ဘက်ထရီများကို လွှင့်ပစ်ရမည့် အခြေအနေမျိုး ရောက်သွားစေမည့် နည်းပညာသစ်

notsyntheticsMarch 8, 20101min01

ဘက်ထရီများကို လွှင့်ပစ်ရမည့် အခြေအနေမျိုး ရောက်သွားစေမည့် နည်းပညာသစ် တစ်မျိုးအား သုတေသီများက ရှာဖွေတွေ့ရှိခဲ့သည်။ ဗြိတိသျှ ပညာရှင်အဖွဲ့တစ်ခုက၎င်းတို့သည်လျှပ်စစ်ကိုသိုလှောင်ထိန်းသိမ်းထားနိုင်သည့်ပလပ်စတစ် အမျိုးအစားတစ်ခုကိုတီထွင်နိုင်ခဲ့ကြောင်းကြေညာခဲ့သည်။နည်းပညာတော်လှန်ရေးတစ်ခုအ

ဖြစ်သတ်မှတ်နိုင်သည့်ယင်းပလပ်စတစ်သည်မိုဘိုင်းလ်ဖုန်းများ၊မော်တော်ကားများ အပါအဝင်ဘက်ထရီစနစ်အသုံးပြုရသည့်နေရာတိုင်းတွင်အစားထိုးသွားနိုင်ရန် မျှော်လင့်ကြောင်းလန်ဒန်အင်ပီရီရယ်လ်ကောလိပ် Aeronauticsဌာနမှ ဒေါက်တာအီမိုင်းလ်ရင်းဟဲ့လ်ဂျ်က ပြောကြားခဲ့သည်။ ယင်းပလပ်စတစ်သည် ဘက်ထရီတစ်မျိုးမဟုတ်ဟအီမိုင်းလ်ကဆိုသည်။


သို့သော်လည်း သာမန်လျှပ်စီးပတ်လမ်းများတွင် တွေ့ရသည့် Supercapacitorတစ်ခုအဖြစ် အသုံးပြုနိုင်မည်ဟု ၎င်းက ရှင်းပြခဲ့သည်။ သုတေသီ
တစ်ဦးဖြစ်သည့် နာတာရှာ ရှာရှိုဗာနှင့် သူမ၏အဖွဲ့သည် ဝေဖာအပါးစား
တစ်ချပ်မျှသာ အထူရှိသည့် ယခုပလပ်စတစ် နည်းပညာသစ်ကို
ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ယင်းကိုအသုံးပြုခြင်းဖြင့်
မိုဘိုင်းလ်ဖုန်းနှင့် iPodများ၏ ဘက်ထရီသက်တမ်းထက် (၂)ဆကြာအောင်
အသုံးပြုနိုင်လာပြီး ဒီဇိုင်းအရလည်း ပိုမိုသေးငယ်အောင် တီထွင်လာနိုင်မည်ဟု
ပညာရှင်များက ယုံကြည်ထားကြသည်။ ဒေါက်တာအီမိုင်းလ်နှင့် နာတာရှာတို့သည်
မျိုးစပ်Prototype နည်းပညာဖြင့် စတုရန်း(၅)လက်မအရွယ် ပါးလွှာသည့်
ပလပ်စတစ်ကို သမားရိုးကျ လျှပ်စစ်ဓာတ်အားဖြင့် (၅)စက္ကန့်ကြာအောင်
Chargingသွင်းပြီး LEDမီးလုံးတစ်ခုကို မိနစ်(၂၀)ကြာအောင် ထွန်းပြခဲ့သည်။

Volvoကားကုမ္ပဏီမှ အနာဂတ်ကာလ နည်းပညာသစ် လောင်စာစွမ်းအင်သုံး မော်တော်ကားများ ထုတ်လုပ်ရေး
ပရောဂျက်အတွက် ပေါင်စတာလင် (၃)သန်းထိ ထောက်ပံ့မှု ရရှိထားသည့်
ဒေါက်တာအီမိုင်းလ်က “နောက်ဆိုရင် မော်တော်ကားတွေက အမိုး၊ ဒါမှမဟုတ်
တံခါးမှာ တပ်ထားတဲ့ လျှပ်စစ်စွမ်းအင် စုစည်းတဲ့ ကိရိယာတွေကနေတဆင့်
စွမ်းအင်ရလာဖို့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။ ယခုပလပ်စတစ်နှင့်
ပတ်သက်၍ ဒေါက်တာအီမိုင်းလ်က “လောလောဆယ်တော့ ဘယ်သူကမှ ဒီနည်းပညာကို
ရုတ်တရက် ယုံကြည်ဖို့ မရှိဘူး။ ဒါပေမယ့် နောက်ထပ်(၁၀)နှစ်လောက်အကြာဆို
ဘက်ထရီတွေနေရာမှ အပြည့်အဝ အစားထိုးပြီး ဖြစ်နေလောက်ပြီလို့ ထင်ပါတယ်”ဟု
သုံးသပ်ပြောဆိုသွားသည်။

source: ပလန်းနက်:

http://www.dailymail.co.uk/sciencetech/article-1248829/The-end-battery-British-invent-material-looks-like-plastic-store-electricity.html

One comment

  • susunosuki

    April 18, 2010 at 3:37 pm

    အနာဂတ်က စွမ်းအင် ရှားပါးမှု့ ပြသာနာကို
    ခုလိုမျိုးဖြေရှင်းနိုင်မယ် မျှော်လင့်ပါတယ်
    ဝမ်းသာစရာ သတင်းပါ

    Reply

Leave a Reply

Your email address will not be published.