ထိုင်းမှဝင်သည့် ဆေးဝါးများ ဈေးကွက်တွင်ရှားလာခြင်းကြောင့် အိနိ္ဒယဆေးဈေးမြင့်

klnAugust 19, 20101min01

ထိုင်းနိုင်ငံမှတင်းသွင်းနေသည့် ဆေးဝါးများသာမက အိနိ္ဒယနိုင်ငံမှ တင်သွင်းလာသည့် ဆေးဝါးများပါဈေးနှုန်းများမြင့်တက်လာကြောင်း ဆေးဝါးဈေးကွက်မှ စုံစမ်းသိရသည်။ မြန်မာနိုင်ငံဆေးဝါးဈေးကွက်တွင်ထိုင်းနိုင်ငံထုတ်ဆေးများသည် ဈေးနှုန်းအမြင့်ဆုံဖြစ်ပြီး ယခုကဲ့သို့ ဈေးထပ်မံတက်ပါက သုံးစွဲသူများအတွက် အခက်အခဲရှိလာနိုင်ကြောင်းကိုလည်း ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီကြီးများက စိုးရိမ်နေကြောင်း ပြောဆိုသည်။ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲများရှိလာလျှင် မှတ်ပုံမတင်သည့် ဆေးဝါးများသည် ဈေးကွက်၌ ယခုထက်ပိုမိုများလာနိုင်သည်။ အက်ဖ်ဒီအေကလည်း ဆေးဝါးများအရည်အသွေးစစ်ဆေးခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်းတို့ကို အလျင်အမြန်ဆောင်ရွက်ပေးမှုကြောင့် ယခုနှစ်များတွင် တရားဝင်တင်သွင်းသည့် ဆေးကုမ္ပဏီများတိုးလာကြောင်း ကိုလည်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌဦးဝင်းစည်သူက ရှင်းပြသည်။ လက်ရှိပြည်တွင်းဆေးဝါးဈေးကွက်တွင် မြဝတီဘက်မှ ဆေးဝါးအဝင်မရှိသည့် အတွက်ထိုင်းနိုင်ငံထုတ်ဆေးဝါးများသည် တစ်ဆယ်ရာခိုင်နှုန်းမှ တစ်ဆယ့်ငါးရာခိုင်နှုန်း ထိဈေးမြင့်တက်လာသည်။ ထို့အပြင် ကုန်သည်များ၏ လက်ထဲတွင်လည်း ထိုင်းဆေးဝါးများပြတ်လပ်လာသဖြင့် အိနိ္ဒယဆေးဝါးများပါ အစားထိုးရောင်းချနေရသည်။ ယင်းကဲ့သို့ ထိုင်းနိုင်ငံထုတ် ဆေးဝါးများဈေးတက်သဖြင့် အစားထိုးရောင်းချသည့် အိနိ္ဒယဆေးဝါးများပါ ဈေးတက်လာရာအမျိုးအစားအလိုက်ငါးရာခိုင်နှုန်းမှ တစ်ဆယ်ရာခိုင်နှုန်းအထိ ဈေးတက်လာကြောင်း သိရသည်။

One comment

  • cum min

    June 20, 2012 at 4:39 pm

    ဟုတ်လား

    Reply

Leave a Reply

Your email address will not be published.