်အား မတုန်မလှုပ် ခုခံနိုင်စွမ်း ရှိလေ၏။

 

ယင်းဇရပ်နှင့် ဘေးပတ်လည်မှ မန်ကျည်း ၃ ပင်အား သည်းရွာ ရွာသွန်းလျက် ရှိသော မိုးလေထဲ၌ လျှပ်စီး အလင်းဖြင့် မြင်တွေ့ရပုံမှာ – “လူအများ ဝိုင်းဝန်းကာ ညာသံပေး၍ ခြိမ်းခြောက်သော်လည်း မတုန်မလှုပ် ရပ်တည် နိုင်စွမ်းသော ကေသရာ ခြင်္သေ့ငယ်” ကဲ့သို့ အလားသဏ္ဍန် တူလှသေးတော့၏။

 

မိုးလေးနှင့် ပတ်ဝန်းကျင် အမှောင်ထု ကြားတွင် ကြောက်မက်ဖွယ် လှုပ်ခါ ရမ်းနေသော သင်္ချိုင်း မန်ကျည်းပင်ကြီး ၃ ပင်မှ မိုးလေနှင့် အတူ သံပြိုင်ဟစ်၍ ခြောက်လှန့် နေသော်လည်း ထိုဇရပ်ကား မတုန်မလှုပ် အေးဆေး တည်ငြိမ်နိုင်လွန်းလှ၏။

 

အဆိုပါ ဇရပ်၏ အေးဆေးခြင်းထက် ပို၍ အေးဆေးလွန်းသော လူသား တစ်ယောက်လည်း ရှိနေသေး၏။ ထိုလူသားကား ထိုဇရပ် အတွင်း အုတ်နံရံကို မှီလျက် မျက်လုံးလေးများအား မှေးစင်းထားကာ ဖက်ကြမ်း ဆေးပေါ့လိပ်ကြီး အား အရသာခံ၍ သောက်လျက် ရှိလေ၏။

 

“ဪ … မိုးသည်းတဲ့ အချိန်မှာ ဆေးလိပ် သောက်ရတဲ့ အရသာ ဟာ တယ်လည်း ကောင်းလှပါလားနော်”

ဟူသော အတွေးဖြင့် ထိုလူသားသည် ခပ်သဲ့သဲ့ ပြုံးလိုက်၏။

 

“ဒီဇရပ်မှာ လေကွယ် နံရံလေးတွေ ရှိနေလို့သာ တော်တော့တယ်။ နို့မဟုတ် လေတိုက်တိုက် ဖက်ကြမ်း ကိုက်ရတာ တယ် အရသာ ရှိလှမှာ မဟုတ်ဘူးရယ်”

ဟူ၍ မိမိ အဖြစ်ကို ကျေနပ်လျက် ထပ်မံ၍ မိန့်မိန့်ကြီး ပြုံးလိုက် ပြန်သေးတော့၏။

 

ထိုအပြုံးကား မိုးဒဏ်၊ လေဒဏ်၊ သင်္ချိုင်း မန်ကျည်းပင်ကြီး များ၏ ခြောက်လှန့် နေသံများအား ပြက်ရယ် ပြုဟန် တစ်ခုလည်း ဖြစ်၍ နေပေတော့ သတည်း ………။

 

=======================

မှတ်ချက် ။   ။ အထက်ပါ အကြောင်းအရာ အား တီဒုံ ရေးသားသော “သချိင်္ုင်းကုန်းမှ စိန်ခေါ်သံ” ခေါင်းစီး စာသားအား သဘောကျ နှစ်ခြိုက်သဖြင့် ရေးသား လိုက်ခြင်း ဖြစ်လေ၏။

32 comments

  • Ma Ma

    April 28, 2015 at 6:18 pm

    လာပြီ လာပြီ ဒေါ်သက်ရီ….
    အဲ…မဟာရာဂျာကြီး ပေါ်လာပါပြီကော။ :kwi:

    စာဖတ်ပြီး သွားကျိုးနေတဲ့ ဖက်ကြမ်းဆေးလိပ်သောက်နေသူကို မြင်ယောင်လာတယ်။
    ဘေးမှာ လုံမလေးတစ်ယောက်ပါရင် ပိုပြည့်စုံသွားမယ်နော်။ :k:

    Reply

    • မဟာရာဇာ အံစာတုံး

      April 28, 2015 at 11:10 pm

      အန်တီမားမား … Right Answer .. :mrgreen:

      ဒီဇာတ်မှာ ဇာတ်လိုက်ဟာ
      ဒီက ကောင်ကြီးပေါ့ ခညာ ….
      ဒီကောင်ကြီး ဆိုတော့ … ဆက်ရန်လည်း ရှိတော့ဘူးပေါ့လို့ …

      တီမမ ပြောသလို ဘေးမှာ .. အဲ့ဒီ မဒီလေး ကိုပါ ထည့်လိုက်ယင် ..
      စပါရှယ် ပြီးပြည့်စုံသွားမယ့် ဇာတ်တစ်ပုဒ်ပေါ့ ခညာ …
      စာမရေးတာ ကြာတော့ ဇာတ်ကွက် နည်းနည်း လိုတွားဒယ် … ဟီးဟီး

      Reply

      • ဟိ.. ချိတော့ ချိပါဒယ်ကွယ်… ဒါမယ့်… အဲ့နေရာတော့ လိုက်ရဲဝူး.. နာ့ကို ထည့်မရေးနဲ့နော်.. :k:

        Reply

        • မဟာရာဇာ အံစာတုံး

          April 29, 2015 at 1:44 pm

          သူဘဲ ပြောတော့
          ကဘာဆုံး ထိပဲ သွားသွား .. ဆို ..
          ခုဒေါ့ … ဒီနိုင်ဂံထဲက ဒီနေရာလေး တွားဒါကိုများ … ဟွန့်

  • ခင်ဇော်

    April 28, 2015 at 6:31 pm

    ပြီးးအောင်ရေးးနော် အတုံးးလေး
    :kwi:

    Reply

    • မဟာရာဇာ အံစာတုံး

      April 28, 2015 at 11:13 pm

      ပီးဘာဘီ မမဂျီး …
      အဲ့ ဖက်ကြမ်း ကိုက်နေသူဟာ
      ဟောဒီ အတုံး ပါဘဲ ခညာ ….

      Reply

  • သုဘရာဇာ သံချောင်း

    April 28, 2015 at 6:46 pm

    ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား

    Reply

    • မဟာရာဇာ အံစာတုံး

      April 28, 2015 at 11:15 pm

      ဒီရယ်သံကြီး ကြားမိပါတယ် အောက်မေ့တာ ..
      သင်္ချိုင်းကုန်း ထိပ်က တဲကလေး ဆီက ပေါ်ထွက်လာတာကိုး ခည ..

      Reply

  • padonmar

    April 28, 2015 at 8:51 pm

    ဟေ့ ဆင်တူရိုးမှာ သတိပြုနော်။
    ဒီတခါတော့ ဇာတ်လမ်းဆုံးအောင် ရေးပါ လို့ သတိပေးလိုက်ပါတယ်။
    ဆုံးအောင်မရေးပဲ တန်းလန်းထားရင် လိုချင်တဲ့ ဆုတောင်းမပေးတော့ဘူး။

    Reply

    • မဟာရာဇာ အံစာတုံး

      April 28, 2015 at 11:18 pm

      ဒီမယ် .. ဒီမယ် ..
      ရှေ့ကလေးတင် တူတာပါနော် …
      ခရက်ဒစ်လည်း ပေးထားပါသေးဒယ်နော် … ဟွန့် ..

      ဇာတ်လမ်းက ပီးဘီ .. ဆက်ရေးခိုင်းနဲ့ဒေါ့ …
      သူဒို့လုပ်မှ လူလည်း တန်းလန်းတုံး ဖြစ်နေဘီ …
      ချစ်တော့ဘဲ နေပလိုက်မှာ … ဟွန့် ..

      Reply

  • kai

    April 29, 2015 at 2:58 am

    ကဲ.. မဟာသုတရာဇာရေ…
    ၁သိန်းပြည့်တဲ့အထိ.. မနားတမ်း… :k:

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2015 at 1:26 pm

      မနာတမ်း
      တအားလှမ်း …
      သဂျီးတော့ နောက်တစ်သိန်း ဂွမ်းတော့မှာ မြင်ယောင်သေး .. ဟေဟေ့ .

      Reply

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    April 29, 2015 at 7:46 am

    ကိုးသင်ဂျိုင်း ဒွါးသိုင်းကျင့်ပီး ပြန်ထွက်လာတဲ့ ဆြာအံဇွာဒုံး
    သင်ဂျိုင်းထဲမှာ တောက်ခေါက်သံ ဆက်ရွှေ့မယ်ပေါ့..။ :k: :k:

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2015 at 1:27 pm

      ကိုးသင်ဂျိုင်း ဒွါးသိုင်း ကျင့်တာ မီဟုတ်ဘာဝူး ..
      ကိုးသင်ဂျိုင်း ဖွာသိုင်း ကျင့်နေဒါ .. ဟီးဟီး

      Reply

  • Ma Ei

    April 29, 2015 at 8:39 am

    မိုးထဲ လေထဲ အဲ့ဒီနေရာ ဘာသွားလုပ်သတုံး
    မိန့်မိန့်ကြီး ပြုံးလိုက် ပြန်သေးတော့၏။ တဲ့…
    ထူးဆန်းပေစွ…

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2015 at 1:31 pm

      အမှန်ဂ နေ့ဂင်းဂျီးလေ တီအိရဲ့ …
      နေ့ဂင်းဆိုတော့ ရွာထဲမှာ ပူဒယ်လေဂျာ ..
      အဲ့ဒေါ့ အရိပ်အာဝါသ ကောင်းလွန်းလှဒဲ့ အဲ့မန်ကျည်းပင်တွေ အောက်က ဇရပ်ထဲ သွားနှပ်နေဒါပေါ့လို့ …
      ပီးမှ သူ့ဟာသူ မိုးတွေ ရွာလာတာတော့ ပြောတတ်ဘူးပေါ့လို့ …

      Reply

  • black chaw

    April 29, 2015 at 9:16 am

    ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းကြီး တစ်ပုဒ် ပါပဲ ဗျာ…။

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2015 at 1:34 pm

      ဟုတ်ဒယ် .. ဟုတ်ဒယ် ..
      ဖြစ်ရပ်ဆန်း ဇာတ်လမ်းကြီး တစ်ပုဒ်ဘဲ ခည ..
      ဒို့ ဥဘလက်ကြီးပဲ အမှန်ကို မြင်ဒတ်ဒယ် …
      သူညားတွေများ ပြောလိုက်ချင်ဘူး .. ဟွန့် ..

      Reply

  • Wow

    April 29, 2015 at 9:27 am

    အာ့နဲ့ ဘာဖစ်သွားသဒုံး နိဟာက တန်းလန်းဂျီးးး

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2015 at 1:36 pm

      ဆန်းဆန်း တွေထဲမှာ
      အဲ့လို တန်းလန်းဟာ အဆန်းဆုံးဘဲ မမဝိုး ရဲ့ …
      ဒါကို ဘောပေါက်သွားရင် မမဝိုး လည်း တန်းလန်း ဖြစ်လာလိမ့်မယ် … ဟီဟိ

      Reply

  • အောင် မိုးသူ

    April 29, 2015 at 9:30 am

    အစကဖတ်နေတာ ဇာတ်လမ်းအကြီးကြီးပေါ့ ခုတော့ တို့နန့်နန့်နဲ့ပြီးသွားတယ်။ အံစာတုံးကို ခေါက်ချင်တယ်။ 🙂

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2015 at 1:39 pm

      ဂလိုဘဲကွာ …
      မပီးသေးတဲ့ ဇာတ်ထုပ်တွေက များလွန်းတော့
      အရှည်ကြီး ဆက်ရန် လုပ်ချင်ဒေါ့ဘူး ..
      ဒါဂျောင့်မို့ … ဒီဇာတ်မှာ ကိုယ်ဘဲ ဇာတ်လိုက်လုပ်ပီး အဆုံးသတ်ပလိုက်တာ .. ဟာဟ

      ငါကတော့ ပြည့်တော့မယ် ..
      နင်ကရော ဘယ်ဒေါ့လဲ ..

      Reply

  • ဦးကြောင်ကြီး

    April 29, 2015 at 10:32 am

    မဟာဘာဂျာ အံစရာဒုံး

    Reply

  • Mr. MarGa

    April 29, 2015 at 11:20 am

    ဟိုမရောက် ဒီမရောက်နဲ့
    လူလည်း အဲ့လိုဖြစ်နေဦးမယ်
    :k:

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2015 at 1:42 pm

      လူကလည်း အဲ့လို ဖြစ်နေဒါဘဲ …
      ဟိုစပ်စပ် ဒီစပ်စပ်နဲ့ …
      ဒါမယ့် .. အဲ့လို ဟိုမရောက် ဒီမရောက်က
      ခုခေတ်ကြီးမှာ ဖိန့်တတ်ရင် တဂယ့် ဆြာကြီးဘဲဟ နော့ …
      ပေါ့သေးသေးတော့ မှတ်နေနဲ့ …

      Reply

  • အောင် မိုးသူ

    April 29, 2015 at 11:31 am

    တစ်သိန်းပြည့်တော့မယ့် အံစာတုံး ဒုန်း…ဒုန်း…
    အံစာတုံး..ဒုန်း..ဒုန်း

    Reply

  • Alinn Z

    April 29, 2015 at 3:44 pm

    သိုင်းဝစ်ထုတွေ အခန်းဆက်နဲ့ ရေးပါ့လားဟ…

    Reply

  • မြစပဲရိုး

    April 30, 2015 at 12:23 am

    တစ်ပုဒ် ရေးပြပြီး ပြန်ပျောက်သွားဦးမယ် မကြံ နဲ့ ကိုယ်တော်။
    ဘာဘဲဖြစ်ဖြစ် Thanks ….
    BTW “ယနေ့ပို့စ်” ရဲ့ သခင် ကို တော့ လွမ်းသား။ :-))

    Reply

  • naywoon ni

    April 30, 2015 at 3:25 pm

    ​ရှော်​တူနဲ့ အတူပျံလာဒါ ဖစ်​မယ်​ ။ ဟို က ​ဒေါက်​ရှာစိတ်​ဘွား 🙂

    Reply

  • uncle gyi

    May 1, 2015 at 10:53 pm

    နေတတ်ရင်ကျေနပ်စရာ
    ကိုယ့်ဘဝကိုယ်ပိုင်တဲ့သူဌေး
    မနေတတ်ရင်မကျေနပ်စရာ
    ကိုယ့်ဘဝကိုယ်မပိုင်တဲ့လူသား

    Reply

  • ခင်ခ

    May 4, 2015 at 2:36 pm

    ဒီသူငယ်နဲ့ အရပ်ရှည်သလောက် ခြေလှမ်းကျယ်ကျယ်လှမ်းသကိုး။
    ဘယ့်နယ့် သင်္ချ ိုင်းကုန်းထိ ဇာတ်လမ်းကလှမ်းရတယ်လို့ တကယ်ဆို အင်ယားကန်ဘောင်သွား အတူယှဉ်တွဲလို့ အကြော်လေးဘာလေးစား ဒီအချိန် ဒါမျိုးလုပ်ရမှာကို။
    လူဆိုး။

    Reply

Leave a Reply to Ma Ma Cancel Reply

Your email address will not be published.